Posts filter


ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အားကစားသမားများနှင့် ပါဝင်ဆောင်ရွက်ခဲ့သည့်ဝန်ထမ်းများအား ဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၃

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အားကစားသမားများနှင့် ပါဝင်ဆောင်ရွက်ခဲ့သည့်ဝန်ထမ်းများအား ဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာနရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ၊ စက်မှုဝန်ကြီးဌာနကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သည့် အားကစားသမားများနှင့် ပါဝင်ဆောင်ရွက်ခဲ့သည့်ဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ကြီးဌာနအနေဖြင့် အလွတ်တန်းပိုက်ကျော်ခြင်း (အမျိုးသား) ပြိုင်ပွဲ၊ အလွတ်တန်းပြေးခုန်ပစ်ပြိုင်ပွဲ၊ ဂေါက်သီးရိုက်ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း၊ စက်မှုဝန်ကြီးဌာနကိုယ်စားပြု ပိုက်ကျော်ခြင်း (အမျိုးသား) အသင်းအနေဖြင့် နှစ်ယောက်တွဲ၊ သုံးယောက်တွဲနှင့် လေးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ၊ အလွတ်တန်းပြေးခုန်ပစ်ပြိုင်ပွဲများအနေဖြင့် သံလုံး/ သံပြားပစ်၊ တန်းကျော်၊ အပြေး၊ လမ်းလျှောက်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း၊ ဂေါက်သီးရိုက်ပြိုင်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်အတွက် ဝန်ကြီးဌာနအဆင့် အားကစားနည်း ခြောက်နည်းအနက်သုံးနည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့သည်ကို တွေ့ရှိရ မည်ဖြစ်ကြောင်း။

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များကိုထမ်းဆောင်ရာတွင် အားကစားကဏ္ဍသည် ပင်မတာဝန်မဟုတ်သော်လည်း ထိုက်သင့်သည့်အောင်မြင် မှုများရရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးကြ ရမည်ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံတော်အဆင့် အားကစားပြိုင်ပွဲများတွင် အားကစားနည်းအားလုံးကို ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရေးအတွက် ကြိုတင်ပြင်ဆင်ဆောင် ရွက်ထားကြရမည်ဖြစ်ကြောင်း၊ ဦးစီးဌာနလုပ်ငန်းများအနေဖြင့် တာဝန်ယူရသည့် အားကစားနည်း အလိုက် အောင်မြင်မှုများရရှိရေးအတွက်ထူးချွန်ပြီး အလားအလာရှိသည့် အားကစားသမားများကို စနစ် တကျရွေးချယ်၍ အချိန်ယူလေ့ကျင့် ပံ့ပိုးပေးခြင်းဖြင့် စက်မှုဝန်ကြီးဌာန၏ အားကစားကဏ္ဍ အောင်မြင် ထွန်းပေါက်စေရေး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ တာဝန်ယူဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း ပြောကြား သည်။

ထို့နောက် ဒုတိယဝန်ကြီးက နိုင်ငံတော်အဆင့် အားကစားပြိုင်ပွဲများတွင် စက်မှုဝန်ကြီးဌာနအနေ ဖြင့် အဆင့်အတန်းမီစွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ဦးစီးဌာနလုပ်ငန်းများအား အားကစားနည်းများ ခွဲဝေတာဝန် ပေးအပ်ထားရှိမှုအခြေအနေတို့ကို လည်းကောင်း၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစားနည်းအလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် တာဝန်ခံများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

https://t.me/myanmarnewspaper/160319

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd


ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အားကစားသမားများနှင့် ပါဝင်ဆောင်ရွက်ခဲ့သည့်ဝန်ထမ်းများအား ဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနား ကျင်းပ


ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီနန်းတော် ပြုပြင်ဆောင်ရွက်နေသည့် လုပ်ငန်းများကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၂၃

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်သည် ပဲခူးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေနှင့်အတူ ယနေ့တွင် ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီနန်းတော် ပြုပြင်ဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေးသည်။

ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ကမ္ဘောဇသာဒီနန်းတော်ရှိ မြန်မာမှုပန်းဆွဲများ၊ အမိုး၊ တိုင်၊ မျက်နှာကြက်၊ ကြမ်းခင်းပျက်စီးမှုတို့ကို ရှေးမူမပျက်ပြင်ဆင်ရာတွင် ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံဖြစ်၍ အရည်အသွေးပြည့်မီစေရေး၊ လက်ရာသေသပ်ကောင်းမွန်စေရေးဆောင်ရွက်ရန်၊ ပြုပြင်ဆောင်ရွက်ပြီးစီးပါက သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် နှစ်စဉ်ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ရန် တို့ကို မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Max Highway ကုမ္ပဏီက B.O.T စနစ်ဖြင့် ဆောင်ရွက် လျက်ရှိသော ရန်ကုန် - မန္တလေး ပြည်ထောင်စုလမ်းမ ကြီး (လမ်းဟောင်း) (ရန်ကုန် - ပဲခူး) လမ်းပိုင်းတွင် နိုင်လွန်ကတ္တရာ(AC) ခင်းခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး နိုင်လွန်ကတ္တရာ(AC) ခင်းရာတွင် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အရည်အသွေးပြည့်မီအောင်ဆောင်ရွက်ရန်၊ လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ခရီးသွားပြည်သူများ အန္တရာယ်ကင်းရှင်းစေရေး အထူးဂရုပြုဆောင်ရွက်ရန်တို့ကို မှာကြားသည်။

ယင်းနောက် ရန်ကုန် - မန္တလေး အမြန်လမ်း (ရန်ကုန် - နေပြည်တော်) လမ်းပိုင်းတွင် ဦးစားပေးအလိုက် နိုင်လွန်ကတ္တရာ (AC) ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု ၊ လမ်းလယ်ကျွန်းနှင့် လမ်းဘေးဝဲ/ယာတို့တွင် သန့်ရှင်းသပ်ရပ်စေရေး ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို မော်တော်ယာဉ်ဖြင့် လမ်းတစ်လျှောက်ကြည့်ရှုစစ်‌ဆေးပြီး တာဝန်ရှိသူ များအား လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

https://t.me/myanmarnewspaper/160317

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd


ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီနန်းတော် ပြုပြင်ဆောင်ရွက်နေသည့် လုပ်ငန်းများကြည့်ရှုစစ်ဆေး


ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ထေရဝါဒဗုဒ္ဓသာသနာပြုသြဝါဒါစရိယအဖွဲ့ထံမှ သြဝါဒခံယူ

ရန်ကုန် ဒီဇင်ဘာ ၂၃

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အမှတ်(၈)ရပ်ကွက်ရှိ ဇမ္ဗူသီရိဗိမာန်တော်၌ ကျင်းပသည့် ထေရဝါဒဗုဒ္ဓသာသနာပြုသြဝါဒါစရိယ အဖွဲ့ထံမှ သြဝါဒခံယူပွဲအခမ်းအနားသို့ တက်ရောက်ကြည်ညိုသည်။

အခမ်းအနားသို့ ထေရဝါဒဗုဒ္ဓသာသနာပြုသြဝါဒါစရိယအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နိုင်ငံတော်သြဝါဒါ စရိယ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တကုမာရအမှူးပြုသည့် ထေရဝါဒဗုဒ္ဓသာသနာပြု ဩဝါဒါစရိယအဖွဲ့ဆရာတော်ကြီး ၁၀ ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ထေရဝါဒဗုဒ္ဓသာသနာပြု သြဝါဒါစရိယအဖွဲ့ဥက္ကဋ္ဌဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ယင်းနောက် ထေရဝါဒဗုဒ္ဓသာသနာပြုသြဝါဒါစရိယအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသုစိတ္တက “မြတ်ဗုဒ္ဓ၏ သာသနာပြုခရီး” ဆိုသည့် ဩဝါဒကထာကို မိန့်ကြားလိုကြောင်း၊ သာသနာပြုသည့် နေရာတွင် အချိန်အခါကို စောင့်ဆိုင်းခြင်း၊ စည်းရုံးရေးအားကောင်းခြင်း၊ အနစ်နာခံနိုင်ခြင်းတို့သည် အလွန်လိုအပ်သည်ဟု သင်ခန်းစာယူကြရမည်ဖြစ်ကြောင်း၊ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် မိမိတို့စွမ်းအားရှိသမျှ နယ်စပ်တောင်တန်း သာသနာပြုလုပ်ငန်းများကို ပံ့ပိုးပေးကြစေလိုကြောင်း တိုက်တွန်းမိန့်ကြား သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ထေရဝါဒဗုဒ္ဓသာသနာပြု သြဝါဒါစရိယအဖွဲ့ ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ ထေရဝါဒဗုဒ္ဓသာသနာပြုသြဝါဒါစရိယအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဣန္ဒောဘာသက ယုံကြည်ချက်မှန်ကန်မှုသည် အရေးကြီးကြောင်း၊ လူသားအားလုံးလျှောက်လှမ်းသည့် ဘဝလမ်းခရီးတွင် လမ်းဖြောင့်လမ်းမှန်အတွက် ယုံကြည်ချက်ဖြင့် လျှောက်လှမ်းလျှင် မိမိအတွက်ရော သူတစ်ပါးအတွက်ပါ အကျိုးရှိကြောင်း၊ ယုံကြည်ချက်သည် အုတ်မြစ်ပင်ဖြစ်ကြောင်း၊ ယုံကြည်ချက်ကို အကြောင်းပြု၍ ဘာသာ၊ သာသနာအကျိုးကို ဆောင်ရွက်နိုင် ပါစေကြောင်းချီးမြှင့်သည့် အနုမောဒနာတရားကို နာယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

