Yangon Media Group


Channel's geo and language: Myanmar, Burmese


The Official Yangon Media Group Channel owned by YMG.

Related channels  |  Similar channels

Channel's geo and language
Myanmar, Burmese
Statistics
Posts filter


#Local_News
#ဆောင်းရာသီတွင်ဖြစ်ပွားသည့်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ
ကာကွယ်ရန်အသိပေး
++++++++++++++++++++++++++++++++++++++++++++++++
Published 14 January 2025
▪️ ကိုဗစ်နှင့် HMPV‌ ရောဂါပိုးအပါအဝင် ဆောင်းရာသီတွင်ဖြစ်ပွားသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ကာကွယ်ရန် ကျန်းမာရေးဝန်ကြီးဌာနမှအသိပေးလိုက်သည်။

▪️ ဆောင်းရာသီကာလမှာ လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ ဖြစ်ပွား‌စေသည့်  ရာသီတုပ်ကွေးရောဂါပိုးများ ၊ ကိုဗစ်-၁၉ ရောဂါပိုး၊ HMPVရောဂါပိုး စသည့်  အဏုဇီဝရောဂါပိုးများ ကူးစက်ဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန်  အသိပေးချက်ထုတ်ပြန်ထားခြင်းဖြစ်သည်။

▪️ အဆိုပါ ရောဂါပိုးများမှာ ဆောင်းရာသီတွင်ကူးစက်ဖြစ်ပွားမှုမြင့်တက်လေ့ရှိပြီး ကလေးငယ်များ၊ အသက်အရွယ်ကြီးရင့်သူများနှင့်
_____________________
Readmore>>>https://yangonmediagroup.com/index.php/myanmar/cho-018-14-1-25


စာဆိုဗိမာန်အတွက် စာပေအနုသုခုမလက်ရာပစ္စည်းများလှူဒါန်းရန် ဖိတ်ခေါ်

မြန်မာနိုင်ငံရဲ့တစ်ခုထဲသော စာဆိုဗိမာန်အတွက်စာပေအနု သုခုမလက်ရာ ပစ္စည်း‌တွေလှူဒါန်းနိုင်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။
#Local_News
Published 14 January 2025
#စာဆိုဗိမာန် #သုခုမလက်ရာပစ္စည်း‌
WatchVideo>>>https://yangonmediagroup.com/index.php/myanmar/cho-011-14-1-25
#YMG/SW #Yangon_Times


#Local_News
#စက်သုံးဆီလုပ်ငန်းရှင်များသို့ဒေါ်လာ၂၅သန်း ဗဟိုဘဏ်ထုတ်ရောင်း
+++++++++++++++++++++++++++++++++++++++++++++++
Published 14 January 2025

▪️ နိုင်ငံခြားငွေကြေးစျေးကွက်မှာ စက်သုံးဆီလုပ်ငန်းရှင်တွေကိုမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ   အမေရိကန်ဒေါ်လာ ၂၅သန်းကို ယမန်နေ့က ထုတ်ရောင်းခဲ့ကြောင်း  ထုတ်ပြန်ချက်အရ သိရသည်။

▪️ အဆိုပါကဲ့သို့ ရောင်းချရာတွင် ငွေလဲလှယ်နှုန်း အမေရိကန်တစ်ဒေါ်လာကို ၃၅၉၂ ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်သည်။

▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေကြေးများကိုယခုနှစ်ဆန်း၌ ဆက်တိုက် ဆက်လက် ထုတ်ရောင်းပေးနေကြောင်း သိရသည်။

▪️ ထိုသို့ရောင်းချရာတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂ ရက်နေ့ကလည်း ငွေလဲနှုန်း ၃၅၈၈ ကျပ်ဖြင့်  အမေရိကန်ဒေါ်လာ ၂၅ သန်း၊ ငွေလဲနှုန်း ၅၃၈ ကျပ်ဖြင့် 
_____________________
Readmore>>>https://yangonmediagroup.com/index.php/myanmar/cho-015-14-1-25


တိုင်းနှင့်ပြည်နယ်ငါးခု၌ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး စီမံချက်ဆောင်ရွက်မည်

ဧရာဝတီတိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ်ငါးခုမှာအခု ဇန်နဝါရီလက‌နေ စတင်ပြီး လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးစီမံချက် တွေဆောင်ရွက်သွားမယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 14 January 2025
#လေပြင်းဘေးကြိုတင်ပြင်ဆင် #တိုင်းနှင့်ပြည်နယ်ငါးခု
WatchVideo>>>https://yangonmediagroup.com/index.php/myanmar/cho-010-14-1-25
#YMG/NN #Yangon_Times


