Ko Myo Win


Channel's geo and language: not specified, not specified
Category: not specified


comment box

Related channels  |  Similar channels

Channel's geo and language
not specified, not specified
Category
not specified
Statistics
Posts filter


- ဦးစောသည် ကိုယ်ရည်ကိုယ်သွေး အလွန်ကောင်းပါတယ် ။ ၇ တန်းအောင်အဆင့်နဲ့ စာတတ်ပေတတ်တွေကို ကျော်လွန်ပြီးဝန်ကြီးချုပ် ဖြစ်တာကြည့်ပါ ။

- ကြံရည်ဖန်ရည်လည်း ကောင်းလှပါတယ် သူ့ရှေ့က ပိတ်နေခဲ့တဲ့ ဒေါက်တာ ဘမော် နဲ့ ဦးပုတို့ကို အချိန်ကိုက် ဖြုတ်ချခဲ့တာ ကြည့်၍ သိနိုင်ပါတယ် ။

- အငြိုးအတေးလည်း ကြီးပါတယ် ။ ဗိုလ်ချုပ်တို့ တဖွဲ့လုံးကို လုပ်ကြံသွားတာ ကြည့်ပြီး သိနိုင်ပါတယ် ။

- မျိုးချစ်စိတ်လည်း ပြင်းထန်ပါတယ် ။ ဆရာစံတို့ ကိစ္စ နဲ့ ချာချီ ကို လွတ်လပ်ပေးဖို့တောင်းဆိုခြင်း ၊ ဂျပန်ထံမှ လက်နက် နဲ့ ငွေကြေး အကူညီပေးရင် ဂျပန်နဲ့ ပေါင်းပြီးအင်္ဂလိပ်ကို တော်လှန်မယ်လို့ ကမ်းလှမ်းခြင်း

- အာဏာတည်မြဲရေး လုပ်တတ်ပါတယ် သူနန်းရင်းဝန် ဘဝမှာ သခင်တွေကို ကောင်းစွာ နှိမ်နင်းခြင်း လာဘ်လာဘ ရှာခြင်း နဲ့ သတင်းစာတိုက်ဝယ်ယူခြင်း အစရှိတဲ့ နိုင်ငံလုံး ညစ်လုံးတွေလည်း ကျေညက်လှပါတယ် ။

သူ့ဖက် ကိုယ့်ဖက် ငြင်းခုန်စရာတွေထဲမှာ ဘယ်သူက အမှန်တရားပိုများသလဲ ဆိုတာကတော့ သမိုင်းချက်အလက်တွေက ဆုံးဖြတ်ပေးပါလိမ့်မယ် ။ ဥပမာ အောင်ဆန်း အက်တလီ စာချုပ် ကလည်း ခိုင်မာတဲ့ သက်သေပြချက်တခု အနေနဲ့ ပါဝင်နေပါလိမ့်မယ် ။

ကိုရွှေမျိုးဝင်း

14.8k 1 80 76 1.5k

ဂဠုန် ဦးစော (၃)
==============

1946 ဒီဇင်ဘာလ မှာ အောင်ဆန်း အက်တလီ စာချုပ် ချုပ်ဆိုဖို့ လန်ဒန်ကို သွားကြပါတယ် ။ စာချုပ်ပါ အချက်တွေထဲက အနာဂါတ် မြန်မာနိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးများ နဲ့ တိုင်းပြည်ပြိုကွဲစေမည့် အချက်များ အပြင် လူမျိုးခြား ဘာသာခြားများကိုလည်း ၈ နစ်နေပြီးလျှင် နိုင်ငံသားအခွင့်အရေး ပေးရမယ် ဆိုတဲ့ အလွန် အန္တရာယ်ကြီးတဲ့ အချက်တွေပါနေတာ တွေ့ရပါတယ် ။

အဲဒီအချက်တွေကြောင့် ဦးစောက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ တာပါ ။ ဦးစော နဲ့ သခင်ဗစိန်တို့ နှစ်ယောက်က မြန်မာ့သမိုင်းမှာ တရားခံ အဖြစ်မခံနိုင်ဘူး ဆိုပြီး 27`12-1946 မှာရေးထိုးခဲ့တဲ့ စာချုပ်ကို လက်မှတ်မထိုးပဲ ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့ပါတယ် ။

မြန်မာပြည်ပြန်ရောက်တာနဲ့ ဦးစောက စာချုပ်အကြောင်း ရှင်းပြပါတယ် ။

- လုံးဝ လွတ်လပ်ရေးကို မတောင်းဆိုပဲ ဘုရင်ခံရဲ့ လက်အောက်မှာ အမှုဆောင်ကောင်စီဖွဲ့၍ မိမိအစုအဖွဲ့ အာဏာရရေးအတွက် ၁၉၃၅ အက်ဥပဒေနဲ့သာ အုပ်ချုပ်ရန် သဘောတူခဲ့ခြင်း

- မြန်မာပြည်အတွက် အကြွေးအဖြစ် သတ်မှတ်မယ့် ကိစ္စကို မူလကတည်းက ဆန့်ကျင်ဖို့ သဘောတူထားပါလျှက် ဦးအောင်ဆန်းက အာဏာမက်ပြီး ယခုလက်ခံခဲ့ကြောင်း

- ဘင်္ဂါလီများအား မြန်မာပြည်မှာ ၈ နှစ်နေပြီးလျှင် နိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးမည်ဟု ဘာသာရေး လူမျိုးရေး အမျိုခံရမယ့် အရေးကိစ္စကို မစဥ်းစားပဲ မိမိအာဏာအတွက် သဘောတူခဲ့ခြင်း

- မြန်မာဘုရင့်ပိုင်နက်တွေကို အိန္ဒိယနယ်အတွင်း ထည့်ထားခြင်းကန့်ကွက်ရန် လော့မောင်ဘက်တန် တို့လို အရာရိများ အကြံပေးသည်ကိုပင် မိမိအစိုးရဖွဲ့နိုင်ရေးတွင် ဗြိတိသျှတို ငြိုငြင်မည် စိုးရိမ်ပြီး အာဏာရမ္မက်ဖြင့် အဆုံးရှုံး ခံခဲ့ခြင်း

အစရှိတဲ့ အကြောင်းပြချက်တွေကြောင့် မိမိတို့ လက်မှတ်မထိုးခဲ့ခြင်း ဖြစ်ကြောင်း တိုက်ခိုက်ပါတော့တယ် ။
(အောင်ဆန်း-အက်တလီ စာချုပ်ပါ အချက်အလက်တွေထဲက အရေးကြီးတဲ့ စက္ကူဖြူစီမံကိန်း လျှော်ကြေး နဲ့ ၁၉၃၅ အက်ဥပဒေအရ အုပ်ချုပ်ရမယ် ဆိုတာတွေ ၈ နှစ်ကြာနေပြီးရင် ဘင်္ဂလီတွေကို နိုင်ငံသားပေးမယ် ဆိုတဲ့ အချက်တွေကို မူရင်းစာအုပ်မှာ ဆင်ဆာ ဖြတ်ထားတာလည်း စဥ်းစားစရာပါပဲ)

ဦးစောရဲ့ ထိုးနှက်ချက်တွေဟာ အမှန်တရားတွေ ငြင်းမရတဲ့ချက်တွေဆိုတော့ ဗိုလ်ချုပ်ကိုယ်တိုင် တိုင်းပြည်လှည့်ပြီး သူလုပ်ရပ်မှန်ကန်ကြောင်း နဲ့ ဦးစော နဲ့သခင်ဗစိန်တို့သာ တိုင်းပြည်သစ္စာဖောက်များ အဖြစ် ပုံဖော် ဟောပြော စည်းရုံးရပါတော့တယ် ။ (ဘယ်သူ မှားတယ် မှန်တယ်ဆိုတာ အချိန်က ပြောလာမယ်ထင်ပါတယ် )

အဲလို ပြဿနာတွေကြောင့် ဦးစောဟာ ဘုရင့်အမှုဆောင်ကောင်စီကနေ နှုတ်ထွက်လိုက်ပါတယ် ။ အဲဒီနောက် သူ့ရဲ့ အပျော်ထမ်း ဂဠုန်တပ်ဖွဲ့ဝင်တွေနဲ့ လက်စားချေရေး အစီအမံတွေ ရေးဆွဲပါတော့တယ် ။ သူအမြဲ ပြောတဲ့ စကားကတော့

"ငါတို့ကို တချက်ထိရင် သုံးချက်ပြန်လုပ်ရမှ ကျေနပ်တဲ့ အမျိုးကွ"

ဆိုတဲ့ စကားပါပဲ ။ သူ့ရဲ့ လက်ရွေးစင် လုပ်ကြံရေး သမားတွေကို နားသွင်းတာကလည်း အောင်ဆန်း-အက်တလီ စာချုပ်ရဲ့ အားနည်းချက်တွေ နဲ့ သူ့အပေါ် ၁၉၄၅ တုန်းက ပြည်သူ့ရဲဘော်တွေ လုပ်ကြံခဲ့တဲ့ ကိစ္စတွေ အပေါ် အခြေပြုခဲ့ပါတယ် ။

ဒီလိုနဲ့ ၁၉ ဇူလှိုင် ကိစ္စကြီး ဖြစ်ပွါးခဲ့ပြီး ဦးစောတို့ အဖမ်းခံရပါတယ် ။ (ဖမ်းဆီးပုံ အသေးစိတ်ကို ဆင်ဆာဖြတ်ထားပါတယ်) တရားရုံးကနေ နောက်ဆုံး အယူခံပယ်ချပြီး 8-5-1948 မှာ ကြိုးပေးဖို့ ဆုံးဖြတ်လိုက်ပါတယ် ။

-28-4-1948 မှာ ဦးစောက ဇနီး သမီး တို့နဲ့ အတူ မိုးညှင်းသိင်္ဂီကျောင်းတိုက် ရေလဲဦးပဏ္ဍိစ္စ ဆရာတော်ထံမှ လက္ခဏာသုံးပါး တရားတော်ကို နောက်ဆုံးနာယူပါတယ် ။

-5-5-1948 မှာ ခင်မောင်ရင်ကို တသက်တကျွန်းဒဏ် ပြောင်းလဲခဲ့-6-5-1948 နေ့ မနက်ခင်းမှာ မောင်နီ ၊ သုခ ၊ ရန်ကြီးအောင် ၊ စိန်ကြီး တို့အတွက် ဘုန်းကြီးပင့်ပြီး သရဏဂုံတင်ပေးရာ စိန်ကြီးကမထူးတော့ပါဘူး ဆိုပြီး အတင်မခံခဲ့ ပါဘူး ။

အဲဒီနေ့ ညနေမှာ သုခ နဲ့ မောင်နီ တို့ကို သေဒဏ်မှ လွတ်ကြောင်းစာရောက်လာ ။

- 8-5-1948 မနက် မှာ ဦးစောဟာ သူသောက်ရန် ပေးထားတဲ့ လဖက်ရည်ကို ဘုရားအားကပ်လှူ၍ ဖရောင်းတိုင် ၃ တိုင်နဲ့ ဘုရားမီးပူဇော်၏ ။ ပြီးမှ အပြင်မှာ စောင့်နေသူများထံသို့ ရှမ်းဘောင်းဘီ မီးခိုးရောင် နဲ့ သပ်ရပ်စွာ ဝတ်ဆင်၍ ပြုံးရွှင်စွာ နှုတ်ဆက်ပါတယ် ။

အပြင်က တာဝန်ရှိသူတွေကတော့ အကျဥ်းဦးစီးဌာနမင်းကြီး ဦးဘမောင် ၊ ဦးသန်းနွဲ့ (ဒေါက်တာဘမော် သား)၊ ဆရာဝန် ၊ တရားသူကြီး စသူတို့ ဖြစ်ပါတယ် ။



ကြိုးစင်ရှိရာသို့သွားရာလမ်းတွင် ဘုရားရုပ်ပွါးတော် ထားရှိပူဇော်ရာ နေရာမှ ကျော်သွားမိ၍ နောက်ပြန်လှည့်လာပြီး ကန်တော့၏ ။ လမ်းတလျှောက်ရှိ အကျဥ်းသားများအား ရီရီမောမော နှုတ်ဆက်ပြီး မတွေ့ရသော အသိမိတ်ဆွေများအား မေးမြန်းပြီး နှုတ်ဆက်သွားကြောင်း ပြောသွားခဲ့ပါတယ် ။

အထူးခုံရုံးနာယက ဦးကျော်မြင့် နဲ့ တကွ သူ့အပေါ် တာဝန်အရ ဆောင်ရွက်ကြရသည့် သူများအပေါ်၌လည်း လုံးဝမုန်းတီးမှု မရှိပါ ဟု နောက်ဆုံးပြောသွားပြီး တည်ငြိမ်စွာပင် ကြိုးစင်ပေါ်သို့ တက်သွားပါတော့သည် ။

ဒါတွေကတော့ ဂဠုန်ဦးစောရဲ့ သမိုင်း မှတ်တမ်းတွေပဲ ဖြစ်ပါတယ် ။ သမိုင်းကိုပြန်သုံးသပ်ရမယ်ဆိုရင်


ဘာလို့ ထောက်ခံကြတာလဲ....?
===========================
နစက မှ ဘာလုပ်ပြသင့်သလဲ..?
=========================
          
          မနက်က Tiktok မှာ တချိန်က ဘောမဆယ်လီ ရာဇာ ဆိုသူရဲ့ မထော်မနန်း ပြောဆိုမှုတွေကို အံ့အားသင့်ဖွယ် ကြားလိုက်ရတယ် ။ ခဏလေးပဲ နားထောင်လိုက်ပါတယ် ။ ရွံသွားလို့ ပိတ်လိုက်မိတယ် ။

              သူ့ကို ကျနော်မသိပါဘူး မျိုးချစ်အတော်များများကတော့ သိကြပါတယ် ။ ကျနော်နဲ့ မရှေးမနှောင်း ထောင်မှ လွတ်လာသူလို့လည်း သိရပါတယ် ။ လွတ်လာတော့ယိုင်ရွဲ့နေတဲ့ တိုင်းပြည်အတွက် ရေးသားပြောဆိုတာ မတွေ့ရပါဘူး ။

                 လိုင်းကြည့်ရတာ ဘေလ်ကုန် အချိန်ကုန် ပြီး အကျိုးမရှိတာမျိုးကို  ကျနော်တို့အတန်းတွေက မလုပ်ကြပါဘူး ။ သို့သော် Tiktok ကျတော့ မိမိ နဲ့ fri ဖြစ်ဖြစ် မဖြစ်ဖြစ် တက်လာတော့ တွေ့ရတတ်ပါတယ် ။ အဲဒီမှာ သူပြောတာ ကြားလိုက်ရတာပါပဲ ။

    
                တပ်မတော်ကို အသက်ပေးထောက်ခံစရာ မလိုဘူးတဲ့ ။ တပ်ချုပ်ကြီးက ကိုယ့်လူတွေ သေနေတာကို ပြုံးဖြဲဖြဲနဲ့ ပွဲတက်မပျက်ဖူးတဲ့ ။ ကိုမင်းမင်း သေတော့ ဘာလုပ်ပေးလဲ တဲ့ ။ ဒါက ကျနော်ကြားလိုက်ရတဲ့ အပိုင်းလေးပါပဲ ။

                     ဒါကို ပိုင်းဖြတ်ပြီး ကျနော် ထောက်ပြချင်ပါတယ် ။ ကျနော်တို့ တပ်မတော်ကို ထောက်ခံဝန်းရံနေကြတာ တပ်ချုပ်ကြီး မင်းအောင်လှိုင် တယောက်တည်းကို ထောက်ခံနေကြတာလား....?

                 တပ်မတော်ဆိုတဲ့ ပြိုကွဲလို့မရတဲ့ အဖွဲ့အစည်းရယ် တိုင်းပြည်ရဲ့ ကံကြမ္မာရယ် ဆက်စပ်နေမှုအပေါ် နိုင်ငံချစ်စိတ်နဲ့ ထောက်ခံနေကြတာ မဟုတ်ဖူးလား... ?

