ကနီမြို့နယ်ကြားကာလပညာရေးမှူးမိသားစုလိုက် သုတ်သင်ခံရမှုတာဝန်ကျေစစ်ဆေးနေရဟုဆို
လသားအရွယ်ကလေးငယ်နှင့် ဇနီးဖြစ်သူအပါအဝင်NUGကနီမြို့နယ်ကြားကာလပညာရေးမှူး၏မိသားစုလိုက်သတ်ဖြတ်သုတ်သင်ခံရသည့်ဖြစ်စဉ်ကို မြေပြင်ကွင်းဆင်းစစ်ဆေးနေကြောင်းပြောကြားသည်။
ကနီမြို့နယ်ကြားကာလပညာရေးမှူးဝင်းဌေး၊၎င်း၏ ဇနီးနှင့်လေးလသားအရွယ် သမီးဖြစ်သူတို့မျိုးတုန်းအသတ်ခံလိုက်ရခြင်းဖြစ်သည်။
ဝင်းဌေး၄၀နှစ်သည်CDMပညာရေးဝန်ထမ်းဖြစ်ကာကနီမြို့နယ်ကြားကာလပညာရေးတာဝန်ခံဖြစ်နေသူဟုကနီမြို့နယ် ပညာရေးအသိုင်းအဝိုင်းက ဆိုသည်။မိသားစုလိုက်သုတ်သင်ခံရသည့်အကြောင်းကိုရှင်းရှင်းလင်းလင်းပြောပြနိုင်သူမရှိသေးပေ။ကနီမြို့နယ်၊တပုံးကျေးရွာနေအိမ်တွင်သုတ်သင်ခံရခြင်းဖြစ်ပြီးမြို့နှင့်အလှမ်းဝေးကြောင်း၊ပဒက်ဖွဲ့များထိန်းချုပ်ထားသည့် ရွာဖြစ်ကြောင်း မြို့ခံအချို့က ပြောဆိုသည်။