သမိုင်းဝင် ဇာတ်ကားများ 🇲🇲


Channel's geo and language: Myanmar, Burmese


ကြေငြာထည့်လိုပါက @sora_entertainment_adminn သို့ ဆက်သွယ်နိုင်ပါသည်

Related channels  |  Similar channels

Channel's geo and language
Myanmar, Burmese
Statistics
Posts filter


❗️❗️❗️❗️❗️ American Sniper (2014)

IMDB ( 7.3 )

📱 Channel အရင် Join ပါ
https://t.me/+fdoM7RwLwQM2YTY1

📱 ဇာတ်ကား Link
https://t.me/c/2177896296/244

Review
------------

အမေရိကန်သမိုင်းတစ်လျှောက် Most Deadliest Sniper အဖြစ်သတ်မှတ်ခံထားရတဲ့ SEAL စနိုက်ပါသမား Chris Kyle အကြောင်းရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်ပါတယ်။Chris Kyle ရဲ့ ကိုယ်တိုင်ရေး အတ္ထုပတ္တိ "American Sniper: The Autobiography of The Most Lethal Sniper in US Military History" စာအုပ်ကိုအခြေခံပြီး မင်းသားကြီး Clint Eastwood က ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး Bradly Cooper က အဓိကသရုပ်ဆောင် Chris Kyle အဖြစ်ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်မှာ စစ်ပွဲကြားကအခြေအနေတွေအပြင် အိမ်မှာကျန်ခဲ့တဲ့ စစ်သားမိသားစုတွေရဲ့ ဘဝကိုလည်း ပေါ်လွင်အောင်ထည့်သွင်းရိုက်ကူးထားပါတယ်။

Chris Kyle ဟာ အစကတော့ တက္ကဆက်က သာမန်မြင်းစီးသမားလေးပေါ့။ ဒါပေမယ့် 9/11 ဖြစ်ရပ်ဆိုးကြီးအပြီး အမေရိကန်က အီရတ်ကိုစစ်ကြေငြာတဲ့အခါမှာ မျိုးချစ်ကြီးဖြစ်တဲ့ Chris ကလည်း စစ်တပ်ထဲစဝင်ပါတော့တယ်။ အမေရိကန်နဲ့ အီရတ်စစ်ပွဲဟာ လူတွေကြား ပြောစရာဖြစ်ပြီး အမေရိကန်ရဲ့ ကျူးကျော်စစ်အပေါ် ဝေဖန်သံတွေဆူခဲ့ပေမယ့် ဒီဇာတ်ကားက နိုင်ငံရေးကားမဟုတ်တာကြောင့် အဲဒါတွေကိုတော့ ထည့်သွင်းရိုက်ကူးထားတာမျိုးမရှိပါဘူး။ Chris Kyle ဟာ လူများများသတ်ဖို့ထက် သူ့ရဲဘော်တွေကို ပိုများများကာကွယ်ချင်တာကြောင့် တစ်ခါ နှစ်ခါဘဲ လေးကြိမ်တိတိ စစ်ထွက်ခဲ့ပါတယ်။ အဆိုပါလေးကြိမ်အတွင်းမှာ သူသတ်ခဲ့တဲ့ ရန်သူပေါင်း ၁၆၀ ကျော်ရှိပါတယ်။ ဒါကြောင့်လည်း သူဟာ အမေရိကန်သမိုင်းတစ်လျှောက် သတ်အားအကောင်းဆုံး စနိုက်ပါသမားအဖြစ် ဂုဏ်ပြုခံခဲ့ရတာပါ။ စစ်ပွဲအတွင်းမှာတင် အီရတ်ဘက်က သူ့ကိုသတ်နိုင်တဲ့သူကို ဒေါ်လာ ၁သိန်း၈သောင်းပေးမယ်ဆိုပြီး ဝရမ်းထုတ်ရတဲ့အထိ ရန်သူတွေကို ဖိန့်ဖိန့်တုန်စေခဲ့ပါတယ်။

Kyle က သူ့ဘဝမှာ ရန်သူ ၁၆၀ ကျော်သတ်ခဲ့တာ နောင်တမရဘဲ သူ့ရဲ့ရဲဘော်ရဲဘက်တွေကို မကယ်နိုင်ခဲ့တာပိုနောင်တရတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း သူစစ်ထဲမှာရှိနေရင် သူ့ရဲဘော်ရဲဘက်တွေကို ပိုကယ်နိုင်မယ်ဆိုပြီး စစ်ထဲကို ၄ ကြိမ် တိုင်တိုင် ပြန်သွားခဲ့ပါတယ်။ အဲဒီလိုစစ်ထွက်တိုင်း သူ့အိမ်ကကျန်ခဲ့တဲ့ မိသားစုဝင်တွေဟာ စိတ်အပူကြီးပူကျန်ခဲ့ရပြီး စစ်မထွက်ဖို့တားတဲ့ကြားအတိုက်အခံလုပ်ပြီး စစ်ပွဲထဲကိုဝင်ခဲ့တဲ့လူမျိုးပါ။ ဒီလို စစ်ထဲပြန်သွားရတဲ့နောက်တစ်ချက်က ပထမဆုံးအကြိမ်မှာထဲက ရန်သူ Sniper တစ်ယောက်နဲ့ ရင်ဆိုင်ခဲ့ရပြီး အဲ့ဒီ Sniper က အီရတ်အလ်ကိုင်ဒါတပ်ဖွဲ့ထဲက ဆီးရီးယားလက်ဖြောင့်သမား မူစတာဖာ ပါပဲ။ သူကလည်းခေသူတော့မဟုတ်ဘူး။ အိုလံပစ်ပြိုင်ပွဲမှာပါ စနိုက်ပါဝင်ပြိုင်ခဲ့တဲ့ ပရော်ဖက်ရှင်နယ်စနိုက်ပါသမားတစ်ယောက်ပါ။ ဒီ Sniper က သူ့လူတွေတစ်ယောက်ပြီး တစ်ယောက်သတ်နေပေမယ့် သူ ဒီကောင့်ကို မသတ်နိုင်တာကြောင့်လည်း ပြန်ပြန်သွားနေတာဖြစ်ပါတယ်။

ဒီရုပ်ရှင်ကိုကြည့်ရင် စစ်ပွဲအနိဋ္ဌာရုံတွေကြားထဲ
ပြန်သွားတဲ့ Chris Kyle ကိုလည်းစာနာမိလာမယ်။ အိမ်မှာကျန်ခဲ့တဲ့ သူ့ဇနီးနဲ့ သားသမီးတွေကိုလည်းကိုယ်ချင်းစာမိပါလိမ့်မယ်။ စစ်ပွဲကို တစ်ကန့်၊ သူ့ရဲ့ အိမ်ပြန်ချိန်လူနေမှုဘဝကို တစ်ကန့် တစ်လှည့်စီပြထားတာကြောင့် တခြားသောစစ်ကားတွေလို "ငါလည်းစစ်တိုက်ချင်လိုက်တာ” ဆိုတဲ့ ခံစားချက်မျိုးပေးမှာမဟုတ်ဘဲ စစ်ပွဲကို မုန်းသွားစေမယ့် စစ်ကားမျိုးပါ။ ခဏခဏ ဒီရုပ်ရှင်အတွက် မင်းသားကြီး Bradley Cooper ကလည်း ဝိတ်တင်ခဲ့ပါတယ်။ လက်တွေ့ဘဝက Chris Kyle နဲ့ လေသံကအစ ဆင်တူအောင် သရုပ်ဆောင်ထားနိုင်ပါတယ်။ အဲဒါကြောင့် အော်စကာဆု Nominated ဝင်ခဲ့ပြီး ဒီရုပ်ရှင်ကလည်း ဆုပေးပွဲပေါင်းစုံကနေ ဆုပေါင်းများစွာရရှိခဲ့ပါတယ်။ သေနတ်ပစ်တာတွေ၊ ပေါက်ကွဲတာတွေ စစ်ပွဲမြင်ကွင်းတွေကို ပီပီပြင်ပြင်ရိုက်ကူးထားပြီး သွေးထွက်သံယိုခန်း
တွေပါဝင်တာကြောင့် အသည်းနုတဲ့သူတွေ မကြည့်ဖို့အကြံပေးချင်ပါတယ်။ သူ့ဇာတ်လမ်းကိုမကြားဖူးတဲ့ လူတွေအတွက် ဇာတ်သိမ်းပိုင်းက အံ့အားသင့်စရာတစ်ခုဖြစ်ပါလိမ့်မယ်။ ဇာတ်လမ်း စ လယ် ဆုံး ပျင်းစရာမကောင်းအောင် ဆွဲခေါ်သွားနိုင်ပြီး အရင်ကကြည့်ဖူးတဲ့လူတွေအနေနဲ့ကော၊ စစ်ကားကြိုက်နှစ်သက်တဲ့လူတွေအနေနဲ့ပါ ကြည့်ရတာတန်မယ့် ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။