                  နောက်တခု နခခ ၅ ကျသွားတဲ့ အချိန်မှာ အားကစားပွဲတော် ဖွင့်ပွဲနဲ့ ကွက်တိသွားဖြစ်နေတယ် ။ ဒီတော့ အားလုံးက မလိုတဲ့ အပျော်အပါးပွဲတော်ကြီးကို တခမ်းတနား ကျင်းပနေတယ်ဆိုတဲ့ ပုံရိပ်ဆိုးကြီး ဖြစ်ခဲ့ကြရတယ် ။

        
                ဒီပွဲ မကျင်းပဖို့ စပြီး ကြော်ညာကတည်းက ကိုယ်တို့လည်း ရေးခဲ့ကြတာပဲ ။ သို့သော် နစက မူအတိုင်း ခေါင်းမာမာနဲ့ ဖြစ်အောင်လုပ်ပြကြတယ် ။ ပွဲကျင်းပနေမှတော့ ငိုပြလို့ မရတာတော့ ကျိန်းသေပေါ့ ။ ရီမောနေရမှာပဲလေ တကမ္ဘာလုံးက ကြည့်နေကြမှာကိုး ။

   
                ၂၀၀၈ ခြေ / ဥ အတည်ပြုဖို့ အစောကြီးက ရက်သတ်မှတ်ပြီး ဖြစ်တယ် ။ နာဂစ်မုန်တိုင်း မထင်ပဲ ဖြစ်သွားတယ် ။ ၂၀၀၈ ကိုတော့ သတ်မှတ်ရက်အတွင်း လုပ်ကြရတာပဲလေ ။ ဒါကိုပဲ နာဂစ် အကြောင်းပြုပြီး နိုင်ငံရေးထိုးနှက်ကွက် အဖြစ် ပုံဖော်ခဲ့ကြတယ် ။ အခုလည်း ဒီသဘောပါပဲ မြင်အောင်ကြည့်ပါ ။

    
                    အပြစ်တင်ရမယ်ဆိုရင် အကင်းမပါးတဲ့ သတင်းတင်ဆက်မှု ပညာနဲ့ ကိုယ့်ခေါင်းဆောင်ကို အကြည်ညိုပျက်အောင် ပြုမူဆောင်ရွက်မှု နဲ့ ပွဲကြိုက်မောင် ဖြစ်နေတဲ့ အချက်တွေကိုပဲ ။

   
                 နောက်ထပ် ကိုမင်းမင်း ကိစ္စ ဘာလုပ်မပေးဘူး ညာလုပ်မပေးဘူး ပြောရအောင် တပ်မတော်ကို ထောက်ခံနေကြတာက........

-  အဲသလို အထောက်အပံ့ခံချင်ကြလို့ မျှော်ကိုးပြီး လုပ်နေကြတာ လား...... ?

- တိုင်းပြည်အတွက် လိုအပ်တယ်ထင်လို့ မိမိအသိစိတ်နဲ့ လုပ်နေကြတာလား....?

              တပ်ချုပ်ကြီးကို မထောက်ခံဖို့ စွန့်ခွာကြဖို့ ပြောနေတာက တိုင်းပြည်ကို ဖြိုခွဲဖို့ လုပ်နေတာနဲ့ အတူတူ ဖြစ်နေပြီဆိုတာ သိပါသလား မေးချင်ပါတယ် ။ ဒီကာလမှာ လူပုဂ္ဂိုလ်အပေါ် ကြိုက်ခြင်း မကြိုက်ခြင်းထက် တပ်မတော် ပြိုကွဲစေမယ့် သွေးခွဲစကား မပြောအပ်သေးဘူးဆိုတာလောက်တော့ နားလည်သင့်ပါတယ် ။

     
                  သာမန်ပြည်သူတွေအတွက် အထင်လွဲလောက်တဲ့ ၊ အထင်သေးလောက်တဲ့ ဖွဈစဥျတှကျေို အမြန်ဆုံး ကုစားဖို့ အရေးကြီးနေပါပြီ ။ အကောင်း အထိရောက်ဆုံး ကုထုံးကတော့...

- မိမိစစ်သည်များ နဲ့ ပြည်သူများ အတွက် ခွန်အားဖြစ်စေမယ့် ရဲရဲတောက် ပြတ်သားတဲ့ မိန့်ခွန်း အရေးတကြီး လိုအပ်နေပါပြီ

- တိမ်မြှပ်နေတဲ့ မိမိအောင်ပွဲများအား မီဒီယာများမှ တဆင့် ပြည်သူတွေ သိအောင် ကြိုးစားကြပါ ( ကျနော့်ကို စစ်သတင်း မရေးဖို့ ပိတ်ပင်ထားလို့ မရေးပါဘူး)

- ကြီးမားတဲ့ အောင်ပွဲတခု လက်ဆုပ်လက်ကိုင် ထိထိမိမိ ရယူပြလိုက်ပါ...ဝမ်းသာအားရ နဲ့ ထောက်ခံမှုတွေ သောင်းသောင်းညံသွားပါလိမ့်မယ်....  

- အောက်ခြေက သောက်တလွဲတွေကို ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူပြလိုက်ပါ တပ်ချုပ်ကို လက်ခုပ်တွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကြိုဆိုပြကြပါလိမ့်မယ်.....

              ဒါတွေက အရေးပေါ် အထိရောက်ဆုံး ကုထုံးတွေ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ယူဆမိပါတယ် ။ ပြည်သူ့အကြံ ပြည်သူ့အသံကို မတန်မရာလို့ သဘောထားနေကြရင်လည်း.....တိုင်းပြည်ရဲ့ ကံ ပဲလေ.....

           ပြည်သူကြားထဲမှ ပြည်သူ့သဘောထားတွေ အမှန်တကယ် သိနေတဲ့...

          ကိုရွှေမျိုးဝင်း

33.9k 3 63 141 2k

တရားခံမပေါ်တာ ဗိုလ်ချုပ် ဖုံးဖိထားလို့ ဆိုပြီး စွတ်စွဲတော့ စိတ်ဆတ်တဲ့ ဗိုလ်ချုပ်ကလည်း"ခင်ဗျားထင်ချင်သလို ထင် " ဆိုပြီး ထပြန်ခဲ့ပါတယ် ။


အဲဒီနောက် ဆူပူမှုတွေကြောင့် ဆာဒေါ်မန်စမစ် အင်္ဂလန်ပြန်သွားရပြီး ဆာဟူးဘတ်ရန့် ရောက်လာကာ ဗိုလ်ချုပ်ကို ဝန်ကြီးချုပ် ခန့်ထားပြီး အစိုးရဖွဲ့ခဲ့ပါတယ် ။

ဗိုလ်ချုပ်အောင်ဆန်းကို ဝန်ကြီးချုပ်ခန့်ထားပြီး ဦးစောကိုတော့ ဘုရင်ခံက တင်သွင်းတဲ့ အမှုဆောင်အဖြစ် လက်ခံထားလိုက်ပြန်ပါတယ် ။ အဲဒီတော့ မတည့်အတူနေဖြစ်နေပြီး နောက်တကြိမ် ပြဿနာ ထပ်တက်ကြပြန်ပါတယ် ။ အဲဒါကတော့ ...?

ကိုရွှေမျိုးဝင်း

13.9k 0 68 14 1.1k

ဂဠုန်ဦးစော ( ၂)
================

ဦးစောဟာ အလွန်အကြံကြီးပြီး ရည်ရွယ်ချက်လည်း ကြီးမားသူဖြစ်ပါတယ် ။ သူဟာ သူရိယ သတင်းစာသတင်းစာရဲ့ ရှယ်ယာတွေကို အများအပြားဝယ်ပြီး ကုမ္ပဏီ ဒါရိုက်တာ ဖြစ်အောင်လုပ်ခဲ့သလို ကိုယ်ပိုင်လေယာဥ်တောင်မှ ဝယ်ခဲ့တယ်လို့ ဆိုပါတယ် ။


ဦးစောကို ဂျပန်က ဖိတ်ခေါ်တဲ့ အတွက် သွားခဲ့ပါတယ် ။ သူဂျပန်ကို ရောက်တော့ ဗိုလ်မှူးကြီးဆူဇူကီး နဲ့ တွေ့ဆုံပြီး မြန်မာပြည်လွတ်လပ်ရေး အတွက် ဂျပန်က အကူညီပေးဖို့ တောင်းဆိုခဲ့ပါတယ် ။

ဘာတွေ ကူညီရမလဲပြန်မေးတော့ လက်နက် နဲ့ ငွေကူညီဖို့ ပြောပါတယ် ။ ဗိုလ်မှူးကြီး ဆူဇူကီးက ဒါဆိုရင် သူတို့ တိုင်ပင်ပြီး စဥ်းစားကာ အဖြေပေးမယ်လို့ ပြောခဲ့ပါတယ် ။(ဗိုလ်ချုပ်တို့ ရဲဘော်သုံးကျိပ် ဘယ်နေမှန်းမသိခင်ကတည်းက ဦးစောက ကြိုပွှိုင့် ရိုက်ခဲ့တာကတော့ ချီးကျူးစရာပါပဲ)

ဒါတင်မကပါဘူး ဦးစောက လန်ဒန်ကို လွတ်လပ်ရေးတောင်း သွားချင်တယ်ဆိုပြီး ဆာဒေါ်မန်စမစ်ထံ တင်ပြပါတယ် ။ ဆာဒေါ်မန်စမစ်က လန်ဒန်ကို အကြောင်းကြားပေးပြီး ဖိတ်စာ ရယူပေးခဲ့ပါတယ် ။

1941 အောက်တိုဘာလ မှာ ICS ဦးတင်ထွဋ်နဲ့အတူ လန်ဒန်ကို ထွက်ခွါသွားကြပါတယ် ။ ချာချီ နဲ့ တွေ့ပြီး ဒုတိယ ကမ္ဘာစစ်ကြီးပြီးလျှင် လွတ်လပ်ရေး စီမံပေးမည်ဟု ကတိပေး ကြေညာပေးစေကြောင်း တောင်းဆိုတဲ့ အခါ ချာချီက........

"မင်းတို့တတွေ ဗမာဘုရင်လက်အောက် အုပ်စိုးခံရခြင်းထက် အင်္ဂလိပ်လက်အောက် အုပ်စိုးခံရခြင်းက ပိုမကောင်းဘူးလား"

"အကယ်၍ ဗြိတိန်နိုင်ငံဟာ အာဏာရှင် ဟစ်တလာရဲ့ လက်အောက်မှာ ရှိနေမယ်ဆိုရင် ခင်ဗျား ကျေနပ်မလား"

"မင်းတို့ ဗမာပြည်ကို လွတ်လပ်ရေး ပေးလိုက်ရင် အာဏာလုနေတာနဲ့ပဲ အချင်းချင်းသတ်ပြီး သွေးချောင်းစီးနေမှာပေါ့"

ချာချီက အဲဒီလို ခနဲ့ပြီး ပြောခဲ့ပေမယ့်..........

"ကဲ ပါ ဒုတိယကမ္ဘာစစ်ကြီးပြီးရင် ဆွေးနွေးကြတာပေါ့"

ဆိုပြီး နှစ်သိမ့်လွှတ်လိုက်ပါတယ် ။ ဦးစောလည်း ကတိကဝတ် မရပဲပြန်လာရပြီး လစ္စဘွန်းလေဆိပ်မှာ နားနေတုန်း သတင်းတခု ကြားလိုက်ပါတယ် ။

ပုလဲဆိပ်ကမ်းကို ဂျပန်တွေ ဗုံးကြဲလို့ အမေရိကန်ရေတပ်ကြီး ပျက်ဆီးသွားတယ် ဆိုတဲ့ သတင်းဖြစ်ပါတယ် ။ စစ်ပွဲမှာ ဂျပန်တွေ အရေးသာနေပြီလို့ တွက်ဆပြီး ဦးစောက ဦးတင်ထွဋ်ကို ထားခဲ့ပြီး လစ္စဘွန်းရှိ ဂျပန်ကောင်စစ်ဝန်ရုံးဆီ တယောက်ထဲ ထွက်လာပါတယ် ။

ဒါပေမယ့် အင်္ဂလိပ်ထောက်လှမ်းရေးတွေ ခြေချင်းလိမ်နေတဲ့ လစ္စဘွန်းမှာ ဦးစောရဲ့ ခြေလှမ်းကို သိသွားတဲ့ချာချီက လစ္စဘွန်းမှာပဲ ဦးစောကို ဖမ်းဆီးပြီး ယူဂန္ဓာနိုင်ငံအကျဥ်းထောင်သို့ ပို့ထားလိုက်ပါတော့တယ် ။

ဦးစောရဲ့ နိုင်ငံရေး ကဏ္ဍပျောက်နေချိန်မှာ မြန်မာပြည်ကတော့ ဖဆပလ အားကောင်းလာပါပြီ ။ ပြည်တော်ပြန် ဆာဒေါ်မန်စမစ်ဟာ ဗိုလ်ချုပ်အောင်ဆန်းကို ပြိုင်နိုင်မယ့် နိုင်ငံရေးသမားအား လိုက်ရှာရာ မတွေ့သဖြင့် ယူဂန္ဓာရှိ ဂဠုန်ကြီးကို ပြန်ခေါ်လာရပါတယ် ။

ဦးစောဟာ အသက် ၄၄ နှစ်ဖြစ်ပြီး ဗိုလ်ချုပ်ကတော့ အသက် ၃၀ ပဲ ရှိပါသေးတယ် ။ အဲဒီအချိန်မှာပဲ ရန်မီးအစပျိုးခဲ့တဲ့ အဖြစ်တခု ပေါ်ပေါက်ခဲ့ရပါတယ် ။


21-9-1945 မှာ မြေနီကုန်းလမ်းဆုံအကျော် စမ်းချောင်းအထက (2) ကျောင်းရှေ့မှာ ဦးစောရဲ့ကားကို နောက်ကပါလာသော စစ်ဂျစ်ကားပေါ်ရှိ ပြည်သူ့ရဲဘော် ယူနီဖောင်း ဝတ်ထားတဲ့ လူ ၄ ဦးထဲမှ ထရပ်ကာ စက်တင်းဂန်းနဲ့ ပစ်ခတ်ပါတယ် ။

လူကို မမှန်ပဲ ကားမှန်ကိုသာ ထိမှန်ပြီး ဦးစောရဲ့ မျက်လုံးထဲကို မှန်စဝင်သွားပါတယ် ။ 27-9-1945 မှာ ဗိုလ်ချုပ်တို့ လူနာလာမေးတော့ ဦးစောက..........

