OCTOPUS 🐙


Channel's geo and language: not specified, not specified
Category: not specified


ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)

Related channels  |  Similar channels

Channel's geo and language
not specified, not specified
Category
not specified
Statistics
Posts filter


Video is unavailable for watching
Show in Telegram
“ တော်လှန်ပုန်ကန်မယ့် ရန်ကုန် “

အလိုမရှိသီချင်းကို သီဆိုကာ ရန်ကုန်ဟာ အမြဲပုန်ကန်တော်လှန်မည့်အကြောင်းကို ပြသခဲ့ကြတဲ့ Yangon Revolution Force - YRFနှင့် OCTOPUS ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း)၏ ပူးပေါင်းသပိတ်။

(၃) ရက် (၁၁) လ (၂၀၂၁) ခုနှစ် 🐙

OCTOPUS Facebook Page:
https://www.facebook.com/octopusyangon/
OCTOPUS Telegram Channel:
https://t.me/OCTOPUSMYANMAR

#တော်လှန်ပုန်ကန်မယ့်ရန်ကုန် #yangonrevolutionforce #YRF
#OCTOPUS #ရေဘဝဲ


Video is unavailable for watching
Show in Telegram
"ထန်တလန် ကိုရှို့တဲ့မီး တပြည်လုံးရင်ကိုလောင်တယ်ဟေ့"
ခေါင်းစဉ်ဖြင့် တကသ​ကျောင်းသားများ၊ OCTOPUS ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)၊ LGBT Alliance၊မြို့နယ်​သပိတ်​ကော်မတီများ၊ Labour Allianceအဖွဲ့များမှ ထန်တလန်မြို့သူမြို့သားများနှင့်အတူရပ်တည်ပြီး စစ်ကောင်စီဖြုတ်ချရေးပြည်သူလူထုကို လှုံ​ဆော်ဆန္ဒပြခဲ့ကြသည်။

(၁) ရက် (၁၁) လ (၂၀၂၁) ခုနစ် 🐙

OCTOPUS Facebook Page:
https://www.facebook.com/octopusyangon/
OCTOPUS Telegram Channel:
https://t.me/OCTOPUSMYANMAR

#OCTOPUS #ရေဘဝဲ


📲 ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ တရားဝင်လူမှုကွန်ရက် စာမျက်နှာ

https://www.facebook.com/112325347913385/posts/112333631245890/

OCTOPUS Facebook Page:
https://www.facebook.com/octopusyangon/
OCTOPUS Telegram Channel:
https://t.me/OCTOPUSMYANMAR

#OCTOPUS #ရေဘဝဲ


ရေဘဝဲရဲ့ အမာခံအလှူရှင်
သားသားလေးရဲ့ ကာတွန်းပုံရိပ်

(၃၀) ရက် (၁၀) လ (၂၀၂၁) ခုနှစ် 🐙

OCTOPUS Facebook Page:
https://www.facebook.com/octopusyangon/
OCTOPUS Telegram Channel:
https://t.me/OCTOPUSMYANMAR

#OCTOPUS #ရေဘဝဲ


(၃၀) ရက် (၁၀) လ (၂၀၂၁) ခုနှစ် 🐙

ယ​နေ့မနက်ပိုင်း၊ရန်ကုန်မြို့တ​နေရာတွင် "မြန်မာပြည်ကိုကယ်တင်​ရေး စစ်​ကောင်စီကို​ငွေမ​ပေး"​ခေါင်းစဉ်ဖြင့်
တကသ​ကျောင်းသားများ၊ OCTOPUS ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)၊LGBT Alliance၊မြို့နယ်​သပိတ်​ကော်မတီများ၊Labour Allianceအဖွဲ့နဲ့အတူ စစ်​ကောင်စီကိုအ​ထောက်အပံ့​ပေး​နေ​သော​ထောက်တိုင်မှန်သမျှကို​ငွေမ​ပေး​ရေးအတွက်ပြည်သူလူထုကို လှုံ​ဆော်ဆန္ဒပြခဲ့ကြသည်။

OCTOPUS Facebook Page:
https://www.facebook.com/octopusyangon/
OCTOPUS Telegram Channel:
https://t.me/OCTOPUSMYANMAR

