သတိရတာပေါ့ဗျာ ၊ မြန်မာပြည်ကို ကျွန်တော်စရောက်တဲ့အချိန်မှာ မန္တလေးတိုင်း ၊ စစ်ကိုင်းတိုင်း စတဲ့နေရာတွေလျှောက်သွားတော့ စစ်ကိုင်းတိုင်းက ရေရှင်ဆိုတဲ့ရွာကြီးတရွာကိုရောက်တဲ့အချိန်မှာ ကျွန်တော်အဲ့ဒီရွာကို ရောက်နေပြီဆိုတာသိတဲ့ ရွာနီးချုပ်စပ်ရွာတွေက ဒေါ်အောင်ဆန်းစုကြည်ထောက်ခံသူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆန့်ကျင်သူတွေ ကျွန်တော်ရှိနေတဲ့နေရာကို နွားလှည်းတွေ ဆိုင်ကယ်တွေနဲ့ ရောက်လာပြီး ကျွန်တော်ကိုမေးခွန်းတွေမေးကြတယ် ၊ ကျွန်တော်နဲ့အပြန်အလှန်ငြင်းခုန်မှု့တွေလုပ်ကြတယ် ၊ ပြီးတော့ ရေနွေးကြမ်းတစ်အိုးထဲကိုအတူထိုင်သောက်ကြပြီး ရယ်စရာတွေပြောခဲ့ကြတယ် ၊ အခုတော့ ကျွန်တော်နဲ့တွေ့ခဲ့ စကားပြောခဲ့ ၊ ကျွန်တော် တည်းခိုခဲ့တဲ့အိမ်က လူတွေကို ဒလန်ဆိုပြီး NLD နဲ့ PDF အကြမ်းဖက်သမားတွေက သတ်ပစ်လိုက်ကြပြီဆိုတာသိရလို့ အတော်ဝမ်းနည်းရတယ်ဆိုတဲ့စကားလုံးကလွဲပြီး ပြောဖို့ ဘာစကားလုံးမှရှာမတွေ့ဘူးလို့ဘဲပြောပါရစေ။