"အောင်ဆန်း မင်းတို့ အစိုးရဖြစ်ရင် ဘယ်ပုံစံနဲ့ အုပ်ချုပ်မှာလဲ ကွ"

"ဥပဒေနဲ့ အညီပဲ အုပ်ချုပ်မှာပေါ့"

"အေးဒါဆို အခု ငါဆေးသွားကုပြီး ပြန်လာရင် တရားခံပေါ်တာ မြင်ချင်တယ်"

"ကျုပ်ကလည်း ဒီလို အကြမ်းဖက်တဲ့ နိုင်ငံရေးကို အားမပေးပါဘူး"

ဦးစောက ဘာမှ မပြောတော့ပဲ ဗိုလ်ချုပ်ကို ကျောစိမ့်လောက်တဲ့ အေးစက်စက်အပြုံးနဲ့ပဲ ကြည့်နေပါတော့တယ် ။

ဦးစောရဲ့ အကြည့်ကို အားလုံးက သိနေပါတယ် ။ အောင်ဆန်း မင်းလုပ်တာ ငါသိပါတယ် ဆိုတဲ့ အဓိပ်ပါယျ မို့ သူတို့ ချင်း ထပ်မံတွေ့ဆုံပြီး ဦးစောရဲ့ သံသယ ကို ဖြေရှင်းဖို့ ကျိုးစားကြပါတယ် ။

ဦးစော ဆေးကုပြီးတဲ့ အထိ တရားခံမပေါ်တဲ့ အတွက် ဦးစောဟာ ဗိုလ်ချုပ်အပေါ်လုပ်ကြံသူအဖြစ် တထစ်ချ မှတ်ယူထားကြောင်း ပေါ်လာရပါတယ် ။

လူပ်ကြံမှု သံသယမှ ရှင်းလင်းအောင် ၂ ယောက်လုံးနဲ့ ရင်းနှီးသူ သခင်လှဘူး(ကလောင် ဒဂုန်ငွေအိုး)က စီစဥ်ပေးပါတယ် ။

၈ မိုင်ခွဲ ရှိ အေဝမ်း ရုပ်ရှင်ခြံထဲမှာ နှစ်ယောက်သား တွေ့ကတည်းက အဆင်မပြေပါဘူး ။ ဗိုလ်ချုပ်က စပြီး ဦးစော နေကောင်းလား မေးတာကို နေကောင်းလို့ တွေ့တာပေါ့ကွ ဆိုတဲ့ ဘု ဘောက်စကားနဲ့ စခဲ့ကြပါတယ် ။

အဲဒီနောက် ဗိုလ်ချုပ်ကို သူလုံးဝမယုံကြောင်း သူ့ကို လုပ်ကြံသူတွေက ဗိုလ်ချုပ်တပည့် ပြည်သူ့ရဲဘော်တွေ သေချာကြောင်း ပြောပါတယ် ။( တကယ်လည်း ဟုတ်ပါတယ် ဗိုလ်ချုပ်တပည့် ရန်ကုန်ဘဆွေ လက်ချက်ပါ ဗိုလ်ချုပ် ခိုင်း မခိုင်းတော့ မသိကြပါဘူး) ဗိုလ်ချုပ်ကလည်း ငြင်းပါတယ် ။


ဘုရင်ခံသစ် ဆာဒေါ်မန်စမစ် နဲ့ အလွမ်းသင့်အောင်ပေါင်းပြီး အာဏာခိုင်မာအောင် တည်ဆောက်ခဲ့တယ် ။ သူဟာ သပိတ်ပေါင်းစုံကို နောက်ကွယ်ကနေ ဖန်တီးပြီး အစိုးရရဲ့ ယန္တယားကို နှောက်ယှက်နေတဲ့ သခင်တွေကို ကြီးငယ်မဟူ ဖမ်းဆီး နိပ်ကွပ်ခဲ့တယ် ။

သူလာဘ်စားတာလည်း နာမည်ကြီးလာတယ် ။ တနေ့ ဘုရင်ခံ ဆာဒေါ်မန်စမစ်ကိုယ်တိုင် မေးမြန်းကြည့်ရပါတော့တယ်........

"နန်းရင်းဝန် မန္တလေးက ရာထူးတခုအတွက်ငွေတသောင်း ခင်ဗျားယူတယ် ဆိုပါလား"

"ဘုရင်ခံက ကျနော်ရာထူးတွေရောင်းစားတယ် ဆိုချင်တာလား "

"မဆိုလိုပါဘူးဒါပေမယ့် ဒီရာထူးအတွက် ငွေ တသောင်း တောင်းတယ် ကြားမိလို့ပါ"

"မဟုတ်ပါဘူး"

"ဒါဖြင့်ဘယ်လောက်တောင်းသလဲ"

"တသောင်းငါးထောင်ပါ ဟဲ ဟဲ နောက်မလုပ်တော့ပါဘူး"

ဒီလို ဝန်ခံတာတောင် အရေးမယူပါဘူး ။ သူတို့ခေါင်းခဲနေရတဲ့ သခင်အုပ်စုကို နိုင်အောင် အုပ်နိုင်တာ ဦးစောပဲ ရှိတာကိုး ။


ဒါတွေ ကြည့်ပြီး ဦးစောဟာ ဗြိတိသျှအလိုတော်ရိ အမျိုးသား သစ္စာဖောက်လို့ စွတ်စွဲဖို့ ခက်တာလည်း ရှိနေပြန်ပါတယ် ။ ဥပမာ ဆရာစံတို့ကိစ္စမှာ ကျန်တဲ့သူတွေ ကြောက်နေကြပေမယ့် ဦးစောက ဂဠုန်တွေဖက်ကနေ ပြတ်ပြတ်သားသား ရပ်တည်ပြခဲ့တာရယ် လုံးဝ လွတ်လပ်ရေး အတွက် အင်္ဂလိပ်တွေကို လက်နက်နဲ့ တော်လှန်ဖို့ ဗိုလ်ချုပ်တို့ထက် အရင် သူကြိုးစားခဲ့တဲ့ သမိုင်းကလည်း ရှိနေပါတယ် ။


သူ နဲ့ ဂျပန်ဗိုလ်မိုးကြိုး ဘယ်လိုတွေ့ပြီး မြန်မာ့လွပ်လပ်ရေး အတွက် ဘာတွေ ပြောခဲ့ သလဲ ဘယ်အချိန်ကလည်းဆိုတော့ ....?

ကိုရွှေမျိုးဝင်း

16.6k 1 80 29 1.5k

ဂဠုန် ဦးစော ( ၁)
==============

ဂဠုန်ဦးစောဟာ ငယ်စဥ်က ကျောင်းကောင်းစွာ မနေခဲ့ရပဲ ၇ တန်းသာအောင်ခဲ့ရတဲ့ ကျောင်းပညာပဲ ရှိပါတယ် (အချို့ကတော့ 7 တန်းမအောင်ဘူးလို့ လဲ ရေးပါတယ်)။ ဦးစောဟာ အဲဒီခေတ်ပညာရေး စနစ်အရ တတိယတန်းရှေ့နေဘွဲ့ သင်ယူခွင့်ရပြီး အောက်တန်းရှေ့နေအဆင့် နဲ့ အသက်မွေးခဲ့ပါတယ် ။

ရည်ရွယ်ချက်ကြီးမားသူ ဦးစောဟာ အဲဒီအချိန်က အကြီးဆုံး နိုင်ငံရေး အဖွဲ့ဖြစ်တဲ့ GCBA အဖွဲ့ထဲက ထိပ်တန်းခေါင်းဆောင် ဦးဘဖေဆီမှာ တပည့်ပြီး နိုင်ငံရေးလောကထဲကို ခြေလှမ်းစခဲ့ပါတယ် ။

အဲဒီအချိန်က မြန်မာ့နိုင်ငံရေးလောကမှာ ဘိလပ်ပြန်ဝတ်လုံများနဲ့ တက္ကသိုလ်ဘွဲ့ရများ ကြီးစိုးနေပြီ အင်္ဂလိပ်လို မွှတ်နေအောင် ပြောနိုင် ရေးနိုင်သူတွေပဲ နေရာရ လူရာဝင်နေချိန် ဖြစ်ပါတယ် ။


ရည်မှန်းချက်ကြီးတဲ့ ဦးစောလည်း အင်္ဂလိပ်စကားပြောကို အသဲအသန်လေ့လာသင်ယူရပါပြီ ။ ဦးဘဖေရဲ့ မျက်နှာနဲ့သာယာဝတီကောင်စီမှာအရွေးခံတယ် ။ နောက်သာယာဝတီအမတ်အရွေးခံတယ် ။ ပထမအကြိမ်မှာ မအောင်မြင်ပေမယ့် နောက်အကြိမ်မှာ အမတ်ဖြစ်လာပါပြီ ။


အဲဒီအချိန်မှာ GCBA အသင်းဝင် ဆရာစံရဲ့ တောင်သူလယ်သမား အရေးတော်ပုံထဖြစ်ပါတယ် ။ အင်္ဂလိပ်တို့က ရက်ရက်စက်စက် နှိမ်နင်းတော့ ပြင်းပြင်းထန်ထန် ဝေဖန်တာ ဦးစောပါပဲ ။

ဆရာစံနဲ့ ဂဠုန်တပ်သားတွေကို ဖမ်းပြီး သာယာဝတီမှာ တရားစွဲတော့ ဂဠုန်အဖွဲ့တွေ့ဖက်ကနေ ရှေ့နေအဖြစ် ဆောင်ရွက်ပေးခဲ့ပါတယ် ။ တရားရုံး မှာရော အပြင်မှာပါ အပြင်းအထန် ပြောလွန်းလို့ အင်္ဂလိပ်အရာရှိတယောက်က ဦးစောကို မင်းလည်း ဂဠုန်စော ဖြစ်နေပြီလို့ ပြောလိုက်တဲ့ စကားကနေစပြီး ဂဠုန်ဦးစော ရယ်လို့ နာမဝိသေသန ရလာခဲ့ပါတယ် ။


တို့ဗမာအစည်းအရုံး အားကောင်းလာသလို တွဲရေး ခွဲရေး ပြဿနာတွေလည်း ပြင်းထန်လာပါတယ် ။ ဦးစောက ခွဲရေးအုပ်စုမှာ ပါဝင်လှုပ်ရှားပါတယ် ။ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ တွဲရေး ခွဲရေး စကားရည်လုပွဲ ပြုလုပ်ကြရာ တွဲရေးဖက်မှ ဒေါက်တာဘမော် နဲ့ ဒေါက်တာဘဟန် ၊ ခွဲရေးဘက်က ဦးစော နဲ့ ဦးထွန်းဝင်း တို့ ယှဥ်ပြိုင်ကြပါတယ် ။


အင်္ဂလိပ်စာကို မွှတ်မွှတ်လည်အောင် တတ်ကျွမ်းပိုင်နိုင်တဲ့ ဒေါက်တာဘမော်ဟာ ၇ တန်းအောင်အဆင့် အင်္ဂလိပ်စာ လူနားလည်ယုံပြောတတ်တဲ့ ဦးစောရဲ့ ထိမိတဲ့ အသုံးအနှုံးတွေကြောင့် အရှက်တကွဲ အရေးနိမ့်ခဲ့ရပြီး ဦးစောလည်း ပညာတတ်အသိုင်းအဝိုင်းထဲအထိ ကြော်ကြားလာစေခဲ့ပါတယ် ။


1936 မှာ အကြံကြီးတဲ့ ဦးစောဟာ အပျော်တမ်း ဂဠုန်တပ်ဖွဲ့ဆိုပြီး ဖွဲ့စည်းပါတယ် ။ ကာကီရောင်ယူနီဖောင်း နဲ့ ဝါးရင်းတုတ်များကို ကိုင်ဆောင်ကာ စစ်ရေးလေ့ကျင့်ပေးခဲ့ပါတယ် ။


အဲဒီအချိန်မှာပဲ တို့ဗမာ အစည်းအရုံးကလည်း ပင်နီဝတ် အပျော်ထမ်း တပ်ဖွဲ့ ဖွဲ့ထားပြီး ဒေါက်တာ ဘမော်ကလည်း ဓားမ တပ်ဖွဲ့ဆိုပြီး ဖွဲ့စည်းထားခဲ့ကြပါတယ် ။

တွဲရေး ခွဲရေး ပြဿနာ အပြီးမှာ ဒေါက်တာဘမော်ဟာ ပထမဆုံး ညွှန့်ပေါင်းအစိုးရ ဖွဲ့နိုင်ခဲ့ပါတယ် ။ 26-7-1938 မှာ မော်လဝီ နဲ့ သြဝါဒစာတမ်း(မော်လဝီ နဲ့ ယောဂီ) စာအုပ်ကြောင့် ကုလား ဗမာ အဓိကရုဏ်း ဖြစ်ခဲ့ပါတယ် ။ 26-8-1938 မှာ ဒေါက်တာဘမော်အစိုးရအား အယုံအကြည်မရှိ အဆိုတင်သွင်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး ။

ဒါပေမယ့် ရေနံမြေသပိတ် ပေါ်ပေါက်လာပြီး ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ကျဆုံးခဲ့ရတဲ့ အရေးအခင်း အပြီးမှာ ပြည်သူအများစုက ဒေါက်တာဘမော် အစိုးရကို အင်အားအပြည့် ဆန့်ကျင်လာပါတယ်။


အဲဒါကို အခွင့်ကောင်းယူပြီး 12-2-1939 မှာ လွှတ်တော်၌ အယုံအကြည်မရှိကို စကားလုံးတွေဝေဝေဆာဆာ နဲ့ အချက်ကျကျ တင်းသွင်းခဲ့တာကတော့ ဂဠုန်ကြီးပါပဲ ။

ဒီလိုနဲ့မဲခွဲကြတော့ အပြောကောင်းတဲ့ ဦးစောအဆိုကို အမတ် 70 ထောက်ခံပြီး ဒေါက်တာဘမော်ကို ထောက်ခံသူ 37 ဦးသာ ရှိခဲ့တာမို့ ဒေါက်တာဘမော် ညွှန့်ပေါင်းအစိုးရ ပြုတ်သွားပါတယ် ။


ဦးပု ညွှန့်ပေါင်းအစိုးရ တက်လာပြီး အပြောကောင်းတဲ့ ဂဠုန်ကြီးလည်း အစိုးရသစ်လက်ထက်မှာ လယ်ယာစိုက်ပျိုးရေး နဲ့သစ်တောဌာန ဝန်ကြီး ဖြစ်လာပါတယ် ။

ဦးပုအစိုးရရဲ့ လက်ထက်မှာ အခြေအနေတွေပိုဆိုးလာပြီး တနှစ်အတွင်း ၃ ကြိမ်အထိ အယုံအကြည်မရှိ အဆိုတင်သွင်းခဲ့ပါတယ် ။ အဲဒီ အခွင့်အရေးကို အမိအရယူပြီး 7-9-1940 မှာ ဂဠုန်ကြီးကပဲ အယုံအကြည်မရှိ အဆိုတင်သွင်းခဲ့ရာ ဦးပုလည်း ပြုတ်သွားပါတော့တယ် ။


တို့ဗမာအစည်းအရုံးဝင် သခင်တွေကို ထိမ်းမရလို့ ပြုတ်ကျခဲ့ရတဲ့ အစိုးရ ၂ ခု နေရာမှာ ဘုရင်ခံဆာအာခီဘောကရိန်းက ဦးစောကို မျက်စေ့ကျတဲ့ အတွက် 9-9-1940 မှာ အစိုးရ ဖွဲ့စေခဲ့ပါတယ် ။

ဂဠုန်ဦးစော ၊ ဦးပေါ်ထွန်း ၊ ဦးစောသာဖေ ၊ ဦးဘသီ ၊ ဦးဘသန်း ၊ သာယာဝတီမောင်မောင် ၊ ဦးဘရင် ၊ ဦးဘအုန်း တို့နဲ့ အစိုးရဖွဲ့ခဲ့တဲ့ ဂဠုန်ဦးစော ဟာ သူ့ရဲ့ ဆရာဟောင်း ဦးဘဖေ ကို ဖြုတ်ခဲ့ရုံမကဘူး ဒေါက်တာဘမော် နဲ့ ဦးဘဝင်း ကိုဖမ်းဆီးထောင်ချခဲ့ပါတယ် ။


ဒီလိုမျိုး ဖြေရှင်းမယ်ဆိုရင် လွယ်လွယ်နဲ့ အဆင်ပြေပါလိမ့်မယ် ။ အရေးကြီးဆုံးက စစ်မှုထမ်း ဗဟို မှ စီနီယာ စာရင်း အမြန်ဆုံး ချပေးနိုင်ဖို့ပါပဲ ။

ငွေကြေးချမ်းသာသူများ ဒဏ်ကြေးပေး အချိန်ဆွဲကြရင်လည်း ဆွဲကြပါစေ ။ အကျိုးရှိမယ့်နေရာမှာ ဒီ ဒဏ်ကြေးကို ပြလည်သုံးစွဲလို့ ရနိုင်ပါတယ် ။

စစ်မှုထမ်း ပြဿနာရဲ့ အဓိက အားနည်းချက်က ဥပဒေ အတည်ပြုပြီးနောက် ၇ လလောက် ကြာတဲ့ အထိ ဗဟိုအဖွဲ့က အလုပ်မလုပ်ပဲ ငုတ်တုတ်ထိုင်နေလို့ပါပဲ ။ လိုအပ်တဲ့ နည်းပဒေကို ၇ လ အထိ အတည်မပြုနိုင်သေးပဲ ဖင်လေးနေတာ ဒီတိုင်းပြည်လို အရေးပေါ်ဖြစ်နေတဲ့ အခြေအနေနဲ့ မကိုက်ညီပါဘူး ။