#OCTOPUS #ရေဘဝဲ


(၂၉) ရက် (၁၀) လ (၂၀၂၁) ခုနှစ် 🐙

ချင်းပြည်နယ်၊ ထန်တလန်မြို့ထဲသို့ ယ​နေ့ မနက်ပိုင်းမှ စတင်ပြီး ဖက်ဆစ်စစ်​ကောင်စီ၏ လက်နက်ကြီးများနှင့် ပစ်ခတ်မှု​ကြောင့် လူ​နေအိမ်များနှင့် ဘုရားရှိခိုး​ကျောင်းများ မီး​လောင်ခဲ့ရပါသည်။ ထို့အပြင် အခြား​သော​ကျေးရွာများတွင်လည်း လူ​နေအိမ်များကို မီးရှို့ ဖျက်ဆီး​နေလျက် ရှိ​နေပါသည်။

ဖက်ဆစ်သည် ဖက်ဆစ်သာ ဆက်လက် ဖြစ်နေဉီးမှာ ဖြစ်ပါသည်။​ဆွေး​နွေးရန် အ​ကြောင်းမရှိသလို ဆက်လက် အပြုတ်တိုက် ဖြုတ်ချရန်သာ ရှိပါသည်။

OCTOPUS Facebook Page:
https://www.facebook.com/octopusyangon/
OCTOPUS Telegram Channel:
https://t.me/OCTOPUSMYANMAR

#OCTOPUS #ရေဘဝဲ


▣ အကြမ်းဖက်စစ်ကောင်စီရဲ့ ဝင်ငွေရင်းမြစ်ကို ဖြတ်တောက်ဖို့ မိတ်ဆွေကိုယ်တိုင် လက်မှတ်ရေးထိုး ပါဝင်တောင်းဆိုပေးပါ။
▬▬▬▬▬▬▬▬▬▬▬▬

အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီရဲ့ အဓိကဝင်ငွေရင်းမြစ်ကြီးကို ဖြတ်တောက်ဟန့်တားလိုက်တဲ့၊ သူ့အရှိုက်ကို တည့်တည့်ထိုးနှပ်လိုက်တဲ့ ဒီ “‌သွေးစွန်းငွေ ဖြတ်တောက်ရေး လူထုလှုပ်ရှားမှုကြီး” မှာ ပြည်သူလူထုအနေနဲ့ အဖက်ဖက်က ပူးပေါင်းပါဝင်ကြဖို့ အင်မတန် အရေးကြီးပါတယ်။

အခု “လူထုလက်မှတ်‌ရေးထိုး တောင်းဆိုမှု” Petition ဟာ အကြမ်းဖက်စစ်ကောင်စီက ထိန်းချုပ်ထားပြီး သူရဲ့ အဓိကဝင်ငွေရင်းမြစ်ဖြစ်တဲ့ “မြန်မာ့‌ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း - Myanmar Oil and Gas Enterprise (MOGE)” ကို နိုင်ငံတကာက ပိတ်ဆို့အရေးယူဖို့၊ MOGE ကို ငွေပေးနေတဲ့ Total၊ Chevron၊ POSCO စတဲ့ ကုမ္ပဏီတွေကို ဆက်ပြီးငွေမပေးတော့ဖို့နဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ကိုင်နေတာတွေ အမြန်ဆုံးရပ်တန့်ဖို့ တောင်းဆိုကြခြင်း ဖြစ်ပါတယ်။

ဒါ့ကြောင့် ကျနော်တို့ ပြည်သူအားလုံး ပါဝင်လက်မှတ်ရေးထိုးကြဖို့ အထူးနှိုးဆော်တိုက်တွန်းအပ်ပါသည်ခင်ဗျား။

အောက်မှာ အွန်လိုင်းကနေ ပါဝင်လက်မှတ်ထိုးရမယ့် Link တွေနဲ့ ဘယ်လိုလုပ်ရမယ်ဆိုတာကို ဖော်ပြရှင်းလင်းထားပါတယ်ဗျ။

▬

1️⃣ Chevron Petition: https://actionnetwork.org/petitions/demand-chevron-stop-bankrolling-the-myanmar-military

2️⃣ Total Petition: https://actionnetwork.org/petitions/total-stop-being-an-accessory-to-min-aung-hlaing-the-myanmar-militarys-murder-campaign

3️⃣ Petition to Joe Biden to sanction MOGE: https://actionnetwork.org/petitions/president-biden-stop-oil-companies-from-bankrolling-the-myanmar-military

4️⃣ POSCO - support democracy and stop funding the Myanmar military junta!
https://actionnetwork.org/petitions/posco-support-democracy-and-stop-funding-the-myanmar-military-junta