#uploadbyhoshiko


❗️❗️❗️❗️❗️The Pursuit Of Happyness (2006)

IMDB ( 8.0 )

📱 Channel အရင် Join ပါ
https://t.me/+fdoM7RwLwQM2YTY1

📱 ဇာတ်ကား Link
https://t.me/c/2177896296/235

Review
------------

အကယ်၍ သင်ဟာ Single Father တစ်ယောက်ဖြစ်ပြီး သင့်ကလေးအိပ်ဖို့အတွက် ကျောတစ်ခင်းစာတောင်မဖန်တီးပေးနိုင်တော့ဘူးဆိုရင်... သင့်ရင်သွေးကိုစွန့်လွှတ်လိုက်မှာပါလား? ? ? Chris Gardner ဆိုတဲ့ လူတစ်ယောက်ကတော့ မိမိရဲ့သားလေးလက်ကိုဆွဲပြီး ဘဝရဲ့အခက်ခဲဆုံးအချိန်တွေကိုဖြတ်ကျော်ပြီးလို့ အခုဆို Milliondire တစ်ယောက်တောင်ဖြစ်လို့နေပါပြီ။ သင့်ဘဝကို သင်ခက်ခဲလှပြီလို့ထင်နေရင် တကယ့်ဖြစ်ရပ်မှန်ဘဝကိုအခြေခံပြီးရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးကို အချိန်ပေးပြီးကြည့်ကြည့်လိုက်ပါ။ ဒီကားလေးကြည့်ပြီး အရင်ဦးဆုံး ခံစားမိမှာကတော့ ဖခင်တစ်ယောက်ရဲ့မေတ္တာ ဘယ်လောက် နက်ရှိုင်းတယ်ဆိုတာပါပဲ.. ဘဝရဲ့အဆိုးဆုံးအခြေအနေတစ်ခုမှာတောင် သားဖြစ်သူကို လက်လွှတ်မခံခဲ့တဲ့ ဖခင်တစ်ယောက်ရဲ့ မိဘမေတ္တာ... ကျွန်တော်တို့တော်တော်များများ ငွေကိုသည်းကြီးမည်းကြီးရှာနေကြချိန်မှာ ပျော်ရွှင်မှုဆိုတာဘာလဲ ဘယ်လိုအရာက မိမိကိုပျော်ရွှင်စေတာလဲ မတွေးမိကြတာများပါတယ်...

ဒီဇာတ်ကားလေးကနေ တော်ရုံသတိပြုမိဖို့ခဲယဉ်းတဲ့ဖခင်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာရယ်... ပျော်ရွှင်မှုဆိုတာ ကြိုးစားသူတိုင်းအတွက် အလှမ်းမဝေးဘူးဆိုတာရယ်... ဘဝဆိုတာ "ဘုံလုံတစ်လှည့် ငါးပျံတစ်လှည့်" ဖြစ်တယ်ဆိုတာ စိတ်ကူးယဉ်သက်သက်မဟုတ်ပဲလက်တွေ့မှာပါ တကယ်ရှိတယ်ဆိုတာ တို့...သာမန်အရောင်းသမား(Sulemon) လေးဘဝကနေ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်လာသည်အထိ ခက်ခက်ခဲခဲ ရုန်းကန်လှုပ်ရှားခဲ့ရသူ Chris Gardner ရဲ့ ဘဝကို inspired လုပ်ပြီး ရိုက်ကူးထားတဲ့ "The Pursuit of Happyness" ဆိုတဲ့ကားလေးမှာ အထင်အရှားတွေ့ကြရမှာပါ.. ဒီဇာတ်ကားလေးကိုတော့ Director Gabriele Muccino ကရိုက်ကူးထားပြီးကျွန်တော်တို့ရုပ်ရှင်ကြိုက်သူတွေအားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ မင်းသားကြီး Will Smith ကသရုပ်ဆောင်ထားပါတယ်...

#uploadbykevinaris


❗️❗️❗️❗️❗️Green book  (2018) 

📱 8.2

📱 Channel အရင် Join ပါ
https://t.me/+fdoM7RwLwQM2YTY1

📱 ဇာတ်ကား Link
https://t.me/c/2177896296/234

Review

မနက်ကမှအော်စကာရသွားတဲ့ ရုပ်ရှင်ကားလေးနဲ့မိတ်ဆက် ပေးပါရစေ။

1962ခုနှစ်ဆိုတာလူမည်းတွေအတွက်တော့အရမ်းကောင်းတဲ့ ခေတ်မဟုတ်ပါဘူး။ဘတ်စ်ကားကအစ၊အိမ်သာကအဆုံးခွဲခြားဆက်ဆံတာခံနေ ရတဲ့အချိန်မှာအီတာလီလျံဖြစ်တဲ့တိုနီလစ်နဲ့လူမည်းစန္ဒယားပညာရှင်ဒွန်တို့ဟာအကြောင်းအမျိုးမျိုးကြောင့်အလုပ်ရှင်နဲ့အလုပ်သမားအဖြစ် တွေ့ကြရပါတော့တယ်။ဒွန်ဟာလူမည်းဖြစ်ပေမယ့်လူဖြူစရိုက်အပြည့်နဲ့ဖြစ်ပြီးတိုနီဟာလည်းလူဖြူဖြစ်နေပေမယ့်လူမည်းစရိုက်နဲ့ဘဲဆိုး ကြီးပါသူတို့နှစ်ယောက်ရဲ့အလုပ်ကတော့ဒွန်ရဲ့နယ်လှည့်ဖျော်ဖြေပွဲ ကိုတိုနီကကားမောင်းပြီးလိုက်ပို့ရတာပဲဖြစ်ပါတယ်။စရိုက်ချင်းဆန့်ကျင်ဘက်ဖြစ်နေတဲ့အရောင်မတူတဲ့ လူ၂ယောက်ဟာခရစ်စ်မတ်မတိုင်ခင်အမှီအိမ်ပြန်ရောက်ပါတော့မလားဆိုတာ ကိုတော့အခုပဲဒေါင်းလုပ်ဆွဲပြီးကြည့်လို့ရပါပြီ။

#uploadbyshoonshoon


Forward from: 388GAMING OFFICIAL
🏆🏆🏆🏆🏆🏆🏆 🏆🏆🏆🏆🏆🏆🏆

➡️စိတ်ကြိုက်ထည့် 💲

➡️ဇရှိသလောက် လောင်း💵

➡️အရင်းနည်းနည်းနဲ့ ဝင်ငွေတွေ တိုးပွားကြည့်မယ်နော် 👍

➡️ရွေးချယ်စရာဂိမ်းခန်းစုံလင်စွာရှိတာမို 388 gaming ကိုအမြန်လာဆော့လိုရပါပီရှင့်👏

➡️ကျပ် / ဘတ် 🔠🍂🔠မျိုးလုံးနဲ့ဆော့လိုရပါပီရှင့်☺️🙂💯


💸🍂🍂🍂🍂 -  @club388gaming

💸🍂🍂🍂🍂🍂 သိရန် -@club388onlinegaming

💸 : 09 66 77 88 261

💸 : 09 76 54 666 88

📱 : @388gaming.live

📱 : www.388gaming.info

🔣ကိုယ်တိုင်အကောင့်ဖွင့်ရန်🔣

open acc


➡️ Game free ဆော့ရန် 👈

Free unit


❗️❗️❗️❗️❗️ Bohemian.Rhapsody (2018)

📱 7.9

📱 Channel အရင် Join ပါ
https://t.me/+fdoM7RwLwQM2YTY1

📱 ဇာတ်ကား Link
https://t.me/c/2177896296/223

Review

၂၀၁၈ ခုနှစ်အတွင်း အကြိုက်မိဆုံး ရုပ်ရှင်တစ်ကားပါ။လက်ရှိမှာတေ့ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ ရုပ်ရှင်ဆုနဲ့အမျိုးသားသရုပ်ဆောင်ဆု ဆွတ်ခူးပြီးသွားပါပြီ။ဘာကြောင့်ဆုတွေရလဲဆိုတာတော့ ကြည့်လိုက်ရုံနဲ့ သိပါ လိမ့်မယ်။ဇာတ်ညွှန်း၊သရုပ်ဆောင်၊ အသံ၊ ရိုက်ကွင်းတွေအားလုံး ကောင်းနေပါတယ်။