လစာထောက်ပံ့ကြေးယူပြီး အလုပ်မလုပ်တဲ့ ဗဟိုကို နစက အနေနဲ့ ဖင်တို့ပေးဖို့ အရေးတကြီး လိုအပ်နေပါပြီ ။ မှေးစား ပေါင်းစား မလုပ် မရှုပ် မပြုပ် ဆိုတဲ့ အသုံးမကျတဲ့ ရိုးရာတွေနဲ့ အထာကျနေတာတွေကို အရေးကြီးကိစ္စအဖြစ် ရှုမြင်တတ်ဖို့ လိုအပ်နေပါပြီ ။

ကိုရွှေမျိုးဝင်း

16.7k 1 61 99 1.7k

ပြည်သူ့ စစ်မှုထမ်း ဗဟို လုပ်ဖို့လိုပြီ
=============================

-(က) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌရုံး(နေပြည်တော်)(၁) ၀၆၇- ၃၄၀၄၉၁၁၊ ၀၆၇- ၃၄၀၄၉၂၂၊ ၀၆၇- ၃၄၀၄၉၃၃၊ ၀၆၇-၃၄၀၄၉၄၄၊ ၀၆၇-၃၄၀၄၉၅၅(၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၀၁(ခ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့(နေပြည်တော်ကောင်စီ)(၁) ၀၆၇-၄၅၅၀၄၈၈၊၀၆၇-၄၅၅၀၄၉၉(၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၀၂(ဂ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (စစ်ကိုင်းတိုင်းဒေသကြီး)(၁)၀၇၁- ၂၀၃၂၀၉၁၊၀၇၁-၂၀၃၂၀၉၂(၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၀၇(ဃ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (တနင်္သာရီတိုင်းဒေသကြီး)(၁)၀၅၉- ၂၀၂၄၀၃၇၊၀၅၉-၂၀၂၄၀၃၈(၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၀၈(င) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ပဲခူးတိုင်းဒေသကြီး)(၁)၀၅၂- ၂၂၀၁၉၃၉၊၀၅၂-၂၂၀၁၉၄၉(၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၀၉(စ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (မကွေးတိုင်းဒေသကြီး)(၁)၀၆၃-၂၀၂၈၈၇၈၊ ၀၆၃- ၂၀၂၈၈၇၉(၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၁၀(ဆ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး)(၁)၀၂- ၄၀၂၁၂၄၅၊ ၀၂- ၄၀၂၁၂၄၆(၂) မိုဘိုင်းဖုန်းမှစာတိုပို့ဝန်ဆောင်မှု (SMS) ၀၉- ၂၅၅၀၀၂၅၁၁(ဇ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (မွန်ပြည်နယ်)(၁)၀၅၇ -၂၀၂၇၉၃၅၊၀၅၇-၂၀၂၇၉၃၆(၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၁၂(ဈ ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ရခိုင်ပြည်နယ်)(၁)၀၉- ၂၅၅၀၀၂၅၁၇၊၀၉-၂၅၅၀၀၂၅၁၈ (၂)မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၁၃(ည) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့(ရန်ကုန်တိုင်းဒေသကြီး)(၁)၀၁- ၈၃၀၀၀၁၆၊ ၀၁- ၈၃၀၀၀၁၇(၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၁၄(ဋ ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ရှမ်းပြည်နယ်)(၁)၀၈၁-၂၁၂၄၅၄၀၊ ၀၈၁- ၂၁၂၄၉၉၅(၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် () ၀၉- ၂၅၅၀၀၂၅၁၅(ဌ ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ဧရာဝတီတိုင်းဒေသကြီး)(၁)၀၄၂- ၂၀၂၅၉၉၃၊၀၄၂- ၂၀၂၅၉၉၄(၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၁၆၂။
စုံစမ်းမေးမြန်းခြင်း၊ သတင်းပို့ခြင်းမဟုတ်ဘဲ အနှောင့်အယှက်ပေး ဆက်သွယ်လာသည့် တယ်လီဖုန်းနံပါတ်များကို မှတ်တမ်းတင်ကာ ယင်းဖုန်းဆင်းကတ်များကို ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

စစ်မှုထမ်း ကိစ္စအတွက် ငွေတောင်းရင် တိုင်ဖို့ ကြေညာထားတဲ့ ဖုန်း နံ ပါတ်တွေပါ ။ စာနဲ့ပေနဲ့ တိုင်ကြားပြီး မှတ်တမ်းယူ အက်ရှင်မရှိရင် အဆင့်ဆင့် ထပ်တိုင်ကြည့်ပါ ။

ဒါက နစ်နာသူတွေ မလွဲမသွေ လုပ်ကြရမယ့် အခြေခံ လုပ်ငန်းစဥ်ပဲ ။ ကိုယ့်ဖက်က ဘာတခုမှ မလုပ်ထားပဲ မီဒီယာကနေ အော်ခိုင်းမနေကြပါနဲ့ ။ ကိုယ်တိုင် ထွက်အောင် ညှစ်ကြပါအုံး ။

မီဒီယာမှာ ဘယ်သတင်းကိုမှ ရာနှုံးပြည့် အတည်ပြုဖို့ မဖြစ်နိုင်ပါဘူး ။ သတင်းမှားတွေနဲ့ ခြောက်ချခဲ့ရင် ရေးတဲ့သူပဲ ခံကြရမှာပါ ။ ဒီလိုမျိုး ခြောက်ချချင်သူတွေလည်း ဒု နဲ့ ဒေး ပါခင်ဗျ ။ ကျနော်တို့လို လူတွေဆို ပိုဆိုးပါတယ် ။ အာဏာလုနေသူကော အာဏာရထားသူရဲ့ ဖင်ယက်ဆားဖြူးတွေကရော ရန်သူလို သဘောထားနေကြလို့ပါ ။

ပြည်သူတွေကလည်း မိမိတိုင်းပြည်ကာကွယ်ဖို့တောင် ဒီလောက်ကြောက်နေကြရင်တော့လည်း မကောင်းလှပါဘူး ။ တိုင်းပြည်ကာကွယ်ဖို့ ငါတို့မှာလည်း တာဝန်ရှိတယ် လို့ မခံယူနိုင်သေးတာလည်း ပြဿနာပါပဲ ။ ကိုယ့်ရပ်ရွာ ကိုယ်အိုးအိမ် ပျက်ဆီးဆုံးရှုံးကြမှာလည်း သတိထားဖို့ လျိုပါမယျ ။


ရှုံးနိမ့်တဲ့ သတင်းတွေပဲ လိုင်းပေါ်ပွနေပြီး အနိုင်သတင်းတွေ ပျောက်နေတာကြောင့် ကြောက်နေကြတာလည်း မဖြစ်မနေ သိထားသင့်တဲ့ အချက်ပါပဲ ။ နိုင်ပွဲကြီးကြီး တပွဲလောက် ဖော်ဆောင်ပြဖို့လည်း လိုအပ်နေပြီလို့ ယူဆမိပါတယ် ။

အစိုးရရဲ့ နည်းဥပဒေ အားနည်းချက်ကလည်း ပြဿနာအတွက် အဓိက ကျလှပါတယ် ။

အကြံပြုချင်တာကတော့ စစ်မှုထမ်းရန် ကိုက်ညီသူ စာရင်းကို ဗဟိုမှ အမြန်ဆုံး စီစစ်ပြီး စီနီယာအတိုင်း ကြေညာရပါ့မယ် ။

မိမိအလှည့် ကျရောက်ပါလျှက်နဲ့ ပြည်ပထွက်ပြေးသူ ၊ အခြားနေရာသို့ တိမ်းရှောင်သူများ အတွက် ကြီးလေးတဲ့ ဒဏ်ကြေးသတ်မှတ် တောင်းခံကြရပါမယ် ။ နောက်ဆုံး လိုအပ်ရင် မိသားစုပိုင် အိမ် ခြံမြေပါ လေလံပစ် သိမ်းဆည်းမယ့် ဥပဒေ ပြဌာန်းလိုက်ပါ ။

ဤသို့ လစ်လပ်သွားမယ့် စီနီယာအတွက် ရပ်ကွက် ကျေးရွာများအတွင်း ဒါးကိုင် တုတ်ကိုင် သောင်းကျန်သူ ၊ လောင်ကစားပြုလုပ်သူ ၊ အချိန်မတော် သွားလာသူ ၊ သူခိုး ဒမြများအား အစားထိုးပါ ( စိတ်မချရပါက လက်နက်မပေးပဲ အခြား တပ်ပိုင်းဆိုင်ရာ လုပ်ငန်းများအား ဆောင်ရွက်ခိုင်းပါ အနည်းဆုံး ရိက္ခာထုပ် သယ်ခိုင်းလို့ ရပါတယ်)

ပြစ်မှု ကျူးလွန်သူ အစားထိုးရန် မရှိပါက နောက်လအတွက် စာရင်းပေါက်ထားသူအား စီနီယာအစားထိုးပါ ။ စီနီယာထံမှ ရရှိသော ဒဏ်ကြေး၏ ထက်ဝက်ခန့်အား အစားထိုးသူမိသားစုထံ ချီးမြှင့်ထောက်ပံ့ပေးပါ ။

16.5k 1 84 16 838

တကယ်တမ်း ပြင်ဆင်ဖို့ စီမံခဲ့ကြတာ ၂၀၂၄ ဖေဖော်ဝါရီကမှ စတာပါ ။ ရှော့ဖြစ်ပြီး ဆံပင်တွေ ထောင်သွားအောင် လန့်သွားတာက ရမခ ကျပြီးမှပါ ။ တနိုင်ငံလုံးက ရှိသမျှ စစ်မျက်ပေါင်းစုံအတွက် ကာစစ် တိုက်စစ် ပြင်ဆင်ဖို့ အချိန်ယူရမှာလည်း တွက်ကြည့်ရပါမယ် ။.

ဂျာမန် အိုနာကျိုးကန်း စစ်သည် ၅၀၀၀၀ လောက် အတွက် နော်မန်ဒီ ထိုးစစ်ကို နှစ်ချီအချိန်ယူ ပြင်ဆင်ခဲ့ရတာနဲ့ ချိန်ထိုးကြည့်ရင် ဘာကြောင့်ဆိုတဲ့ အဖြေကို ဆဝါးနိုင်ပါလိမ့်မယ် ။

ကိုရွှေမျိုးဝင်း

22k 3 50 52 1.5k

ကိုယ်ရည် ကိုယ်သွေး
==================

မျက်မှောက်ကာလ အတွက် စစ်သည်တော်တို့ရဲ့ စိတ်ဓာတ်ကောင်းဆိုတာကို ပထမဆုံး နမူနာပြရမှာက တောင်ခမ်း ပါပဲ ။ အောင်စိတ်နဲ့ တက်ကြွနေတဲ့ ရန်သူရဲ့ အလုံးအရင်းနဲ့ အပြင်းထန်ဆုံး ထိုးစစ်ဆင်နွဲနေမှုဟာ ဘယ်လောက် အန္တရာယ်များသလဲ ဆိုတာ မှန်းဆကြည့်လို့ ရပါတယ် ။

နမခ လို တိုင်းစစ်ဌာနချုပ်ကြီးကို တလ နဲ့ တိုက်ယူပြခဲ့တဲ့ သူပုန်တို့ရဲ့ အောင်စိတ်အမြင့်ဆုံးအချိန်မှာ တောင်ခမ်းလို တပ်မျိုးအတွက် မျှော်လင့်ချက်အင်အား နည်းပါးခဲ့ကြရပါတယ် ။

သို့သော် မမြင်ရတာ ကြာပြီဖြစ်တဲ့ မြန်မာ့တပ်မတော်ရဲ့ မာကျောတဲ့ ခံစစ် အစစ်အမှန်ကို တောင်ခမ်းစစ်သည်တို့ ပြသနိုင်ခဲ့ပါတယ် ။ ပစ်ကူ နဲ့ ထောက်ပံ့မှု ထိရောက်သလို စစ်သည်တို့ရဲ့ စိတ်ဓာတ် နဲ့ အရည်အချင်းကလည်း လေးစားလောက်တဲ့ အချက်က အဓိက ကျပါတယ် ။

နောက် အနမ်းကွင်းဗျူဟာ ကိုလည်း ရန်သူတွေ သာလွန်အင်အားနဲ့ အဆက်မပျက် တိုက်ခိုက်နေပေမယ့် ကာစစ်အတွက် စနစ်တကျ ပြင်ဆင်ထားနိုင်ခဲ့တဲ့ အကျိုးကျေးဇူး ၊ စစ်သည်တို့ရဲ့ သူရဲကောင်းပီသမှု ၊ ကွန်မန်ဒါတို့ရဲ့ မှန်ကန်သော ဦးဆောင်မှုများကြောင့် ယနေ့တိုင် ပန်းပန်လျှက်ပါပဲ ။

နောက်ထပ် နှမျှောစရာကောင်းလှတဲ့ စွယ်တော်ကုန်း နဲ့ နခခ ၅ က စစ်သည်တော်တွေရဲ့ ရဲစွမ်းသတ္တိကလည်း ပြောစရာမလိုအောင် ပြည့်စုံလှပါတယ် ။ သူတို့ ကျဆုံးရမှုကတော့ စစ်သည် ရဲမက် တို့ရဲ့ အရည်အချင်း နဲ့ သူရသတ္တိတို့ကြောင့် မဟုတ်ပဲ ဆိုင်ရာ ကွန်မန်ဒါတို့ရဲ့ စီမံအုပ်ချုပ် ထောက်ပံ့မှု ညံ့ဖျင်းလို့ ဆိုတာ အဖြေက ရှင်းနေပါတယ် ။


တကယ်တန်းကျတော့ မိုးထဲရေထဲမှာ မိမိအသက်ကို ကာကွယ်နိုင်ဖို့ ဆိုတာ မိမိတို့ သင်ယူလေ့ကျင့်ခဲ့ရတဲ့ စစ်ရေး သင်ခန်းစာများအား မိမိတို့ရဲ့ ပင်ကိုယ်ဥာဏ်နဲ့ ထိုးထွင်းပေါင်းစပ် စစ်ကစားတတ်ဖို့ လိုအပ်ပါတယ် ။

ပုလဲမြို့တိုက်ပွဲကို ကြည့်ပါ မိမိရဲ့ ဆယ်ဂဏန်းမျှသော အင်အားနဲ့ သတ္တိရှိရှိ တောင့်ခံတိုက်ခိုက်မှုရဲ့ မာကျောသိပ်သည်းမှုကို ရန်သူ ရာပေါင်းများစွာ ဝင်ဆောင့်လို့ မရတာ မြင်သာလှပါတယ် ။

ဒီလိုကာလများမှာ မိမိစခန်း ဒရော့ဗုံးဒဏ် ခံနိုင်ရည်မြှင့်တင်ထားဖို့ ၊ ဘန်ကာတု တူးမြောင်းတု ကောက်ရိုးစစ်သည်တော်အတုများနဲ့ လှည့်စားထားကြဖို့ ၊ ဆက်သွယ်မြောင်းအစစ်ကို ဖုံးကွယ်ပုံဖျောက်ဖို့ အစရှိသဖြင့် ဥာဏ်ကစားပြီး တိုက်တတ်ကြဖို့ လိုပါတယ် ။

သေနတ်သံ မကြားရသေးဘူး လေယာဥ်ပျံလာပါ ကုန်းအော်နေကြတာလည်း မကောင်းတဲ့ လက္ခဏာတွေပါပဲ ။ ဂဏန်းပေါင်းစက် အားကိုးလွန်ပြီး ၂ အလီတောင် မေ့ကုန်တဲ့ လူညံ့တွေလို ဖြစ်နေပါလိမ့်မယ် ။

