MT News _ Myanmar Transparency


Channel's geo and language: World, English
Category: Telegram


MT News _ Myanmar Transparency

Related channels  |  Similar channels

Channel's geo and language
World, English
Category
Telegram
Statistics
Posts filter


အွန်လိုင်းလောင်းကစားဂိမ်းစွဲနေသည့် ဆရာဝန်က သူငယ်ချင်းဆရာဝန်ကို ကျပ်သိန်း ၃၀၀၀ ဖြင့် ပြန်ပေးဆွဲ သတ်ဖြတ်ပြီး ရရှိငွေ ထင်သလိုသုံးခဲ့ဟု ဝန်ခံ

MT News
၂၀. ၁၂. ၂၀၂၄

မန္တလေးမြို့မှ အွန်လိုင်းလောင်းကစားဂိမ်းစွဲနေသည့် ဆရာဝန်က သူငယ်ချင်းဆရာဝန်ကို ကျပ်သိန်း ၃၀၀၀ ဖြင့် ပြန်ပေးဆွဲ သတ်ဖြတ်ပြီး ရရှိငွေ ကျပ်သိန်းထောင်ချီကို ထင်သလို သုံးစွဲခဲ့သည်ဟု ဝန်ခံထွက်ဆိုလိုက်သည်။

အဆိုပါ ကျုးလွန်မှုမှာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်နေ ဦးအောင်ကျော်စိုး(၆၇)နှစ် ထံသို့ အမျိုးသားတစ်ဦး(စိစစ်ဆဲ)မှ ဖုန်းအမှတ် ၀၉၆၈၁၂၀၁၄၅၇ ဖြင့် ဆက်သွယ်၍ သားဖြစ်သူ ဒေါက်တာ အောင်မြင့်မြတ်ထွန်းအား ပြန်ပေးဆွဲထားကြောင်း၊ အသက်မသေစေလိုက ငွေကျပ်သိန်း ၃,၀၀၀ အား မဟာမြတ်မုနိဘုရားကြီး တောင်ဘက်မုခ်သို့ လာထားရန်၊ လာထားသောငွေအား ၎င်းတို့ လက်ခံရရှိပြီးမှသာ ဖုန်းဆက်သွယ်၍ သားဖြစ်သူအား ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း၊ မည်သည့်အဖွဲ့အစည်းကိုမျှ တိုင်တန်းခြင်းမပြုရန်ပြောသဖြင့် ဦးအောင်ကျော်စိုးသည် မည်သူ့ထံမျှ တိုင်တန်းခြင်းမပြုဘဲ ၎င်းချိန်းဆိုသည့်နေရာသို့ သွားရောက်၍ ငွေကျပ် သိန်း ၃,၀၀၀ အား ပြန်ပေးဆွဲသူထားခိုင်းသည့်နေရာသို့ ပို့ဆောင်ခဲ့ပြီးနောက် ငွေလက်ခံရရှိကြောင်း ပြန်ဆက်သွယ် သော်လည်း သားဖြစ်သူ ဒေါက်တာ အောင်မြင့်မြတ်ထွန်းမှာ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိ....

◾ Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=85485

#ဆရာဝန် #ပြန်ပေးဆွဲ #မန္တလေး #MT #mtnews


အားကစားပွဲတော် ကျင်းပခြင်းသည် နိုင်ငံ့ဂုဏ်ကိုမြှင့်တင်ပြီး နိုင်ငံကိုကာကွယ်နေခြင်းပင်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌ ပြောကြား

◾ အသက်ပေးလှူကျဆုံးသွားခဲ့ရသည့် တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့စစ်မှုထမ်းအဖွဲ့ဝင်၊ နိုင်ငံ့ဝန်ထမ်း၊ အခြားနိုင်ငံ့သားကောင်းများ အားလုံးကို အထူးအလေးထား ဦးညွတ်ဂုဏ်ပြုကြောင်းပါ SAC ဥက္ကဋ္ဌ ပြောကြား

◾ ပြည်တွင်း၊ ပြည်ပအန္တရာယ်များ ကြုံတွေ့နေရသည့် လက်ရှိအချိန်တွင် ပြည်သူလူထု၊ အစိုးရနှင့် တပ်မတော် ပေါင်းစည်းအားဖြင့် ကာကွယ်ရန်လို

