ICJ ကိစ္စ
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏
အဖွင့်မိန့်ခွန်း
(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊
သည်ဟိတ်ဂ်မြို့)
ဥက္ကဋ္ဌကြီးနဲ့ ဂုဏ်သရေရှိ
တရားသူကြီးမင်းများခင်ဗျား၊
၁။ ကျွန်တော်အနေနဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ကိုယ်စားလှယ်အဖြစ်
တရားရုံးတွင် ပါဝင်တက်ရောက်ရတဲ့အတွက်
ဂုဏ်ယူမိပါတယ်။
၂။ တရားသူကြီးများဖွဲ့စည်းမှုနှင့် နှစ်ဖက်အမှုသည်များ၏ ကိုယ်စားလှယ်များတွင် အပြောင်းအလဲများရှိသည့်အားလျော်စွာ
ကျွန်တော်အနေနဲ့ Madam Joan Donoghue ကို တရားရုံး၏ သဘာပတိအဖြစ်လည်းကောင်း၊
Mr. Kirill Gevorgian ကို ဒုတိယ သဘာပတိတို့အဖြစ်လည်းကောင်း၊ Mr. Georg Nolte နှင့်
Ms. Hilary Charlesworth တို့ကို
တရားသူကြီးများ အဖြစ်လည်းကောင်း တင်မြှောက်ခံရသည့်အတွက် ဝမ်းမြောက်
ပါကြောင်းနှင့် တရားလို၏ ကိုယ်စားလှယ်
အသစ်ဖြစ်သော Mr. Dawda Jallow နှင့်
တွဲဖက်ကိုယ်စားလှယ် အသစ်ဖြစ်သော
(Co-Agent) Mr. Hussein Thomasi တို့ကို
ချစ်ကြည်လေးစားမှုရှိ ပါကြောင်း
ဦးစွာပြောကြားလိုပါတယ်။
၃။ ကုလသမဂ္ဂ၏ အဓိကတရားရေး
မဏ္ဍိုင်ဖြစ်သော အပြည်ပြည်ဆိုင်ရာတရားရုံးအနေဖြင့် ယခုကိစ္စရပ်အား တရားဥပဒေနှင့်
လျှော်ညီစွာ ဆုံးဖြတ်မည်ဟု နက်ရှိုင်းသော ယုံကြည်မှု နှင့်အတူ မိမိအနေနဲ့ မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်အသစ်အနေဖြင့် တွဲဖက် ကိုယ်စားလှယ်ဖြစ်သော ဒေါက်တာသီတာဦး
နှင့်အတူ လာရောက်ခဲ့ခြင်းဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးနဲ့ ဂုဏ်သရေရှိ
တရားသူကြီးမင်းများခင်ဗျား၊
၄။ အပြည်ပြည်ဆိုင်ရာတရားရုံးအနေနဲ့ တရားရုံး၏ ရှေ့မှောက်သို့ ရောက်ရှိလာသည့်
နိုင်ငံအချင်းချင်း ဆက်ဆံရေးနှင့် သက်ဆိုင်သည့်ဥပဒေများ၊ တရားရုံး၏ စီရင်ပိုင်ခွင့် နှင့်
သက်ဆိုင်သည့် ဥပဒေများအပြင် တရားရုံးသို့ အမှုစွဲတင်ခွင့်အပေါ် သတ်မှတ်ချက် များကိုလည်း အမှုနှင့်သက်ဆိုင်သောဥပဒေများအဖြစ် မှတ်ယူဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
၅။ နိုင်ငံတကာတရားဥပဒေစိုးမိုးရေးအတွက် အပြည်ပြည်ဆိုင်ရာဥပဒေ၏ စံနှုန်းများကို
လေးစားလိုက်နာရာမှာ အခြားသော ကျန်ရှိတဲ့ ဥပဒေစံနှုန်းများကိုပါ တိကျစွာ လေးစား လိုက်နာသွားရန်အရေးကြီးပါတယ်။ အပြည်ပြည်ဆိုင်ရာတရားဥပဒေစနစ်ကို မတူကွဲပြား သော
နိုင်ငံများ၏ တူညီသော သဘောဆန္ဒများနဲ့ တည်ထောင်ထားတာ ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ တရားဥပဒေစနစ် ဆက်လက်ကျယ်ပြန့်စွာ ဖွံ့ဖြိုးတိုးတက်စေဖို့ အတွက် ဘုံသဘောထားတွေကို အတိအကျ လေးစားလိုက်နာမှာဖြစ်တဲ့အကြောင်း အဖွဲ့ဝင်နိုင်ငံများအားလုံးက