▬

Petition လတ်မှတ်ထိုးနည်း-

✍ First Name and Last Name တွင် မိမိ အမည်ထည့်ပါ

✍ Email တစ်ခုဖြည့်ရန် / နိုင်ငံရွေးပါ / ဖုန်းနံပါတ် (မထည့်လို့ ရသည်)

✍ Opt (ရွေးလည်း ရ၊ မရွေးလည်း ရသည်)

✍ Opt (Yes, No ) တွေ့လျှင် ကြိုက်နှစ်သက်ရာ ရွေးနိုင်သည်။ (Yes, သက်ဆိုင်သော စာများ ရရှိမည်/ No, သက်ဆိုင်သော စာများ မရရှိပါ)

✍ Comment တွင် Freeze Payments To Juna လို့ရေးရန်

👆 Add Your Name ကိုနှိပ်ပြီး Thank You For Support ပေါ်လာလျှင် ရပါပြီ။

▬

#မြန်မာပြည်ကိုကယ်တင်ရေး_စစ်ကောင်စီကိုငွေမပေး

#FreezePaymentsToJuntaandSaveMyanmar

#SanctionMOGE

#Total_StopSponsoringSAC

#Chevron_StopSponsoringSAC

#POSCO_StopSponsoringSAC

#KeepOurGasRevenueinEscrowAccount

#BloodMoneyCampaignMM

#စစ်အာဏာရှင်စနစ်_မုချကျရှုံးရမည်

#‌အရေးတော်ပုံ_အောင်ရမည်

၂၉ အောက်တိုဘာ ၂၀၂၁

OCTOPUS Facebook Page:
https://www.facebook.com/octopusyangon/
OCTOPUS Telegram Channel:
https://t.me/OCTOPUSMYANMAR

#OCTOPUS #ရေဘဝဲ




(၂၈) ရက် (၁၀) လ (၂၀၂၁) ခုနှစ် 🐙

အစဉ်သဖြင့် လေးစားအတုယူဖွယ်ကောင်းပါသော Voice of Ahlone မှ OCTOPUS ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) တည်ထောင်ခြင်း (၈) လပြည့် အထိမ်းအမှတ်
ဆုတောင်းသဝဏ်လွှာ

OCTOPUS Facebook Page:
https://www.facebook.com/octopusyangon/
OCTOPUS Telegram Channel:
https://t.me/OCTOPUSMYANMAR

#OCTOPUS #ရေဘဝဲ


Video is unavailable for watching
Show in Telegram
(၂၈) ရက် (၁၀) လ (၂၀၂၁) ခုနှစ် 🐙

"ပြည်သူနဲ့ လက်တွဲ ရေဘဝဲ၊ ဖက်ဆစ်တပ်ကို အမုန်းဆွဲ" ခေါင်းစဉ်ဖြင့် OCTOPUS (ပြည်သူ့အကျိုးပြု
လူငယ် အဖွဲ့အစည်း) က ဦးဆောင်ကာ တကသ ကျောင်းသားများ၊ LGBTQ သပိတ်စစ်ကြောင်းနှင့်အတူ မြို့နယ်ပေါင်းစုံ သပိတ်စစ်ကြောင်းများမှ ယနေ့ ရန်ကုန်မြို့တစ်နေရာတွင် ဖက်ဆစ် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း သပိတ်မှောက် ဆန္ဒပြခဲ့ကြပါသည်။

ယ​နေ့သည် OCTOPUS အဖွဲ့၏ ၈ လ ပြည့်​မွေး​နေ့လည်း ဖြစ်ပါသည်။ မိမိတို့ အဖွဲ့သည်​တော်လှန်​ရေးကာလတွင်သာမက ပြည့်သူ့အကျိုးကိုလည်း ဆက်လက်ထမ်း​ဆောင်သွားမည် ဖြစ်​ကြောင်း ရည်သံ ဆုံးဖြတ်ထားပါသည်။

OCTOPUS Facebook Page:
https://www.facebook.com/octopusyangon/
OCTOPUS Telegram Channel:
https://t.me/OCTOPUSMYANMAR