#Local_News
#စုဆောင်းငွေပြည့်မီသူများအတိုးနှုန်းသက်သာသောချေးငွေဖြင့် သီလဝါအိမ်ရာခန်းများကိုဝယ်ယူနိုင်
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++
Published 14 January 2025

▪️ CHID Bank တွင် စုဆောင်းငွေပြည့်မီသူများ အတိုးနှုန်းသက်သာသော ချေးငွေစနစ်ဖြင့် သီလဝါအိမ်ရာမှာခန်းများကို ဝယ်ယူနိုင်မည်ဖြစ်ကြောင်း အဆိုပါဘဏ်က ယနေ့ထုတ်ပြန်ကြေညာထားသည်။

▪️ CHID Bank ၏ အိမ်ရာစုဆောင်းငွေစာရင်း (Housing Savings Account) တွင် ၃၁-၁၂-၂၀၂၃ ရက်နေ့အထိ သတ်မှတ်ပမာဏပြည့်မီအောင် စုဆောင်းထားရှိသူများ အနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရောင်းချမည့် သီလဝါအိမ်ရာတွင် ကျန်ရှိသော ၆ ခန်းတွဲ ၅ ထပ် (၆၁)ခန်း၊ ၈ ခန်းတွဲ ၅ ထပ် (၂၇) ခန်း၊ စုစုပေါင်း (၈၈) ခန်းကို အတိုးနှုန်းသက်သာသော ချေးငွေစနစ်ဖြင့်
_____________________
Readmore>>>https://yangonmediagroup.com/index.php/myanmar/cho-012-14-1-25


မြန်မာ့နှမ်းနက် တရုတ်ဝယ်လက်ဆင်းဝယ်၍ ဈေးနှစ်ဆမြင့်တက်

ပြည်ပဈေးကွက်ဝင်နှမ်းနက်တွေ ပစ္စည်းပြတ်လို့ တရုတ်ဝယ်လက်တွေ ကိုယ်တိုင်ဒေသတွင်းကို ဆင်းဝယ်လာတာကြောင့် ဈေးနှုန်းနှစ်ဆအထိ  မြင့်တက်လာတယ်လို့ တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့ ၊(မကွေး )က သိရပါတယ်။
#Local_News
Published 14 January 2025
#မြန်မာ့နှမ်းနက် #ဈေးနှစ်ဆမြင့်တက်
WatchVideo>>>https://yangonmediagroup.com/index.php/myanmar/cho-009-14-1-25
#YMG/NN #Yangon_Times


လာအိုရောက် မြန်မာရွှေ့ပြောင်းလုပ်သားများကို သက်သေခံလက်မှတ်ထုတ်ပေးရန် ညှိနှိုင်းနေ

လာအိုကိုရောက်ရှိနေတဲ့ အထောက်အထားမဲ့ မြန်မာရွေ့ပြောင်းလုပ်သားတွေကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးဖို့ စီစဉ်နေတယ်လို့ အလုပ်သမားဝန်ကြီးဌာနက တဆင့်သိရပါတယ်။
#Local_News
Published 14 January 2025
#မြန်မာရွှေ့ပြောင်းလုပ်သား #သက်သေခံလက်မှတ်ထုတ်ပေး
WatchVideo>>>https://yangonmediagroup.com/index.php/myanmar/cho-007-14-1-25
#YMG/SW #Yangon_Times


#Local_News
#စွန့်ပစ်ရေများကိုစမ်းသပ်စစ်ဆေးပေးနိုင်ရန်ဓာတ်ခွဲခန်းဖွင့်လှစ်မည်
++++++++++++++++++++++++++++++++++++
Published 14 January 2025
▪️ MSME လုပ်ငန်းများ၏ စားသောက်ကုန်များ၊ စက်မှုလုပ်ငန်းများမှ ထွက်ရှိသည့် စွန့်ပစ်ရေများကို စမ်းသပ်စစ်ဆေးပေးနိုင်ရန်အတွက် ဓာတ်ခွဲခန်းတစ်ခုကို ပြင်ဦးလွင်မြို့မှာဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။