Queen တီးဝိုင်းအဖွဲ့ရဲ့ ပင်တိုင်အဆိုတော် ဖရက်ဒီ မာကျူ ရီရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ကွင်းအဖွဲ့ရဲ့ ကမ္ဘာကျော်သီချင်းတွေ ဖြစ်လာပုံနဲ့ သီချင်းတွေကို အကောင်းဆုံး ပြထားတဲ့ ရုပ်ရှင်ပါ။ကွင်းအဖွဲ့ရဲ့ ဂန္ဓဝင် Live Aid ရှိုးပွဲကြီးရဲ့ ဖျော်ဖြေမှုကို ပြန်တင်ဆက်ထားတာနဲ့တင် အတော်တန်ပြီပြောရမှာပါ။

ဖရက်ဒီမာကျူရီရဲ့ ဂီတအမျိုးအစားပေါင်းစုံ ရောစပ်ထားတဲ့ ဘိုဟီးမီးယမ်း ရာ့ပ်ဆိုဒီသီချင်းဟာ မာစတာပိစ်အဖြစ်သတ်မှတ်ခံခဲ့ရပြီး ကမ္ဘာ့အကောင်းဆုံး သီချင်းတွေထဲက တစ်ပုဒ်ဖြစ်လာခဲ့ပါတယ်။သမိုင်းတစ်လျှောက်ဖျော်ဖြေခဲ့တဲ့ အနုပညာရှင်တွေထဲမှာလည်း ဖရက်ဒီဟာ ပရိသတ်ကို တစ်သားထဲဖြစ်အောင် ဆွဲ ဆောင်နိုင်ဆုံး အဆိုတော်အဖြစ် သတ်မှတ်ခံထားရပါတယ်။ သူနဲ့ တထပ်တည်းနည်းပါတူအောင်သရုပ်ဆောင်ထားတဲ့ ရာမီမားလက်ခ် ရဲ့ စွမ်းရည်ကြောင့်လည်း ဒီရုပ်ရှင်ကို ပိုကြိုက် မိတယ်ထင်ပါတယ်။

#uploadbyshoonshoon


❗️❗️❗️❗️❗️Hacksaw Ridge (2016)

IMDB ( 8.1 )

📱 Channel အရင် Join ပါ

https://t.me/+fdoM7RwLwQM2YTY1

📱 ဇာတ်ကား Link

https://t.me/c/2177896296/214

Review
------------

စစ်ခုံရုံးတစ်ခု မှာ ခန္ဓာကိုယ်ပါးလှပ်လှပ်စစ်သည် တစ်ယောက်ဟာ စွဲချက်တွေကြောင့် ရုံးတင်ခံနေရ တယ်... စွဲချက်က ဘာလဲဆိုတော့ သေနတ်ကိုင်ရန်ငြင်းဆန် မှု အမိန့်မလိုက်နာမှုကြောင့်ပါ... စစ်သားလုပ်တယ် သေနတ်မကိုင်ချင်ဘူး ဘယ်လိုမှ သဟဇတမဖြစ် … သို့သော် တပ်မတော်တွင် တာဝန်မထမ်းပဲပြန်ထွက် သွားမလားဆိုတော့လည်းမဟုတ်ပြန် ဆက်လက် တာဝန်ထမ်းဆောင်လိုလျှက်ရှိနေပြန်သည်.. သူ့ရည်ရွယ်ချက်က စစ်ပွဲမှာဒဏ်ရာ ရနေတဲ့ သူငယ်ချင်းရဲဘော်ရဲဘက်တွေကို အရေးပေါ် ဆေးကုပေးမယ် အားပေးမှုတွေလုပ်မယ်... ကျည်လွတ်နယ်မြေကို ရွှေ့ပြောင်းပေးမယ်ဆိုတာပါ စွဲချက်တွေကစစ်ထောင်သေချာပေါက်ကျမည့် အချက်တွေကြီးပါပဲ ဒီကားထရေလာကြည့်တော့ ဒုတိယကမ္ဘာစစ်အတွင်း သေနတ်မကိုင်တဲ့စစ်သည်တစ်ယောက်ဟာ ရှေ့တန်း မှာ ကျည်ဆန်တွေကြားပြေးလွှားရင်း ဒဏ်ရာရစစ်သည်တွေကို အသည်းအသန် ကယ်တင် နေတာတွေ့ရတယ် Ratingမြင့် ယုတ္တိလွန်စစ်ကားနေမှာပါလေလို့ တွေး မိတယ်... နောက်တော့ ကျွန်တော်ထင်တာ လုံးဝလွဲသွားတယ် ဖြစ်ရပ်မှန်ဖြစ်တဲ့အပြင် သေနတ်မကိုင်တဲ့အဲ့ဒီ ဆေးတပ် သားလေးဟာတိုက်ပွဲဝင်စစ်သည်တွေကိုအသက်စွန့်ကယ်တင်ခဲ့ တာကြောင့် အမေရိကန်သမ္မတ ထရူးမင်းချီးမြှင့်တဲ့ Medal of Honorဆုကိုရသွားတယ် ဒီစစ်သည်လေးဟာ သူ့ရဲ့ ပုံမှန်ထက်ပိုတဲ့ယုံကြည် ချက်ကြောင့် ကြီးပါပဲ . ရင်ဆိုင်ခဲ့ရတဲ့အခက်အခဲတွေ အများ ချစ်သူ မိဘ ရဲဘော်ရဲဘက် အထက်ခေါင်းဆောင် အရာရှိတွေကြားမှာပေါ့... ပြီးတော့ ဒီဇတ်ကားထဲမှာမင်းသား Andrew Garfieldieć:໖:Teresa Palmerie: Sam Worthingtona: p များပါလေတော့ သရုပ်ဆောင်ပိုင်းထွေထွေထူးထူးပြောစရာမလိုဘူး ထင်ပါတယ် Screen playပိုင်းဆိုရင်အထူးသဖြင့်ဒုတိယ ကမ္ဘာ စစ်အတွင်းထိချက်ပြင်း 7.62မမကျည်ဆန်ရဲ့ အသားတွေပေါ်ဖောက်ထွက်ပုံတွေ အမြောက် ကျည်ဆန်တွေထိဖြာပုံတွေကဝေဖန်ရေး ဆရာတွေရဲ့ချီးကျူးခံရလောက်အောင် လန်းလွန်း ...

ကဲ ပရိတ်သတ်ကြီးရေ ရေးတာလည်းများပြီဗျာ IMDBကလည်း 8.1 ဆိုတော့ကျွန်တော်ညွန်းတာ ဟုတ်မဟုတ်ကတော့ စောင့်သာကြည့်လိုက်ပါဦးလို့

#uploadedbyyumyatmin


❗️❗️❗️❗️❗️Argo (2012)

IMDB (7.7/10)

📱Channel အရင် join ပါ။

https://t.me/+fdoM7RwLwQM2YTY1

😍ဇာတ်ကား link

https://t.me/c/2177896296/213

Review
---------
ARGO ရုပ်ရှင်ဟာ ၁၉၇၉-၈ဝ မှာဖြစ်ခဲ့တဲ့ အီရန် တော်လှန်ရေးအတွင်းသံရုံးက လွတ်မြောက်အမေရိကန်သံရုံးဝန်ထမ်း ၆ ယောက်ကို ကယ်ထုတ်တဲ့အကြောင်းကိုရိုက်ပြထား တဲ့ဇတ်ကားပါ။၁၉၇၉ မှာ အီရန်နိုင်ငံတွင်းတော်လှန်ရေးဖြစ်ခဲ့ပါ တယ် တော်လှန်ရေးအတွင်းမှာအမေရိကန်သံရုံးကိုသိမ်းပြီး အီရန်ဘုရင်ဟောင်း ရှားကိုနိုင်ငံခိုလှုံခွင့်ပေးထားရာကနေပြန်လွဲပေးဖို့ တောင်းဆိုလာခဲ့ပါတယ်။ အဲ့ဒီသံရုံးအသိမ်းခံရချိန်မှာ လွတ်သွားတဲ့ သံရုံးဝန်ထမ်း ၆ ယောက်ကိုကယ် ဖို့ စီအိုင်အေကလူ‌ေတွကြိုးစားကြပုံကိုရိုက်ကူးထားတာဖြစ်ပါတယ်။

ARGO ကို အောက်တိုဘာ ၁၂ ရက် ၂၀၁၂ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ဇာတ်လိုက်မင်းသား Ben Affleck ကိုယ်တိုင်ရိုက်ကူး ထားပြီး ထုတ်လုပ်သူကလဲ Ben Affleck နဲ့ George Clooneyတို့ဖြစ်ပါတယ်။ဒီအကြောင်းကို စာအုပ်တွေလဲအများကြီးထုတ်ဝေခဲ့ ကြပါတယ်။