#OCTOPUS #ရေဘဝဲ


"ပြည်သူနဲ့ လက်တွဲ ရေဘဝဲ၊ ဖက်ဆစ်တပ်ကို အမုန်းဆွဲ" ခေါင်းစဉ်ဖြင့် OCTOPUS (ပြည်သူ့အကျိုးပြု
လူငယ် အဖွဲ့အစည်း) က ဦးဆောင်ကာ တကသ ကျောင်းသားများ၊ LGBTQ သပိတ်စစ်ကြောင်းနှင့်အတူ မြို့နယ်ပေါင်းစုံ သပိတ်စစ်ကြောင်းများမှ ယနေ့ ရန်ကုန်မြို့တစ်နေရာတွင် ဖက်ဆစ် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း သပိတ်မှောက် ဆန္ဒပြခဲ့ကြပါသည်။

ယ​နေ့သည် OCTOPUS အဖွဲ့၏ ၈ လ ပြည့်​မွေး​နေ့လည်း ဖြစ်ပါသည်။ မိမိတို့ အဖွဲ့သည်​တော်လှန်​ရေးကာလတွင်သာမက ပြည့်သူ့အကျိုးကိုလည်း ဆက်လက်ထမ်း​ဆောင်သွားမည် ဖြစ်​ကြောင်း ရည်သံ ဆုံးဖြတ်ထားပါသည်။

OCTOPUS Facebook Page:
https://www.facebook.com/octopusyangon/
OCTOPUS Telegram Channel:
https://t.me/OCTOPUSMYANMAR

#OCTOPUS #ရေဘဝဲ


(၂၈) ရက် (၁၀) လ (၂၀၂၁) ခုနှစ် 🐙

အစဉ်သဖြင့် လေးစားအတုယူဖွယ်ကောင်းပါသော Yangon Revolution Force-YRF (ရန်ကုန်တော်လှန်ရေးအင်အားစု) မှ OCTOPUS ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) တည်ထောင်ခြင်း (၈) လပြည့် အထိမ်းအမှတ်
ဆုတောင်းသဝဏ်လွှာ

OCTOPUS Facebook Page:
https://www.facebook.com/octopusyangon/
OCTOPUS Telegram Channel:
https://t.me/OCTOPUSMYANMAR

#OCTOPUS #ရေဘဝဲ


(၂၈) ရက် (၁၀) လ (၂၀၂၁) ခုနှစ် 🐙

အစဉ်သဖြင့် လေးစားအတုယူဖွယ်ကောင်းပါသော LGBTQ သပိတ်စစ်ကြောင်း မှ OCTOPUS ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) တည်ထောင်ခြင်း (၈) လပြည့် အထိမ်းအမှတ်
ဆုတောင်းသဝဏ်လွှာ

OCTOPUS Facebook Page:
https://www.facebook.com/octopusyangon/
OCTOPUS Telegram Channel:
https://t.me/OCTOPUSMYANMAR

#OCTOPUS #ရေဘဝဲ


🧡 အစားထိုးနိုင်စရာ မရှိပြီ 🧡
....................................................

💌 မြို့ပြပျောက်ကြားရဲဘော်တို့ရေ ...

ပြည်သူတွေကို စိတ်ခွန်အားပေးချင်လို့/ အားတက်စေချင်တဲ့ စေတနာတွေနဲ့ ပျောက်ကြားစစ်ဆင်ရေး video file တွေ online ပေါ်တင်ပေးလို့ ကျမတို့ပြည်သူတွေ တကယ့်ကိုပဲ စိတ်ခွန်အားတွေ တက်ရပါတယ်။

အပြုံးတဝက်မှာတင် စိုးရိမ်စိတ်က ဝင်လာမိတယ်။

ဒီ video file ကနေ သဲလွန်စကောက်ပြီး ကျမတို့ သူရဲကောင်းလေးတွေ ပါသွားမြှဖင့်.....
ရဲဘော်တို့ကို ကျမတို့ပြည်သူတွေ ဘယ်လောက်ချစ်၊ ဘယ်လောက်တန်ဖိုးထားလဲ သိရဲ့လား???

လူတိုင်းမှာ မရှိတဲ့ ရဲစွမ်းသတ္တိနဲ့ ရဲရင့်ခြင်းတွေ၊ လူတကာ မလုပ်နိုင်တဲ့ ပေးဆပ်ခြင်းတွေနဲ့ ရဲဘော်တို့လို သူရဲကောင်းတွေကို လုံးဝကို အဆုံးရှုံးမခံနိုင်တာ။
ရဲဘော်တို့ကတော့ အသက်ပေးဖို့ စိတ်ပိုင်းဖြတ်ပြီးသားဖြစ်ပေမယ်လို့ပေါ့ ...