ချီစစ် တိုက်စစ် အတွက် သင်ခန်းစာတွေကို သတိရကြပါအုံး ။ မိမိတို့ လက်ထဲက ကိုင်ထားကြတာလည်း လူသေစေတဲ့ သေနတ်ပါပဲ ။ အနမ်းကွင်း ၊ တောင်ခမ်း ၊ စွယ်တော်ကုန်း ၊ နခခ ၅ တို့လို ကာလရှည် ခံစစ်ကစားနိုင်မှုကို နမူနာယူပြီး တိုက်ကြစမ်းပါ ရန်သူလည်း အသက်နဲ့မို့ သူတို့လည်း တကယ်မာရင် ကြောက်တတ်ပါတယ် ။

တခါက အလောင်းမင်းတရား တပ်တွေ မွန် ခံတပ်ကို သွားတိုက်ပါတယ် ။ ခုခံစစ်ကောင်းလို့ တပ်ပျက်ပြီး ပြန်ဆုတ်လာတယ် ။ အစီရင်ခံစာ ဘယ်လိုတင်ကြမလဲ ဆွေးနွေးတော့ တပ်မှူးငယ်တယောက်က အကြံပြုတယ် ။

ဘယ်လိုပဲ အစီရင်ခံစာ တင်ပါစေ မင်းတရားကြီးက ခွင့်လွှတ်မှာ မဟုတ်ဘူး ။ ပြီးတော့ ကျနော်တို့ ကြောက်လို့ ဆုတ်ခွာလာရသလို သူတို့လည်း ကြောက်နေမှာ သေချာတယ် ။ ဒီတော့ အခု တပ်တွေ ပြန်စုပြီး နောက်တကြိမ်တိုက်ရင် နိုင်ခြေရှိပါတယ် လို့ အကြံပြုတယ် ။

ဒါနဲ့ ပြန်စုပြီး ထပ်တိုက်တယ် ။ မွန်တွေလည်း ကြောက်ရှိန်နဲ့ ထွက်ပြေးကြလို့ အနိုင်ရခဲ့ဖူးပါတယ် ။ ပြောချင်တာက သတ္တိဆိုတာ မလျှော့တဲ့ ဇွဲ နဲ့ ပေါင်းလိုက်ရင် တန်ဖိုး အဆပေါင်းများစွာ ကြီးသွားတဲ့ သဘောရှိပါတယ် ။

ဆုံးရှုံးထားရတဲ့ အင်အားတွေကို ဖြည့်တင်းဖို့ အချိန်ယူရသလို စစ်ရေးတခုတည်း မဟုတ်တဲ့ စီးပွားရေး နိုင်ငံရေး ထိုးနှက်မှုတွေကို နည်းပေါင်းစုံနဲ့ ပြန်တိုက်နေရတာလည်း တွက်ဆကြည့်ရပါအုံးမယ် ။

ပြည်သူ့စစ်အင်အား သင်တန်းဆင်းပြီးတာ ၄၀၀၀၀ ကျော် အနည်းဆုံး ရှိနေပါပြီ ။ ပြုံးတီးအင်အား ၄၀၀ တောင် မရှိလောက်သေးပါဘူး ။ ဒီတော့ အင်အား ၄၀၀၀၀ လောက်သော တိုက်ခိုက်ရေး တပ်တွေဟာ လတ်ဆတ်ကြွပ်ရွနေတုန်းပါပဲ ။

သူတို့ကို ဘယ်မှာ ဘာလုပ်စေဖို့ ရည်ရွယ်ထားတာလဲ..... ? နစက သင်္ကြန်ယိမ်းအတွက် လေ့ကျင့်ပေးထားမဟုတ်ဖူးနော် ။

တပ်မတော်သားများ နဲ့ ရဲ တပ်ဖွဲ့ဝင်များ အနေနဲ့ မိမိတာဝန်ကျရာ စခန်းတွေကနေ ကြိုတင်ပြင်ဆင်မှု ကောင်းကောင်းပဲ လုပ်ထားကြပါ ။ မိမိရဲ့ ကိုယ်ရည်ကိုယ်သွေးများကို မြှင့်တင်ထားကြပါ ။ ကိုယ်ကြောက်သလို သူလည်းကြောက်နေတယ်ဆိုတာ အမြဲတမ်း သတိရပါစေ ။

မကြာခင်ကာလမှာ တပ်မတော်က လုပ်သင့်တာ လုပ်ရင်း ခုခံစစ်မှ တိုက်စစ်အသွင် မြင်တွေ့ရမှာ သေချာနေပါပြီ ။ စောင့်ကြည့်နေတာ ၄ နှစ်ရှိပြီ ဘာညာများလည်း လာမန့်ကြမှာပါ သေချာပါတယ် ။

21.8k 3 57 35 1.3k

မဆလ ပါတီရဲ့ အခွင့်ထူးခံကနေ စွန့်လွှတ်လိုက်ရတဲ့ ဦးဝင်းတင်ဟာ အသနားခံစာ ပြန်တင်ပါတယ် ။ သို့သော် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်စေပြီး အပြီးတိုင် ထုတ်ပယ်ခဲ့ပါတယ် ။

ဦးဝင်းတင် မဆလ ပေးခဲ့တဲ့ တိုက်ခန်းလေးမှာ သူ့အမ မုဆိုးမနဲ့ အတူနေရင်း မဆလက ပေးထားတဲ့ ကားလေးကိုလည်း ရောင်းစားလိုက်ရပါတယ် ။ ကျန်းမာရေးမကောင်းလို့ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုရပြန်ပါတယ် ။

ဦးနေဝင်းသမီး ဒေါက်တာ ကြေးမုံဝင်း ဂျူတီဝင်လာချိန်မှာ ဦးဝင်းတင်ကြီး ဆေးရုံတက်နေကြောင်း ဝန်ထမ်းတွေက ပြောပြလို့ သွားတွေ့ပြီး အားပေးစကား ပြောခဲ့ပါတယ် ။

ဒေါက်တာကြေးမုံဝင်းက ဦးဝင်းတင်ကို ကောင်းကောင်းသိနေတာလည်း အကြောင်းရှိပါတယ် ။ ဦးနေဝင်း မိသားစု မန္တလေးလာပြီး အပမ်းဖြေတိုင်း အငြိမ့် ၊ ရုပ်သေး ၊ ကျောက်ဆည်ဆင် အစရှိသဖြင့် သူတို့တောင်းဆိုတဲ့ အဖွဲ့တွေက ဖြေဖျော်ရလေ့ ရှိပါတယ် ။

အဲလို ပွဲလမ်းသဘင် ရှိတိုင်း ဦးနေဝင်းက ဦးဝင်းတင်ကို ခေါ်ခိုင်းပြီး မိသားစုနဲ့ မိတ်ဆက်ပေးပြီး ပွဲ အတူကြည့်စေခဲ့ပါတယ် ။ အဲဒါကြောင့် ဦးဝင်းတင်က သူသည် ဦးနေဝင်းနဲ့ ၁၁ ကြိမ်လောက် တွေ့ဖူးကြောင်း ဘာညာ နဲ့ ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ် ။

ဒေါက်တာကြေးမုံဝင်းက ဦးဝင်းတင် ချို့တဲ့စွာ ဆေးရုံတက်နေရတာ မြင်သွားပြီး ဦးနေဝင်းကို ကူညီဖို့ ပြောတဲ့အတွက် ဦးနေဝင်းက တံခါးလေးပေါက် ကားတစီး ထပ်မံပေးခဲ့ပြန်ပါတယ် ။ (သတင်းသမားတွေထဲမှာ ဦးဝင်းတင်ပဲ ကား နှစ်စီးရခဲ့ဟန် တူပါတယ်)

အဲဒီကားလည်း ရောင်းစားတာပါပဲ ။ နောက်မကြာဖူး ၈၈ အရေးအခင်းလည်း ဖြစ်ရော ဦးဝင်းတင်တို့ ရဲရဲတောက် သွားပါတော့တယ် ။

ကျနော်တို့က ဦးဝင်းတင်ကို အခွင့်အရေးလုံးဝ မယူသူ နိုင်ငံရေးသမားကြီး ၊ မိန်းမမရှိ စည်းစိမ်မရှိ တိုင်းပြည်အတွက် နိုင်ငံရေးလုပ်နေတဲ့ လူရိုးလူကောင်းကြီးလို့ပဲ သိမှတ်ခဲ့ရတာဗျ ။

မဆလ ပါတီဝင် ဖြစ်ခဲ့တာ မသိခဲ့ပါဘူး ။

မဆလကပေးတဲ့ တိုက်ခန်း (သေတဲ့အထိနေသွားတာပါ) ၊ မဆလက ပေးတဲ့ ကားနှစ်စီးရပြီး ရောင်းစားခဲ့တာ မသိခဲ့ပါဘူး ။

မဆလပါတီမှ ထုတ်ပယ်ခံရတော့ မထုတ်ပယ်ဖို့ အသနားခံစာတင်တာလည်း မသိခဲ့ရပါဘူး ။
(နိုင်ငံရေးမာနကြီးတယ်ဆိုတာ ဒီအချက်နဲ့ ပျက်ပြယ်ခဲ့ရပါတယ်)

ကဲဒီလို သမိုင်းမှန်တွေက ငြင်းမရတဲ့ သက်သေတွေနဲ့မို့ တချိန်တုန်းက အထင်နဲ့အမြင် မှန်ခဲ့သလား မှားခဲ့သလား ဆိုတာ ဝေဖန်သုံးသပ်ကြည့်ပါစို့ဗျာ ။

( အလုပ်များနေလို့ ပို့စ် ရေးချိန် မရလို့ သိမှတ်ဖွယ် အဟောင်းလေး ပြန်တင်လိုက်ရပါတယ်)

ကိုရွှေမျိုးဝင်း


အထင်နဲ့အမြင်
==========

ကျနော် တချိန်တုန်းက ထင်မြင်ခဲ့ဖူးတဲ့ အထင်ကြီးဖွယ် လူတယောက်အကြောင်း ဒီနေ့မှ သိခဲ့ရလို့ အလွန်အံ့သြခဲ့ရပါတယ် ။ ဒီတော့မှ သြော် ဒါကြောင့်လည်း သူတို့ခြင်း ပေါင်းဖက်မိတာကိုးလို့ အဖြေရှာမရခဲ့တဲ့ ပုစ္ဆာကို ဖြေရှင်းလို့ ရသွားပါတယ် ။

အားလုံး သိကြတဲ့အတိုင်းပဲ NLD ပါတီရဲ့ ဖုံးမရ ဖိမရ လာဘ်စားမှုတွေ နဲ့ ပြည်သူ့ဘဏ္ဍာ အလွန်အကျွံ ခိုးယူခဲ့ကြတဲ့ အဖွဲ့လိုက် သူခိုးတွေကြားထဲမှာ ဦးဝင်းတင်ကြီး အသက်ရှင်နေရင် ဘယ်လောက် ရှက်ရှာ မလဲလို့ တွေးမိပြီး ဦးဝင်းတင် အကြောင်း လေ့လာမိတော့မှ အံ့သြဖွယ် သူ့သမိုင်းကိုလည်း ဒီလို ကြားသိခဲ့ရပါတော့တယ် ။

သတင်းစာတိုက်တွေကို ပြည်သူပိုင်သိမ်းပြီး ဦးနေဝင်းရဲ့ အိမ်စောင့်အစိုးရက ဆက်လက်ထုတ်ဝေရာမှာ မူလ သတင်းစာ ဆရာများကိုပဲ ပြန်လည်တာဝန်ပေးအပ်ခဲ့ပါတယ် ။

အထက်မြန်မာပြည် အတွက် သတင်းစာသီးသန့် မရှိတော့လို့ ဟံသာဝတီ သတင်းစာကို မန္တလေးမှာ ထုတ်ဝေဖို့ စီစဥ်ပါတယ် ။ အယ်ဒီတာ အဖြစ် ဦးဝင်းတင်ကို တာဝန်ပေးဖို့ ဆရာဇဝန က တောင်းဆိုတဲ့အတွက် ပေးလိုက်ပါတယ် ။

(ရန်ကုန်မှာ ရှိနေရင် သူ့နေရာ မျက်စောင်းထိုးနေတဲ့ ဦးဝင်းတင်ကို ရန်ကုန်မှာ မရှိရင် ပြီးရောဆိုပြီး လုပ်လိုက်တာလို့လဲ ယူဆနေတဲ့ သတင်းစာ ဆရာကြီးတွေ ရှိခဲ့ပါတယ်)

ဦးဝင်းတင်တယောက် မန္တလေးကို မသွားခင် သူ့ဆရာ နိုင်ငံရေးသမားဟောင်းကြီး တယောက်ဖြစ်တဲ့ ဦးထွန်းဖေကို သွားကန်တော့ပါတယ် ။ သူ့ဆရာဦးထွန်းဖေက နိုင်ငံရေးရာထူးက ပြုတ်ထားလေတော့ ငါ့တပည့်ကို ငွေကြေးအထောက်အပံံ့တော့ မပေးနိုင်ဘူး ၊ သို့သော် မင်းအတွက် အဖိုးတန်မယ့် စကားနှစ်ခွန်း လက်ဆောင်ပေးမယ် လို့ ပြောပြီး ဒီလိုမှာလိုက်ပါတယ် ။

၁ ။ မင်းက မိန်းမ မယူပဲ ဖာချတဲ့ကောင်ဆိုတော့ မန္တလေးကျောက်သပိတ်ကဖာ သွားမချနဲ့ ပင်နီဆလင်မတိုးတော့ဘူး....

၂ ။ မန္တလေးသားတွေက မြှောက်ပင့် ခိုင်းတတ်တယ် ၊ မြှောက်ပင့်ခိုင်းမရရင် မြေကြီးထဲချပြီး နင်းချေတတ်ကြတယ် ဒီအစွန်း နှစ်ပါး မင်းဂရုစိုက် နေတတ်အောင် နေပေတော့.....

