လူမှု့ကွန်ရက်များ၌ သတင်းတု/သတင်းအမှားဖြန့်ဝေခြင်း
မြန်မာပြည်မှာ လူသုံးအများဆုံးဖြစ်တဲ့ Facebook မှာ သတင်းတု/မှားများအသုံးချ၍ လူအများ ထင်ယောင်ထင်မှားဖြစ်စေရန်၊ စိုးရိမ်ထိတ်လန့်စေရန်စသည့်အကြောင်းပြချက်များအပြင် လူအများစိတ်ဝင်စားနိုင်သော သတင်းအကြောင်းအရာပေါ်အသုံးချ၍ Follower ရှာခြင်းများကို Feb-1 Coup မတိုင်မီကပင် တွေ့ရလေ့ရှိပါတယ်။
Feb-1 Coup မတိုင်ခင်က ခုလို Hoax News များ Misinformation များက သိပ်မသိသာစေပေမယ့် ခုလိုကာလမှာ တချို့သော သတင်းများက မလိုအပ်ဘဲ ဖောင်းပွက အရေးကြီးတဲ့သတင်းအချို့ကို ဖုံးလိုက်သလိုဖြစ်စေပါတယ်။
တချို့သတင်းများက မှန်/မမှန် ချက်ခြင်း ဝေဖန်ဆုံးဖြတ်၍ မရပေမယ့် တချို့သတင်းတွေကိုတော့ ၈၀% လောက်အထိ မှား/မှန် ကိုယ်တိုင်ဆုံးဖြတ်လို့ရပါတယ်။
ဥပမာ-
Internet သတင်းများ
--------------
Internet ဖြတ်တောက်မည်ဆိုသည့်သတင်းက Feb-1 နောက်ပိုင်း ခဏခဏ ထွက်လာပါတယ်။ ထွက်လာတိုင်း မှန်တယ်ဆိုတာ မရှိသလောက်ပါပဲ။ ဖြတ်တိုင်းလည်း အနီးကပ်ဆုံးအချိန်ကျမှသာလျှင် သက်ဆိုင်ရာ ISP များနှင့် Mobile Operator များသိရှိရပါတယ်။ မည်သည့်အခါကမျှ ကြိုတင်သိရှိခြင်းမရှိသလို ကြိုတင်၍ အသိပေးခဲ့ခြင်းလည်း မရှိပါ။
သို့သော် ဒီသတင်းပေါ်အမှီပြုပြီး Follower ရှာတဲ့သူကတော့ ရှာနေမြဲပါပဲ။
NUG MONEY သတင်းအမှား
-------------------
ငွေကြေးစနစ်တစ်ခုတည်ထောင်ရန်၊ ငွေစက္ကူတစ်ရွက် ရိုက်နှိုပ်ရန်မှာ A-4 တစ်အုပ်၊ Colour Printer တစ်လုံးရှိယုံဖြင့် အဆင်မပြေပါ။
ငွေစက္ကူထုတ်သည့် စက္ကူသီးသန့်ရှိသလို ငွေစက္ကူရိုက်စက်ကလည်း သီးသန့်လာပါတယ်။ ဝယ်ချင်တိုင်းလည်း ဝယ်၍မရပါ။ အသုံးပြုမှင်ကအစ သာမန်မှင်နဲ့မတူပါ။
NUG ကို လက်ရှိလူအများစိတ်ဝင်စားနေချိန်မှာ NUG က ငွေကြေးထုတ်ဝေမယ်။ လက်ရှိငွေစက္ကူများကို အသုံးပြုရန်မလိုတော့။ ဖျက်ဆီးပစ်ကြပါဆိုပြီး Hoax News ထွက်လာတယ်။ တချို့က ယုံကြည်ကောင်း ယုံကြည်နိုင်ပါတယ်။
ဒီလိုသတင်းမျိုးက သတင်းအစမှာတင် သတင်းအမှား Hoax News မှန်းသိသာပါတယ်။
အချက်အလက်တွေအရသော်လည်းကောင်း၊ ဖြစ်နိုင်ချေကင်းမဲ့နေတာကတစ်ကြောင်းကြောင့် သတင်းအမှားလို့ တပ်အပ်ပြောလို့ရတဲ့သတင်းပါ။
နောင်လည်း လူအများစိတ်ဝင်စားနိုင်တဲ့ ဒီလိုသတင်းမျိုးတွေက ထပ်မံထွက်ဦးမှာဖြစ်လို့ သတိပြုနိုင်ကြပါစေ။
မည်သို့သောသတင်းဖြစ်ဖြစ် အချက်အလက်များကို သေချာကြည့်ပြီးမှ ဖြစ်နိုင်/မဖြစ်နိုင် စဉ်းစားပြီးယုံကြည်ကြဖို့လိုပါတယ်။
We Check
We Check Community