Myanmar National Post


Channel's geo and language: Myanmar, Burmese


ဆက်သွယ်ရန်-
Email - mmnationalpost@gmail.com
Ph - 09692366274, 09790975969

Related channels  |  Similar channels

Channel's geo and language
Myanmar, Burmese
Statistics
Posts filter


ဂါဇာမြောက်ပိုင်းရှိ Beit Hanoun တွင် IDF စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း အစ္စရေးက ကြေညာသည်။


ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် ၁ဝဝ ပြည့် အထိမ်းအမှတ် (၁၇) ကြိမ်မြောက် ပန်းပွဲတော်ကို ဇန်နဝါရီလ ၁၉ ရက်အထိ တိုးမြှင့်ဖွင့်လှစ်

နေပြည်တော်၊ ဇန်နဝါရီ ၁၃
မြန်မာနိုင်ငံ၏အထိမ်းအမှတ် (Landmark) တစ်ခုဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် (၁၇) ကြိမ်မြောက် ပန်းပွဲတော် (Floral Fantasia 2024) ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်တွင် စတင်ဖွင့်လှစ်ပေးခဲ့ပြီး ပြည်တွင်း၊ ပြည်ပမှ ခရီးသွားဧည့်သည်များ အေးချမ်းပျော်ရွှင်စွာ လာရောက်အပန်းဖြေသူများဖြင့် နေ့စဉ်စည်ကားလျက်ရှိသည်။
ထိုကဲ့သို့ ပန်းပွဲတော်နှင့် ပြင်ဦးလွင်မြို့၏ အေးချမ်းသာယာလှပမှုကို လာရောက်ခံစားကြသည့် ပြည်တွင်း၊ ပြည်ပမှ ခရီးသွားဧည့်သည်များ အထူးစည်ကားလျက်ရှိသဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်အထိ တစ်ပတ်တိုးမြှင့်ဖွင့်လှစ်ထားကြောင်း သိရှိရသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/01/blog-post_901.html


Video is unavailable for watching
Show in Telegram
၁၃-၁-၂၀၂၅
KIA, PDF အကြမ်းဖက်အဖွဲ့များက အင်းတော်နှင့် ဖားကန့်မှာ အဓမ္မ ပေါ်တာဆွဲနေ၊
ပဒက် ကင်းစင်မှ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိမည်၊
ဒေါ်နယ်ထရမ့်၏ အမေရိကန် ကိုလိုနီဝါဒ၊
ပဒက်ကို ထောက်ပံ့ဖို့ ဘဏ်ကို ဓားပြဝင်တိုက်သူ၊

Join - https://t.me/MyanmarNationalPost


ပေါက်မြို့နယ်အတွင်းရှိ ပြည်သူ့စစ်ကျေးရွာများကို PDF အကြမ်းဖက်သမားများက ဒရုန်းဖြင့် Drop Bomb များ ပစ်ချ တိုက်ခိုက်

ပေါက်၊ ဇန်နဝါရီ ၁၃
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ တပ်ကုန်းနှင့် ရွာသစ် ပသစရွာများကို ယနေ့ PDF အကြမ်းဖက်သမားများက ဒရုန်းသုံးစီးဖြင့် Drop Bombများ ပစ်ချတိုက်ခိုက်ခဲ့၍ နေအိမ်အချို့နှင့် ပြည်သူအချို့ ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ကလည်း ထိုနည်းတူ တိုက်ခိုက်ခံရ၍ အမျိုးသမီး ၂ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး တစ်ဦးမှာပေါင်ဖြတ်ခဲ့ရပြီး စိုးရိမ်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပသစရွာများနှင့် ကိုင်းလယ်ရဲစခန်းတို့တွင် ရိက္ခာပြတ်လပ်မှုများ ရှိနေပြီး အချို့ရဲဘော်များ ခံနိုင်ရည်မရှိဖြစ်ကာ ဘက်ပြောင်းမှုများရှိခဲ့သည်။ ကိုင်းလယ်ရဲစခန်းမှ ရဲတပ်ဖွဲဝင်၄ဦးအထိ ယခုရက်ပိုင်းအတွင်း လက်နက်ခဲယမ်းများယူဆောင်ကာ ဘက်ပြောင်းသွားခဲ့ကြောင်း သိရသည်။

Join - https://t.me/MyanmarNationalPost


တောင်ကြီးမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

တောင်ကြီး၊ ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ မြို့နယ်ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းအတွင်း၌ ကျင်းပခဲ့သည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တောင်ကြီးမြို့ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဆရာကြီး ဦးသိန်းဆွေဝင်း၊ တောင်ကြီးမြို့၊ မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးဇော်လှိုင်ထွန်းနှင့် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြခိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါကျောင်းမှ ဘင်ခရာ အဖွဲ့၊ ပန်းပွားအဖွဲ့နှင့် အကအဖွဲ့များမှ မြန်မာ့ကျောင်းသီချင်း၊ ရှမ်းရိုးမကအိုးစည်းသံ သီချင်းများဖြင့် သီဆိုတီးမှုတ်ခြင်း၊ ပန်းပွားအဖွဲ့မှ Happy new Year သီချင်းဖြင့်ကပြဖျော်ဖြေ ဂုဏ်ပြုခဲ့သည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/01/blog-post_124.html


မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ကမ္ဘောဇဘဏ်ခွဲ(၃၇)အား သေနတ်ပြခြိမ်းခြောက်၍ ဝင်ရောက်လုယက်သူ အမျိုးသားတစ်ဦးအား ဘဏ်ဝန်ထမ်းများမှ ဝိုင်းဝန်းဖမ်းဆီးရာ လက်လုပ်ပစ္စတိုသေနတ် ၁ လက်၊ ၉ မမကျည် ၅ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိ
နေပြည်တော်၊ ဇန်နဝါရီ ၁၃


မင်းဘူးမြို့နယ် ရွှေစက်တော်အနီး အိုးပြင်မဲရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ မီးရှို့ဖျက်ဆီးသဖြင့် နေအိမ် ၃၆ လုံး ပျက်စီးပြီး ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း မဟုတ်မမှန် ရေးသားထုတ်လွှင့်လျက်ရှိ
နေပြည်တော်၊ ၂၀၂၅ ဇန်နဝါရီ ၁၃


ဇေယျာသီရိမြို့နယ် လေသာကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ဇေယျာသီရိ၊ ဇန်နဝါရီ ၁၃
ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက လေသာကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဇေယျာသီရိမြိုနယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြစန်းရီက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ စာပေလေ့လာဖတ်ရှုကြစေရန်၊ စာပေမှတစ်ဆင့် အသိပညာဗဟုသုတတိုးပွားလာစေရန်၊ ရရှိသည့်ဗဟုသုတများကို ပြန်လည်မျှဝေပေးနိုင်ရန်၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/01/blog-post_222.html


ကြံခင်းမြို့နယ် အခြေခံပညာမူလတန်း မူလွန်မြို့မတောင်ကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကျင်းပ

ကြံခင်း၊ ဇန်နဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် အခြေခံပညာမူလတန်း မူလွန်မြို့မတောင်ကျောင်းတွင် (၂၀၂၄-၂၀၂၅) ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က အဆိုပါကျောင်းဝန်းအတွင်း ကျင်းပခဲ့သည်။
အခမ်းအနားကို အခြေခံပညာမူလွန်မြို့မတောင်ကျောင်းမှ ကျောင်းသား/သူလေးများက"ကြိုဆိုပါသည် စုံညီပွဲတော်"တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး၊ မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဦးဌေးဦးက အဖွင့်အမှာစကားပြောကြားရာတွင် ပညာရေးကဏ္ဍ မြင့်မားစေရေး၊ ဘက်စုံထူးချွန်သော ကျာင်းသားလူငယ်များ ဖြစ်လာစေရေးအတွက် ပညာရေးစုံညီပွဲတော်များကျင်းပကာ ကာယ၊ ဉာဏပြိုင်ပွဲများတွင် ထူးချွန်ထက်မြက်သော ကျောင်းသား/သူများကို ချီးမြှင့်ဂုဏ်ပြုသောပွဲဖြစ်ပြီး ဆုရသူများအတွက် ဂုဏ်ယူပါကြောင်း ပြောကြားပြီး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးခိုင်က ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပါသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/01/blog-post_352.html


Video is unavailable for watching
Show in Telegram
ထုတ်လွှင့်ပြန်ကြားသတင်းမှန်များ(၁၃-၁-၂၀၂၅)


မွန်ပြည်နယ်ဝန်ကြီးချုပ် ကျိုက်သုတ်စေတီတော်မြတ်ကြီးအား လုံတော်ပြည့် ရွှေသင်္ကန်းနှင့်ရွှေစင်၊ ရွှေပြားကပ်လှူခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်အသစ်ပူဇော်ခြင်း ဘက်စုံမွမ်းမံခြင်းများအတွက် ပထမအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားတက်ရောက်

မော်လမြိုင်၊ ဇန်နဝါရီ ၁၃
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ကျိုက်သုတ်စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းနှင့် ရွှေစင်၊ ရွှေပြားကပ်လှူခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်အသစ်ပူဇော်ခြင်း ဘက်စုံမွမ်းမံခြင်းလုပ်ငန်းများအတွက် ပထမအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျိုက်သုတ်စေတီတော်မြတ်ကြီးဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် အလှူရှင်များ တက်ရောက်သည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/01/blog-post_148.html


ညောင်တုန်းမြို့နယ်ရှိ ကျေးလက်လမ်းလုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ညောင်တုန်း၊ ဇန်နဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာ‌နှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းခင်းခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းကြည့်ရှုရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(နေပြည်တော်) အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေး၊ ခရိုင်နှင့်မြို့နယ်တာဝန်ခံအင်ဂျင်နီယာများ၊ လမ်းအရည်အ‌သွေးထိန်းသိမ်း‌ရေးအဖွဲ့တို့က လာဘ်မိုးသဲကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော စက္ကော့-အင်းမကျေးရွာချင်းဆက် ကျောက်ချောခင်းခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်‌နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
https://www.mmnationalpost.com/2025/01/blog-post_700.html

12 last posts shown.