ကပ္ပတိန် မှိုင်းဝေ


Гео и язык канала: Мьянма, Английский
Категория: Telegram


Похожие каналы

Гео и язык канала
Мьянма, Английский
Категория
Telegram
Статистика
Фильтр публикаций


Репост из: မှိုင်းဝေ
တရားဝင်အသိအမှတ်ပြုပေးဖို့ဆိုတဲ့မဖြစ်နိုင်တဲ့တောင်းဆိုချက်ကိုတောင်းဆိုခဲ့တာကြောင့်ပွဲပျက်သွားခြင်းဖြစ်ကြောင်းမီဒီယာတွေမှာဖော်ပြခဲ့ကြပါတယ်။

AA အဖွဲ့ဟာလည်းတရုတ်ဘက်ကခေါ်ယူဖိအားပေးထားချိန်မှာပဲ လက်ရှိ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ၈ ရက်နေ့မှာ မောင်တောမြို့နယ် အမှတ်(၅)နယ်ခြားစောင့်စခန်း(နခခ-၅)၊ ၁၄ ရက်မှာ တောင်ကုတ်အခြေစိုက် အမှတ်(၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၅)၊ ၂၀ ရက်မှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) အမ်းတို့ကိုဆက်လက်တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။ ဂွမြို့ကိုလည်းပြင်းပြင်းထန်ထန် ဆက်လက်တိုက်ခိုက်လျက်ရှိပြီး ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းရဲ့နယ်ခြားအထိ နယ်မြေသိမ်းပိုက်ထိန်းသိမ်းဖို့ဆောင်ရွက်နေပါတယ်။

AA ဟာ ခရိုင် ၆ ခု (မောင်တော၊ မြောက်ဦး၊ အမ်း၊ တောင်ကုတ်၊ သံတွဲ၊ ပလက်ဝ)၊ မြို့နယ် ၁၄ မြို့နယ် (ပလက်ဝ၊ ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဍားကျွန်း၊ ပေါက်တော၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်း၊ ရမ်းဗြဲ၊ တောင်ကုတ်၊ သံတွဲ) သိမ်းပိုက်ထားပြီးပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်ကျွန်း ၃ မြို့နယ်ပဲကျန်ပါတယ်။ စစ်တွေဟာ အိန္ဒိယရဲ့ ကုလားတန်မြစ်ကြောင်းဘက်စုံသုံးစီမံကိန်းရှိရာမြို့ဖြစ်သလိုပြည်နယ်မြို့တော်လည်းဖြစ်ပါတယ်။ ကျောက်ဖြူဟာ တရုတ်နိုင်ငံရဲ့ CMEC အထူးစီးပွားရေးဇုန်အကျိုးစီးပွားနေရာဖြစ်ပါတယ်။ ပထဝီအနေအထားအရတရုတ်နိုင်ငံနဲ့နယ်နိမိတ်ကပ်လျက်လည်းမဟုတ်၊ မှီခိုအားထားမှုများများစားစားလည်းမရှိတဲ့အတွက် AA အပေါ် တရုတ်နိုင်ငံရဲ့ဖိအားဟာ MNDAA၊ TNLA တို့လောက်မသက်ရောက်ဘူးဆိုပေမဲ့အတိုင်းအတာတစ်ခုထိတော့သက်ရောက်မှုရှိပါတယ်။ ဒီဇင်ဘာလ ၁ ရက် တရုတ်နိုင်ငံ ထိန်ချုန်းမြို့က တရုတ်နဲ့ AA တွေ့ဆုံမှုမှာလည်း " ငြိမ်းချမ်းရေးတည်ဆောက်ရေး၊ တိုက်ပွဲရပ်စဲရေး၊ တရုတ်စီမံကိန်းများလုံခြုံရေး " ဆိုတဲ့ အချက်တွေ ဆွေးနွေးခဲ့ကြပါတယ်။ မာန်အောင််ကတော့ရေတပ်စခန်းဌာနချုပ်အခြေပြုထားတဲ့ကျွန်းဖြစ်လို့အလွယ်တကူတိုက်လို့မရနိုင်ပါဘူး။ ဒါကြောင့်အထက်ပါသုံးမြို့ကိုပိတ်ဆို့ခြိမ်းခြောက်ထားပြီး လိုချင်တဲ့ နိုင်ငံရေးအရတရားဝင်မှုတောင်းဆိုဖို့ဖြစ်နိုင်ချေရှိပါတယ်။