၂၀. ၁၂. ၂၀၂၄
Written by Nyein Kyaw

အားကစားပွဲတော် ကျင်းပခြင်းသည် နိုင်ငံ့ဂုဏ်ကိုမြင့်တင်ပြီး နိုင်ငံကိုကာကွယ်နေခြင်းပင်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ပိတ်ပွဲအခမ်းအနားတွင် ပြောကြားသည်။

မြန်မာတစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် ယခုအမျိုးသားအားကစားပွဲတော်တွင် နိုင်ငံတော်၊ ပြည်သူလူထုနှင့် သက်ဆိုင်သည့်စကားအချို့ကို ပြောလိုကြောင်း၊ မိမိတို့အမိမြန်မာနိုင်ငံတော်အတွင်း စုပေါင်းနေထိုင်ကြသည့် နိုင်ငံသားတိုင်းသည် မိမိတို့ ကဏ္ဍအလိုက် ကျရာတာဝန်များကို နိုင်ငံတော်နှင့် ပြည်သူအကျိုးအတွက် ထမ်းဆောင်နေကြသူများဖြစ်ကြကြောင်း၊ နိုင်ငံသူနိုင်ငံသားတိုင်း၏ တိုင်းချစ်ပြည်ချစ်စိတ်ကို ယခုနေရာမှ အလေးထား အသိအမှတ်ပြုကြောင်းကို ပြောကြားလိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အနိုင်ရရှိသည့်အခါ၌ မိမိနိုင်ငံ၏အလံနှင့် နိုင်ငံတော်သီချင်း လွှင့်တင်ပြီး နိုင်ငံတကာအလယ်တွင် ဂုဏ်ပြုခံရခြင်းထက် ဂုဏ်ယူဖွယ်၊ ဝမ်းမြောက်ဖွယ်ကောင်းသည်မှာ မရှိပါကြောင်း၊ အားကစားနှင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်နေခြင်းဖြစ်ကြောင်း၊ မြန်မာဟူသည့်စိတ်ကို နိုးထစေပြီး နိုင်ငံကိုကာကွယ်နေခြင်းပင်ဖြစ်ကြောင်း၊ နှစ်စဉ်တည်ရှိနေမည့် အားကစားပွဲများမှ နိုင်ငံသားတိုင်း၏ နိုင်ငံချစ်စိတ်၊ နိုင်ငံအပေါ်ဂုဏ်ယူလိုစိတ်များကို တိုးတက်စေနိုင်....

◾ Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=85478

#sac #အားကစား #Legistmacy #MT #mtnews


KTLA တပ်ဖွဲ့ဝင် ၃ ဦးကို KNU ပစ်သတ်ပြီး ၁၄ ဦးကို ဖမ်းဆီး

၂၀. ၁၂. ၂၀၂၄
Written by Nay Moe

KNU / KNLA တပ်မဟာ(၄) ဟာ မြိတ်-ထားဝယ်ခရိုင်မှာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီး နယ်ဒါးမြရဲ့ ကော်သူးလေးအာမီ- KTLA တပ်ဖွဲ့ဝင် (၁၄)ဦးကို ဖမ်းဆီးလိုက်တယ်လို့ ခရိုင်တာဝန်ရှိသူက အတည်ပြုကြောင်း KNU ရဲ့ KIC မီဒီယာက ဖော်​ပြပါတယ်။

ဒီဒေသမှာ KNLA တပ်ရင်း(၁၀) နဲ့ တပ်ရင်း(၁၂) တပ်ဖွဲ့ဝင်တွေ မကြာခဏ ပစ်ခတ်ခံရပြီး လုံခြုံမှုမရှိတာကြောင့် KTLA က စောအယ်ကွီးထိန်းချုပ်တဲ့ နေရာ ၃ နေရာကို ရှင်းလင်း....

◾ Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=85475

Photo- KNU က KTLA ကို သတ်ဖြတ် ဖမ်းဆီးသည့်သတင်းတွင် KIC ဖော်ပြထားသည့် KTLA မှ ဗိုလ်စောအယ်ကွီးနှင့် တပ်ဖွဲ့ဝင်များ ( Photo -KTLA)

#KNU #KTLA #KNLA #ကရင် #MT #mtnews


ပန်းချီကိုဆန်း၊ ‌ဓီရာမိုရ်နဲ့ အကြည်တော်တို့ ညီအစ်ကိုတွေရဲ့ အမှတ်တရများစွာပါဝင်တဲ့"ရေခဲအိပ်မက်များ 93' Dreams" Album သစ်မိတ်ဆက်