#uploadbyhsukaykhaing


Forward from: 388GAMING OFFICIAL
🇹🇭🤩🤩🤩🤩🤩🤩🤩🤩🤩🇲🇲

အလျော်အစားကြမ်းတဲ့ တိုတ်ရိုတ်လွင့် sexy shan ဘဲကစားမလား❔

🔣ဆ🔣 ပေးကြမ်းတဲ့ စလော့ဂိမ်းတွေဘဲကစားမလား❔

ကြိုက်တာရွေးဆော့ .. ဂိမ်းပေါင်းကလည်း ရာချီ 😱💸

ဘာဆော့ဆော့ 💰 ပေါက်ဖို သေချာနေတော့ ရေလျံဖို ရေလောင်းလိုက်ကြစို🙂🟢🟢👏

💸🤩🤩🤩🤩 -  @club388gaming

💸🤩🤩🤩🤩🤩 သိရန် -@club388onlinegaming

💸 : 09 66 77 88 261

💸 : 09 76 54 666 88

📱 : @388gaming.live

📱 : www.388gaming.info

🔣ကိုယ်တိုင်အကောင့်ဖွင့်ရန်🔣

⚡️ open acc ⚡️


➡️ Game free ဆော့ရန် ⬅️

⚡️ Free unit ⚡️


❗️❗️❗️❗️❗️The King’s Speech 2010

📱IMDB 8

📱 Channel အရင် Join ပါ
https://t.me/+fdoM7RwLwQM2YTY1

📱 ဇာတ်ကား Link
https://t.me/c/2177896296/198

Review

Won 4 Oscars. Another 106 wins & 204 nominationsသိက္ခာက အင်္ဂလိပ်တွေအတွက် အသက်၊ လွတ်လပ်ခြင်းက အမေရိကန်တွေအတွက် အသက် 1 စည်းကမ်းက ဂျပန်တွေအတွက် အသက်ဒီဇာတ်ကားက သမိုင်းကို ပြန်လည်အသက်သွင်း ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ သို့သော် အမှန်တကယ်ဖြစ်ရပ်မှန်အတိုင်း တစ်သွေမတိမ်း ရိုက်ကူးထားခြင်းမဟုတ်ဘဲ ရိုက်ကူးသူ၏ စိတ်လိုရာ ဇာတ်လမ်းဆင်ပြီး လို သလို အနုပညာကို အစွမ်းပြထားသည့်ဇာတ်လမ်းဖြစ်ပါသည်။အချိန်ကာ ၁၉၃၆ ခုနှစ် ဒီဇင်ဘာလ ၁၁ နေရာကာ ဘာကင်ဟမ်နန်းတော် ကိုယ်အရူးအမှုးချစ်ရတဲ့ အချစ်အတွက်ချစ် သက်သေပြဖို့ ၊တာဝန်ယူဖို့၊ မသိပ်ငယ်စေဖို့၊ သမိုင်းမှာ ဆုံးရှုံးမှုအများဆုံးထဲကတစ်ခုအဖြစ် မှတ်တမ်းဝင်သွားမယ့်လက်မှတ်တစ်ချက်ကို ကိုယ်စာရွှက်ပေါ်မှာထိုး လိုက်ပါပြီ။အနုပညာပိုင်းရော ငွေကြေးပိုင်ရောမှာပါ အောင်မြင်မှုကြီးကြီးမားမားရယူထားနိုင်ခဲ့တဲ့ ဒီ သမိုင်းရုပ်ရှပ်ကိုThe Weinstein Company & Momentum Pictures တို့ ဖြန့်ချီထားခဲ့ပါတယ်။CinemaScore A+ ရရှိထားပါတယ်။၂၀၁၀ စက်တင်ဘာမှာ Telluride ရုပ်ရှင်ပွဲတော်မှာ စတင်ပြသခဲ့ပြီး၂၀၁၁ မှ ဗြိတိန်မှာ ပြသခဲ့ပါတယ်။ တစ်ကားလုံးကို ကြာချိန် ၁၁၉ မိနစ်ရှိပြီး အင်္ဂလိပ်ဘာသာစကားပြော ရုပ်ရှင်ဇာတ်ကားဖြစ်ပါ တယ်။ဘက်ဂျက် ဒေါ်လာ ၁၅ မီလီယံနဲ့ ရိုက်ကူးခဲ့ပြီး Box Office မှာ ဒေါ်လာ၄၁၄.၂ မီလီယံ(ဂဏန်းမမှား ပါဘူး) ပြန်လည်ရရှိခဲ့ပါတယ်။ဒါကိုကြည့်ရင် ငွေကြေးအရ တော်တော်ကြီးကို အောင်မြင်ခဲ့တာပါ။ဒီလောက်နဲ့ရပ်သွားမလားဆိုလို့ အနုပညာပိုင်းဘက် ကိုလှည့်ကြည့်လိုက်တော့ Jeez!ဩဇာကြီးမားတဲ့ဆုပေးပွဲတွေဖြစ်တဲ့ ၆၃ ကြိမ်မြောက် ဗြိတိန်အကယ်ဒမီပေးပွဲ BAFTAs(မြန်မာနိုင်ငံမှာလိုမဟုတ်ပါ) မှာ ဇကာတင်စာရင်းမှာ ၁၄ ဆုဝင်ထားခဲ့ပြီးအကောင်းဆုံးဇာတ်ဆောင်ဆု၊ရုပ်ရှင်ဆု အပါအဝင် ၅ဆုသိမ်းပိုက်ခဲ့ပါတယ်။ ∞ Screen Actors Guild Awardsဆုပေးပွဲမှာ ဇကာတင် ၄ဆုဝင်ခဲ့ပြီး အကောင်းဆုံးဇာတ်ဆောင်ဆုအပါအဝင် ၂ ဆုရရှိခဲ့ ပါတယ်။ ဒီလိုဆုတွေရတော့ကုန်သွားပြီလို ထင်လိုက်တယ်။WTF ... Golden Globes Awards(2011) တင် ၇ ဆုပါခဲ့ပြီးအကောင်းဆုံးဇာတ်ဆောင်ဆု တစ်ခုရရှိခဲ့ပါတယ်။ တစ်ကမ္ဘာလုံးက သရုပ်ဆောင်အားလုံးတို့အိမ်မက် ဖြစ်တဲ့Oscar Awards (2011) လို လွမ်းမိုးမှုအကြီးဆုံး ရုပ်ရှင်ဆုပေးပွဲမှာ ဇကာတင် ၁၂ ဆုဝင်ခဲ့ပြီး အကောင်းဆုံး ဇာတ်ဆောင်ဆုအပါအဝင် ၊ဒါရိုက်တာ၊ဇာတ်ညွှန်းနဲ့ ထုတ်လုပ်ရေးဆု ၄ဆုကို သိမ်းပိုက်သွားခဲ့ပါတယ်။တစ်ကမ္ဘာလုံး ဆုပေးပွဲပေါင်း များစွာကနေ ဇကာ တင်စာရင်းတွေမှာ ၁၉၄ ဆုဝင်ထားခဲ့ပြီး ၁ဝ၂ ဆုကို သိမ်းပိုက်ထားခဲ့ပါ တယ်။ဟိုး အကြီးဆုံး ဆုကနေစပြီး ရုပ်ရှင်အကဲဖြတ် ပွဲတော် ၊ဝေဖန်ရေးဆုတွေ အလယ်၊ Online TV ဆုပေးပွဲတွေအဆုံး အားလုံး ရှေ့မှာ ရင်ကော့ပြီး ဆုတွေ တစ်သီးကြီး အကုန် ဝုန်းသွားခဲ့ပါတယ်။ဒီလောက်တောင်ဆုတွေ ရနေတော့ ဘယ်သူတွေ များရိုက်ထားလဲ ကြည့်ဆိုတော့ The Danish Girl i Les Miserables Oscar ဆုတွေရထားတဲ့ဇာတ်ကားဖန်တီးရှင် မှော်ဒါရိုက်တာကြီး Tom Hooper ရိုက်ထားတာပါ။သူရိုက်ထားတာဆိုရင် ရုပ်ရှင်ဂျိုးတွေ သိပြီးမှာပါ။နောက် ဆုပေးပွဲအားလုံးနီးပါးတိုင်းမှာ ဇာတ်ဆောင်ဆုတွေ ရအောင်သိမ်းပိုက်ထားတဲ့ မင်းသားက တော့ Colin Firth ဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ ဘာတီ နေရာက သရုပ်ဆောင် ထားပါတယ်။သူနဲ့ အပြိုင် သရုပ်ဆောင်ပြီးဇာတ်ကို အဆုံးထိ Tango မြင့်အောင်လုပ်သွားတဲ့သရုပ်ဆောင်က Geoffrey Rush ပါ။သူက လိုင်ယွန်နယ်လုန်းအဖြစ်သရုပ်ဆောင်သူပါ။

