#ဘယ်သူကစေတနာမမှန်တာလဲ
အစောဆုံးရွေးကောက်ပွဲကို
၂၀၂၅ ဒီဇင်ဘာ သို့မဟုတ်
၂၀၂၆ ဇန်နဝါရီမှာ လုပ်မယ်လို့
နစက ဥက္ကဌ က ဘီလာရုခရီးစ ဥ်
မှာ ထုတ်ပြောလိုက်ပြီ ။
သဘောကတော့ ရွေးကောက်ပွဲဟာ
နစက ရဲ့ အန္တိမ ရည်မှန်းချက် ။
မဖြစ် ဖြစ်အောင်လုပ်မယ် ။
တစ်ဖက်က NUG CRPH တို့
အုပ်စု ကလည်း ရွေးကောက်ပွဲ
ကို မဖြစ် ဖြစ်တဲ့ နည်းနဲ့ ရအောင်
ဖျက်မှာပဲ ။ ဒါက သူတို့ ရည်မှန်ချက်
ကိုး ။
ဆန့်ကျင်ဘက်များပီပီ နိုင်ငံရေး
ရည်မှန်းချက်တွေ ကလည်း ဆန့်ကျင်
နေကြတယ် ။
ဘာကြောင့် ရွေးကောက်ပွဲကို
ဒီလောက်ကြောက်သလဲ မေးရင်
တော့ နိုင်ငံတော် ကြီး Legitimacy
ဖြစ်သွားမှာ ကြောက်လို့ ။
သူတို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်ကိုက
ငါတို့ မနိုင်ရင် အကုန်ရှူံးရမယ် ဆိုတဲ့
Zero-sum game သီအိုရီကြီး ကို
ဆွဲကိုင်ထားလို့ ။
နစက ရဲ့ သဘောက လည်း ရှင်းတယ်။
မလွှဲသာလို့ သာ ဒီတာဝန်ယူထားရတာ။
Global Culture နဲ့ ကိုက်ညီတဲ့ နိုင်ငံရေး
စနစ် ကို မဖြစ်မနေ အကောင်ထည်ဖော်ဖို့
ရွေးကောက်ပွဲ ဟာ အသက်ပဲ ။
Technocrat တွေနဲ့ သွားနေရင် တိုင်းပြည်
ပိုနာမယ် ။ Democrat နဲ့ မဖြစ်မနေ
သွားမှ ဒါမှမဟုတ်ရင် Civil Culture
ဖြစ်မှသာ နိုင်ငံတကာ မှာ လူဝင်ဆန့်
လိမ့်မယ် ။
ဦးနေဝင်း ဦးသန်းရွှေ တို့ ခေတ်က
ပြဿနာ မရှိဘူး ။ကွန်မြူနစ် တစ္ဆေ
ခြောက်နေချိန်မို့ ကွန်မြူနစ် မဟုတ်
ရင်ပြီးရော ဘာစနစ်နဲ့ သွားသွား ပြဿနာ
မရှိဘူး ။
အခုခါ ကွန်မြူနစ်ကို ရန်သူလို့
သဘောမထားတော့ ဘဲ Technocrat
တွေ က ဦးတည် ပစ်မှတ်ဖြစ်လာနေ
လို့ အချိန်မီ ပြင်နိုင်အောင် ရွေးကောက်ပွဲ
လုပ်ပြီး ကမ္ဘာကြီးနဲ့ သဟဇာတ ဖြစ်
အောင်နေမယ် ။
တိုင်းပြည်ကောင်းရာ ကောင်းကျိုး
လုပ်နိုင်ဖို့ ရွေးကောက်ပွဲကို မဖြစ်မနေ
လုပ်မယ် ဆိုပြီး အစွမ်းကုန်အားထုတ်
နေပေမယ့် ဆန့်ကျင်ဘက် အုပ်စုကလည်
ဖျက်ဆီးရေး လမ်းစ ဥ်နဲ့ မရ ရအောင်
ဖြတ်နေတာမို့ ဘယ်သူက စေတနာမှန်ပြီး
ဘယ်သူက စေတနာ မမှန်သလဲ ဆိုတာ
တွေးသာကြည့်ပေတော့ ။
အောင်နိုင်သူ (ဇွဲကပင်)
https://youtube.com/@kyawswarkyawswar-jw8ru?si=vzs3Rcv0UMxoOlGwhttps://t.me/kyawswar49111