၂၀.၁၂.၂၀၂၄
Written By Thandar

ပန်းချီကိုဆန်း၊ ‌ဓီရာမိုရ်နဲ့ အကြည်တော်တို့ ညီအစ်ကိုတွေရဲ့ အမှတ်တရများစွာပါဝင်တဲ့ "ရေခဲအိပ်မက်များ 93' Dreams" Album သစ်မိတ်ဆက်ပွဲကို ယနေ့ ဒီဇင်ဘာ ၂၀ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ ၂၆ ရပ်ကွက် မြတ်မင်္ဂလာလမ်း အမှတ် ၁၁၇ မှာ ကျင်းပခဲ့ပါတယ်။

"ကျွန်တော်တို့ အသက် ၁၈ နှစ်ကျော် ၁၉ အရွယ် သီချင်းတွေစရေးဖို့ ကြိုးစားခဲ့တဲ့ သီချင်းတွေပေါ့နော်။ ၁၉၉၃ ခုနှစ်မှာ ကျွန်တော်တို့ညီအစ်ကိုတွေရေးခဲ့တဲ့ သီချင်းတွေပေါ့။ ရေးခဲ့ပြီး မေ့လျော့ခံဖြစ်နေတဲ့ သီချင်းတွေပေါ့။ ခုမှ အချိန်လည်းရတယ်၊ Idea လည်းပြန်ရလို့ လုပ်ဖြစ်တာပါ။ကိုယ့်တစ်ယောက်ထဲဆိုရင် ဒီသီချင်းတွေလုပ်ဖြစ်မှာမဟုတ်ဘူး။ ဒီသီချင်းတွေကို သိခဲ့တာ ဒီသုံးယောက်ပဲရှိတယ်။ ဒီအထဲက တစ်ယောက်ဆုံးသွားပြီ။ ဆက်မလုပ်ဖြစ်ရင် ပျောက်ကွယ်သွားမယ်။ ရေခဲသေတ္တာထဲ သိမ်းထားတာလည်း တော်တော်ကြာခဲ့ပြီးတော့ ခုထုတ်ဖြစ်လိုက်တာပါ။ ဘာမျှော်လင့်ချက် အကျိုးအမြတ်မှထားပြီ ထုတ်တာမဟုတ်ပါဘူး။ ညီအစ်ကိုတွေရဲ့ သီချင်းပျောက်သွားမှာစိုးလို့ အဓိက မှတ်တမ်းပဲတင်တာပါ။ အောင်မြင်ဖို့အတွက်လည်း မဟုတ်ပါဘူး။ Record လေးတစ်ခု ကျန်ရင်ပဲ ကျေနပ်ပါပြီ။ ဒီခွေမှာ ကိုကြည်@အကြည်တော်က သံစဉ်ရော စာသားပါရေးထားတဲ့ သီချင်း ၂ ပုဒ်ပါပါတယ်။ကျွန်တော်တစ်ယောက်ထဲ သီချင်းတွေကို သီဆိုထားတာပါ"လို့ ပန်းချီကိုဆန်းက MT Entertainment ကို ပြောပါတယ်။

အဆိုပါ ၉၃ ခုနှစ်ထဲက အမှတ်တရတွေနဲ့သိမ်ဆည်းထားတဲ့ သီချင်း ၁၀ ပုဒ်ကို တေးရေးအနေနဲ့ ဓီရာမိုရ်၊ အကြည် တော်နဲ့ ကိုဆန်းတို့ ရေးသားထားပါတယ်။ ဒီခွေမှာ ရော့ခ်ဂီတအမျိုးအစားတွေပါဝင်ပြီး ညီအစ်ကိုသုံးယောက်ထဲပါဝင်ပြီး ပထမဦးဆုံး ဖန်တီးထားတဲ့ အနုပညာလည်းဖြစ်တယ်လို့ သိရပါတယ်။

"ရေခဲအိပ်မက်များ 93' Dreams" Album ကို လာမယ့် ဒီဇင်ဘာ၂၆ ရက်မှာ Art Nation ၊ တေးသံသာ ၊ ဂီတမြို့@Music City Myanmar YouTube Channel , Online Platform တွေမှာ စတင်ဖြန့်ချိမယ်လို့ သိရပါတယ်။

◾ Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=85468


#ကိုဆန်း #ဓီရာမိုရ်
#အကြည်တော် #AKyiTaw
#KoSan #Diramo
#MyanmarMusic
# MusicCityMyanmar
#MTEntertainment