ဆိုပြီး မှာလိုက်ပါတယ် ။ အဲဒီ အချိန်က ဦးဝင်းတင်ဟာ ဦးနေဝင်းပေးခဲ့တဲ့ တိုက်ခန်း နဲ့ တံခါးလေးပေါက် ကားတစီး ရထားပါပြီ ။ ထိုခေတ်က သတင်းစာ သမားအားလုံးနီးပါး ရကြတာပါ ။

ဒီလိုနဲ့ မန္တလေးရောက်တော့ သူ့ဆရာပြောသလိုပဲ ဦးဝင်းတင်ကမှ တကယ့်သတင်းသမားအစစ်ကွ ဘာညာ နဲ့ မန်းသားတွေက မြှောက်ပေးကြပါတယ် ။ ဒီတော့ ဦးဝင်းတင်လည်း မဆလ ကို ဝေဖန်စာတွေ ရေးတော့တာပါပဲ ။

အဲသလိုဖြစ်နေစဥ်ကာလမှာပဲ လွှတ်တော်မှာ သတင်းယူနေတဲ့ သတင်းစာဆရာတွေအတွက် သတ်မှတ်ထားတဲ့ နေရာကို ဦးနေဝင်းက ရောက်လာပြီး သတင်းမှန်များကို ရေးသားစေလိုကြောင်း ၊ ဖားယားပြီး မဟုတ်တဲ့သတင်းတွေ မရေးကြပါနဲ့ တိုင်းပြည်အခြေအနေကို အမှန်တိုင်းသိဖို့ လိုကြောင်း ပြောသွားပါတယ် ။

ဒီတော့ဦးဝင်းတင်တယောက် ပိုမြှောက်သွားရပါတယ် ။ ဦးဝင်းတင်ဟာ အဲဒီ အချိန်ထိ မဆလပါတီ မဝင်ရသေးလို့ ပါတီလူကြီးအချို့က သူ့ကို လက်ဖက်ရည်ဝိုင်းဖိတ်ပြီး ပြောကြပါတယ် ။ အစိုးရဌာနကြီးတခုကို ကိုင်နေရတဲ့ လူတယောက်အနေနဲ့ ပါတီဝင်ဖြစ်စေလိုကြောင်း ပြောကြတော့ ချက်ခြင်းပဲ ဝင်ပါ့မယ်လို့ ပြောလိုက်ပါတယ် ။

အသင့်ပြင်ထားတဲ့ မဆလ ပါတီဝင် လျှောက်ထားလွှာကို လက်မှတ်ရေးထိုး ဖောင်ဖြည့်စေပါတယ် ။ ချက်ခြင်း ပါတီမိတ်ဆွေ နဲ့ အရံပါတီဝင် ဖြစ်သွားပြီး စကားစမြီ ပြောပြီး နောက် ၂ နာရီ အကြာမှာ ဦးဝင်းတင်ဟာ မဆလ တင်းပြည့်ပါတီဝင် ဖြစ်သွားပါတော့တယ် ။

အခြားသတင်းစာ ဆရာတွေဖြစ်တဲ့ ဦးမြတ်သူတို့တုန်းက တင်းပြည့်ပါတီဝင် ဖြစ်ဖို့ အချိန် ၂ နှစ်ကြာခဲ့ရပါတယ် ။ ဒီလိုနဲ့ မဆလပါတီဝင် ဖြစ်ပြီးနောက် ဦးဝင်းတင်ဟာ မန္တလေးမှာ အပတ်စဥ် စနေနေ့တိုင်း စနေစာတမ်းဖတ်ပွဲ ပြုလုပ်လေ့ ရှိပါတယ် ။

တနေ့တော့ ဆရာသိန်းဖေမြင့်ရဲ့ ပါတီတွင်းဝေဖန်မှု စာတမ်းကို မဆလ ပါတီမှာ တင်သွင်းခဲ့ပါတယ် ။ မဆလ ပါတီရဲ့ စည်းကမ်းချက်ထဲမှာ ပါတီကို ပါတီဝင်များက ကြိုက်သလို ဝေဖန်ခွင့်ရှိပါတယ် ။ သို့သော် အဆိုပါ ဝေဖန်ချက်အား ပြင်ပသို့ မပေါက်ကြားစေရ ဆိုတဲ့ တင်းကြပ်သော စည်းကမ်းရှိပါတယ် ။

သိန်းဖေမြင့် သေသွားတော့ ဦးဝင်းတင်ဟာ စာရေးဆရာသိန်းဖေမြင့် ၊ သတင်းစာဆရာ သိန်းဖေမြင့် ၊ နိုင်ငံရေးသမား သိန်းဖေမြင့် ဆိုတဲ့ စနေစာတမ်းဖတ်ပွဲ ပြုလုပ်ပါတယ် ။ ပြဿနာက သခင်ကျော်စိန် ဖတ်တဲ့ နိုင်ငံရေးသမား သိန်းဖေမြင့်ဆိုတဲ့ စာတမ်းပဲ ဖြစ်ပါတယ် ။

အဲဒီစာတမ်းက ဦးသိန်းဖေမြင့် ဝေဖန်ခဲ့တဲ့ ပါတီတွင်းဝေဖန်မှု စာတမ်းကြီးဖြစ်နေပါတယ် ။ လှို့ဝှက်ထားရမယ့် စာတမ်းမို့ ဦးသိန်းဖေမြင့်က သူ့စာအုပ်သေတ္တာရဲ့ အောက်ဆုံးမှာ သိမ်းထားပေမယ့် သူသေသွားတော့ နားမလည်တဲ့ ဦးသိန်းဖေမြင့် ဇနီးဆီကနေ မွှေနှောက်ယူခဲ့တာကိုး ။

အဲဒီ စာတမ်းကြီးကို ဖတ်ပြတော့ ထောက်လှမ်းရေးက အသံဖိုင်တွေ နဲ့ လွှတ်တော်ထိ တင်ပြလိုက်တယ် ။ ဒါနဲ့ ပါတီစည်းကမ်းဖောက်ဖျက်တယ် ဆိုပြီး သခင်ကျော်စိန် နဲ့ ဦးဝင်းတင်ကို ပါတီက ထုတ်ပယ်လိုက်တယ် ။


မိုးပေါ
==========

အဆက်ပျက်နေတဲ့ ကိုစိုးဆီက ဖုန်းဝင်လာတယ် ။

'' ငမျိုးရေ မင်းက သတင်းရေးတာ ကြဲသွားလို့ သိချင်တာလည်း ရှိနေလို့ မေးမလိုကွ ဒီလောက် စစ်ရှုံးနေတာကို တပ်ချုပ်ကြီးက သူပုန်တွေ လက်နက်ချဖို့ ထပ်ပြောနေတာရယ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရခိုင်ပြည်သူတွေ ထိခိုက်မှာ စိုးလို့ပါ ဆိုတဲ့ ပြောစကားတွေကို မင်း ဘယ်လို သဘောထားလဲ ကွ ''

'' ပထမဆုံး ဗိုလ်ချုပ်ဇော်မင်းထွန်း စကားကို ဝေဖန်ရရင်တော့ ဆင်ခြေလို့ပဲ ဗြောင်ပြောရမှာပဲ နိုင်ကို မနိုင်တာပါ ပြည်သူမရှိတဲ့ တပ်စခန်းတွေ ကျကုန်တာကိုက မိမိသောက်သုံးမကျတာ ပေါ်လွင်နေတာပဲလေ ''

'' ထားပါကွာ နောက်ထပ် လက်နက်ချဖို့ စကားကရော ''

'' ခပ်တည်တည်တော့ ပြောတာပဲလေ လက့်ထဲမှာ ဖျက်အားပြင်းလက်နက်တွေ နဲ့ မင်းတို့ကို ချေမှုံးပစ်မယ်လို့ ကြိမ်းဝါးတဲ့ သဘောပဲ ''

'' အဲဒါတော့ ကလေးတောင် တွေးတတ်သေး ဖြစ်နိုင်မဖြစ်နိုင် မေးကြည့်တာ ''

'' SU 30 ဆိုတာ ဗုံး တန်ပေါင်းများစွာ သယ်နိုင်တယ် MIG 29 ၂ စီးစာလောက်သယ်နိုင်တယ် တိကျမှုစကေးက ပြောစရာမလိုဘူး ဒါပေမယ့် ခုချိန်ထိ ထုတ်သုံးတာ မတွေ့ရသေးဘူး တာလတ်ပစ် မစ်ဇိုင်းတွေ ကိုယ်တိုင်ထုတ်နေတာ ကြာပြီ မသုံးသေးဘူး Why ''

'' သုံးပါ့ မလား ကွာ ''

'' ခင်ဗျား ကျုပ်ဦးလေး ဦးလူမိုက်ကို သိတယ်မဟုတ်လား ''

'' သိတာပေါ့ ကွ သူက မင်းအဖေတယောက်ပဲ ကြောက်တာ မိုက်တာလည်း တူးခါးနေရောလေ ပြောပြီးမှ ရိုက်တတ်လို့ကို နာမည်ကြီးတာကိုးကွ ''

'' ဟုတ်တယ် တနေ့ တခြားရပ်ကွက်က လူမိုက်ကို ရိုက်မယ်လို့ ပြောခဲ့တော့ အပြောခံရသူက အဖေ့ဆီ လာတောင်းပန်တယ် တားပေးပါပေါ့ ၊ အဖေကလည်း တားပေးပါတယ် ဟေ့ ကောင် မလုပ်နဲ့နော် ဆိုတော့ ဘာမှ မပြောဘူး ပြန်သွားတယ် ''

'' အင်း နောက်ကော ''

'' သူပြောခဲ့သလို သွားရိုက်တာပါပဲ ဗျာ ''

'' ဟိုက် မင်းအဖေက...? ''

'' သူ့စကား နားမထောင်လို့ ခေါ်ငေါက်တယ် ဦးလေးက ဘာပြောလဲ သိလား ''

'' အေး လုပ်စမ်းပါအုံး ဘာပြောလဲ ''

'' အကို လူမိုက်ဆိုတာ ပြောသလို လုပ်နိုင်မှ လူရှိန်တာဗျ ပြောသလို မလုပ်နိုင်ရင် စော်ကားချင်တဲ့သူ ပိုများလာပြီး ငပေါကြီးပါကွာ လို့ သတ်မှတ်ပြီးတာနဲ့ ကိုယ့်ဆော်မယ့်သူတွေ ပေါ်လာတတ်တာမို့ ပြောသလို လုပ်ပြဖို့ လိုတယ် မဟုတ်ရင် ခြိမ်းရုံခြိမ်းပြီး မရွာတဲ့ မိုးပေါကြီး ဖြစ်နေမှာစိုးလို့ကို ရိုက်ဖြစ်အောင် သွားရိုက်ပြရတာ ဆိုပဲ ဗျ ''

'' ဟိုက် မိုက်သကွ ဒါလည်း ဟုတ်တာပဲ ဒါနဲ့ ငါမေးခွန်းနဲ့က.....''

'' တိုင်းပြည်ခေါင်းဆောင်အနေနဲ့ သူပုန်ကို ခြိမ်းခြောက်ပြီးရင်တော့ ပြောသလို လုပ်ပြဖို့ လိုတာပေါ့ဗျာ အဲလိုမှ လုပ်မပြနိုင်ရင်တော့ မိုးပေါကြီး ဖြစ်နေမှာပေါ့လေ ''

'' အေးပါကွာ အေးကွာ ငါလည်း မင်းနဲ့အတူ အမှုအတွဲ မခံနိုင်လို့ ဖုန်းချပြီကွာ ''

ကိုရွှေမျိုးဝင်း

27.8k 2 80 182 2.5k

အသက်ကြီးမှ သိခဲ့ရ
==================

ပထမ တခုက ငယ်ငယ်တုန်းကတည်းက အရမ်းသိချင်ခဲ့တာပါ ။ ၁၂ ပေလောက် နိုင်လွန်ကြိုးတွေကို ဝါးလုံးမှာ ချည်ထောင်ပြီး တကျပ် တကျပ် နဲ့ လည်ရောင်းနေကြတာကို ကျနော်တို့ ခေတ်ပြိုင်များ တွေ့ဖူးကြမှာပါ ။

တနေ့ အိမ်မှာ နိုင်လွန်ကြိုး လိုလို့ ဆိုကို သွားဝယ်တာ ၁၂ ပေ လောက်ကို ၃ ကျပ် လျှော့မရဘူးတဲ့ ။ ကိုယ်က ပေ ၂၀ ကျော် တဆက်ထဲ သုံးရမှာမို့ မဖြစ်မနေ စျေးကြီးပေး ဝယ်ခဲ့ရပေမယ့် ။ ဒီနေ့ထိ တန်တယ်ကို မထင်သေးဘူး ။

အဲဒါ ဟိုတလောက ရန်ကုန်သား ပန်ကာ သဘော်သားဟောင်း မိတိဆွေကြီးနဲ့ စကားစပ်မိလို့ ပြောပြတော့ ရီနေလေရဲ့ ။ ပြီးတော့မှ ၁ ကျပ် နဲ့ ရောင်းတဲ့ လူတွေက သူခိုးတွေဗျ ၊ သဘော်တွေကမ်းကပ်ရင် လက်မောင်းလောက် တုတ်တဲ့ နိုင်လွန်ကြိုးတွေ သုံးကြရတယ် ။

သူက တခါတခါ ၁၂ ပေ လောက် ပြတ်သွားတတ်တယ် ။ မပြတ်လည်း ညစ်ပတ်တဲ့ သဘော်သားက ဖြတ်ချလေ့ရှိတယ် ။ အောက်က သူခိုးတွေက အဲဒါကြီး ယူသွားပြီး ပြန်မွှာတော့ နိုင်လွန်ကြိုး အသေးလေးတွေ အများကြီး ရ ရောလေ ။ အဲဒါကြောင့် ၁ ကျပ်နဲ့ ရောင်းနိုင်ကြတာတဲ့ ။

ဒါနဲ့ နောက်တခု စိတ်ထဲ မရှင်းတာ ထပ်မေးမိတယ် ။ နေပါအုံးဗျ ၈၈ အရေးအခင်း စ ဖြစ်ခဲ့တဲ့ လက်ဖက်ရည်ဆိုင်က အဲဒီခေတ်က နာမည်ကြီးဆိုင်လားဗျ ဆိုတော့ ။ ရီကြဲကြဲ နဲ့ နာမည်တော့ ကြီးတယ် လက်ဖက်ရည်တော့ မဟုတ်ဖူးတဲ့ ။

အဲဒီဆိုင်က အဲဒီခေတ်ရဲ့ မူးယစ်ဆေးတမျိုးဖြစ်တဲ့ ကော်မသာဇင် အလွန်ပေါတယ်တဲ့ ။ သူက ပုလင်းနဲ့ မဟုတ်ပဲ အလွတ်ပဲ ရတာတဲ့ ။ စျေးလည်းချိုသတဲ့ ။ ဘယ်ကရသလဲ ဆိုတော့ BPI စက်ရုံက ခိုးရောင်းတာတွေ တဲ့ ။

သူကိုယ်တိုင် ဆေးသုံးခဲ့လို့ အကုန်သိသတဲ့ ။ တိုင်းပြည်ပျက်ခဲ့ရတာ အဲဒီ ကော်မသာဇင် ဇတ်လမ်းက စတာဗျ ။ သိတဲ့သူတွေက ဆေးသမားချည်းဆိုတော့ ဘယ်သူမှ ဇစ်မြစ်ကို သိသူ မရှိသလောက်ပေါ့ဗျာ တဲ့ ။ သူကလည်း ရာဇာနေဝင်း ဘော်ဒါ အရင်းကြီး ဆိုတော့ သူ့စကား သူ့မှတ်ချက်တွေကို ပေါ့ပေါ့တွေးလို့တော့ မရဘူးနော် ။

ဆက်ပြောသေးတယ် အခုလည်း WY က တိုင်းပြည်ဖျက်နေတာတဲ့ ။ ငွေမျက်နှာကြည့်ပြီး မူးယစ်ကိစ္စ မှေးနေကြရင် တိုင်းပြည်ပျက်လိမ့်မယ်တဲ့ ။

ဒါတော့ လက်ခံတယ် အခုဆို မူးယစ်မှုနဲ့ ထောင်ကျသူတွေ အများကြီးပဲ ။ ထောင်ထဲမှာ ငွေနဲ့လိုက်ပြီး ဇိမ်နဲ့နေကာ ငွေထပ်ရှာနိုင်ကြတာ မူးယစ်မှုတွေချည်းပဲ ဗျ ။
တန်းစီးတွေရဲ့ ၈၀ % က မူးယစ်မှုတွေချည်းပဲ ။ သူတို့ပဲ ငွေသုံးနိုင်တာကိုး ။

လွတ်ငြိမ်းဆိုလည်း ဦးစားပေးလွတ်လိုက်ရင် မူးယစ်နဲ့ သူခိုး ဂျပိုးတွေပဲ များပါတယ် ။ မူးယစ်နဲ့ ကျနေတဲ့ တပ်က အရာရှိတွေ ၊ ရဲ တွေလည်း အများကြီး ဗျ ။ ဟဲဟိုးမှာ လေယာဥ်ပျက်ကျတဲ့ လေယာဥ်မှူးကြီးတောင် မူးယစ်နဲ့ ကျနေတာ တွေ့ခဲ့သေးတယ်ဗျာ ။

မူးယစ် နဲ့ ယစ်မူးနေခွင့်ရတဲ့ ပုဂ္ဂိုလ်ကြီးများက အားစိုက် နှိမ်နင်းဖို့ လိုသလို ဒီထက်ပြင်းထန်တဲ့ ဥပဒေကို အသစ်ပြဌာန်းဖို့ လိုနေပါပြီ ။ နောက် နိုင်ငံတော်မှ လွတ်ငြိမ်းပေးတိုင်းလိုလို ပါနေတဲ့ မူးယစ်မှုတွေကို ကန့်သတ်ဖို့ လိုပါလိမ့်မယ် ။