#uploadbybhonemyatpaing


❗️❗️❗️❗️❗️Into the Wild (2007)

📱 8.1

📱 Channel အရင် Join ပါ
https://t.me/+fdoM7RwLwQM2YTY1

📱 ဇာတ်ကား Link
https://t.me/c/2177896296/199

Review

၁၉၉၃ ခုနှစ်၊ အမေရိကန်နိုင်ငံမှာ လှုပ်လှုပ်ရှားရှား သတင်း တစ်ပုဒ် ထွက်ပေါ်ခဲ့တယ်။ အသက် ၂ဝ ကျော်၊ ဘွဲ့ရပညာတတ်လူငယ်တစ်ဦး၊ ငွေရေးကြေးရေး အခက်အခဲ မရှိသလို၊ မိသားစုပြသနာ၊ အချစ်ရေး ပြသနာ ဘာမှ မရှိတဲ့ လူငယ်လေးတစ်ဦးဟာ တောထဲကို ဝင်ရောက်သွားခဲ့တယ်။တောထဲမှာတစ်ကိုယ်တော်နေထိုင်ရင်း သစ်သားဘတ်စ်ကားအိုကြီးထဲမှာ ပျက်စီးနေတဲ့ သူ့ရုပ်အလောင်းကို ဆတ်မုဆိုးအဖွဲ့ကနေ တွေ့ရှိခဲ့ပါတော့ တယ်။

ဘာကြောင့်သူဟာ ပိုင်ဆိုင်မှုတွေကို စွန့်ခွာခဲ့တာလဲ ?ဘာကြောင့်သူဟာ အောင်မြင်မှုတွေကို စွန့်ခွာခဲ့တာလဲ ?ဘာကြောင့်သူဟာ ချစ်ခင်တဲ့ မိသားစုကို စွန့်ခွာခဲ့တာလဲ ? အဆိုပါ လူငယ်လေးအကြောင်းဟာ အမေရိကန်နိုင်ငံသား တွေကြားမှာဆွေးနွေးစရာ ဘာသာရပ် တစ်ခု ဖြစ်ခဲ့ပါတယ်။ အဆိုပါ လူငယ်လေးရဲ့ကိုယ်ရေးမှတ်တမ်းတွေအပါအဝင် သူပတ်သက်ခဲ့တဲ့ သူငယ်ချင်းမိတ်ဆွေတွေ၊ ဆရာ ဆရာမ တွေ၊မိသားစုဝင်တွေနဲ့ သူ့ချစ်သူတို့ကို မေးမြန်းကာ စာရေးဆရာJon Krakauer Into the Wild ဆိုပြီး စာအုပ်တစ်အုပ်ထုတ်ဝေလိုက်ပါ တယ်။အဆိုပါစာအုပ်ဟာ အမေရိကန်ပြည်တွင်းကို ကျော်လွန်ကာ နိုင်ငံတကာထိ ပေါက်မြောက် အောင်မြင်ခဲ့ပါတယ်။ အရောင်းရဆုံးစာရင်းဝင် စာအုပ်တစ်အုပ်ဖြစ်ခဲ့သလို အမေရိကန်ရှိ တက္ကသိုလ်ကျောင်းအားလုံးနီးပါးရဲ့ Book Club တွေထဲ ထည့်သွင်းဆွေးနွေးရတဲ့ စာအုပ်တစ်အုပ်ဖြစ်ခဲ့ပါတယ်။

ပြိုင်ဆိုင်မှု ပြင်းထန်ပြီး ရက်စက်ကြမ်းတမ်းတဲ့ မြို့ပြလူနေမှူ စနစ်အောက်မှာရုန်းကန်နေရတဲ့ လူငယ်တွေအတွက်ထွက်ပေါက် ကျမ်းစာအုပ်တစ်အုပ်အလား အောင်မြင်ခဲ့ပါတယ်။မင်းသားကြီး ရှောင်ပင်းကနေ ဒါရိုက်တာလုပ်ပြီး ရုပ်ရှင် အဖြစ်အသက်သွင်းရိုက်ကူးခဲ့ရာမှာလည်း အောင်ပွဲဆင့်ခဲ့ပြန်ပါတယ်။ စာအုပ်အဖြစ်သာမကရုပ်ရှင်အဖြစ်ပါ လူငယ်များအကြား အထူးရေးပန်းစားခဲ့ပြန်ပါတယ်။

မင်းသား Emile Hirsch မှ တောထဲကလူငယ်လေးအဖြစ် ကွက်တိကျအောင်သရုပ်ဆောင်ထားပြီး မင်းသမီး Kristen Stewart နဲ့ အခြားသရုပ်ဆောင်များစွာ လဲ ပါဝင်ထားပါတယ်။

#uploadbyshoonshoon


Forward from: History
❗️❗️❗️❗️❗️The Social Network (2018)

IMDB ( 7.8 )


📱Channelအရင်  join ပါ
https://t.me/+kCL2wmUR_sY4NjNl

📱ဇာတ်ကား link
https://t.me/c/2274736087/1040

Review
----------

ဒီရုပ်ရှင်ကား ဟာ Facebook တည်ထောင် သူ မာတ်ဇူကာဘတ် ရဲ့ကျောင်းသားဘဝ နှင့် Facebook ကို တည်ထောင်တဲ့ကာလ တစ်လျှောက်က အကြောင်းများကို ဇ တ်လမ်းရိုက်ကူးထားသည့်ဖြစ်ရပ်မှန် ရုပ်ရှင်ဖြစ်ပါတယ်...

ရုပ်ရှင်ကားမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေက လဲဒိတ်ဒိတ်ကျဲတွေပါပဲNow You See Me ထဲမှာ သရုပ်ဆောင်ခဲ့တဲ့ Jesse Eisenberg နဲ့Spider- Man မင်းသား Andrew Garfield တို့ ဖြစ်
နာမည်ကြီးအဆိုတော် Justin Timberlake တောင် ပါဝင်ပါသေးတယ်

ဒိတ်ဒိတ်ကျဲတွေ ပါဝင်ထားသလို ဇတ်လမ်း ကလဲ အတော်လေး စိတ်ဝင်စားဖို့
ကောင်းပါတယ်....မတ်ဇူကာဘတ် ဟာ ဖေ့ဘုတ် ကို သူငယ်ချင်း ဖြစ်သူ နဲ့ အတူတည်ထောင်ရင်း ဖေ့ဘုတ်ရဲ့ အရှိန်အဝါ ကြီးမားလာပုံကို ရိုက်ပြထားပါတယ်...

#uploadbykevinaris


Forward from: 388GAMING OFFICIAL
Video is unavailable for watching
Show in Telegram
🙂❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️🙂

🎉သိန်း ⚪🟢🟢 ထုတ်သွားတဲ့ customer လေး con con ပါရှင့်🎉

ငွေသွင်းနဲပြီး ငွေထုတ်ကြမ်းချင်တဲ့ကိုကိုတွေအတွက်မြန်မာနိုင်ငံရဲ့ထိပ်တန်းဂိမ်းဆိုဒ်ကြီးဖြစ်တဲ့

🔣388 gaming🔣 ဂိမ်းဆိုဒ်မှာခုဘဲအကောင့်ဖွင့်ကစားလိုက်ပါရှင့်🟢🟢

ငွေသွင်းငွေထုတ်မြန်ဆန်တိကျ 🙂⚪🙂 မိနစ်ထက်ပိုမကြာဘဲ စည်းကမ်းချက်မရှိစိတ်ကြိုက်ဆော့ကစားနိုင်ပါတယ်ရှင့်🌈🌈

ကျပ် / ဘတ် 🙂🟢🙂မျိုးလုံးနဲ့ဆော့လိုရပါပီရှင့်


💸🟢🟢🙂🙂 -  @club388gaming

💸🙂🙂🙂🙂🙂 သိရန် -@club388onlinegaming

💸 : 09 66 77 88 261

💸 : 09 76 54 666 88

📱 : @388gaming.live

📱 : www.388gaming.info

🔣ကိုယ်တိုင်အကောင့်ဖွင့်ရန်🔣

🙂 open acc 🙂


🙂 Game free ဆော့ရန် 🙂

🙂 Free unit 🙂


❗️❗️❗️❗️       Oppenheimer (2023)

IMDB ( 8.3 )