Video is unavailable for watching
Show in Telegram
MT News သတင်းဌာနရဲ့ တစ်နေ့တာအတွင်း ထူးခြားသတင်း

၂၀. ၁၂. ၂၀၂၄
တင်ဆက်/တည်းဖြတ် MT News

ဒီနေ့အတွက် MT News သတင်းဌာနရဲ့ ၂၄ နာရီ သတင်းအစီအစဉ်မှာ စုစည်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

◾️ မြန်မာနိုင်ငံကနေ အမေရိကန်၊ ယူတားပြည်နယ်ရောက် ကယားတိုင်းရင်းသားဒုက္ခသည်မိသားစုမှာ ဖခင်ဖြစ်သူက ဇနီးနဲ့ သားသမီးသုံးဦးကို သတ်ဖြတ်ပြီး မိမိကိုယ်ကိုယ်ပါ အဆုံးစီရင်မှုဖြစ်ပွားတဲ့သတင်း

◾️ ရန်ကုန်မှာ တစ်ရက် ၁၂ နာရီ လျှပ်စစ်မီးပျက်မယ့်သတင်း

◾️ ရန်ကုန်မှာ စက်ဘီးအသုံးပြုမှု ပိုများလာပြီး YBS ယာဉ်နဲ့ မတော်တဆမှုဖြစ်စဉ်တွေလည်း မနှစ်ကထက်တိုးလာတဲ့သတင်း

◾️ တိုင်းနဲ့ပြည်နယ် သမဝါယမအသင်းစုချုပ်တွေ ယခုဘဏ္ဍာနှစ်မှာ ပေးသွင်းဖို့ကျန် ချေးငွေကျပ် ၄၃ ဘီလျံကျော်ကို သတ်မှတ်ထားတဲ့ ပမာဏတွေအတိုင်း အပြေအကြေပေးသွင်းဖို့ သမဝါယမဒုဝန်ကြီး သတိပေးတဲ့သတင်း

◾️ ဗီယက်နမ်နိုင်ငံက ကဖီးဆိုင်တစ်ခုမှာ ဝန်ထမ်းနဲ့ စကားများပြီး ဆိုင်ကို ဓာတ်ဆီလောင်း မီးရှို့တာကြောင့် လူ ၁၁ ယောက် သေဆုံးခဲ့ရတဲ့ဖြစ်စဥ်က မီးရှို့သူတရားခံကို ဖမ်းဆီးတဲ့သတင်း

◾️ မန္တလေးမှာ လူငယ် OG ဆရာဝန်တစ်ဦး ပြန်ပေးဆွဲခံရပြီး ကျပ်သိန်း ၃၀၀၀ နဲ့ ရွေးဖို့တောင်းဆိုလို့ ကျပ်သိန်း ၃၀၀၀ နဲ့ ပြန်ရွေးပေမဲ့လည်း သတ်ဖြတ်ကာ အလောင်းစွန့်ပစ်မှု ဖြစ်ပွားတဲ့သတင်း

◾️ ရခိုင်ပြည်နယ် မောင်တောဆိပ်ကမ်းမှ အကြမ်းဖက် AA ရဲ့ အခွန်ပြေစာနဲ့ တင်ပို့တဲ့ဆန်အိတ် ၃၈၀ ကို ဘင်္ဂလားဒေ့ရှ် လက်မခံတဲ့သတင်းနဲ့

◾️ အာဆီယံ အလွတ်သဘောဆွေးနွေးပွဲမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီးက ရွေးကောက်ပွဲကျင်းပမယ့်အစီအစဥ် တင်ပြခဲ့ပြီး ပါဝင်ဆွေးနွေးတဲ့နိုင်ငံတွေအားလုံးက ရွေးကောက်ပွဲကို လက်ခံတယ်လို့ အပြုသဘောတုံ့ပြန်တဲ့ သတင်းတို့ကို တင်ဆက်ပေးသွားမှာဖြစ်ပြီး

MT News သတင်းဌာနရဲ့ ဒီရုပ်သံမှာ နားဆင်နိုင်မှာဖြစ်ပါတယ်။

#ပွင့်လင်းမြန်မာ #mtnews
#mtnews_entertainment
#myanmar_transparency_news
#myanmar_transparency_news_ရုပ်သံ


မြန်မာနိုင်ငံ၏ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးက တိုင်ပင်ဆွေးနွေးပြီး အခက်အခဲပြဿနာများကို ဖြေရှင်းရမည်ဟု တရုတ်အစိုးရ ပြော