https://t.me/myanmarnewspaper/160315

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd


ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ထေရဝါဒဗုဒ္ဓသာသနာပြုသြဝါဒါစရိယအဖွဲ့ထံမှ သြဝါဒခံယူ


မူပိုင်ခွင့်ဦးစီးဌာန၏ လေးနှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၃

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မူပိုင်ခွင့်ဦးစီးဌာန၏ လေးနှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၃)ညီလာခံခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံက ဝန်ကြီးဌာန၏ “စီးပွားရေးဂေဟစနစ် ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ခေတ်မီကောင်းမွန်သော မူပိုင်ခွင့်စနစ်တစ်ရပ်တည်ထောင်ရန်” ရည်မှန်းချက်နှင့်အညီ နိုင်ငံတော်ကို အထောက်အပံ့ဖြစ်စေမည့် မူပိုင်ခွင့်စနစ်တစ်ရပ်ကို အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ မူပိုင်ခွင့် ဥပဒေ (၄) ရပ်အနက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတို့ကို ၂၀၂၃ ခုနှစ်တွင် အာဏာတည်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် တီထွင်မှုမူပိုင်ခွင့်
ဥပဒေအာဏာသက်ဝင်နိုင်ရေး ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

မူပိုင်ခွင့်လျှောက်ထားချက်များ စစ်ဆေးဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ စစ်ဆေးရေးအရာရှိ ဝန်ထမ်းများအတွက် လိုအပ်သော လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပြီးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့်လည်း စွမ်းရည်ပြည့်ဝသော ဝန်ထမ်းကောင်းများဖြစ်စေရေး အထူးကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ ဦးစီးဌာနအနေဖြင့် မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများကို ပြည်တွင်းတွင်သာမက ပြည်ပနိုင်ငံများအထိ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ကချမှတ်ထားသည့် စီးပွားရေးဦးတည်ချက်များ၊ ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် အထောက်အပံ့ဖြစ်စေမည့် ဌာနတစ်ခုအနေဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နိုင်ရေးအတွက် ခိုင်မာသောမူပိုင်ခွင့်စနစ်တစ်ရပ် တည်ထောင်ရေးအတွက်လည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မူပိုင်ခွင့်ဦးစီးဌာန၏ မူပိုင်ခွင့်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန၏ မူပိုင်ခွင့်ခရီးလမ်း သမိုင်းမှတ်တမ်း Documentary ကိုပြသခြင်း၊ ဆုရရှိ သူများအား ဆုချီးမြှင့်ခြင်း၊ မွေးနေ့ကိတ်ခွဲခြင်းနှင့် ဂုဏ်ပြုတေးသီချင်းများဖြင့် ဖျော်ဖြေကြသည်။

အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်

https://t.me/myanmarnewspaper/160313

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd


မူပိုင်ခွင့်ဦးစီးဌာန၏ လေးနှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပ


တရားမအမှုလိုက် (လက်တွေ့) သင်တန်းဖွင့်ပွဲ ကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၂၃

