ကိုယ်ရည် ကိုယ်သွေး
==================
မျက်မှောက်ကာလ အတွက် စစ်သည်တော်တို့ရဲ့ စိတ်ဓာတ်ကောင်းဆိုတာကို ပထမဆုံး နမူနာပြရမှာက တောင်ခမ်း ပါပဲ ။ အောင်စိတ်နဲ့ တက်ကြွနေတဲ့ ရန်သူရဲ့ အလုံးအရင်းနဲ့ အပြင်းထန်ဆုံး ထိုးစစ်ဆင်နွဲနေမှုဟာ ဘယ်လောက် အန္တရာယ်များသလဲ ဆိုတာ မှန်းဆကြည့်လို့ ရပါတယ် ။
နမခ လို တိုင်းစစ်ဌာနချုပ်ကြီးကို တလ နဲ့ တိုက်ယူပြခဲ့တဲ့ သူပုန်တို့ရဲ့ အောင်စိတ်အမြင့်ဆုံးအချိန်မှာ တောင်ခမ်းလို တပ်မျိုးအတွက် မျှော်လင့်ချက်အင်အား နည်းပါးခဲ့ကြရပါတယ် ။
သို့သော် မမြင်ရတာ ကြာပြီဖြစ်တဲ့ မြန်မာ့တပ်မတော်ရဲ့ မာကျောတဲ့ ခံစစ် အစစ်အမှန်ကို တောင်ခမ်းစစ်သည်တို့ ပြသနိုင်ခဲ့ပါတယ် ။ ပစ်ကူ နဲ့ ထောက်ပံ့မှု ထိရောက်သလို စစ်သည်တို့ရဲ့ စိတ်ဓာတ် နဲ့ အရည်အချင်းကလည်း လေးစားလောက်တဲ့ အချက်က အဓိက ကျပါတယ် ။
နောက် အနမ်းကွင်းဗျူဟာ ကိုလည်း ရန်သူတွေ သာလွန်အင်အားနဲ့ အဆက်မပျက် တိုက်ခိုက်နေပေမယ့် ကာစစ်အတွက် စနစ်တကျ ပြင်ဆင်ထားနိုင်ခဲ့တဲ့ အကျိုးကျေးဇူး ၊ စစ်သည်တို့ရဲ့ သူရဲကောင်းပီသမှု ၊ ကွန်မန်ဒါတို့ရဲ့ မှန်ကန်သော ဦးဆောင်မှုများကြောင့် ယနေ့တိုင် ပန်းပန်လျှက်ပါပဲ ။
နောက်ထပ် နှမျှောစရာကောင်းလှတဲ့ စွယ်တော်ကုန်း နဲ့ နခခ ၅ က စစ်သည်တော်တွေရဲ့ ရဲစွမ်းသတ္တိကလည်း ပြောစရာမလိုအောင် ပြည့်စုံလှပါတယ် ။ သူတို့ ကျဆုံးရမှုကတော့ စစ်သည် ရဲမက် တို့ရဲ့ အရည်အချင်း နဲ့ သူရသတ္တိတို့ကြောင့် မဟုတ်ပဲ ဆိုင်ရာ ကွန်မန်ဒါတို့ရဲ့ စီမံအုပ်ချုပ် ထောက်ပံ့မှု ညံ့ဖျင်းလို့ ဆိုတာ အဖြေက ရှင်းနေပါတယ် ။
တကယ်တန်းကျတော့ မိုးထဲရေထဲမှာ မိမိအသက်ကို ကာကွယ်နိုင်ဖို့ ဆိုတာ မိမိတို့ သင်ယူလေ့ကျင့်ခဲ့ရတဲ့ စစ်ရေး သင်ခန်းစာများအား မိမိတို့ရဲ့ ပင်ကိုယ်ဥာဏ်နဲ့ ထိုးထွင်းပေါင်းစပ် စစ်ကစားတတ်ဖို့ လိုအပ်ပါတယ် ။
ပုလဲမြို့တိုက်ပွဲကို ကြည့်ပါ မိမိရဲ့ ဆယ်ဂဏန်းမျှသော အင်အားနဲ့ သတ္တိရှိရှိ တောင့်ခံတိုက်ခိုက်မှုရဲ့ မာကျောသိပ်သည်းမှုကို ရန်သူ ရာပေါင်းများစွာ ဝင်ဆောင့်လို့ မရတာ မြင်သာလှပါတယ် ။
ဒီလိုကာလများမှာ မိမိစခန်း ဒရော့ဗုံးဒဏ် ခံနိုင်ရည်မြှင့်တင်ထားဖို့ ၊ ဘန်ကာတု တူးမြောင်းတု ကောက်ရိုးစစ်သည်တော်အတုများနဲ့ လှည့်စားထားကြဖို့ ၊ ဆက်သွယ်မြောင်းအစစ်ကို ဖုံးကွယ်ပုံဖျောက်ဖို့ အစရှိသဖြင့် ဥာဏ်ကစားပြီး တိုက်တတ်ကြဖို့ လိုပါတယ် ။