၂၀.၁၂. ၂၀၂၄
Written by Shwe Phyo

မြန်မာနိုင်ငံ၏ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးသည် တွေ့ဆုံဆွေးနွေးတိုင်ပင်မှုများမှတစ်ဆင့် သဘောထားအမြင်ကွဲလွဲမှုများ၊ အခက်အခဲပြဿနာများကို ဖြေရှင်းသင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဆန်ဝီဒေါင်က ထုတ်ဖော်ပြောဆိုလိုက်ကြောင်း သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးသည် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သော မြန်မာ့အရေးအလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ဆွေးနွေးခဲ့ပြီးနောက် မြန်မ့ာအရေးနှင့်ပတ်သက်ပြီး ပြောဆိုခဲ့ခြင်းဖြစ်သည်။

နိုင်ငံ၊ အဖွဲ့အစည်းအားလုံးသည် မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပိုမိုတိုးတက်ကောင်းမွန်စေရန် ဝိုင်းဝန်းကူညီထောက်ပံ့....

◾ Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=85465

#Myanmar #china #ASEAN #MT #thailand #mtnews #myanmar_transparency_news


ထိုင်းတပ်မတော်သင်တန်းကျောင်းက ဗိုလ်လောင်း ၁၈ ဦး လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု ထိုင်းဘုရင့်တပ်မတော် စုံစမ်းစစ်ဆေးနေ

၂၀. ၁၂. ၂၀၂၄
Written by Nay Moe

ထိုင်းတပ်မတော်အကယ်ဒမီတက္ကသိုလ်များ ကြိုတင်လေ့ကျင့်ရေးကျောင်းက ခန္ဓာကိုယ်ကာယပိုင်းဆိုင်ရာကုသမှုကျွမ်းကျင်သူ Physical Therapist တစ်ဦးဟာ ထိုင်းဗိုလ်လောင်း ၁၈ ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးနေတယ်လို့ ထိုင်းဘုရင့်တပ်မတော်(RTARF) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဝီထိုင်းလိုက်သွမ်ယာက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလနဲ့ နိုဝင်ဘာလအတွင်း နခွန်နရုခ်ခရိုင်က အကယ်ဒမီစစ်သင်တန်းကျောင်းမှာ ဗိုလ်လောင်း ၁၈ ဦး လိင်ပိုင်းဆိုင်ရာပြုကျင့်စော်ကားခံရကြောင်း လူမှုကွန်ရက်မှာ ထွက်ပေါ်လာအပြီးမှာ စုံစမ်းစစ်ဆေးမှု စတင်ခဲ့တာပါ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆွန်ဝတ် နွန်ပက်ဒီက ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့ ကော်မတီတစ်ရပ် ဖွဲ့စည်းပြီး...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=85458

#ထိုင်းဘုရင့်တပ်မတော် #ဗိုလ်လောင်း #လိင်ပိုင်းဆိုင်ရာ #စော်ကားခံရ #MT #mtnews


Video is unavailable for watching
Show in Telegram
သမီးအဆိုတော်ဖြစ်ဖို့ လိုအပ်ရင် အိမ်ရောင်းပြီး ပံ့ပိုးသွားမယ် ဆိုတဲ့ ပိုပိုမြင့်အောင်ရဲ့ဖခင်

၂၀.၁၂.၂၀၂၄
ရိုက်ကူး/တည်းဖြတ် -သန္တာ

“ပရိသတ်တွေကို ပြောပြချင်တာကတော့ အများကြီးတော့မဟုတ်ပါဘူး။ အရင်တုန်းက သီချင်းတစ်ပုဒ် ထွက်ခဲ့တယ်။ အပျိုကြီးလုပ်ရင် ကောင်းမလား… အခုလည်း အဲ့လိုပဲ မပေါက်ပေါက်အောင် လုပ်မှာပေါနော်။ ဟိုက မသိဦးဟဆိုရင် သမီးလည်း မပေါက်ဦးဟဆိုပြီး လုပ်မှာပါ... ။ ဒီအဆိုတော်မှ ဒီအဆိုတော်ဖြစ်ရမယ်။ အိမ်ရောင်းရင် ရောင်းရပါစေ…။ သူ အနုပညာ လောကပေါ်မှာ ထမင်းစားလက်မှတ်လေးရရင် ကျေနပ်သွားပြီ။ ကျွန်တော်ရင်ထဲမှာ ဒီသမီးကို ဘယ်လောက်ဖြစ်စေချင်လဲဆိုတာ …မပြောတောင် မပြောချင်တော့ဘူး။ သူ့ပွဲက ရလာတာဆိုရင် ကန်တော့တယ်။ ဒီလိုသမီးလေးအမြဲလိုချင်တယ်။ အများကြီး အောင်မြင်စေချင်တာ … ။ သမီးလည်း တတ်နိုင်တဲ့အထိလည်း လုပ်သွားပေးမှာပါ။ အဖေအားကိုးရတဲ့သမီးလေးဖြစ်အောင်ပေါ့။ အဖေ အိမ်တော့မရောင်းရပါဘူး” တေးသံရှင် ပိုပိုမြင့်အောင်၊ ဖခင် ဦးမြင့်အောင်