▪️ ဓာတ်ခွဲခန်းဖွင့်လှစ်မည့် အဆောက်အအုံကို ကောင်းမွန်သော ဓာတ်ခွဲခန်းအလေ့အကျင့် (GLP) များနှင့်အညီ တိတိကျကျလိုက်နာအကောင်အထည် ဖော်ဆောင်ရွက်ရန်၊ ဓာတ်ခွဲခန်းကို MSME များ ဖွံ့ဖြိုးတိုးတက်စေရေး အထောက် အကူဖြစ်စေရန်၊ ဓာတ်ခွဲခန်းအတွက်
________________________
Readmore>>>https://yangonmediagroup.com/index.php/myanmar/cho-006-14-1-25


#World_News
#ပူတင်နှင့်အမြန်ဆုံးတွေ့ဆုံသွားမည်ဟုထရမ့်ပြော
+++++++++++++++++++++
Published 14 January 2025
▪️ အမေရိကန်ရွေးချယ်ခံသမ္မတ ဒေါ်နယ်ထရမ့်က လာမယ့်သီတင်းပတ် သမ္မတရာထူး စတင်တာဝန်ယူပြီးတဲ့အခါ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အမြန်ဆုံးတွေ့ဆုံသွားမယ်လို့ တနင်္လာနေ့က ပြောပါတယ်။

▪️ တွေ့ဆုံဆွေးနွေးမယ့် အချိန်အတိအကျကို မပြောထားဘဲ ဒါဟာ ၂၀၂၂ ဖေဖော်ဝါရီလက စတင်ခဲ့တဲ့ ရုရှား-ယူကရိန်းစစ်ပွဲနောက်ပိုင်း ထိုခေါင်းဆောင်နှစ်ဦးကြား ပထမဆုံးတွေ့ဆုံမှု ဖြစ်လာမှာပါ။

▪️ Newsmaxက စစ်ပွဲအဆုံးသတ်ရေး ဗျူဟာအကြောင်း မေးမြန်းရာမှာ ထရမ့်က "ဒီအတွက် ဗျူဟာတစ်ခုတည်းသာရှိပြီး ပူတင်အပေါ်သာ မူတည်ပါတယ်။ သူ့အတွက်လည်း
________________________________
Readmore>>>https://yangonmediagroup.com/index.php/local-news/world/cho-002-14-1-25


❗️❗️❗️❗️❗️
မျိုးဗီဇပြုပြင်ထားသောခြင်များဖြင့်ရောဂါဖြစ်ပွားမှုများမှကာကွယ်နိုင်ရန်မျှော်လင့်

Published 14 January 2025
▪️ အဆိပ်သင့်သုတ်ရည်ပါဝင်လာအောင် မျိုးဗီဇပြုပြင်ထားတဲ့ ခြင်တွေကို ဩစတြေးလျ သိပ္ပံပညာရှင်များ ထုတ်လုပ်လိုက်ပါတယ်။

▪️ ဒီနည်းလမ်းဖြင့် ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေးတို့လို ရောဂါများပျံ့ပွားမှုအတွက် လက်နက်သစ် ဖြစ်လာနိုင်ပါတယ်။

▪️ ဒီနည်းလမ်းဟာ ခြင်တွေရဲ့ သုတ်ရည်ထဲမှာ အဆိပ်သင့်ပရိုတိန်းများ ဖြစ်လာအောင် မွေးထုတ်တာဖြစ်ပါတယ်။

▪️ ဒီလိုမျိုး မျိုးဗီဇပြုပြင်ထားတဲ့ ခြင်ထီးတွေကို လူတွေမှာရောဂါပျံ့ပွားစေတဲ့ ခြင်မတွေနဲ့ မိတ်လိုက်စေပြီး အဆိပ်သင့်ပရိုတိန်းတွေကြောင့် ခြင်မများ သေဆုံးစေပါတယ်။

▪️ လူတွေမှာ အသက်အန္တရာယ်ဖြစ်စေတဲ့ ရောဂါများအတွက် အဓိကတရားခံဖြစ်တဲ့ ခြင်မတွေကို ပစ်မှတ်ထားတာ ဖြစ်ပါတယ်။

▪️ ပိုးမွှားတွေကို ထိန်းချုပ်ပြီး ပိုမိုကျန်းမာတဲ့ လူ့အဖွဲ့အစည်း ရရှိနိုင်ဖို့ ဒီနည်းလမ်းသစ်က အကူအညီဖြစ်စေနိုင်တယ်လို့
_________________________
❗️❗️❗️❗️❗️
https://yangonmediagroup.com/index.php/local-news/world/cho-005-13-1-25


