ဘူးသီးတောင်မြို့ရှိ ယာယီခိုလှုံရာစခန်းများတွင် နေထိုင်လျက်ရှိသော နေရပ်စွန့်ခွာသူများအား ဆန်အိတ်များထောက်ပံ့
နေပြည်တော်၊ ဧပြီ ၂၃
AA အကြမ်းဖက်သောင်းကျန်းသူများက ဧပြီလ ၁၂ ရက်နေ့တွင် ကွန်တိုင်ကျေးရွာ၊ ရွက်ညိုတောင်ကျေးရွာနှင့် ဦးလှဖေကျေးရွာအတွင်းသို့ အကြောင်းမဲ့လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ မီးရှို့ခြင်းများကြောင့် ကြောက်ရွံ့၍ရှောင်တိမ်းလာသော ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ ယာယီခိုလှုံရာစခန်း ၃ ခုတွင် ခေတ္တခိုလှုံနေထိုင်လျက်ရှိသည့် အိမ်ထောင်စုဝင် ယာယီနေရပ်စွန့်ခွာသူများအား ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခြင်းကို ယန်နေ့က အဆိုပါမြို့ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ပြုလုပ်ရာ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုဝင်များ တက်ရောက်ကြသည်။
ထို့နောက် တာဝန်ရှိသူများက ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် အိမ်ထောင်စုတစ်စုလျှင် ဆန်တစ်အိတ်နှင့် တစ်ပြည်နှုန်းဖြင့် အိမ်ထောင်စု ၉၅၅ စုအတွက် ဆန်အိတ် ၁၀၀၀ အိတ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။