တရားမအမှုလိုက်(လက်တွေ့) ဘာသာရပ်သင်တန်းဖွင့်ပွဲနှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဥပဒေအရာရှိများ တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံး မြေညီထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ဥပဒေရေးရာဝန်ကြီးဌာနနှင့် ဝန်ကြီးဌာန၏ ကြီးကြပ်မှုအောက်တွင်ရှိသော ဥပဒေအရာရှိများသည် နိုင်ငံတော်က တရားလို သို့မဟုတ် တရားပြိုင်အဖြစ် ပါဝင်သော တရားမမှုများတွင် ဥပဒေအကြံဉာဏ်ပေးခြင်းနှင့် နိုင်ငံတော်ဘက်မှ လိုက်ပါဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ရန် တာဝန်ရှိကြောင်း၊ တရားမမှုများသည် သဘောသဘာဝအရ အမှားမခံနိုင်သည့် အပြင် နိုင်ငံတော်ပိုင် ငွေကြေး၊ ပစ္စည်းများ ဆုံးရှုံးမှု မရှိစေရေးအတွက်အရေးကြီး၍ ဥပဒေအရာရှိများ အနေဖြင့် ဥပဒေနှင့်အညီ မှန်ကန်စွာအကြံပြုနိုင်ရေး၊ လိုက်ပါဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်၍ ယနေ့ သင်တန်းကို ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဤသင်တန်းကပို့ချပေးသော သင်ခန်းစာများကို ကြိုးစားလေ့လာသင်ယူကြရန် တိုက်တွန်းပြောကြား လိုကြောင်း။

ယနေ့ကာလ အခြေအနေအရပ်ရပ်အရ ဥပဒေအသိပညာ ပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်ရန် လိုအပ်သည့်အတွက် လမ်းညွှန်ချက်နှင့်အညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေအကြံပြုခြင်းနှင့် တရားစွဲအမှုလိုက်ဆိုင်ရာ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် ပြည်ထောင်စုရှေ့နေချုပ် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဒေါ်ဖြူမာဝေနှင့် ခရိုင်ဥပဒေအရာရှိ၊ မြို့နယ်ဥပဒေ အရာရှိများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။

ယနေ့ဖွင့်လှစ်သည့် တရားမအမှုလိုက် (လက်တွေ့) ဘာသာရပ်သင်တန်းကို ရက်သတ္တတစ်ပတ်လျှင် နှစ်ရက်ဖြင့် နှစ်လကြာဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသို့ တိုင်းဒေသကြီးဥပဒေချုပ်ရုံးရှိ ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများနှင့် ဒုတိယခရိုင် ဥပဒေအရာရှိများ တက်ရောက်ကြသည်။

သတင်းစဉ်

https://t.me/myanmarnewspaper/160311

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd


တရားမအမှုလိုက် (လက်တွေ့) သင်တန်းဖွင့်ပွဲ ကျင်းပ


ပညာရေးဆိုင်ရာအသုံးချသုတေသန နိုင်ငံတကာညီလာခံ(၂၀၂၅)ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၃

ပညာရေးဆိုင်ရာ အသုံးချသုတေသန နိုင်ငံတကာညီလာခံ (၂၀၂၅) ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ ညီလာခံကျင်းပရေး ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီဝင်များနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ပူးပေါင်းပါဝင်ဆောင်ရွက်

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပညာရေးဆိုင်ရာ အသုံးချသုတေသန နိုင်ငံတကာညီလာခံ (၂၀၂၅)ကို ဇန်နဝါရီ ၉ ရက်မှ ၁၀ ရက်အထိ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီအသီးသီးမှ ဥက္ကဋ္ဌများအနေဖြင့် လစ်ဟာမှုမရှိစေရန် မိမိတို့တာဝန်ယူထားသော လုပ်ငန်းကဏ္ဍများအလိုက် ဘက်ပေါင်းစုံမှ ပူးပေါင်းပါဝင် ဝိုင်းဝန်းဆောင်ရွက်ကြစေ လိုပါကြောင်း၊ ယခုအခါတွင် စာတမ်းများကို အပြီးသတ်စိစစ်ရွေးချယ်ပြီး ဖြစ်ပါကြောင်း၊ ပြခန်းများ ခင်းကျင်းပြသရာတွင် ပိုစတာနှင့် Table Show ပြသခြင်းနှင့်ပတ်သက်ပြီး စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ဆွေးနွေးဆုံးဖြတ်ပေးကြစေ လိုကြောင်း၊ နိုင်ငံတကာအဆင့် သုတေသနညီလာခံဖြစ်သဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရည်အသွေးမြင့်မားသော အသုံးချသုတေသန ညီလာခံဖြစ်ထွန်းလာစေရေးကို ဝိုင်းဝန်း ပူးပေါင်းဆွေးနွေးပေးကြစေလို ကြောင်းပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က လုပ်ငန်းများဆောင်ရွက်နေမှု အဆင့်ဆင့်နှင့် ဆုံးဖြတ်ရန်အချက်များကို ရှင်းလင်းတင်ပြပြီး လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများက မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

https://t.me/myanmarnewspaper/160309

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd


ပညာရေးဆိုင်ရာအသုံးချသုတေသန နိုင်ငံတကာညီလာခံ(၂၀၂၅)ညှိနှိုင်းအစည်းအဝေး ကျင်းပ




ထောင်ဝန်ထမ်းများက နည်းမျိုးစုံဖြင့် ငွေတောင်းကာ မပေးသူများကို ရိုက်နှက်သည်ဟု မဟုတ်မမှန် သတင်းရေးသားဖြန့်ဝေ