မူးယစ်မှု ၁၁ နှစ် ၁၂ နှစ် ကျနေတာတောင် ၄ နှစ်လောက်နေရင် လွတ်နေတာ ထုံးစံပါ ။ ဒီတော့ မူးယစ်သမားတွေက ဖမ်းမိလို့ ထောင်ကျရင် ထောင်ထဲမှာ လာဘ်ထိုးပြီး တန်းစီးလုပ်မယ် ။ ဗိုလ်ကျပြီး ငွေပြန်ရှာမယ် ။ ( နောက်မှ တဂွင်ခြင်း ရေးပြမယ်)

ထောင်ဝန်ထမ်းတွေကို ပေးကြွေးပြီး ၄ နှစ်လောက် ထောင်ထဲမှာ ငွေရင်းပြီး ငွေထပ်ရှာ ဇိမ်ခံ ပြန်ထွက် မူးယစ်ပြန်လုပ် နဲ့ သံသရာ လည်နေတာပါ ။ ဆိုလိုတာက မူးယစ်တွေ အခု ပြစ်ဒဏ်ကို မကြောက်တော့ပါဘူး ။

မူးယစ်သာမကပါဘူး သူခိုး ဒါးပြ ဘယ်သူမှ လက်ရှိ ပြစ်ဒဏ်တွေကို မကြောက်တော့ပါဘူး ။.ထောင်ဆိုတာ ကြောက်အောင် ခြောက်ပြရတာပါ ။ အခုတော့ တခါတခါ ပျော်စရာတောင်ကောင်းနေသေးတယ် ။.ငွေ သုံးနိုင်သူဆို ပြောစရာမလိုအောင် ဇိမ်ကျနေတာပါ ။

မိမိသိခဲ့ရတဲ့ ဗဟုသုတ နဲ့ မူးယစ်ကိစ္စ အန္တရာယ်ကို တွေးဆမိသလို တင်ပြလိုက်တာပါ ။

ကိုရွှေမျိုးဝင်း

22.5k 1 61 59 1.9k

"အခုပဲ စဉ်းစားကြည့်လေ ပြောတော့ ဒီမိုကရေစီတဲ့ ၊ လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်တဲ့ ၊ လွတ်လပ်စွာ ရေးသား ပြောဆိုခွင့် တဲ့ ကဲ သူတို့ဘက်မပါတာနဲ့ သတ်ဖြတ်နေတဲ့ လူတွေရဲ့ ကြွေးကြော်သံ နဲ့ လုပ်ရပ် တထပ်တည်း ကျမကျ တွေးကြည့်ပေါ့ကွာ ''

"အဲဒါတော့ လက်တွေ့ပဲ ဦးလေးရေ"

"ဒါကို ပြောတာလေကွာ အာဏာနဲ့ပါတ်သက်လာရင် ပြည်သူတွေ ဘယ်လောက်သေသေ ရင်းနေမှာပဲ သားသမီးတောင် ရင်းခဲ့တဲ့ လူတွေကွာ လူလို့တောင် သတ်မှတ်ဖို့ ခက်ခဲတဲ့ နိုင်ငံရေးသမား ကွ"

"ကဲ ဦးလေးစိုးရော ဦးလေးမျိုးရော ကျေးဇူးတင်ပါတယ် ဗဟုသုတတွေ ရခဲ့လို့ပါ"

"အေးပါဗျာ နောက်ကြုံလည်း လာခဲ့ကြပါ "

။ ။ ပို့စ် အဟောင်းလေး တွေ့လို့ အနည်းငယ်ပြင်ပြီး ထပ်တင်လိုက်ပါတယ် ။

ကိုရွှေမျိုးဝင်း

39.5k 2 105 28 1.8k

အခုမှ လိမ်တယ်ထင်နေကြသလား ?
=============================

NLD ပါတီ လိမ်ညာနေတာ ဖုံးဖိမရအောင် ပေါ်လွင်လာခဲ့တာ ၉ နှစ်နီးပါး ရှိပြီဖြစ်လို့ ပြည်သူတွေ အတော်များများ သိလာကြပါပြီ ။ တောတွေး တောင်တွေး တွေးနေတုန်း ကိုစိုးတယောက် အသက် ၂၀ အရွယ်လောက် ချာတိတ် ၃ ဦး နဲ့ အိမ်ရောက်လာပါတယ် ။

ဧည့်သည်ကလေးတွေ ပါလာတော့ လေကန်ရတော့မှာ သေချာနေလို့ လက်ဖက်သုပ် နဲ့ ရေနွေးကြမ်း အသင့်ရှိနေတာလေး နဲ့ ဧည့်ခံရင်း စကားစမြီ ပြောဖြစ်ကြပါတယ် ။

"ငမျိုးရေ ဒါ ငါ့တူ နဲ့ သူ့သူငယ်ချင်းလေးတွေပဲ ကွ ဒုတိယ နှစ် အူကြောင်ကြားလေးတွေ ပေါ့ကွာ"

"ဟဲ ဟဲ ကိုစိုးက လုပ်ပြီ ဘာလဲ အရောင်စွန်းနေကြလို့ လား "

"စွန်း လု လု ပဲကွ မေးသာကြည့်"

"အင်းးးးဒါ နဲ့ ငါ့တူတို့က ကိုကြီးစိုး နဲ့ ဘာတွေ ငြင်းခုန်ကြပြီး ဒီအထိ ပါလာကြတာလဲ ကွ"

"ကဲ ငါ့ကို မေးတဲ့ဟာတွေ သူ့ကို မေးကြည့်ကွ ဒီကောင်က မိန်းမ လုပ်စာ ထိုင်စားပြီး စာပဲ ဖတ်နေတဲ့ကောင် သူဖြေပေးလိမ့်မယ်"

"ဟုတ်ကဲ့ ၈၈ တုန်းက ကျောင်းသားတွေ အရေးအခင်း စတင်ခဲ့ကြတာ ဟုတ်သလား ဗျ "

"မှန်တယ်ကွ မဆလ ခေတ်မှာ ဘယ်သူမှ နိုင်ငံရေး မလုပ်ရဲကြဖူး အခု ရဲရဲတောက် လုပ်ပြနေတဲ့ စာရေးဆရာတွေ ၊ ခေါင်းဆောင်ကြီးတွေ နားရွက်တောင် မခတ်ရဲကြဘူး ဒေါ်စုကြည်ဆို ကျမက နိုင်ငံရေး မလုပ်ပါဘူးလို့တောင် အင်တာဗျူးမှာ ဖြေခဲ့သေးတယ်"

"ဒါဆိုရင် ဘာဖြစ်လို့ ပြည်သူတွေ ပါလာရတာလည်း"

"လိမ်ညာသွေးထိုးနေတာ တချက် ၊ ခြိမ်းခြောက်ပြီး သပိတ်အင်အားကို များပြားလာအောင် ခေါ်နေကြတာ တချက် ၊ မဆလ ပါတီကိုက တုန့်ပြန်မှု နှိမ်နင်းမှု မပြုလုပ်တော့ပဲ ပြုပြင်ပြောင်းလဲဖို့ ဆုံးဖြတ်ပြီးနေတာ တချက်ကြောင့်ပဲ ကွ"

"ဒေါက်တာမောင်မောင် မိန့်ခွန်းတို့ ၊ ဝန်ထမ်းတွေ သပိတ်ထဲ လိုက်ဖို့ အတင်းခေါ်တာတို့ ကို လေ့လာကြည့်ပြီး သိသင့်သလောက်တော့ သိပါတယ် ဒါပေမယ့် လိမ်ညာသွေးထိုးတယ် ဆိုတာ က...?

"အေးကွ မဆလ ခေတ်မှာ လုံထိန်းတွေက ကျောင်းသူတွေကို မုဒိန်းကျင့်တယ် ဆိုတဲ့ သတင်းထွက်လာတယ် ကွ "

"ဟုတ်ကဲ့ "

"အဲဒီနောက် BBC ကနေ အေးငြိမ်းသူဆိုတဲ့ ကျောင်းသူလေးဟာ ကိုယ်တိုင်မုဒိန်းကျင့်ခံရသူပါဆိုပြီး အင်တာဗျူး လွှင့်ပေးလိုက်တယ် ကွ"

"အဲဒီတော့ .....?

"အဲဒီအချိန်က ယဉ်ကျေးမှုကို အရမ်းတန်ဖိုးထားကြတဲ့ မြန်မာတွေအတွက် မုဒိန်းမှုဆိုတာ တနှစ်မှ တခါ နှစ်ခါ ကြားရခဲတဲ့ အလွန်ယုတ်မာတဲ့ အမှု မျိုးကွ ဒါကိုအစိုးရရဲ့ လုံထိန်းတွေက ကျူးလွန်တယ်ဆိုတော့ အားလုံး ထိမ်းမရတော့ပဲ အုံကြွလာခဲ့ကြတော့တာပဲ"

"ငမျိုးရေ လူသိများကြော်ကြားတဲ့ ကောင်မလေး အဖေ ကိုယ်တိုင် သူ့သမီးလေးကို လုံထိန်းတွေ မုဒိန်းကျင့်ခဲ့တာ အမှန်ပါပဲ ဆိုပြီး ထွက်ပြောလို့ ပိုဆိုးခဲ့တာလည်း ထည့်ပြောအုံး ကွ"

"သြော် တရားခံက လုံထိန်းတွေကိုး"

"မဟုတ်ဖူးကွ ဒီဖြစ်စဉ်အတွက် ပြန်ပြီး စစ်ဆေးတော့ လိမ်ညာထားတာ ပေါ်ပေါက်လာတယ် "

"ဟင် ဘယ်လို လိမ်ခဲ့တာလဲ?

"BBC အင်တာဗျူးကို စီစဉ်ပေးခဲ့တာက အခု ဖြိုးမင်းသိန်းယောက္ဖ ဌေးကြွယ် ဆိုတဲ့ ၈၈ ကျောင်းသားကွ "

"သြော် ဌေးကြွယ်က အဲဒီအမှုနဲ့ ထောင်ကျတာပေါ့ "

"ဟုတ်တယ် အေးငြိမ်းသူကတော့ ဝန်ခံပါတယ် ကျမ ဘာမှ မသိပါဘူး ကိုဌေးကြွယ်က အကူညီတောင်းလို့ရယ် အဖေက လုပ်ပေးလိုက်ဆိုလို့ လိမ်ညာပြောခဲ့မိတာပါတဲ့"

"ဟုတ်လို့လား ဗျာ ၈ ပူးတွေက အဲသလောက် သိက္ခာမဲ့သလား ဗျ "

"အေးငြိမ်းသူအဖေက ဘယ်သူဆိုတာ သိရင် မင်းတို့ ပိုပြီး အံ့သြသွားမယ်"

"ဘယ်သူလဲ ဗျ"

"NLD ရဲ့ ခေါင်းကိုင်တဦး ရုပ်ရှင်သရုပ်ဆောင် ဦးအောင်လွင်ပဲကွ"

"ဗျာ သမီးအရင်းကို နာမည်ဖျက်ပြီး နိုင်ငံရေး အောက်လုံးထိုးခဲ့တာ ဦးအောင်လွင်လားဗျာ"

"အေးကွ သူက ၈၈ မှာ သူ့သမီးလေးကို လုံထိန်းတွေက ဝိုင်းပြီး မုဒိန်းကျင့်ခဲ့တာ အမှန်ပါလို့ အင်တာဗျူး ခဲ့တယ်နော် ဟော ၉၀ ခုနှစ် ကျော်တော့ အမှုမှန် ပေါ်လာပြီ"

"သူဘာပြောသေးလဲ ဗျ "

"ပြောတယ်ကွ ခင်ဗျားဘာဖြစ်လို့ သမီးအရင်းကို နာမည်ဖျက်ပြီး ဆူပူအောင်လုပ်ခဲ့ရသလဲ ဆိုတော့ ဒါ နိုင်ငံရေး လုပ်နေတာလေ ဆိုပြီး မျက်နှာပြောင်တိုက်ခဲ့တယ် ငါ့တူတို့ရေ "

"ဟူးးးး အံ့သြစရာတွေပဲ ဗျာ ဒါနဲ့ ဦးတို့ ပြောနေတာတွေကရော အမှန်တရားတွေလား ဗျ "

"အင်းးးး ဦးအောင်လွင် ၊ ဌေးကြွယ် ၊ အေးငြိမ်းသူ နဲ့ အမှုစစ်ဆေးခဲ့ရတဲ့ တာဝန်ရှိသူတွေ မသေကြသေးဖူး ကွ မေးကြည့်ပေါ့ကွာ မမှန်ဖူးထင်ရင်လည်း ဒီဘိတ်လုပ်လို့ ရပါတယ်"

"ကဲ ငမျိုး ငါ့တူတွေက နိုင်ငံရေး ပိုးဝင်စပြုနေပြီ မင်းဖက်က သတိပေးသင့်တာ ပေးလိုက်အုံး အဲဒါ ပြောစေချင်လို့ ခေါ်လာတာ ကွ"

"အင်းး မင်းတို့ အခုပြောတဲ့ အထဲက သင်ခန်းစာ ယူကြည့်လေ ဦးအောင်လွင်လို နိုင်ငံသိ မင်းသားတယောက်က နိုင်ငံရေး ရည်မှန်းချက်အတွက် သမီးအရင်းရဲ့ ဘဝကိုတောင် ချနင်းဖို့ ဝန်မလေးခဲ့တာ တွေ့တယ်မဟုတ်လား ? "

"တွေ့တာပေါ့ ဗျာ ရှင်းနေတာပဲ "

"အဲဒါကြောင့် နိုင်ငံရေးသမားတွေဆိုတာ ကိုယ့်ကိုကိုယ်က လွဲရင် ဘယ်သူ့မှ မချစ်ဖူး ၊ သား သမီးတောင် ချရင်းရဲရင် ဘယ်သူ့မဆို ချနင်းမှာပဲ ဆိုတာ မှတ်ထားကွ"

"ဟုတ်ကဲ့ ဒါပဲလား ဗျ "

"သား သမီး အရင်းတွေတောင် မချစ်တဲ့ နိုင်ငံရေးသမားတွေပါးစပ်က ကျနော် / ကျမ တို့က ပြည်သူတွေကို ချစ်ပါတယ် ဆိုတာ 100 % လိမ်ပြောနေတာလို့ မှတ်သွား"

"ဟုတ်တယ်နော် ဦးလေး"

36.9k 2 132 14 1.3k

အတွင်းသန္တာန် သရုပ်မှန်ဖို့
======================

မနေ့က မင်းသားကြီး တဦးဆီကို အလည်အပတ်သွားခဲ့ပါတယ် ။ သူ့ဆီမှာ ကိုယ့်ရှေ့က ရောက်နေတဲ့ လူတယောက်လည်း ရှိပါတယ် ။ တချိန်က ဇိုးအဖြစ် နာမည်ကြီးခဲ့တဲ့ လူတယောက်ပါပဲ ။

ရုပ်ရှင်မင်းသမီး တဦးရဲ့ ယောကျာ်းပါပဲ ။ သူနဲ့ မင်းသားကြီးတို့ ပြောနေတဲ့ ကိစ္စကို ကိုယ်က ဘေးကနေပြီး နားထောင်နေပါတယ် ။

စီးပွားရေး လုပ်ငန်း ဂွင် ကိစ္စအတွက် အများပြည်သူ မထိခိုက်ဖို့ ၊ ဥပဒေနဲ့အညီ လုပ်ကြဖို့ တိုင်ပင်နေကြတာပါ ။ နောက်ပြီးမှတ်မှတ်သားသား ဖြစ်ရမယ့် စကားတခွန်းလည်း ကြားခဲ့ရပြန်ပါတယ် ။

ဇိုးကြီး ဆိုးသွမ်း ရိုက်နှက်နေတဲ့ ကာလတုန်းက သူလေးစားတဲ့ လူတယောက်က ဆုံးမသတဲ့ ။ မင်း သည်းမခံနိုင်တာကို သည်းခံကြည့်ပါ ပြီးသွားရင် အရမ်း အရသာ ရှိလိမ့်မယ် တဲ့ ။

တနေ့ အဲဒီဇိုးကြီးလည်း သူ သည်းမခံနိုင်တဲ့ စော်ကားမှုနဲ့ ကြုံလာတော့ ထုံးစံအတိုင် ခုတ်မယ် ထစ်မယ် ပါးပါးလှီးမယ်ဆိုပြီး ထွက်လာပါရော ။ လမ်းတဝက်လောက်အရောက်........