ဘယ်လိုပဲပြောပြော နစကကိုဆန့်ကျင်တဲ့အုပ်စုအသီးသီးက သက်ဆိုင်ရာနယ်မြေအလိုက် စစ်ရေးအောင်မြင်မှုရပြီး အနိုင်ရမဲ့ဖဲချပ်တွေကိုယ်စီကိုင်ထားပြီးဖြစ်ပါတယ်။ နစကဘက်ကတော့ ပြည်မကအဓိကမြို့ကြီးတွေကိုချုပ်ကိုင်ထားတာ၊ နိုင်ငံရဲ့တရားဝင်အုပ်ချုပ်သူအဖြစ်မဟာမိတ်နိုင်ငံတွေကြားတရားဝင်မှုရှိနေတာ၊ လေကြောင်းအင်အားသာနေတာတွေသာရှိပါတယ်။ နားထောင်ရတာခါးသီးပေမဲ့လက်တွေ့အမှန်တရားဖြစ်နေတဲ့ Real politics သဘောအရတော့ အင်အားကြီးသူသာစတမ်း၊ စစ်နိုင်သူသမိုင်းရေးထိုးကြစတမ်းဖြစ်တာမို့ မိမိသမိုင်းကောင်းချင်ရင် မိမိမှာရှိတဲ့အားနည်းချက်တွေကိုပြင်ဆင်၊ သာချက်တွေကိုမြှင့်တင်ပြီးအင်အားကြီးမားကြောင်းပြသဖို့သာအရေးကြီးဆုံးဖြစ်ပါလိမ့်မယ်။

၂၁.၁၂.၂၀၂၄
Geopolitics Admin


Репост из: မှိုင်းဝေ
တို့လိုအရှေ့အလယ်ပိုင်းကအကြမ်းဖက်အဖွဲ့တွေစတင်အားမွေးတုန်းကခြေလှမ်းနဲ့နည်းဗျူဟာဖြစ်ပါတယ်။

ရဲတပ်ဖွဲ့စခန်းငယ်တွေ၊ တပ်ရဲ့စစ်အတွေ့အကြုံနည်းတဲ့လက်ရုံးဝန်ထမ်းတပ်တွေ၊ နယ်မြေခံခြေလျင်/ခြေမြန်တပ်တွေ၊ မာကျောတဲ့ဂဏန်းတပ်မတွေကို အင်အားထောင်ချီစုပြီး တစ်ဆင့်ချင်းစီတိုက်ခိုက်ရင်း စစ်မြေပြင်အတွေ့အကြုံယူတာ၊ အောင်စိတ်သွင်းပေးတာတွေဟာဘယ်သူ့နည်းဗျူဟာလဲဆိုတာစဥ်းစားကြည့်ရင်နောက်ကွယ်ကလက်မဲကိုသိနိုင်ပါတယ်။
______

မီဒီယာနည်းဗျူဟာ

လက်ရှိမှာနစကအစိုးရနဲ့တပ်အပေါ် နိုင်ငံအနှံ့အပြားက လက်နက်ကိုင်အဖွဲ့အသီးသီး၊ နိုင်ငံရေးသဘောထားကွဲလွဲသူအသီးသီးက ဘုံရန်သူသဖွယ်ဝိုင်းဖိအားပေးကြတဲ့အထဲမီဒီယာအားနဲ့ဖိတာလည်းကဏ္ဍတစ်ခုပါဝင်ပါတယ်။အစိုးရဆန့်ကျင်တဲ့လက်နက်ကိုင်အကြမ်းဖက်သူအားလုံးဟာ စစ်အာဏာရှင်တော်လှန်သူတွေဖြစ်ကြောင်းအလုံးအရင်းနဲ့ပုံဖော်ထားကြပါတယ်။