နေပြည်တော် ဒီဇင်ဘာ ၂၃

ဟင်္သာတအကျဉ်းထောင်တွင် ထောင်ဝန်ထမ်းများက မူးယစ်ဆေး ပါသည့် ကွမ်းယာများ ရောင်းချနေပြီး နည်းမျိုးစုံဖြင့် ငွေတောင်းကာ မပေးသူများကို ရိုက်နှက်သည်ဟု Khit Thit Media အမည်ခံ Facebook Page က မဟုတ်မမှန် သတင်းရေးသားဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။

ထိုသို့ ရေးသားဖြန့်ဝေရာတွင် Khit Thit Media က ဖော်ပြထားသကဲ့သို့ အကျဉ်းထောင်တာဝန်ခံ အရာရှိနှင့် လက်အောက်ဝန်ထမ်းတို့ လူမှုရေးဖောက်ပြန်နေသည်ဆိုသည်မှာ မှန်ကန်မှုမရှိကြောင်း၊ ထောင် တာဝန်ခံအရာရှိသည် ဇနီးဖြစ်သူနှင့်အတူ နေထိုင်လျက်ရှိသည့်အပြင် ဝန်ထမ်းများနှင့် အလုပ်သဘောအရ ပြောဆိုဆက်ဆံမှုသာရှိကြောင်း သိရသည်။

ထို့ပြင် အကျဉ်းထောင် တာဝန်ခံအရာရှိသည် အကျဉ်းထောင် ဝန်ထမ်းများအား အကျဉ်းသား အကျဉ်းသူများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့် ငွေကြေးပတ်သက်ဆက်နွှယ်ခြင်း၊ တောင်းခံခြင်းများ မပြုလုပ်ရန် အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး မည်သည့်ဝန်ထမ်းမဆို ဥပဒေနှင့်အညီသာ ဆောင်ရွက်ခွင့်ပြုထားကာ ဝန်ထမ်းများက အကျဉ်း သား အကျဉ်းသူများအပေါ် ရိုက်နှက်ခွင့်မရှိဘဲ ချုပ်သစ်၊ ကျသစ်များ အကျဉ်းထောင်သို့ စတင်ရောက်ရှိသည်နှင့် အကျဉ်းထောင်မှ လက်ထောက်ကြီးကြပ်ရေးမှူး-၁ အား ပိုက်ဆံပေးရသည် မပေးလျှင်ပါးရိုက်သည်၊ ခြေထောက်ဖြင့်ကန်သည်ဆိုသည်မှာ မှန်ကန်မှုမရှိကြောင်း၊ လက်ထောက်ကြီးကြပ်ရေးမှူး-၁ သည် ကျသစ်၊ ချုပ်သစ်များကို လာရောက်အပ်နှံပါက ရီမန်ဝရမ်းပါအချက်အလက်များနှင့် တရားခံအား တိုက်ဆိုင်စစ်ဆေးပြီး စနစ်တကျလက်ခံလျက်ရှိကြောင်း သိရသည်။

ထို့အတူ အကျဉ်းထောင် တံခါးတာဝန်ကျအရာရှိသည် မူးယစ်ဆေးဝါးနှင့် တားမြစ်ပိတ်ပင်ထားသော ပစ္စည်းများ ဝင်ရောက်မှုမရှိ စေရေးအတွက် အကျဉ်းထောင်အတွင်းသို့ ဝင်/ထွက်သည့် မည်သူမဆို ရှာဖွေစစ်ဆေးပြီးမှ ဝင်/ထွက်ခွင့်ပြုပေးလျက်ရှိသည့်အပြင် ထောင်ဝင်စာဧည့်တွေ့ခွင့်ပြုရာတွင် လိုက်နာရန် အချက်များနှင့်အညီ အကျဉ်းသား တစ်ဦးလျှင် မိသားစုဝင်တစ်ဦးမှ တစ်လလျှင် တစ်ကြိမ်၊ တစ်ကြိမ်လျှင် မိနစ် (၂၀) အပြည့်အဝတွေ့ခွင့်ပြုထားပြီး ဧည့်တွေ့ခွင့် အတွက် ငွေကြေးတစ်စုံတစ်ရာ တောင်းခံခြင်းမရှိကြောင်း သိရသည်။