YouTube တွင် ကြည့်ရှုရန်
https://youtu.be/Rzh9CweuzVU

#ဦးမြင့်အောင် #ပိုပိုမြင့်အောင်
#ThaHarAung
#UMyintAung #PoPoMyintAung
#MyanmarSinger #မြန်မာသံအဆိုရှင်
#အပျိုကြီးလုပ်ရင်ကောင်းမလား #အရမ်းမုန်းတယ်


မြန်မာနိုင်ငံကနေ အမေရိကန်၊ ယူတားပြည်နယ်ရောက် ကယားတိုင်းရင်းသားဒုက္ခသည်မိသားစုမှာ ဖခင်ဖြစ်သူက ဇနီးနဲ့ သားသမီးသုံးဦးကို သတ်ဖြတ်ပြီး မိမိကိုယ်ကိုယ်ပါ အဆုံးစီရင်မှုဖြစ်ပွား

၂၀.၁၂.၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၊ ယူတားပြည်နယ်အတွင်း Salt Lake City မြို့ရဲ့ဆင်ခြေဖုံးဖြစ်တဲ့ West Valley City မြို့က မြန်မာမိသားစုတစ်စုနေထိုင်ရာအိမ်မှာ ယောင်္ကျားဖြစ်သူက ဇနီးဖြစ်သူနဲ့ ကလေးသုံးဦးကိုသတ်ဖြတ်ပြီး ကိုယ့်ကိုယ်ကိုယ်လည်း သတ်သေသွားတယ်လို့ ယုံကြည်ရတဲ့ဖြစ်ရပ်တစ်ခု ဒီဇင်ဘာလအတွင်း ဒုတိယရက်သတ္တပတ်အကုန်မှာ ဖြစ်ခဲ့ရပါတယ်။

အသတ်ခံ သေဆုံးခဲ့တဲ့မိသားစုမှာ အသက် ၃၈ နှစ်ရှိမိခင်ဖြစ်သူအမျိုးသမီးကို ဘူမီး (Bu Meh) လို့ အမည်သိရပြီး သူက အမေရိကန်ရှိဆွေမျိုးတွေနဲ့ အတူနေထိုင်နိုင်ဖို့ မြန်မာနိုင်ငံမှထွက်ပြေးလာခဲ့သူ ဖြစ်တယ်လို့ ဆွေမျိုးတွေက ပြောကြပါတယ်။

ဒီဖြစ်ရပ်မှာ အသက် ၄၂ နှစ်အရွယ် ဒဲရီး (Dae Reh) အမည်ရှိ ခင်ပွန်းဖြစ်သူက မိသားစုကိုသတ်ဖြတ်ပြီး သူ့ကိုယ်သူ သေနတ်နဲ့ပစ်ကာ...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=85455

#ကယားတိုင်းရင်းသား #ဒုက္ခသည်မိသားစု #အဆုံးစီရင် #BuMeh #Daereh #MT #mtnews


Video is unavailable for watching
Show in Telegram
လက်တွဲဖော်ဆိုတာချစ်ခြင်းမေတ္တာတရားနဲ့ အခြေခံပြီး ဘဝအနိမ့်အမြင့် အတက်အကျ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ အမြဲတမ်းချစ်တဲ့စိတ်နဲ့ပဲ ဆေးထိုးပေးတယ် ဆိုတဲ့ ကျော်ကျော်