သည့်အတွက်ကြောင့် ကိုယ့်အန္တရာယ်ကိုယ် မငဲ့ဘူးဆိုရင်တောင် ကျမတို့ပြည်သူတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ စိုးရိမ်ပူပန်မှုတွေကို ငဲ့ကွက်ပြီး တော်လှန်ရေးရဲ့ အဆုံးသတ်တိုက်ပွဲအထိ 'အသက်ကို ဉာဏ်စောင့်' လို့ ဘေးရန်ကင်းအောင် ဂရုစိုက်ပေးကြပါ။

ဒီလောက်ဆိုရင် ကျမတို့ပြည်သူတွေ စိတ်ခွန်အားတွေ အလျှံပယ်ရပြီးပြီမို့ နောက်ထပ်ပျောက်ကြားတိုက်ပွဲ video file တွေ public ကို ချပြဖို့ မလိုအပ်တော့ပါဘူးလို့ ...
မီဒီယာတွေဆီလည်း မပို့ကြပါနဲ့တော့။

ကျမတို့ပြည်သူတွေကို တကယ်စိတ်ခွန်အားအမှန်ဖြစ်စေတာက -- ရဲဘော်တို့ ဘေးအန္တရာယ်ကင်းပြီး လုံခြုံချမ်းသာစွာရြှိခင်းသည်သာ ဖြစ်ပါကြောင်း တလေးတစား အသိပေးပြောကြားလိုက်ပါတယ်နော်။

ချစ်တဲ့ ပြည်သူများမှ
Spk Voice Of Ahlone

OCTOPUS Facebook Page:
https://www.facebook.com/octopusyangon/
OCTOPUS Telegram Channel:
https://t.me/OCTOPUSMYANMAR

#OCTOPUS #ရေဘဝဲ




ပြည်တွင်းစစ် (၂)

ဆီးရီးယားမှာ ရတဲ့သင်ခန်းစာ တခုက ငွေကြေးတွေ လက်နက်တွေ ထောက်ပံ့ရုံနဲ့ စစ်ပွဲအောင်မြင်ရေးကို မဆောင်ကျဥ်းနိုင်ဘူး ဆိုတာပဲ။ အမေရိကန် Century Foundation မှထုတ်တဲ့ ၂၀၁၇ ခုနှစ် သုံးသပ်ချက်တခုမှာ အာဆတ် ဆန့်ကျင်ရေး ဆန္ဒပြပွဲများမှတဆင့် စစ်ပွဲတွေ ဖြစ်လာတဲ့အခါ ၂၀၁၁-၂၀၁၃ ပထမ သုံးနှစ်အတွင်း ဆီးရီးယားတော်လှန်ရေးသမားတွေကို ကာတာနိုင်ငံမှ အမေရိကန် ဒေါ်လာ သုံးဘီလျံ လှုဒါန်းခဲ့တယ်လို့ဆိုတယ်။ နောက်ပိုင်း အမေရိကန် ဝင်လာတဲ့အခါ စီအိုင်အေမှ တဆင့် ၂၀၁၃-၂၀၁၅ အတွင်း နှစ်စဥ် ဒေါ်လာ တဘီလျံခန့် တန်ဖိုးနဲ့ ညီမျှမယ့် လက်နက်တွေ ထောက်ပံခဲ့တယ်တဲ့။ တူရကီ၊ ဆော်ဒီနဲ့ ပင်လယ်ကွေ့နိုင်ငံတွေနဲ့ ဥရောပပါ ပေါင်းလိုက်ရင် ဒေါ်လာ ဘီလျံဆယ်ဂဏန်း ကပ်နေမယ်။ ပြီးတော့ Friends of Syria ဆိုပြီး UN အပါအဝင် နိုင်ငံတကာအဖွဲ့တွေ/နိုင်ငံတွေ စုဖွဲ့အားပေးကြတဲ့ အဖွဲ့မှာ နိုင်ငံပေါင်း ၁၀၀ ကျော် ပါဝင်ခဲ့တယ်။ အခြားတဖက်မှာ ရုရှားနဲ့ အီရန်က အာဆတ်ကို ကျားကန်ပေးထားတာရှိ။ သို့သော် အာဆတ် ပြုတ်မကျခြင်းဟာ ရုရှားနဲ့ အီရန်ကြောင့် မဟုတ်ဘဲ ရက်ရောတဲ့ အကူအညီတွေ အကြားမှာ တော်လှန်ရေး သမားများ အချင်းချင်း ညီညွတ်မှု မရှိတာကြောင့်လို့ ဆိုတယ်။ “ကျနော်တို့ရဲ့ ပါတနာတွေ ကလည်း ရနိုင်သမျှ အကုန်လုံး ပစ်ထည့်ကူညီကြတာ အများစုဟာ မလိုလားအပ်သူတွေ လက်ထဲ ရောက်ကုန်တယ်” လို့ အိုဘားမား လက်ထက်မှာ လက်ထောက် ကာကွယ်ရေးဝန်ကြီး လုပ်ခဲ့တဲ့ Derrek Chollet (ခုမြန်မာကိစ္စအတွက် နိုင်ငံခြားရေးဌာန အတိုင်ပင်ခံအဖြစ် အာဆီယံနဲ့ ဂျပန်ကို ခရီးလှည့်နေတဲ့ ကိုချိုလေးပေါ့) က ငြီးတွားခဲ့တယ်တဲ့။ ချိုလေးပြောတဲ့ မလိုလားအပ်သူတွေဆိုတာ နောက်ပိုင်းမှာ အိုင်ဆစ်ဖြစ်လာပြီး အားလုံးမျက်လုံးပြူးကုန်တဲ့ အထိ ခြိမ်းခြောက်နိုင်ခဲ့တယ် မဟုတ်လား။