📱 Channel အရင် join ပါ
https://t.me/+kCL2wmUR_sY4NjNl

📱 ဇာတ်ကား link
https://t.me/c/2274736087/1039

Review
----------

Peaky Blinder ရဲ့ မင်းသား Cillian Murphy က ဒေါက်တာ ဂျေ ရောဘတ် အော့ပန်ဟိုင်းမားအဖြစ် ခေါင်းဆောင်ပါဝင်ထားပြီး၊ နာမည်ကြီးတွေဖြစ်တဲ့ Robert Downey Jr., Emily Blunt, Matt Damon, Rami Malekတို့ အစုံပါဝင်ထားပါတယ်။ဒီရုပ်ရှင်ဟာ သမိုင်း၊ ဒရာမာ၊ အထ္ထုပ္ပတ္တိ အမျိုးအစားပဲဖြစ်ပါတယ်။ သမိုင်းကို နည်းနည်းလေး ကြားဖူးသူတိုင်းတောင် ဟီရိုရှီးမားနဲ့ နာဂါဆာကီကို ကြားဖူးကြမှာပါ။ ဒီရုပ်ရှင်ထဲက ပုဂ္ဂိုလ်ကတော့ အဲဒီမြို့နှစ်မြို့ကို ကျဲချခဲ့တဲ့ အနုမြူဗုံးကို တီထွင်ခဲ့တဲ့ သူပါပဲ။ သမိုင်းတလျှောက် အကျော်ကြားဆုံးလူတွေထဲကတစ်ယောက်ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကို နိုလန်ရဲ့ထုံးစံအတိုင်း အတန်းလိုက်မဟုတ်တဲ့ ဇာတ်ကြောင်းပြောပုံတွေရယ်၊ နောက်ကြောင်းပြန်ပုံတွေရယ်နဲ့ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားပါတယ်။အော့ပန်ဟိုင်းမားရဲ့ ကျောင်းသားဘဝ၊ ပါမောက္ခဘဝ၊ ကွန်မြူနစ်နောက်ခံ ဘဝတွေကနေ အမေရိကန်ရဲ့ အကြီးမားဆုံး စီမံကိန်းဖြစ်တဲ့ မန်ဟက်တန်စီမံကိန်းကို လော့စ် အာလာမို့စ်မှာ ဦးဆောင်ခဲ့ရပုံတွေကိုပြသထားပါတယ်။အနုမြူဗုံးကိုအောင်မြင်စွာဖန်တီးပြီး စစ်နိုင်သွားတဲ့နေရာမှာ ရပ်သွားတာမဟုတ်ဘဲ အဲဒီနောက်ပိုင်းမှာ သမ္မတနဲ့ အစိုးရကိုပါ အတိုက်အခံလုပ်ပြီး အနုမြူလက်နက် ကန့်သတ်ရေးကို လှုပ်ရှားခဲ့တဲ့ဘဝအကြောင်းတွေပါ ပါဝင်ပါတယ်။

ပထမဆုံး အဖြူအမည်း IMAX ရိုက်ချက်တွေကို ဖန်တီးထည့်သွင်းထားသလို ရုပ်ရှင်တစ်ကားလုံးကို CGI မသုံးခဲ့တဲ့အတွက်လည်း နာမည်ကြီးနေပါသေးတယ်။ ပြီးတော့ အော့ပန်ဟိုင်းမားနဲ့ခေတ်ပြိုင် နာမည်ကြီး သိပ္ပံပညာရှင်တွေလည်း အချက်အလက်အသေးစိတ်ထည့်သွင်းထားပါသေးတယ်။ အဲဘတ်အိုင်းစတိုင်း၊ ကာ့ထ်ဂိုဒဲ၊ ရစ်ချက်ဖိုင်းမန်းတို့လို ဇာတ်ကောင်တွေကိုလည်း အသေးစိတ်ဖန်တီးထားပါတယ်။ အတော်ကိုကြည့်ကောင်းတဲ့ ရုပ်ရှင်ပါပဲ။

#uploadbyhoshiko


❗️❗️❗️❗️❗️  The Pianist (2002)

IMDB ( 8.5 )

📱 Channel အရင် Join ပါ
https://t.me/+kCL2wmUR_sY4NjNl

📱 ဇာတ်ကား Link
https://t.me/c/2274736087/1025

Review
----------

The Pianist ဟာ ဒုတိယကမ္ဘာစစ်တွင်းက ပိုလန်နိုင်ငံသား ဂျူးလူမျိုး စန္ဒရားပညာရှင် Szpilman တယောက် ဂျာမန် လက်ထဲကနေ လွတ်မြောက်ပီး ဝါဆောမြို့မှာ ပုန်းအောင်း ရင်းအသက်ရှင်ဖို့ ခက်ခက်ခဲခဲ Survival လုပ်ခဲ့ရတဲ့ အဖြစ်အပျက်ကို ရိုက်ကူးထားတာပါ။
ဇာတ်လမ်းရဲ့အစမှာတော့ Szpliman တစ်ယောက် ဝါဆော မြို့ရေဒီယိုစခန်းတခုမှာ piano တီးနေခဲ့တယ်။အဲ့အချိန်မှာ ဘဲ ပထမဆုံးဂျာမန်ဗုံးတွေ ပိုလန်မြို့ပေါ်ကြဲကျတော့ အဆောက်အအုံထဲမှာ ရှိတဲ့လူတွေ ရုတ်ရုတ်သဲသဲဖြစ်ကုန်ပြီး ဘေးလွတ်ရာပြေးကြတယ်။ စစ်ရဲ့ အစပေါ့...အင်္ဂလန်နဲ့ ပြင်သစ်တို့ စစ်ကြေညာကြောင်းထုတ်ပြန်တော့ မြို့ကနေ ထွက်ခွါတဲ့သူတွေက ထွက်ကြတယ်။ဒါပေမဲ့ Szpilman တို့မိသားစုကတော့ ဝါဆောမြို့ကနေထွက်မ ပြေးခဲ့ဘဲ အခြေအနေကောင်းဖြစ်လာမှာကိုဘဲ စောင့်မျှော်နေ ခဲ့ကြတယ်။ဒါပေမဲ့ ရလာဒ်ကထင်ထားသလိုဖြစ်မလာဘဲ ဂျာမန်တွေ ပို အာဏာရ အင်အားကြီးလာပြီး ပိုလန်နိုင်ငံကို ဝါးမြိုလာပါ တော့တယ်။မြို့ထဲမှာရှိတဲ့ဂျူးမှန်သမျှ Ghetto ထဲကိုပြောင်းရွှေ့နေခိုင်း တယ်။ဂျာမန်တွေဟာ ဂျူးတွေကို လူလိုမသတ်မှတ်ဘဲ ညှင်းပန်းနှိပ်စက်ကြတယ်။အဲ့ဒါပြီး ကမ္ဘာ့သမိုင်းမှာအရက် စက်ဆုံးဖြစ်တဲ့ဂျူးအားလုံးကိုအမြစ်ပြတ်သတ်ဖြတ်မဲ့Auschwitz ကိုရထားတွေနဲ့ ပို့ပါတော့တယ်။ အဲ့ထဲမှာလဲ ဂျူးမိသားစုဖြစ်တဲ့ Szpilman တို့မိသားစုက လဲ အပါအဝင်ပေါ့။ကံကောင်းချင်တော့ ဂျူးထိန်းသိမ်းရေးအဖွဲ့က လူတယောက် က Szpilman ကိုကယ်လိုက်တယ်။ ဒီလိုနဲ့ဘဲ Szpilman တစ်ယောက် သေကံမရောက် သက်မပျောက်ဘဲ ဝါဆောမြို့ မှာ တစ်ယောက်ထဲ အသက်ဆက်ခွင့်ရခဲ့ပါတော့တယ်။ ဒါပေမဲ့ အဲ့လိုရှင်သန်ရတာလဲ မလွယ်ကူပါဘူး။အသက်မသေ ရုံတမယ်ပါဘဲ။သူချစ်တဲ့သူ့မိသားစုကိုလဲ ဆုံးရှုံးခဲ့ရတယ်၊ သူသိပ်ဝါသနာပါတဲ့ Pianist အလုပ်ကိုလဲစွန့်လွှတ်ရတယ်၊ သူနေတဲ့ တမြို့လုံးလဲ အနိဋ္ဌာရုံဖြစ်သွားခဲ့ရတယ်။ ဒီရုပ်ရှင်ဟာ ဂျာမန်တို့ဝါဆောကို စသိမ်းတဲ့ ၁၉၃၉လောက် ကနေ ဆိုဗီယက်တပ်နီတော်ကြီး ပိုလန်ကိုပြန်သိမ်းယူတဲ့ ၁၉၄၅ လောက်အထိအတွင်းမှာ ယိုယွင်းပျက်စီးပြီး လူသူမဲ့ နေတဲ့ ဝါဆောမြို့လယ်ထဲမှာ Pianist Szpilman တစ် ယောက် ဘယ်လိုအသက်ရှင်ဖို့ ကြိုးစားခဲ့ရပုံကို ရင် တလှပ်လှပ်နဲ့ကြည့်ရှူရမာဘဲ ဖြစ်ပါတယ်။