ယုံကြည်လက်ခံနေရမှာဖြစ်ပါတယ်။
၆။ မြန်မာနိုင်ငံအနေဖြင့် ယခုအမှုအပေါ်
တရားရုံးအနေဖြင့် စီရင်ပိုင်ခွင့်မရှိကြောင်း သို့မဟုတ် အမှုအား ပလပ်သင့်ကြောင်း
လျှောက်လဲခြင်းဟာ တရားရုံးရဲ့ တရားစီရင်မှု လုပ်ထုံးလုပ်နည်းများအပေါ် ဆင်ခြေပေး
ကန့်သတ်ရန်အတွက် မဟုတ်ပါ။ အဲ့ဒီအစား
တော်တည့်မှန်ကန်တဲ့ တရားမျှတမှု ရရှိနိုင်ရေးအတွက် ရည်ရွယ်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေဖြင့် ယခုကနဦး ကန့်ကွက်လွှာလျှောက်ထားခြင်းအား တရားရုံးအပေါ် အထူးလေးစားသမှုဖြင့် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။
၇။ ဒါကြောင့် နောင်ရက်များအတွင်း တရားရုံးရှေ့မှောက်မှာ ပြုလုပ်မယ့်လျှောက်လဲချက် များ ကြားနာခြင်းဟာ အလွန်ပဲအရေးကြီးပါတယ်။ ယေဘူယျအားဖြင့် တရားရုံးရဲ့ အနာဂတ်တရားစီရင်ရေး လုပ်ငန်းစဉ်တွေအပေါ် အကျိုးသက်ရောက်မှုများစွာရှိမှာ ဖြစ်သလို နိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာတရားရုံး သို့မဟုတ် ခုံရုံးများသို့ တင်သွင်းမည့် အမှုများအပေါ်လည်း အမှန်တကယ် အကျိုးသက်ရောက်မှုများ
ရှိလာမှာ ဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးနဲ့ ဂုဏ်သရေရှိ
တရားသူကြီးမင်းများခင်ဗျား၊
၈။ မြန်မာနိုင်ငံမှ တင်သွင်းခဲ့သည့် ကနဦးကန့်ကွက်ချက်များသည် အမှတ်တကယ် ကနဦး အဆင့်သာဖြစ်ပြီး Genocide Convention အား မြန်မာနိုင်ငံမှ ဖောက်ဖျက်ကြောင်း ဂမ်ဘီယာနိုင်ငံမှ စွပ်စွဲထားသည့်ကိစ္စအပေါ် ဆုံးဖြတ်ချက် ချမှတ်ရေးနှင့် သီးခြားစီ ဖြစ်ပါ တယ်။ တရားရုံးအနေဖြင့် ယခု ကနဦးကန့်ကွက်လွှာကြားနာမှုကို ဆုံးဖြတ်ပြီးနောက်မှာ မှ အဆိုပါကိစ္စရပ်အား ဆက်လက်စဉ်းစားဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
၉။ တရားရုံး၏ ကြားဖြတ်စီမံဆောင်ရွက်ချက်အမိန့်များသည် ကနဦးကန့်ကွက်လွှာပါ အချက်များအပေါ် ကြိုတင်ဆုံးဖြတ်သည့်သဘော လုံးဝသက်ရောက်စေမည် မဟုတ် ကြောင်း ကြားဖြတ်
စီမံ ဆောင်ရွက်ချက်အမိန့်အပိုဒ် ၈၅ ၌ ရှင်းလင်းစွာ ဖော်ပြထားပြီး ဖြစ်ပါတယ်။ ထို့ကြောင့် ယခုအချိန်မှသာ တရားရုံးအနေဖြင့် ကနဦးကန့်ကွက်ချက်များ အပေါ် သေချာစွာ လေ့လာသုံးသပ်၍ ဆုံးဖြတ်ချက်ချမှတ်ပေးရမှာ ဖြစ်ပါတယ်။
၁၀။ အဲ့ဒါကြောင့် ယနေ့ကြားနာပွဲမှာ ကျွန်တော့်အနေနဲ့ ဂမ်ဘီယာနိုင်ငံမှ တင်သွင်းထားသည့် အသေးစိတ်အချက်အလက်များကို ဆွေးနွေးသွားမှာ မဟုတ်ပါ။ မြန်မာနိုင်ငံအနေဖြင့် ယခုအမှုအား တရားရုံးတွင် စီရင်ပိုင်ခွင့်မရှိကြောင်း၊ ပလပ်ရမည်ဖြစ်ကြောင်း လျှောက်ထားခြင်းသည် ဂမ်ဘီယာ၏ စွပ်စွဲချက်အပေါ် တုံ့ပြန်ရန် မရှိကြောင်း ပြောဆို ခြင်း မဟုတ်သည်ကိုလည်း အထူးအလေးထား ပြောလိုပါတယ်။