#Local_News
#PDF အဖွဲ့ကိုငွေထောက်ပံ့ပေးရန် ကမ္ဘောဇဘဏ်(၃၇) ကို ဝင်လုခဲ့သူတစ်ဦးကို လက်လုပ်ပစ္စတိုသေနတ် ၁ လက်၊ ၉ မမကျည် ၅ တောင့်တို့နှင့်အတူ ဖမ်းမိ
+++++++++++++++++++++++++++++++++++++++++++++++++++++++++++
Published_14 Jan 2025
▪️ PDF အဖွဲ့သို့ ငွေကြေးထောက်ပံ့ပေးရန် ကမ္ဘောဇဘဏ်(၃၇) ကို ဝင်ရောက်ပစ်ခတ်လုယက်ခဲ့သူကို ဘဏ်ဝန်ထမ်းများ ဝိုင်းဖမ်းဆီးရာလက်လုပ်ပစ္စတိုသေနတ် ၁ လက်၊ ၉ မမကျည် ၅ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်းသိရသည်။

▪️ ဇန်နဝါရီလ ၁၁ ရက်မွန်းလွဲ ၂ နာရီ ၃၅ မိနစ်တွင် မန္တလေးတိုင်း ဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ် စဉ်ရပ်ကွက်၊ လမ်း ၄၀ ၊ ၇၂ လမ်းနှင့် ၇၃ လမ်းကြားရှိ ကမ္ဘောဇဘဏ်ခွဲ(၃၇)အတွင်းသို့ ပြောက်ကျားအင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် အနက်ရောင်ဝတ်ဆင်ထားသူ အမျိုးသားတစ်ဦးက ငွေလွှဲ၊ငွေထုတ်ပြုလုပ်ဟန်ဆောင်ကာ ဝင်ရောက်လာပြီး ဘဏ်ကောင်တာအမှတ်(၄)ရှေ့အရောက်အသင့်ယူဆောင်လာသည့် သေနတ်ဖြင့် ဘဏ်ဝန်ထမ်းများအား ချိန်ရွယ်ခြိမ်းခြောက်၍ ၎င်းလွယ်လာသည့် ကျောပိုးအိတ်အတွင်း ငွေများကို ထည့်ခိုင်းကာ
_____________________________
Readmore>>>https://yangonmediagroup.com/index.php/myanmar/cho-001-14-1-25


❗️❗️❗️
အိပ်ဆေးသောက်ခြင်းသည်အိပ်ပျော်နေစဉ်ဦးနှောက်အတွင်းသန့်စင်ရှင်းလင်းရေးလုပ်ငန်းကိုအနှောင့်အယှက်ဖြစ်စေနိုင်ဖွယ်ရှိ

Published 14 January 2025
▪️ လူသားတွေ အိပ်စက်စဉ်မှာ ဦးနှောက်ထဲစုပြုံနေတဲ့ အဆိပ်အတောက်တွေ ရှင်းထုတ်ပေးတဲ့ ဂလင်ဖာတစ်စနစ်ကို ဒိန်းမတ်သိပ္ပံပညာရှင်တွေ လေ့လာခဲ့ကြပါတယ်။

▪️ ဒီစနစ်ဟာ ဦးနှောက်လုပ်ဆောင်ချက် ကောင်းမွန်ဖို့ မရှိမဖြစ် လိုအပ်ပြီး အယ်လ်ဇိုင်းမားလိုမျိုး ရောဂါတွေကို ကာကွယ်နိုင်မယ့် စနစ်ဖြစ်ပေမယ့် လူသုံးများတဲ့ အိပ်ဆေးတစ်ခုကြောင့် အနှောင့်အယှက်ဖြစ်နိုင်တယ်လို့ လေ့လာချက်အသစ်မှာ တွေ့ရပါတယ်။

▪️ ဂလင်ဖာတစ်စနစ်က အိပ်တဲ့အချိန်မှာ ဦးနှောက်ကိုဆေးကြောပေးပြီး ဦးနှောက်လန်းဆန်းစွာ နိုးထလာစေနိုင်တယ်လို့ ရိုချက်စတာနဲ့ ကိုပင်ဟေဂင်တက္ကသိုလ်တို့မှ ဦးဆောင်သုတေသီ မိုင်ကင်နက်ဒါဂတ်က ပြောသွားပါတယ်။

▪️ နက်ဒါဂတ်နဲ့အဖွဲ့က ကြွက်တွေအိပ်နေစဉ် သူတို့ဦးနှောက်ထဲမှာ ဘာတွေဖြစ်လဲဆိုတာကို လေ့လာခဲ့ရာမှာ စက္ကန့် ၅၀ နေတိုင်း
_____________________
❗️❗️❗️❗️❗️
https://yangonmediagroup.com/index.php/local-news/world/cho-004-13-1-25