မြန်မာဖက်ကို ပြန်ကောက်ရင် စစ်ပွဲတွေ မြန်မြန်ဆန်ဆန် အရှိန်ရလာဖို့ မဟာမိတ် နိုင်ငံတွေဆီက ငွေကြေး/လက်နက်အကူအညီရအောင် ဆက်လက်ဖိအားပေးရမှာ ဖြစ်ပေမဲ့ ဒါဟာ အစိတ်အပိုင်း တခုမျှသာ။ ဒါဆို အောင်ပွဲအတွက် အဆုံးအဖြတ်က ဘယ်မှာလဲ။ ဒီနေရာမှာ ကိုးကားစရာ တခုက ယူဗယ် ဟာရာရီရဲ့ “တော်လှန်ရေးတခု အောင်မြင်ဖို့ တော်လှန်ရေး ဘက်တော်သား အချင်းချင်း မည်မျှ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်သလဲ မေးရန်လိုတယ်” ဆိုတဲ့ စကားပဲ။ အဓိပ္ပါယ်က CRPH/NUG/PDF တွေ/EAO တွေ/CSOတွေအကြား ထိရောက်တဲ့ ချိတ်ဆက်တိုက်ပွဲဝင်နိုင်မှုဟာ အောင်ပွဲအတွက် အဖြေဖြစ်တယ်။ ဧပြီလဆန်းမှာ ထုတ်ပြန်ခဲ့တဲ့ ဖက်ဒရယ်ချာတာဟာ အဲ့သလို ချိတ်ဆက်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဖောက်ခဲ့တဲ့ အဝေးပြေးလမ်းပဲ။ ပဋိညာဥ်ကို အခြေခံ ပေါ်ပေါက်လာတဲ့ နျူဂျီဟာ ထိုအဝေးပြေးလမ်း စည်ကားအောင် စီမံခန့်ခွဲရမယ့် အဖွဲ့အစည်းဖြစ်တယ်။ ဖက်ဒရယ်ချာတာ ထုတ်ပြန်ပြီး ခြောက်လကြာသည်အထိ အရေးပေါ် အကူအညီပေးခြင်းမှလွဲလို့ နျူဂျီအပါအဝင် EAO များ CSO များ ပါဝင်ထုတ်ပြန်တဲ့ ကြေညာချက် တစောင်မျှ ထွက်မလာနိုင်ခြင်းဟာ အဝေးပြေးလမ်းရဲ့ လက်ရှိအခြေအနေပဲ။ ဒါဆို ဘာဆက်လုပ်ရမလဲ။


OCTOPUS Facebook Page:
https://www.facebook.com/octopusyangon/
OCTOPUS Telegram Channel:
https://t.me/OCTOPUSMYANMAR

#OCTOPUS #ရေဘဝဲ #SKHN #articles




ပြည်တွင်းစစ် (၁)