၂၀.၁၂.၂၀၂၄
ရိုက်ကူး/တည်းဖြတ် - သန္တာ၊ အနိုင်

"အကိုနဲ့ နေရင်တော့ ပျင်းရမှာမဟုတ်ဘူး။ တကယ်လည်းမပျင်းရဘူး။ ခဏခဏရန်ဖြစ်ရတယ်။ ခဏတဖြုတ်တွေ့လို့ စ,တာနောက်တာက အဆင်ပြေတယ်။ အမြဲတမ်းစ,နေ နောက်,နေတာကတော့ အဆင်မပြေဘူး။ မေးကြည့်ပါလား။ စိတ်လွတ်လက်လွတ်နေကြည့်ပါလား ဆေးမိပြီပဲ။ တစ်ခါတလေ သတိထားမိပေမယ့် အမြဲတမ်းတော့ ဘယ်သတိ ထားနိုင်မလဲ အကိုရယ် ..။ သိတယ်မလား။ ပျော်ရလားဆိုတော့ တစ်ချိန်လုံးရန်ဖြစ်နေတာ။ ဘေးကနေ ခဏတဖြုတ်ကြည့်ရင်တော့ ဟာ...ပျော်စရာကြီး အရိပ်တကြည့်ကြည့်နဲ့ ဆေးထိုးဖို့ကြည့်နေတာ...အနီးဆုံးရန်သူပဲ။ ဘဝတစ်လျှောက်လုံး လက်တွဲဖော်ဆိုတဲ့အခါကြတော့ ချစ်ခြင်းမေတ္တာတရားနဲ့ပဲ အခြေခံပြီးတော့ ဘဝအနိမ့်အမြင့် အတက်အကျ ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေ အမြဲတမ်းချစ်တဲ့စိတ်နဲ့ပဲ ဆေးထိုးပေးရတာပေ့ါ"ကျော်ကျော်၊ ဆုမြတ်နိုးဦး

YouTube တွင် ကြည့်ရှုရန်
https://youtu.be/JngANoWZHEU

‌#‌ကျော်ကျော် #ဆုမြတ်နိုးဦး
#SeinLin #KyawKyaw #HsuMyatNoeOo
#TodayWeddingStudio
#MyanmarCeleWedding
#mtentertainment


ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ထိုင်းဘတ် ၂ သန်းခွဲခန့်နှင့် တရုတ်ယွမ် ၁ ဒသမ ၃ သန်းကျော် ထပ်မံထုတ်ရောင်း

၂၀. ၁၂. ၂၀၂၄
Written by Nyein Kyaw

ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ထိုင်းဘတ် ၂ ဒသမ ၄၈၃ သန်းနှင့် တရုတ်ယွမ် ၁ ဒသမ ၃၆၀ သန်း ထပ်မံထုတ်ရောင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒီဇင်ဘာလ ၁၉ ရက် (ယမန်နေ့)တွင် ထုတ်ပြန်ထားသည့် စာရင်းအရ သိရသည်။

ယခုထပ်မံထုတ်ရောင်းသည့် ထိုင်းဘတ်နှင့် တရုတ်ယွမ်များအပါအဝင် ဒီဇင်ဘာလ ၂ ရက်မှ ၁၉ ရက်အထိ နှစ်ပတ်ကျော်အတွင်း ဗဟိုဘဏ်မှ ထိုင်းဘတ် ၃၁၄ ဒသမ ၉၁၄ သန်းနှင့် တရုတ်ယွမ် ၁၀ ဒသမ ၁၀၆ သန်းအထိ ထုတ်ရောင်းပေးခဲ့သလို ဒေါ်လာ ၁၃၉ သန်းခွဲကျော်အထိ ‌ထုတ်ရောင်းပေးထားသည်။

ယခုကဲ့သို့ ဗဟိုဘဏ်မှ ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်တို့ကို ဆက်တိုက်ထုတ်ရောင်းပေးခဲ့၍ နှစ်သစ်ကူးရုံးပိတ်ရက်များကြောင့် သွင်းကုန်တင်သွင်းမှုများပြီး နိုင်ငံခြားငွေလိုအပ်ချက် မြင့်မားလေ့ရှိသည့် ဒီဇင်ဘာလအတွင်း နိုင်ငံခြားငွေဈေးနှုန်းများ မြင့်တက်လာမှုမရှိဘဲ...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=85451

#ဗဟိုဘဏ် #သွင်းကုန် #လုပ်ငန်းရှင် #ထိုင်းဘတ် #တရုတ်ယွမ် #ထပ်မံထုတ်ရောင်း #MT


Quad အဖွဲ့ ပူးတွဲကမ်းခြေစောင့်တပ်ဖွဲ့လေ့ကျင့်ရေးတစ်ခုပြုလုပ်တာက အင်ဒို-ပစိဖိတ် ဒေသကိုငြိမ်းချမ်းအောင် ထိန်းသိမ်းနိုင်မည်လား