❗️❗️❗️❗️❗️❗️
ထူးထူးခြားခြား မှတ်ဖွယ်စကား
၁၄ ဇန်နဝါရီ ၂၀၂၅

အမြဲမရှိ

လူသားရဲ့
အခြေအနေတစ်ခုဟာ
အမြဲတမ်းတည်ရှိမနေဘူး
ဆိုတာသတိရလိုက်ပါ။
အဲဒါကြောင့်
ကံကောင်းနေလို့လည်း
အပျော်မလွန်နှင့်။
ကံဆိုးနေလို့လည်း
သိပ်အထင်မသေးနှင့်။

ဆိုကရေတီး
ဂရိတွေးခေါ်ပညာရှင်


❗️❗️❗️❗️
၁၄ ဇန်နဝါရီ ၂၀၂၅
🙏🙏🙏🙏🙏
ဒုက္ခဟူသည်
လူ့ဘဝဒုက္ခဟူသည် အသက်ကြီးရုံ၊အချိန်ကုန်ရုံမျှဖြင့် အလိုအလျောက် ယုတ်လျော့မသွားချေ၊ တရားဖြင့် အင်အားပြပေးမှ နောက်ဆုတ်သွားပေလိမ့်မည်။
ယောဆရာတော်


#Local_News
#ပြင်ဦးလွင်အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် ၁ဝဝ ပြည့် အထိမ်းအမှတ်ပန်းပွဲတော်ကို တစ်ပတ်တိုးမြှင့်
+++++++++++++++++++++++++++++++++++++++++++++++++++++++++
Published_13 Jan 2025
မန္တလေးတိုင်းဒေသ ကြီး၊ ပြင်ဦးလွင်ခရိုင် ပြင်ဦး လွင်မြို့ နယ်ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် (၁၇) ကြိမ်မြောက် ပန်းပွဲတော် (Floral Fantasia 2024)သို့ ပြည်တွင်း၊ ပြည်ပမှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုအထူးစည်ကားလျက်ရှိ သဖြင့် ဇန်နဝါရီ ၁၉ ရက်ထိ တစ် ပတ်တိုးမြှင့်ဖွင့်လှစ်ထားကြောင်း သိရသည်။

အဆိုပါပွဲတော်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်တွင် စတင်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီးဆန်းသစ်သည့် မြေယာ ရှုခင်းပုံစံများ၊ ပြည်တွင်းပြည်ပ ပန်းမျိုးစိတ်မျိုးစုံ၊ ဒေသပန်းမျိုးများ ပြသသည့်ဇုန်တစ်ဇုန်အပါအဝင် ဇုန်ရှစ်ခုတွင် ရာသီပန်းမျိုးစိတ် ၂၀ မျိုးမှ ၂၅ မျိုး၊ ဒေသပန်းမျိုးစိတ် ၁၅ မျိုးမှ၂၀မျိုး စုစုပေါင်းပန်း အရေအတွက် နှစ်သိန်းကျော် စိုက်ပျိုးပြသထားကြောင်း သိရသည်။
Readmore>>>https://www.facebook.com/100063669945889/posts/pfbid0gUkptfeuqZnbCFsjX9iuHAY72vmPbD7s51qKUFPnBsrgpuoWcKer84xEnHLsYFTyl/
#Yangon_Times/PP


❗️❗️❗️❗️❗️
ရုရှားသဘာဝဓာတ်ငွေ့ဖြတ်သန်း ပို့ဆောင်ခြင်းအား ယူကရိန်းရပ်ဆိုင်းလိုက်သဖြင့် ဥရောပ၌ခက်ခဲကြမ်းတမ်းသော ဆောင်းတွင်းကြုံတွေ့နေရ

ယူကရိန်းက ရုရှားသဘာဝဓာတ်ငွေ့တွေကို ဥရောပသို့ ဖြတ်သန်းပို့ဆောင်ခြင်း မပြုလုပ်တော့တဲ့နောက်ပိုင်း‌ လောင်စာဈေးနှုန်း မြင့်တက်လာကာ ဥရောပသားများ အလွန်ချမ်းအေးတဲ့ ဆောင်းရာသီ ကြုံတွေ့နေရပါတယ်။
#World_Crisis
Published 13 January 2025
#လောင်စာဈေးနှုန်းမြင့်တက် #ရုရှားသဘာဝဓာတ်ငွေ့
❗️❗️❗️❗️❗️
https://yangonmediagroup.com/index.php/local-news/world/cho-008-13-1-25
#YMG #Yangon_Times #Yangon_Media_Group