'' မင်း သည်းမခံနိုင်တာကို သည်းခံကြည့်ပါ ပြီးသွားရင် အရမ်းအရသာ ရှိတယ် ''

ဆိုတဲ့ စကားကို ရုတ်တရက် ပြန်သတိရလာပြီး ဒေါသကို ဇွတ်မြိုချပြီး အိမ်ပြန်အိပ်နေသတဲ့ ။ ပြီးသွားတော့ တကယ့်ကို အမြှိုက်အရသာ ရှိမှန်း သိသွားရသတဲ့ ။

အဲဒီ စကားကို သူကိုယ်တိုင်ပြန်ပြောပြနေတာနော် ။ ကျနော်လည်း ဘေးက နားထောင်ရင်း သူတို့ နဲ့ ပတ်သပ်တဲ့ အသိတွေ မျှဝေချင်လာပါတယ် ။

နာမည်ကြီး ရုပ်ရှင်မင်းသမီး ယောကျာ်း နာမည်ကျော် ဇိုးတယောက်က သည်းခံခြင်း အရသာ ပြောသွားတာရယ် ၊ ငွေရှာတဲ့နေရာ အများပြည်သူ မထိခိုက်ဖို့ ၊ ဥပဒေ လိုက်နာကြဖို့ ပြောသွားတာရယ်ဟာ ကိုယ်တိုင် မကြားရရင် ယုံနိုင်ဖွယ်မရှိပါဘူး ။

ဘယ်လိုလူပဲ ဖြစ်ဖြစ် တိုင်းပြည်ချစ်စိတ် နဲ့ လူလိုသိတဲ့ စာနာစိတ်လေးသာ တကယ်ရင်ထဲ ရှိသွားမယ်ဆိုရင် အဲဒီ ဇိုးကြီးလို အကောင်းဘက် ရွေ့သွားမှာပါပဲ ။


လူလို မသိရင်တော့ တရားသူကြီးကလည်း လာဘ်စားမှာပဲ ၊ ရပ်ကျေး / မြို့နယ် ထွေအုပ်တွေကလည်း ပြည်သူကို ရတဲ့အပေါက်က ဒုက္ခပေးနေမှာပဲ ၊ ဘယ်လို ဝန်ထမ်း ဖြစ်ပါစေ ပြည်သူကို ဒုက္ခပေး နေကြမှာပါပဲ ။

ငယ်ငယ်တုန်းတုန်းကပေါ့ဗျာ မြင်းခြံက ရှုမဝ သံရည်ကျိုစက်က ဦးအေးမောင် ဆိုတာ ရှိတယ်ဗျ ။ သူပြောခဲ့ဖူးတာလေး သတိရလာပါတယ် ။

'' ဟေ့ကောင် မင်း သန္တာန် ဆိုတာ သိလား ကွ ''

'' မသိဘူး ဗျ သဏ္ဌန် ပဲ သိတယ်''

'' အေး သဏ္ဌန် ဆိုတာက လေးထောင့် အဝိုင်း ပိန်တယ် ဝတယ် အစရှိတဲ့ ရည်ညွှန်းဖော်ပြစရာ အသွင်ရှိတာမျိုးကို ပြောတာကွ ''

'' ဟုတ်ကဲ့ ဒါဆို သန္တာန် က ''

'' သူက အတွင်းစိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ ပုံသဏ္ဌန် နှိုင်းစရာမရှိတဲ့ စိတ်ကို ပြောတာကွ ''
( ဦးအေးမောင် ပြောခဲ့တာကို ပြန်ရေးပြတာပါ တရားကျွမ်းကြင်သူ မဟုတ်လို့ မှားနေလည်း မန့် မှာ ပြင်ဆင်ပေးကြပါဗျာ)

အဲလို ဆိုတော့ ကျနော်တို့က အပြင် သဏ္ဌန် ကြည့်ပြီး သူက တရာသူကြီး ၊ သူက ရဲ ဒီတော့ တရားမျှတတာပဲ လုပ်မှာပါ လို့ သတ်မှတ်ကြရမှာလား ၊ ဒီလူက လူဆိုး မဟုတ်တာ လုပ်မယ့်သူလို့ သတ်မှတ်ကြရမှာလား သို့တည်းမဟုတ်....... လူဆိုး လူကောင်း သတ်မှတ်ဖို့ အတွက်......

အမှန်တကယ် လုပ်ဆောင်နေတဲ့ လုပ်ရပ်တို့ရဲ့ တွန်းအားဖြစ်တဲ့ အတွင်း သန္တာန် ကိုပဲကြည့်ပြီး ဆုံးဖြတ်ကြရမလားဆိုတာ မစဥ်းစားတတ်တော့လို့ မေးကြည့်တာပါ ။

ကိုရွှေမျိုးဝင်း

21.2k 1 36 58 2.1k

ထောင်ချောက် သတိပြုဖို့
=======================

ဒီနေ့ထိ ကိုအောင်မင်း နဲ့ ကိုဘုန်းပြဿနာ မပြီးနိုင် မစီးနိုင် ဖြစ်နေတယ် ။ မင်းမင်း အသတ်ခံရတာ ကိုအောင်မင်း နဲ့ ပါတ်သပ်နိုင်တယ် ဘာညာ နဲ့ မဖြစ်နိုင်တာကို ပုံကြီးချဲ့ တိုက်ခိုက်တဲ့ အထိ တွေ့လာရတယ် ။

ဖုန်းနံပါတ် ရှိနေတဲ့ ကိုအောင်မင်းကို ဆက်သွယ်ပြီး ခင်ဗျား ကိုမုတ်ဆိတ်ကို အဲလို ခြိမ်းခြောက်တယ်ဆို ဟုတ်လားလို့ ပဲ ဗြောင်မေးလိုက်တယ် ။ မဟုတ်ပါဘူးတဲ့ နှုတ်ဆက်လို့ သူကတောင် မင်းကို အမျိုးသားရေး သမားတွေက သတ်ချင်နေတာများနေပြီ သတိထားလို့ ပြောသွားသတဲ့ ။ ( ဒါက ကိုအောင်မင်း နှုတ်က အပြောပေါ့ ဗျာ)

ခင်ဗျားက ရိတတ်လို့ ပြောချင်ပြောမှာ မယုံဘူး ဆိုတော့ မပြောပါဘူး လို့ ထပ်ပြောတယ် ။ ကိုဘုန်းကို ရိတာလည်း မလုပ်သင့်ကြောင်း ပြောလိုက်ပါတယ် ။ ကိုမုတ်ဆိတ် နဲ့ ကိုအောင်မင်းက နောက်ကြောင်းလေးတွေ ရှိတယ် ။ ဘယ်သူမှန်လဲ မသိဘူး မေးလည်း သူများမကောင်း ကိုယ်ကောင်းကြောင်းပဲ ပြောနေကြမှာ သေချာတယ် ။

သေချာတာက ကိုမုတ်ဆိတ်သည် ကိုအောင်မင်းကို အခွင့်ရတိုင်း တိုက်ခိုက်လေ့ရှိတယ် ။ ဒီဖြစ်စဥ်မှီပြီး ၂ ဖက်ဖြစ်နေကြတာတော့ မကောင်းဘူးဗျ ။

ကိုဘုန်းသည် မြေပြင်က အရှိတရားတွေကို သတ္တိရှိရှိ ထုတ်ဖော်နေတဲ့ လူတယောက်ဖြစ်ပါတယ် ။ အောက်ခြေရဲဘော်တွေ နဲ့ ပြည်သူတွေ အတွက် နိုင်ငံတော်အဆင့် နားပေါက်တဲ့ သူတဦးပါ ။ သူမရှိရင် အမှန်တရားတွေ ပျောက်ကွယ်ပြီး မိစ္ဆာတွေ ပျော်ကြပါလိမ့်မယ် ။

ဒီလိုပါပဲ ကိုအောင်မင်းရဲ့ NLD လက်ထက်က ပြုလုပ်ခဲ့တဲ့ ခမ်းနားတဲ့ မီဒီယာသမိုင်းကြောင်းက မေ့မရပါဘူး ။ လက်ရှိအနေအထားမှာလည်း တကယ့်ကို ပရိုပီသစွာ မီဒီယာတိုက်စစ်ကစားနေတာပါ ။

သူက ကျနော်တို့လို စိတ်ထဲခံစားရသမျှ တင်ပြနိုင်တဲ့ အနေအထား မဟုတ်ပါဘူး ။ သူ့ရပ်တည်ချက် အရ အကောင်းဆုံး တိုင်းပြည်အတွက် လုပ်နေသူပါ ။ နိုင်ငံတကာ သတင်းတွေ နဲ့ မြန်မာ့နိုင်ငံရေးကို ချိတ်ဆက် သုံးသပ်ပြထားတာ အရမ်းကောင်းပါတယ် ။

အများက အားမရဖြစ်နေတဲ့ အောင်မြင်မှု မပြနိုင်သေးသော နစက ကစားကွက်တွေကို သုံးသပ်ပြနေတာကို ရန်သူကအစ တလေးတစား မှတ်နေကြတာပါ ။ ဒီဖက်ကတော့ စိတ်ပျက်စရာ ရလာဒ်ကြည့်ပြီး သတိပြုမိသူ နည်းပါလိမ့်မယ် ။


ဘာပဲပြောပြော သူ့လို ခြုံငုံသုံးနိုင်စွမ်း ရှိသူ အင်မတန်နည်းပါးလှပါတယ် ။ သူက တချက်တချက် ဖောက်ပြီး ကလိတိတိ ရိတိတိ ပြောနေတာတော့ အတော်ဆိုးပါတယ် ။

ကိုဘုန်းလိုလူ မရှိရင် အများပြည်သူ နဲ့ သာမန်စစ်သည်တွေ နစ်နာမယ်လို့ ယုံကြည်ပါတယ် ။ သူ့အလုပ်ကို ကိုအောင်မင်း မလုပ်နိုင်ပါဘူး ။

ကိုအောင်မင်း မရှိရင် အစိုးရအတွက် များစွာနစ်နာပါ့မယ် ။ သူ့အလုပ်ကို ကိုဘုန်း မလုပ်နိုင်ပါဘူး ။ သူ့လို နိုင်ငံရေး မီဒီယာပညာမျိုးက နေ့ခြင်းညခြင်း သင်ယူတတ်မြောက်နိုင်တဲ့ ပညာမဟုတ်ပါဘူး ။ နှစ်ပေါင်းများစွာ လေ့လာဆည်ပူး ဖြည့်ဆည်းခဲ့မှ ရှိနိုင်တာမျိုးပါ ။

ဒီတော့ တိုင်းပြည်အတွက် ၂ ယောက်လုံး အရေးကြီးပြီး အဖိုးတန်ပါတယ် ။ ကိုမုတ်ဆိတ်ကို ပြောသည် ဖြစ်စေ မပြောသည် မင်းမင်း ပြဿနာမှာ ကိုအောင်မင်း မပါနိုင်တာ သိပါရက်နဲ့ မဆီမဆိုင် စွပ်စွဲနေတာတွေ ရပ်သင့်ပြီလို့ မေတ္တာရပ်ခံပါတယ် ။

ကိုအောင်မင်း အနေနဲ့လည်း ကလိတာ ရိတာတွေကို ရန်သူအစစ်အတွက်ပဲ ထားလိုက်ပါလို့ မေတ္တာရပ်ခံချင်ပါတယ် ။ ခင်ဗျားတို့ ၂ ယောက်လုံးကို တိုင်းပြည်အတွက် လိုအပ်နေပါတယ်လို့ ထပ်မံ သတိပြုမိစေလိုပါတယ် ။

ကိုရွှေမျိုးဝင်း

26.9k 2 48 111 2.6k

ဗျူဟာ နဲ့ စေတနာ ဟူသည်
========================

'' အဘ ကျနော်တို့ကို ရေပဲ ရအောင် ပို့ပေးပါ ခင်ဗျ စခန်းမကျစေရပါဘူး ''

အရေးပေါ်စက်ထဲက တောင်းဆိုမှုတခု မြန်မာ့တပ်မတော် စစ်ရုံးချုပ်ဆီကို ရောက်လာပါတယ် ။

ဖြစ်နေတာက ရှမ်းမြောက် ရှေ့တန်းတနေရာရှိ မိမိ၏ ရဲဘော် ၃၀ ရှိသော စခန်းအား ရန်သူမှ ပိတ်ဆို့ ချေမှုံးနေသောနေရာ ။ မိမိအင်အား ၃၀ ကို ရာပေါင်းများစွာ ပိတ်ဆို့ချေမှုံးနေသော ရက်ပေါင်း ၈ ရက်အကြာဖြစ်ပါတယ် ။

ဦးနေဝင်းက လေတပ်ဦးစီးချုပ် သာမက လေယာဥ်မှူး အရာရှိတွေကိုပါ ချက်ခြင်းခေါ်ပါတယ် ။ အားလုံးကို မြေပုံညွှန်းပြပါတယ် ။

'' အေး ဒီနေရာမှာ ငါတို့ ရဲဘော် ၃၀ အတိုက်ခံနေရတာ ၈ ရက်ရှိပြီ ။ မြေပြင်က ဖြတ်တောက်ထားလို့ တိုးနေပေမယ့် မရသေးဘူး ။ မင်းတို့ အဲဒီ စခန်းဆီကို ရေခဲတုံးတွေ ရအောင်ချပေး မရရင် လေယာဥ်တွေ ပြန်ဆင်းမလာနဲ့ ကြိုက်တဲ့နည်းသုံး လိုသလောက်လေယာဥ်သုံး ဒါပဲ ''

လေယာဥ်မှူးတွေလည်း ရေခဲတုံးတွေ စပါးခွံနဲ့ အိတ်တွေထဲ ထည့်ပြီး ဒါကိုတာ လေယာဥ်အစုတ်လေးတွနဲ့ စခန်းထဲ မကျမခြင်း ချပေးရပါတယ် ။ စခန်းဆီက ရေခဲတွေ ရပါပြီလို့ စက်ပေါက်လာမှ သက်ပြင်းချနိုင်ခဲ့ကြသတဲ့ ။

နောက်တနေ့ ကြည်းတပ် လေတပ် အရာရှိတွေ ထပ်ခေါ်တယ် ။ မြေပုံပြပြီး စခန်းဝန်းကျင်က ရွာတွေကို ပြတယ် ။
'' ရန်သူ့အင်အားက ဒီနေရာတွေ အခြေပြုပြီး တိုက်နေတာ အဲဒီနေရာတွေ လေတပ်က ဗုံးကြဲ ပြီးတော့ စခန်းဆီ တိုးမရတဲ့ စစ်ကြောင်းတွေ အဲဒီ ရန်သူအခြေပြုရွာတွေ တိုက်ခိုင်းလိုက် ''

ဗျူဟာအရ ရန်သူတွေဟာ ရှေ့က စခန်း မဲတိုက်နေတာ မရသေးပဲ နောက်တန်းက သူတို့ သောက်မျိုးတွေ အတိုက်ံခံရတာနဲ့ စိတ်ဓာတ်ကျပြီး နောက်ကျောမလုံ ဖြစ်ကာ ဆုတ်ခွာသွားကြရသတဲ့ ။

ဗျူဟာဆိုတာ ဒါမျိုး ၊ စေတနာဆိုတာဒါမျိုး....အတုခိုးဖို့လိုရင် အတုခိုး...

(ရခိုင်မှာ AA ထက် PDF တွေရဲ့ ပူးပေါင်းအင်အားက များနေတာ ။ ပဒက်ရွာတွေ အခုဝင်တိုက်ကြပါ ။ စစ်တိုင်းမှူးတွေ ငါ့မတိုက်ပြီးရော လုပ်မနေပါနဲ့)

ကိုရွှေမျိုးဝင်း

58.9k 6 144 137 2.4k
20 last posts shown.