Dec 3
ရေနံချောင်းမြို့နယ်တွင် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကို စစ်သွေးကြွတွေ ဖမ်းဆီးသွား
=======================================================
နေပြည်တော်၊ ဒီဇင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ အင်တောကျေးရွာတွင် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ ဖမ်းဆီးသွားကြောင်း သိရသည်။
ဒီဇင်ဘာလ (၁)ရက် ညနေ (၅)နာရီခွဲအချိန်က ရေနံချောင်းမြို့နယ် အင်တောကျေးရွာရှိ အင်တောမီးသတ် စခန်းသို့ စစ်သွေးကြွ PDF အဖွဲ့ဝင် အင်အား (၆)ဦးသည် ဆိုင်ကယ် (၄)စီးဖြင့် ရောက်ရှိလာသည်။
ယင်းနောက် အဆိုပါ အင်တောမီးသတ်စခန်းတွင် မီးသတ်တပ်ဖွဲ့ဝင် (၅)ဦး ရှိသည့်အနက် အသက် (၂၉)နှစ် အရွယ် ယာယီတာဝန်ခံ လွင်ကိုကိုထွန်းအား စစ်ဆေးမေးမြန်းရန် ရှိသည်ဟုဆိုကာ နတ်မောက်မြို့နယ် ချောင်းနက်ကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
မီးသတ်တပ်ဖွဲ့ဝင် လွင်ကိုကိုထွန်းအနေဖြင့် (၂၀၁၈)ခုနှစ်မှ လက်ရှိအချိန်ထိ မီးသတ်စခန်းတွင် တာဝန်ထမ်းဆောင် နေသူဖြစ်ကြောင်းနှင့် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များကို သတင်းပေးနေသူဟု စစ်သွေးကြွများမှ ယူဆကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
#Newvisionmedia