စစ်ပွဲတွေဟာ ကြာဦးမယ်လို့ သုံးသပ်ကြတာရှိတယ်။ မြေပြင်အခြေအနေ အရပ်ရပ်ကို လေ့လာပြီး ပြောကြတာတွေဟာ အလေးအနက်ထားပြီး စဉ်းစားရမှာ ဖြစ်တယ်။ ဒါဆို အာဏာရှင်ဖြုတ်ချရေး စစ်ပွဲတွေ တော်လှန်ရေးတွေ ကြာရင် ဘာဖြစ်နိုင်လဲ။ အမေရိကန် နိုင်ငံရေးသိပ္ပံပညာရှင် အီယန်ဘရမ်းမား တည်ထောင်တဲ့ GZERO Media မှာ တလောက ၁၀ နှစ်တာ ဆီးရီးယား ပြည်တွင်းစစ်ကြောင့် သက်ရောက်ခံရတဲ့ လူမှု စီးပွား‌ရေးဘဝ နောက်ဆက်တွဲတချို့ကို Graphic report တွေ့တယ် (ပုံကြည့်)။ GZERO media report အရ ၁၀ နှစ်အတွင်း အခြေခံ ပညာရေးမှာ အထက်တန်းကျောင်း ပြီးအောင် တက်နိုင်တဲ့ ရာခိုင်နှုန်းဟာ ၆၇ % ကနေ ၁၀% ကို ကျဆင်းသွားတယ်။ ငွေလဲနှုန်း တဒေါ်လာကို ၄၇ SYP (ဆီးရီးယန်းပေါင်) ရှိခဲ့ရာ ကနေ ၃၇၁၀ ပေါင် ဖြစ်သွားတယ်။ ကြက်ဥအလုံး ၃၀ တကဒ်ကို ၁၅၀ ပေါင်ကနေ ၅၉၆၀ ပေါင် ဖြစ်တယ်။ စစ်ပြေး ဒုက္ခသည် တသောင်းကိုးထောင်ကနေ ( ၂၀၁၀ မှာ ဆီးရီးယား လူဦးရေ ၂၁ သန်းခန့်ရှိ) ယခု ၅.၆ သန်း ဖြစ်လာတယ်။ ရေနံစိမ်း ထုတ်လုပ်မှု တနေ့ စည်လေးသိန်း ကနေ ယခု ရှစ်သောင်းကိုထောင် ကျသွားတယ်။ တဦးချင်း တနှစ်ဝင်ငွေ ဒေါ်လာ တသောင်းနှစ်ထောင်ကျော်ကနေ သုံးထောင့်ခြောက်ရာကို ကျသွားတယ် (ပြည်တွင်းစစ် မတိုင်မီ ဆီးရီးယားဟာ တူရကီ/ထိုင်း တို့လို အလယ်အလတ်ဝင်ငွေရှိတဲ့ တိုင်းပြည်စာရင်းဝင် ဖြစ်တယ်)။ အရေးအကြီးဆုံး နိုင်ငံရေး ရလဒ်က အာဏာရှင် အာဆတ် အစိုးရဟာ ဆက်လက်ရှိနေဆဲ။

ဆီးရီးယား ဥပမာကိုကြည့်ရင် စစ်ပွဲများ အချိန်ပိုကြာခြင်းဟာ တိုင်းပြည်နစ်နာစေပြီး တော်လှန်ရေးအတွက် ရလဒ်ကောင်း မပေးဘူးလို့ ဆိုရမှာဖြစ်တယ်။ ဒါဆိုရင် ယခုလိုပဲ ကြာတတ်တာ အရှိတရားလို့ တရားသေ လက်ခံထားမယ့်အစား မအလဖက်ဆစ်အုပ်ချုပ်ရေး ဘယ်လိုနည်းနည်းနဲ့ မြန်မြန်ဆန်ဆန် ပြုတ်ကျနိုင်မလဲ နည်းလမ်းရှာဖွေဖို့ပဲ။ လမ်းတခုထဲမှာ ပိတ်မိမနေဖို့ပဲ။ သေချာတာကတော့ ဒဗ်ဗလင်မြို့ကို လမ်းအသွယ်သွယ်မှ သွားနိုင်တယ်။

OCTOPUS Facebook Page:
https://www.facebook.com/octopusyangon/
OCTOPUS Telegram Channel:
https://t.me/OCTOPUSMYANMAR

#OCTOPUS #ရေဘဝဲ #SKHN #articles

18 last posts shown.

721

subscribers
Channel statistics