အလားတူ ဟင်္သာတအကျဉ်းထောင်တွင် အကျဉ်းသား အကျဉ်းသူများအား အစားအသောက် ကျွေးမွေးရာတွင် သတ်မှတ်ထားသော ရိက္ခာနှုန်းထားများအတိုင်း တစ်ပတ်လျှင် အသားလေးကြိမ်ကို သတ်မှတ်ရက်အတိုင်း အပြည့်အဝချက်ပြုတ် ကျွေးမွေးခြင်း၊ အကျဉ်းသားများ၏ သုံးရေများ သန့်ရှင်းမှုရှိစေရန် ရေကန်အတွင်းအပြင်များကို ရက်သတ္တတစ်ပတ်လျှင် တစ်ကြိမ်တိုက်ချွတ်ဆေးကြောခြင်း တို့ စနစ်တကျ ဆောင်ရွက်လျက်ရှိသည့်အတွက် ရေမသန့်ရှင်း မှုကြောင့် အကျဉ်းသားများ ယားနာကဲ့သို့ အရေပြားရောဂါများ ခံစားနေရသည်ဆိုသည်မှာ မှန်ကန်မှုမရှိဘဲ Khit Thit Media အမည်ခံ Facebook Page က ဖော်ပြမှုသည် ပြည်သူအများ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန်လုပ်ကြံရေးသားထားခြင်းသာ ဖြစ်သည်။

သစ္စာ

https://t.me/myanmarnewspaper/160306

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd


ညစ်ညမ်းစာများဖော်ပြပါရှိသည့် ထုတ်ဝေစာများအား အရေးယူဆောင်ရွက်မှု အသိပေးကြေညာခြင်း

၁။ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသောထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိ လျှင်သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိ လျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်းပြုနိုင်ကြောင်း ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ ပုဒ်မ ၆ တွင် ပြဋ္ဌာန်းထားရှိပါသည်။

၂။ လုပ်ငန်းအသိအမှတ်ပြု လက်မှတ်မရှိဘဲ ပုံနှိပ်ဖော်ပြခဲ့သည့် ပုံနှိပ်သူဒေါ်အေးမြတ်မွန်၏ Yangon Printing Service နှင့် ထုတ်ဝေသူ ဒေါ်ချိုဇင်သဲ (Maple စာအုပ် တိုက်-၀၃၂၉၅) တို့မှ ပုံနှိပ်၊ ထုတ်ဝေသော မြမိုရ်ရေးသားသည့် “မေတ္တာနှောင်သီ ချစ်ကြိုးချည်” နှင့် စာရေးသူ DIDI ZAW ရေးသားသည့် “Match Made in Clouds” စာအုပ်များတွင် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ဂ) ပါ စည်းကမ်းချက်ကိုဖောက်ဖျက်၍ ဟီရိဩတ္တပ္ပ ကင်းသော၊ မြန်မာ့လူ့အဖွဲ့အစည်းက လက်မခံသော၊ လူငယ်များ၏တွေးခေါ် မြော်မြင်မှုနှင့် ခံစားနားလည်မှုကို လွဲမှားစေနိုင်သော ညစ်ညမ်းစာများ ဖော်ပြပါရှိကြောင်း တွေ့ရှိရပါသည်။

၃။ သို့ဖြစ်ပါ၍ ၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ဂ)ပါ စည်းကမ်းချက်ကိုဖောက်ဖျက်၍ ပုံနှိပ်၊ ထုတ်ဝေဖြန့်ချိခဲ့သည့်အတွက် ထုတ်ဝေသူ ဒေါ်ချိုဇင်သဲ (Maple စာအုပ်တိုက်-၀၃၂၉၅) ၏ ထုတ်ဝေခြင်းလုပ်ငန်းအသိအမှတ်ပြု လက်မှတ်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ရုပ်သိမ်းခဲ့ပြီး ယင်းစာအုပ်များအား တရားမဝင် ထုတ်ဝေစာဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါကြောင်းနှင့် ပုံနှိပ်သူနှင့်ထုတ်ဝေသူတို့အား ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ တရားစွဲဆို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန

https://t.me/myanmarnewspaper/160305

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd


(၁၅)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သော အားကစားသမား ရဲထွန်းနောင်နှင့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်အထိမ်းအမှတ် Logo, Mascot နှင့် တေးရေး/တေးဆို ပညာရှင်များဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၃