၂၀.၁၂.၂၀၂၄
Translated by Htwe Ko Tun

လေးနိုင်ငံ လုံခြုံရေးဆွေးနွေးပွဲအဖွဲ့ အမည်နဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ Quad အဖွဲ့ ရဲ့ အဖွဲ့ဝင်နိုင်ငံတွေဟာ ၂၀၂၅ ခုနှစ်အတွင်းမှာ ပူးတွဲကမ်းခြေစောင့်တပ်ဖွဲ့လေ့ကျင့်ရေးတစ်ခုပြုလုပ်ဖို့နဲ့ အင်ဒို-ပစိဖိတ်ဒေသ ရေကြောင်းသွားလာမှု လုံခြုံရေးခိုင်မာစေဖို့ ပဏာမခြေလှမ်းသစ်တွေဆောင်ရွက်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဒီမဟာဗျူဟာက ဒေသဆိုင်ရာစံနှုန်းတွေကို အတည်ပြုထိန်းသိမ်းဖို့ ပြိုင်ဘက်ရဲ့ အားနည်းချက်တွေနဲ့အလားအလာကို ရယူအမြတ်ထုတ်နိုင်အောင် Grey-zone နည်းဗျူဟာအဖြစ် ပြောင်းလဲဖို့နဲ့ တရုတ်နိုင်ငံရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လွန်းရာကျတယ်ဆိုရမယ့် ရေကြောင်းသွားလာရေးစည်းမျဉ်းတွေ အဓိပ္ပာယ်ဖွင့်မှုတို့ကို တုံ့ပြန်ဖို့ဆောင်ရွက်တာပဲလို့ ကျွမ်းကျင်သူတွေကတော့ ပြောခဲ့ကြပါတယ်...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=85448

#ကမ်းခြေစောင့်တပ် #ဒေသငြိမ်းချမ်းရေး #အိန္ဒိယ #သြစတြေးလျ #ဂျပန် #အမေရိကန် #Quad #Greyzone #MT #mtnews


တိုင်းနှင့်ပြည်နယ် သမဝါယမအသင်းစုချုပ်များ ယခုဘဏ္ဍာနှစ်တွင် ပေးသွင်းရန်ကျန် ချေးငွေကျပ် ၄၃ ဘီလျံကျော်အား သတ်မှတ်ထားသော ပမာဏများအတိုင်း အပြေအကြေပေးသွင်းရန် သမဝါယမဒုဝန်ကြီး သတိပေး

၂၀. ၁၂. ၂၀၂၄
Written by Nyein Kyaw

တိုင်းဒေသကြီး/ပြည်နယ် သမဝါယမအသင်းစုချုပ်များအနေဖြင့် ယခုဘဏ္ဍာနှစ်အတွင်း ပေးသွင်းရန်ကျန် ချေးငွေကျပ် ၄၃ ဘီလျံကျော်အား ဘဏ္ဍာနှစ်သုံးလပတ်အလိုက် ပေးသွင်းရန်သတ်မှတ်ထားသော ပမာဏများအတိုင်း အပြေအကြေပေးသွင်းရန် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးက ယမန်နေ့က ပြုလပ်သည့် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချေးငွေလုပ်ငန်းကြီးကြပ်မှုဗဟိုကော်မတီ အစည်းအဝေးတွင် ပြောကြားသည်။

တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ပေးဆပ်ရမည့် ချေးငွေကျန်များကို ယခုဘဏ္ဍာနှစ်အတွင်း ပေးဆပ်သွားကြရန်လိုကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ကျပ် ၆၃ ဘီလျံ ပေးဆပ်ရမည်ဖြစ်ပြီး ယနေ့ထိ ကျပ် ၁၉ ဒသမ ၇၀ ဘီလျံပေးသွင်းခဲ့သည့်အတွက် ပေးသွင်းရန်ကျန် ကျပ် ၄၃ ဒသမ ၃၀ ဘီလျံအပေါ် ဘဏ္ဍာနှစ် သုံးလပတ်အလိုက်...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=85445

#သမဝါယမ #ချေးငွေ #အပြေအကြေ #ပေးသွင်းရန် #သတိပေး #MT

13 last posts shown.