#Daily_News
#TV Yangon Times ရဲ့ နေ့စဉ်သတင်းအစီအစဉ် (တိုက်ရိုက်)
++++++++++++++++++++++++++++++
Published 13 January 2025

၁။ စားအုန်းဆီ‌ရည်ညွန်း‌စျေး လေးပတ်ဆက်တိုက်တည်ငြိမ်နေ

၂။ တစ်နှစ်တာအတွင်း ပုဂံဒေသသို့ ခရီးသွား ၅သိန်းကျော်ဝင်ရောက်

၃။ နေရေးအခက်အခဲရှိသူများကို သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ အခန်းများ ထပ်မံငှားရမ်းပေးမည်

၄။ ရုရှားသဘာဝဓာတ်ငွေ့ဖြတ်သန်း ပို့ဆောင်ခြင်းအား ယူကရိန်းရပ်ဆိုင်းလိုက်သဖြင့် ဥရောပ၌ခက်ခဲကြမ်းတမ်းသော ဆောင်းတွင်းကြုံတွေ့နေရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
WatchVideo>>>https://yangonmediagroup.com/index.php/myanmar/cho-014-13-1-25
#YMG #Yangon_Times #Yangon_Media_Group


ကချင်နှင့်စစ်ကိုင်း၌ မိုးရွာနိုင်ဟု မိုးဇလအသိပေး

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ မိုးရွာနိုင်တယ်လို့ မိုး‌လေဝသနှင့်ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့မနက်ပိုင်းမှာအသိပေးထားပါတယ်။
#Local_News
Published 13 January 2025
#ကချင်နှင့်စစ်ကိုင်းမိုးရွာနိုင် #မိုးဇလအသိပေး
WatchVideo>>>https://yangonmediagroup.com/index.php/myanmar/cho-010-13-1-25
#YMG/NN #Yangon_Times


#Local_News
#ရုပ်ရှင်လောကသားများအတွက်စားသောက်ကုန်များထောက်ပံ့ခြင်းကိုယခုလ၂၂ရက်တွင်စတင်မည်
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++
Published 13 January 2025
▪️ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ရုပ်ရှင်လောကသားများအတွက် စားသောက်ကုန်များ ထောက်ပံ့လျှက်ရှိရာ ၁၆ကြိမ်မြောက်ထောက်ပံ့မည့် အစီအစဉ်ကို ယခုလ၂၂ရက်တွင် စတင်သွားမည်ဖြစ်ကြောင်း သိရသည်။

▪️ ထိုသို့ထောက်ပံ့ခြင်းကို ဇန်နဝါရီလ ၂၂ရက်နံနက်ပိုင်းတွင် အုပ်ချုပ်/ဖြန့်ချိအလွှာ ၊ မွန်းလွဲပိုင်းတွင် ဗီဒီယို၊ အဓိကသရုပ်ဆောင်နှင့် ဒါရိုက်တာ ဇန်နဝါရီလ ၂၃ရက်နံနက်ပိုင်းတွင် ဇာတ်ညွှန်း၊ထုတ်လုပ်၊မွန်းလွဲပိုင်းတွင် ရုပ်ရှင်နောက်ခံတေးဂီတနှင့်ပြဇာတ်၊တည်းဖြတ်၊ ဇန်နဝါရီလ ၂၄ရက်နံနက်ပိုင်းတွင်
_________________________
Readmore>>>https://yangonmediagroup.com/index.php/myanmar/cho-012-13-1-25


နေရေးအခက်အခဲရှိသူများကို သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ အခန်းများ ထပ်မံငှားရမ်းပေးမည်

နေရေးအခက်အခဲရှိသူတွေကို ယခုနှစ်အတွင်းမှာလည်း သုခဒဂုံပြည်သူ့အငှားအိမ်ရာမှအခန်းတွေကို ထပ်မံငှားရမ်းပေးဖို့ရှိတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သိရပါတယ်။
#Local_News
Published 13 January 2025
#သုခဒဂုံပြည်သူ့အငှားအိမ်ရာ #နေရေးအခက်အခဲရှိသူ
WatchVideo>>>https://yangonmediagroup.com/index.php/myanmar/cho-009-13-1-25
#YMG/SW #Yangon_Times

20 last posts shown.