(၁၅)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သော အားကစားသမား ရဲထွန်းနောင်နှင့် ပဉ္စမအကြိမ် အမျိုးသားအားကစား ပွဲတော်အထိမ်းအမှတ် Logo, Mascot နှင့် တေးရေး/တေးဆို ပညာရှင်များ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားရုံ(C)ရုံ၌ ကျင်းပသည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် မော်လ်ဒိုက်နိုင်ငံ၌ ကျင်းပခဲ့သည့်(၁၅)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ အမျိုးသားကာယဗလ ၇၅ ကီလို တန်းပြိုင်ပွဲတွင် ၄၁ နိုင်ငံ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံမှ ရဲထွန်းနောင်သည် ထိုက်ထိုက်တန်တန်ဖြင့် ရွှေတံဆိပ်ဆုကို ဆွတ်ခူးရယူပေးနိုင်ခဲ့သည့်အပြင် အခြားနိုင်ငံတကာ ပြိုင်ပွဲများတွင်လည်း ဆုတံဆိပ်များစွာကို နိုင်ငံတော်အတွက် ဆွတ်ခူးရယူပေးနိုင်ခဲ့သည့်အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ယနေ့အခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲများကိုယ်စား ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးသွားမည်ဖြစ်၍ နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင်လည်း အလားတူအောင်မြင်မှုများရရှိအောင် ဆက်လက်ကြိုးစားသွားကြရန် အထူးတိုက်တွန်း မှာကြားလိုကြောင်း၊ မကြာသေးမီက ကျင်းပပြီးစီးခဲ့သည့် ပဉ္စမအကြိမ် အမျိုးသားအားကစား ပွဲတော်အထိမ်းအမှတ် Logo ရွေးချယ်နိုင်ရေးအတွက် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသူ ၃၁ ဦး တို့၏ ပြိုင်ပွဲဝင် Logo ၆၈ ပုံကို အဆင့်ဆင့် စိစစ်ရွေးချယ်ခဲ့ကြခြင်းဖြစ်ပြီး အထိမ်းအမှတ် Logo ဆုရရှိခဲ့သူ၊ Mascot နှင့် တေးရေး/တေးဆို ပညာရှင်များကိုလည်း ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း။

နိုင်ငံ့ ဂုဏ်ဆောင်နိုင်ပြီး အောင်မြင်မှုဆုတံဆိပ်ရရှိခဲ့ကြသူများကိုလည်း ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးခြင်းများသာမက အသက်(၆၀)ပြည့်မြောက်ချိန်မှစ၍ သက်ရှိထင်ရှားရှိနေသမျှ ကာလပတ်လုံး လစဉ်ထောက်ပံ့ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အားကစားတိုးတက်မြင့်မားရေးအတွက် နိုင်ငံတော်မှ အစွမ်းကုန်ဆောင်ရွက်ပေးလျက်ရှိသလို အားကစားဖြင့် နိုင်ငံ့ဂုဏ်မြှင့်တင်နိုင်ရေး၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပြည်သူတစ်ရပ်လုံး အားကစားကို စိတ်ပါဝင်စားလာစေရေးအတွက် ဝိုင်းဝန်းစည်းရုံးဆောင်ရွက်ပေးသွားရန် တိုက်တွန်း ပြောကြားသည်။

ဆက်လက်၍ (၁၅) ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သည့် အားကစားသမား ရဲထွန်းနောင်အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့် ငွေကျပ်သိန်း ၃၀၀၊ ပဉ္စမအကြိမ် အမျိုးသားအားကစား ပွဲတော်အထိမ်းအမှတ် Logo ပြိုင်ပွဲ တွင်ဆုရရှိသည့် ဦးစိုးသီဟကျော်အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့် ငွေကျပ် ၂၅ သိန်းနှင့် Mascot ရေးဆွဲသူ ဦးသန်းဇော်ကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့် ငွေကျပ်သိန်း ၂၀ တို့ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံကလည်းကောင်း၊ တေးသီချင်းရေးသားသူ ဦးသန်းလင်းဇော် ခေါ်(ဇေလင်းနိုင်တေးရေး KZO)အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့် ငွေကျပ်သိန်း ၂၀ ကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လည်းကောင်း၊ တေးသီချင်းသီဆိုသူ မဇွန်မိုးစက်လင်းတေးဆို (မိုးစက်လင်း)အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း ၂၀ ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းကလည်းကောင်း ပေးအပ်ချီးမြှင့်ကြရာ ဂုဏ်ပြုဆုရရှိခဲ့ကြသူများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

https://t.me/myanmarnewspaper/160304

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd


(၁၅)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သော အားကစားသမား ရဲထွန်းနောင်နှင့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်အထိမ်းအမှတ် Logo, Mascot နှင့် တေးရေး/တေးဆို ပညာရှင်များဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ


မြန်မာ-တရုတ် စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေးဆွေးနွေး

နေပြည်တော် ဒီဇင်ဘာ ၂၃

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဒုတိယဝန်ကြီးဦးသန့်စင်၊ တာဝန်ရှိသူများနှင့်အတူ South-East Asia Crude Oil Pipeline နှင့်Gas Pipeline ကုမ္ပဏီများ၏ဥက္ကဋ္ဌ Mr. Wang Qiang ဦးဆောင်သည့်အဖွဲ့အား ယနေ့ညနေပိုင်းတွင် စွမ်းအင်ဝန်ကြီးဌာန၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ LNG Terminal တည်ဆောက်၍ သဘာဝဓာတ်ငွေ့များ ထုတ်ယူပြီး နှစ်နိုင်ငံ မျှဝေသုံးစွဲခြင်းစီမံကိန်းကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဖြစ်နိုင်ခြေဆန်းစစ်ခြင်းများကို ဆောလျင်စွာ စတင်နိုင်ရေး၊ တရုတ်နိုင်ငံကူမင်းမြို့သို့ ဆက်သွယ်ထားပြီး ဖြစ်သည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ချုံချင့်မြို့အထိ ဓာတ်ငွေ့ပို့လွှတ်နိုင်ရေးအတွက် ပိုက်လိုင်း အဆင့်မြှင့်တင်ရေး၊ မြန်မာ - တရုတ် ရေနံစိမ်းပိုက်လိုင်းမှတစ်ဆင့် ရေနံစိမ်းများရယူပြီး ရေနံချက်စက်ရုံများအား အဆင့်မြှင့်တင်လည်ပတ်နိုင်ရေးအပါအဝင်စွမ်းအင်ကဏ္ဍတွင် တရုတ်နိုင်ငံနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးကြကြောင်း သိရသည်။

သတင်းစဉ်

https://t.me/myanmarnewspaper/160302

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd


မြန်မာ-တရုတ် စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေးဆွေးနွေး


ပဲငံပြာရည်နှင့် နို့ဆီဘူး၊ နို့စိမ်းဘူး၊ အသားဘူးခွံထုတ်လုပ်မှုစက်ရုံအတွင်း လှည့်လည်ကြည့်ရှု

နေပြည်တော် ဒီဇင်ဘာ ၂၃

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်ရှိ Wei Wang (ဝေ့ဝမ်) ပဲငံပြာရည်နှင့် နို့ဆီဘူး၊ နို့စိမ်းဘူး၊ အသားဘူးခွံထုတ်လုပ်မှု စက်ရုံနှင့်အင်းစိန်မြို့နယ်ရှိ သီရိစန္ဒာအထည်ချုပ်နှင့် အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ အထည်ချုပ်စက်ရုံသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လှိုင်သာယာမြို့နယ်ရွှေလင်ပန်းစက်မှုဇုန်ရှိ Wei Wang ပဲငံပြာရည်နှင့် နို့ဆီဘူး၊ နို့စိမ်းဘူး၊ အသားဘူးခွံထုတ်လုပ်မှုစက်ရုံသို့ ရောက်ရှိပြီး စက်ရုံမှထွက်ရှိလာသော သံဘူးများကို နို့ထွက်ပစ္စည်း ထုတ်လုပ်သည့် စက်ရုံများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားပြီး လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ စက်ရုံအတွင်း သံဘူးထုတ်လုပ်နေမှု အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ အင်းစိန်မြို့နယ်ရှိ သီရိစန္ဒာအထည်ချုပ်နှင့် အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ အထည်ချုပ်စက်ရုံသို့ ရောက်ရှိ ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စု ဝန်ကြီးက စက်ရုံမှထွက်ရှိသော အထည်များကို Made in Myanmar ဖြင့် Export တင်ပို့ပြီး နိုင်ငံခြားဝင်ငွေရရှိရေး အရေးကြီးသည့်အတွက် အရည်အသွေးကောင်းမွန်မှုရှိစေရေး စနစ်တကျ စစ်ဆေးဆောင်ရွက်သွားရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားကာ လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး စက်ရုံအတွင်းအထည်များ ချုပ်လုပ်နေမှုအခြေအနေများနှင့် ထုပ်ပိုးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

https://t.me/myanmarnewspaper/160300

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

20 last posts shown.