သေနတ်သံ မကြားရသေးဘူး လေယာဥ်ပျံလာပါ ကုန်းအော်နေကြတာလည်း မကောင်းတဲ့ လက္ခဏာတွေပါပဲ ။ ဂဏန်းပေါင်းစက် အားကိုးလွန်ပြီး ၂ အလီတောင် မေ့ကုန်တဲ့ လူညံ့တွေလို ဖြစ်နေပါလိမ့်မယ် ။
ချီစစ် တိုက်စစ် အတွက် သင်ခန်းစာတွေကို သတိရကြပါအုံး ။ မိမိတို့ လက်ထဲက ကိုင်ထားကြတာလည်း လူသေစေတဲ့ သေနတ်ပါပဲ ။ အနမ်းကွင်း ၊ တောင်ခမ်း ၊ စွယ်တော်ကုန်း ၊ နခခ ၅ တို့လို ကာလရှည် ခံစစ်ကစားနိုင်မှုကို နမူနာယူပြီး တိုက်ကြစမ်းပါ ရန်သူလည်း အသက်နဲ့မို့ သူတို့လည်း တကယ်မာရင် ကြောက်တတ်ပါတယ် ။
တခါက အလောင်းမင်းတရား တပ်တွေ မွန် ခံတပ်ကို သွားတိုက်ပါတယ် ။ ခုခံစစ်ကောင်းလို့ တပ်ပျက်ပြီး ပြန်ဆုတ်လာတယ် ။ အစီရင်ခံစာ ဘယ်လိုတင်ကြမလဲ ဆွေးနွေးတော့ တပ်မှူးငယ်တယောက်က အကြံပြုတယ် ။
ဘယ်လိုပဲ အစီရင်ခံစာ တင်ပါစေ မင်းတရားကြီးက ခွင့်လွှတ်မှာ မဟုတ်ဘူး ။ ပြီးတော့ ကျနော်တို့ ကြောက်လို့ ဆုတ်ခွာလာရသလို သူတို့လည်း ကြောက်နေမှာ သေချာတယ် ။ ဒီတော့ အခု တပ်တွေ ပြန်စုပြီး နောက်တကြိမ်တိုက်ရင် နိုင်ခြေရှိပါတယ် လို့ အကြံပြုတယ် ။
ဒါနဲ့ ပြန်စုပြီး ထပ်တိုက်တယ် ။ မွန်တွေလည်း ကြောက်ရှိန်နဲ့ ထွက်ပြေးကြလို့ အနိုင်ရခဲ့ဖူးပါတယ် ။ ပြောချင်တာက သတ္တိဆိုတာ မလျှော့တဲ့ ဇွဲ နဲ့ ပေါင်းလိုက်ရင် တန်ဖိုး အဆပေါင်းများစွာ ကြီးသွားတဲ့ သဘောရှိပါတယ် ။
ဆုံးရှုံးထားရတဲ့ အင်အားတွေကို ဖြည့်တင်းဖို့ အချိန်ယူရသလို စစ်ရေးတခုတည်း မဟုတ်တဲ့ စီးပွားရေး နိုင်ငံရေး ထိုးနှက်မှုတွေကို နည်းပေါင်းစုံနဲ့ ပြန်တိုက်နေရတာလည်း တွက်ဆကြည့်ရပါအုံးမယ် ။
ပြည်သူ့စစ်အင်အား သင်တန်းဆင်းပြီးတာ ၄၀၀၀၀ ကျော် အနည်းဆုံး ရှိနေပါပြီ ။ ပြုံးတီးအင်အား ၄၀၀ တောင် မရှိလောက်သေးပါဘူး ။ ဒီတော့ အင်အား ၄၀၀၀၀ လောက်သော တိုက်ခိုက်ရေး တပ်တွေဟာ လတ်ဆတ်ကြွပ်ရွနေတုန်းပါပဲ ။
သူတို့ကို ဘယ်မှာ ဘာလုပ်စေဖို့ ရည်ရွယ်ထားတာလဲ..... ? နစက သင်္ကြန်ယိမ်းအတွက် လေ့ကျင့်ပေးထားမဟုတ်ဖူးနော် ။
တပ်မတော်သားများ နဲ့ ရဲ တပ်ဖွဲ့ဝင်များ အနေနဲ့ မိမိတာဝန်ကျရာ စခန်းတွေကနေ ကြိုတင်ပြင်ဆင်မှု ကောင်းကောင်းပဲ လုပ်ထားကြပါ ။ မိမိရဲ့ ကိုယ်ရည်ကိုယ်သွေးများကို မြှင့်တင်ထားကြပါ ။ ကိုယ်ကြောက်သလို သူလည်းကြောက်နေတယ်ဆိုတာ အမြဲတမ်း သတိရပါစေ ။
မကြာခင်ကာလမှာ တပ်မတော်က လုပ်သင့်တာ လုပ်ရင်း ခုခံစစ်မှ တိုက်စစ်အသွင် မြင်တွေ့ရမှာ သေချာနေပါပြီ ။ စောင့်ကြည့်နေတာ ၄ နှစ်ရှိပြီ ဘာညာများလည်း လာမန့်ကြမှာပါ သေချာပါတယ် ။