#uploadbyhoshiko


❗️❗️❗️❗️❗️The Imitation Game (2014)

IMDB ( 8.0 )

📱 Channel အရင် Join ပါ
https://t.me/+kCL2wmUR_sY4NjNl

📱 ဇာတ်ကား Link
https://t.me/c/2274736087/1026

Review
------------

ဒီဇာတ်ကားကိုအခုခေတ်လူတွေကြည့်ခွင့်ရတာ တကယ့်ကိုထူးတဲ့ ကုသိုလ်တစ်ခုလို့မှတ်ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဇာတ်ကားထဲက အချက်အလက်တွေက တကယ့် Top Secret တွေဖြစ်ပြီးဗြိတိန်နိုင်ငံက ဒီအချက်အလက်တွေကို နှစ် ၅၀ ခန့်ထိမ်းသိန်းလျှို့ဝှက်ထားခဲ့တာပါ။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမဏီတို့ စစ်ရေးအရ အခြားနိုင်ငံတွေအပေါ်အသာရစေခဲ့တဲ့အရာဟာ Enigmd လို့ခေါ်တဲ့ လျို့ဝှက်ကြေးနန်းပို့စနစ်လို့ ဆိုနိုင်ပါတယ်။ Enigma ကတဆင့် သတင်းပေးပို့မယ်ဆိုရင် အခြားနိုင်ငံတွေအနေနဲ့ ဘယ်လိုမှ enigmd စကားဝှက် တွေကိုဖော်နိုင်စရာမရှိပါဘူး။ possibilities ပေါင်း သန်းပေါင်း ၁၅၉ သန်းထိရှိတဲ့ စကားလုံးတွဲဖက်မှုတွေပေါ်လာနိုင်လို့ပါပဲ။ အဲဒီ possibilities အားလုံးကိုဖော်နိုင်တယ်ထားဦးတော့….ဂျာမဏီတို့က ာသန်းခေါင်ကျော်ရင် setting အသစ်တစ်မျိုးထပ်ပြောင်းတာကြောင့် ၂၄ နာရီအတွင်း decipher လုပ်ဖို့ဆိုတာ mission impossible ပဲဖြစ်ခဲ့ပါတယ်။ ဗြိတိန်စစ်တပ်ဟာ ဒီ enigmd ကိုဖော်နိုင်ဖို့ နိုင်ငံအတွင်းရှိ သင်္ချာပညာရှင်တွေ၊ cryptanalyst တွေကို Bletchley Park မှာ စုစည်းခဲ့ကြပါတယ်။ Bletchley Park ကိုလာရောက်ကြသူတွေထဲမှာ Alan Turing လည်းအပါအဝင်ပေါ့။ Alan Turing ဟာ ညာဏ်အင်မတန်ကောင်းတယ်၊ cryptology ကိုထုံးလိုကြေရေလိုနှောက် ကျွမ်းကျင်တယ်။ သို့ပေမယ့် ပေါင်းသင်းဆက်ဆံရေးကတော့အလွန်ညံ့တယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့ စိတ်မဝင်စားဘူး။ သူတို့ဟာ သူ့အလုပ်ကိုနှောင့်နှေးစေတာသာရှိမယ်လို့ သူကယူဆတယ်။ ဒီတော့ သူ့ကို လုပ်ဖော်ကိုင်ဖက်တွေက ဘယ်ကြည်ကြလိမ့်မလဲ။

အထက်လူကြီးကရောတဲ့ ..Alan Turing ဆိုတဲ့ငနဲကိုထုတ်ပစ်ဖို့ အကြောင်းပြချက်ရှာမတွေ့သေးလို့သာ နေကြရတာဖြစ်ပါတယ်။ Alan က enigma ကိုဖော်ဖို့ လူ့စွမ်းအားနဲ့မဖြစ်နိုင်မှန်းသိတယ်။ လူ့ ဦးနှောက်ထက် သာလွန်တွက်ချက်နိုင်တဲ့ စက်တစ်ခုကိုတည်ထွင်ဖို့သူကကြိုးပမ်းခဲ့တယ်။ အစကတော့ သူ့စက်အတွက် ငွေထောက်ပံ့ဖို့ Commander Denniston ကငြင်းဆိုခဲ့တယ်။ ဒီတော့ Alan ဘာလုပ်သလဲ....။ Winston Churchill ဆီ တိုက်ရိုက်စာရေးတောင်းဆိုလိုက်တော့တယ်။ ရလဒ်အဖြစ် funding ရလိုက်ရုံမက decipherteam တစ်ခုလုံးရဲ့ခေါင်းဆောင်ပါဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလာခဲ့ပေမယ့် ငွေကုန်ကြေးကျခံထားတဲ့ Alan ရဲ့ စက်ကြီးက အလုပ်ဖြစ်မလာသေးလို့ အထက်လူကြီးတွေသည်းခံစိတ်ကုန်လာခဲ့ပြီ။ Bletchley Park မှာ ဆိုဗီယက်သူလျိုရှိတယ်ဆိုတဲ့ ကောလဟလထွက်လာတဲ့အခါမှာလည်း Alan ကသံသယရှိစရာအကောင်းဆုံးသူဖြစ်နေတယ်။

Alan ဟာ တကယ်ပဲသူလျိုလား……..၊ သူ့ရဲ့စက်ကြီးကရော အချိန်မီပြီးစီးနိုင်မှာလား။ Alan မှာ အဲဒီခေတ်က လူသိခံလို့မရတဲ့ လျို့ဝှက်ချက်ကြီးတစ်ခုလည်းရှိနေခဲ့တယ်။ အဲဒီလျို့ဝှက်ချက်ကိုရော Alan ဘယ်အချိန်ထိဖုံးကွယ်ထားနိုင်မလဲဆိုတာ………………………………….။

အလန်ကျူ ရင်းကို ယခင်က ကျွန်တော် မကြားဖူးခဲ့ပါဘူး။(ကျွန်တော်တော်တော်ညံ့ခဲ့တာပါ။) အဲ့ဒီ အလန်ကျူ ရင်းဆိုတာ ကျွန်တော်တို့ ယနေ့ခေတ်ကွန်ပျူတာခေတ်အတွက် အစကနဦး အိုင်ဒီယာချခဲ့တဲ့ပုဂ္ဂိုလ်ကြီးပါတဲ့။ ဒီဇာတ်ကားက အဲ့ဒီပုဂ္ဂိုလ်ကြီးအကြောင်းကိုရိုက်ထားတာပါ။ သူဟာ ကမ္ဘာ့သမိုင်းကို ဖန်တီးခဲ့တဲ့ လူသားတွေထဲပါဝင်ခဲ့ပြီးတော့ လူ့အသက်ပေါင်း သန်းချီကို ကယ်တင်ခဲ့တဲ့ မဟာလူသားတစ်ဦးဖြစ်ပါတယ်။ (မဟာလူသားဆိုပေမယ့် Perfect ဖြစ်ခဲ့သူတစ်ယောက်တော့မဟုတ်ပါဘူး) ဒီလို Perfect မဖြစ်ပေမယ့် လူသားဆန်လွန်းတဲ့ လူတစ်ယောက်အကြောင်းကို ဇာတ်လမ်းဇာတ်ညွှန်းကောင်းကောင်း သရုပ်ဆောင်ကောင်းကောင်းနဲ့တင်ဆက်ထားတာဖြစ်တဲ့အတွက် ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားကောင်းဖြစ်ပါတယ်။ ကြည့်ဖို့တိုက်တွန်းအပ်ပါတယ်။ IMDb Rating(8.0/10) နဲ့ Rotten Tomatoes (90%) ရရှိထားပါတယ်။ မင်းသားကြီး Benedict Cumberbatch နဲ့ မင်းသမီး Keira Knightley တို့အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီကားအပြီးမှာနိုင်ငံအတွက် ဘာတွေ ပေးဆပ်ပြီးပြီလဲ??? ဘာတွေ ပေးဆပ်ရဦးမလဲ??? ဆိုတာတွေးရင်းနဲ့ "Ask not what your country can do for you, ask what you can do for your country" ဆိုတဲ့ မိန့်ခွန်းကိုတောင် ပြန်သတိရမိပါတယ်။

#uploadbykevinaris


Forward from: 388GAMING OFFICIAL
ထိုင်း-မြန်မာတိုက်ရိုက်ဂိမ်းဝဘ်ဆိုဒ်

ငွေစျေးကောင်း ဘတ်စျေးကောင်းတုန်း နိုင်ငံခြားငွေမှ ရှာချင်ရင်တော့ 388 gaming ကို လာဆော့လိုရပါပီရှင့်🤝

အခုလို အချိန်မျိုးမှာ ဘတ်နဲ့သာ အချီကြီးပေါက်ရင်တော့ ပွဲသိမ်းပြီပေါ့ 🤑🔥

မြန်မြန်သွင်း မြန်မြန်ဆော့မှ ချက်ချင်း အိတ်ကပ်ဖောင်းမှာဆိုတော့ လက်မနှေးဘဲ အမြန်လေးသာ လာဆော့လိုက်တော့💭👌

💸2️⃣4️⃣🔥🔥 -  @club388gaming

💸🔥🔥🔥🔥🔥သိရန် -@club388onlinegaming

💸 : 09 66 77 88 261

💸 : 09 76 54 666 88

📱 : @388gaming.live

📱 : www.388gaming.info

🔣ကိုယ်တိုင်အကောင့်ဖွင့်ရန်🔣

*️⃣ open acc *️⃣


➡️Game free ဆော့ရန် ⬅️

*️⃣ Free unit *️⃣


❗️❗️❗️❗️❗️A Beautiful Mind 2001

IMDB (8.2
/10)

📱Channel အရင်join ပါ

https://t.me/+kCL2wmUR_sY4NjNl

📱ဇာတ်ကားlink

https://t.me/c/2274736087/1011

Review
~~~~~~~
ဒီဇာတ်လမ်းလေးကတော့ (Nobel Laureate in Economics) နိုဘယ်ဆုရရှိခဲ့ တဲ့သင်္ချာပညာရှင်ကြီး John Nash ရဲ့ ဘဝ ဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်ပါ တယ်။

John Nash on modern economic အတွက် အရမ်းအထောက်အကူ ပြုခဲ့ပါတယ်။ သူဟာ Princeton University ကနေ ပါရဂူ ဘွဲ့ရပြီး အဲဒီကျောင်းမှာ ဆရာပြန်လုပ်ခဲ့ပါ တယ်။

သူ့ဘဝဇာတ်ကြောင်းကို တက္ကသိုလ်နယ်မြေ ကအစပြုလို့ နိုဘယ်ဆုချီးမြှင့်ခံရချိန်အထိ နိုဘယ်ဆုနဲ့ထိုက်တန်အောင် သူ ဘယ်လို မဆုတ်မနစ်ကြိုးစားခဲ့ရလဲ၊ ဘယ်လိုရုန်းကန် ရလဲ၊အခက်အခဲတွေကို ဘယ်လိုအောင်မြင်အောင် ကျော်ဖြတ်ရလဲဆိုတာတွေကို ရိုက်ကူးထားပါ တယ်။

အပိုဆုအနေနဲ့ သူ့ရဲ့ မဟေသီ Alicia နဲ့ တွေ့ဆုံချစ်ကြိုက်ခဲ့တဲ့အကြောင်းတွေကို ရိုမန့်တစ်ဆန်ဆန် တင်ဆက်ထားပါတယ်။

#uploadedbyyumyatmin


❗️❗️❗️❗️❗️Braveheart (1995)

IMDB (8.3/10)

📱Channel အရင် join ပါ။

https://t.me/+kCL2wmUR_sY4NjNl

😍ဇာတ်ကား link

https://t.me/c/2274736087/1010

Review
---------
သမိုင်းနောက်ခံ အမေရိကန်

ရှေးစစ်ကားတစ်ခု တင်ပေးထားပါတယ်။ဒီဇာတ်ကားထဲက ဇာတ်ကောင်ကတော့ စကော့စစ်သူရဲကောင်းကြီးဝီလီယမ် ဝေါလေ့စ် နေရာကနေ သရုပ်ဆောင်ထားခဲ့တာပါ။ အော်စကာ ဆန်ကာတင် ၁၀ နေရာ ပါဝင်ခဲ့ပြီးအကောင်းဆုံး ရုပ်ရှင်ဆု နဲ့အကောင်းဆုံး ဒါရိုက်တာ ဆု အပါပအဝင် ၅ ဆုတိတိ ဆွတ်ခူးသွားခဲ့တာပါ။

ပထမ စကော့တလန် လွတ်မြောက်ရေး စစ်ပွဲ ဦးဆောင်ခဲ့တဲ့ စစ်သူရဲကောင်း ဝီလီယံ အကြောင်းကို ရေးဖွဲ့ခဲ့တဲ့ ကဗျာ(Blind Harry's epic poem The Actes and Deidis of the Illustre and Vallyeant Campioun Schir William Wallace)ကိုအခြေခံပြီး ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။၁၃ ရာစု အင်္ဂလန်ဘုရင် ပထမအက်ဒ်ဝက်လက်ထက်မှာ ပဲ ဖြစ်ပါတယ်။အတော်ကြီးကို ကောင်းတဲ့ ရုပ်ရှင်ကားကြီးတစ်ခုမို့ ကြည့်နိုင်ကြဖို့ တင်ပေးထားလိုက်ပါတယ်

#uploadbyhsukaykhaing


❗️❗️❗️❗️   Catch Me If You Can (2002)

IMDB ( 8.1)

📱 Channel အရင် Join ပါ
https://t.me/+kCL2wmUR_sY4NjNl

📱 ဇာတ်ကား Link
https://t.me/c/2274736087/997

Review
----------

ဒါရိုက်တာက နာမည်ကြီး Steven Spielberg ဖြစ်ပြီးမင်းသားတွေကတော့မင်းသားကြီး Tom Hanks ရယ်..မင်းသားချော Leonardo တို့ရယ် ဖြစ်ပါတယ်...။ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်သလို အော်စကာဆုတွေလဲရရှိထား တဲ့ဇာတ်ကားပါ။မင်းသားနှစ်ယောက်ဖြစ်တဲ့ Leonardo နဲ့ Tom Hanks တို့နှစ်ဦးရဲ့ သရုပ်ဆောင်ချက်ကလည်း ကောင်းသလိုသူတို့နှစ်ဦးကြားက ဆက်ဆံရေး၊ ဇာတ်လမ်း တည်းဖြတ် ထားပုံကလည်းဇာတ်ကားကို ထူးခြားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်စေ ပါတယ်။ဇာတ်ရှိန် အတက်အကျ မှန်ပြီး၊ ပါသင့်တဲ့အချက်အလက်အားလုံးစုံအောင် ထည့်သွင်းရိုက်ကူးထားနိုင်ပါတယ်။

ဉာဏ်ကောင်းရဲ့သားနဲ့ လမ်းမှားရောက်နေတဲ့ လူငယ်လေးကိုတာဝန်အရဖမ်းတာတင်မဟုတ်ပဲလမ်းမှန်ရောက်လာအောင် ပြုပြင်ပေးရုံသာမက နိုင်ငံအတွက်ပါ အကျိုးရှိအောင် အသုံးချနိုင်ခဲ့တဲ့Carl Hanratty y Tom Hanks 3
သရုပ်ဆောင်ထားပါတယ်။အထူးသဖြင့် ပြင်သစ်ရဲတွေ Frank ကို ဖမ်းသွားတော့မရမက ပြန်ခေါ်ထုတ်ပြီးအမေရိကားကို ပြန်ခေါ်လာနိုင်ဖို့ ကြိုးစားခဲ့ပုံတွေက လူလူချင်းတန်ဖိုးထားတတ်တဲ့အလေ့အထတွေကိုခံစားမိစေပါ တယ်။ကြည့်မိသူတိုင်းကြိုက်ကြတာမို့ လက်လွတ်မခံစေချင်ပါဘူး။

#uploadbyhoshiko


Forward from: 388GAMING OFFICIAL
🇹🇭3️⃣8️⃣8️⃣🔠🔠🔠🔠🔠🔠🇲🇲

🛎အကောင်းဆုံး အခွင့်အရေးတွေနဲ့အတူ🛎

ကြိုက်တာရွေးဆော့ .. ဂိမ်းပေါင်းကလည်း ရာချီ 😱

ဘော်ဒါတွေ ဆုံတုန်း အကြိုက်မတူလည်း တူတူ ကြိုက်ရာ ဆော့လိုရတယ်နော်👍

တူတာ တစ်ခုကတော့ ဘာဆော့ဆော့ 💰 ပေါက်ဖို သေချာနေတာပေါ့ 😍

💸2️⃣4️⃣🔠🔠 -  @club388gaming

💸🔠🔠🔠🔠🔠 သိရန် -@club388onlinegaming

💸 : 09 66 77 88 261

💸 : 09 76 54 666 88

📱 : @278yawff

📱 : www.388gaming.info

🔣ကိုယ်တိုင်အကောင့်ဖွင့်ရန်🔣

⭐️ open acc ⭐️


➡️ Game free ဆော့ရန် ⬅️

⭐️ Free unit ⭐️

20 last posts shown.