တစ်ဘက်မှာတော့ အစိုးရပြန်ကြားရေးနဲ့တပ်ဘက်ကသတင်းထုတ်ပြန်ရေးဟာ ဗျူရိုကရေစီပုံစံတကျလေးဖင့်စွာနဲ့ သာမန်လောက်သာမီဒီယာတန်ပြန်ရေးဆောင်ရွက်နေခဲ့တာကြောင့် မြန်မာ့ပြည်တွင်းမီဒီယာစစ်ပွဲဟာတစ်ဖက်စောင်းနင်းဖြစ်နေတာထင်ရှားပါတယ်။

ဝါရင့်၊ အတွေ့အကြုံရင့်၊ ဘတ်ဂျက်များတဲ့မီဒီယာဘိုးအေကြီးတွေဖြစ်တဲ့ VOA၊ BBC တို့က အမှန်သတင်း ၈၀၊ နဝေတိမ်တောင်သတင်း ၂၀ နဲ့ပညာသားပါပါပါးပါးပုတ်လိုက်၊ ခေတ်သစ် ဧရာဝတီတို့လို Black media တွေက အမှန် ၅၀ အမှား ၅၀ အလုံးအရင်းနဲ့ထူထူပုတ်လိုက်ကစားရင်း နစကအစိုးရနဲ့ တပ်ကိုဖိနင်းထားနိုင်ခဲ့ပါတယ်။ အထက်ပါမီဒီယာတွေအားလုံးဟာလဲ အနောက်အထောက်အပံ့ခံ၊ အနောက်အခြေစိုက် ဒီမိုကရေစီလစ်ဘရယ်အစွန်းရောက်ဝါဒတွေ ဖြန့်ဖြူးရေးဌာနတွေဖြစ်နေတာကတိုက်ဆိုင်တာတော့မဟုတ်ပါဘူး။

ရခိုင်ပြည်နယ်မှာ နစကအစိုးရကိုဆန့်ကျင်တိုက်ခိုက်နေတဲ့ AA အဖွဲ့ဟာလည်းအထက်ပါမီဒီယာတွေနဲ့လမ်းစဥ်တူညီနေတဲ့အတွက်မီဒီယာစစ်ကူကိုအလုံးအရင်းနဲ့ရခဲ့ပါတယ်။ ယခင်က လူစိတ်ဝင်စားမှုနည်းပါးပြီးအတွေ့အကြုံနည်းတဲ့ ရခိုင်မီဒီယာတွေဟာလည်းမီဒီယာစစ်ပွဲမှာတဖြည်းဖြည်းအတွေ့အကြုံရလာပါတယ်။ ၂၀၁၉ ခုနှစ်နောက်ပိုင်းကာလတွေမှာတော့ AA အဖွဲ့ဟာ စစ်ရေးသတင်းတွေ၊ အောင်မြင်မှုသတင်းတွေနဲ့မီဒီယာတိုက်ပွဲအရှိန်ရလာခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးရဲ့အဆက်ဖြစ်တဲ့ ရခိုင်ပြည်နယ်ဘက်က AA ရဲ့တိုက်ပွဲဖော်ဆောင်မှုမှာလည်း စစ်မြေပြင်ကလှုပ်ရှားမှုတွေ၊ ရန်သူဘက်ကအထိနာ/မိမိဘက်ကအောင်မြင်တဲ့စိတ်ဓာတ်စစ်ဆင်ရေးပုံရိပ်တွေပါမှတ်တမ်းတင်ဝါဒဖြန့်ချိနိုင်ခဲ့တာတွေ့ရတဲ့အတွက် စစ်နဲ့မီဒီယာကို ပူးတွဲလက်နက်အဖြစ်တွဲသုံးလာနိုင်တဲ့အဆင့်ထိဖြစ်လာတာတွေ့ခဲ့ရပါတယ်။
______

နစကအာဏာထိန်းမှုနဲ့မြန်မာပြည်အစိတ်စိတ်အမွှာမွှာဖြိုခွဲရေးလမ်းစဥ်ဟာတိုက်ဆိုင်မှုမဟုတ်

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက် ဧရာဝတီသတင်းဌာနမှာဖော်ပြထားတဲ့ AA ခေါင်းဆောင်ထွန်းမြတ်နိုင်အင်တာဗျူးမှာ ၂၀၂၅ ခုနှစ်မတိုင်မီအပြောင်းအလဲကြီးတစ်ခုခန့်မှန်းထားတယ်လို့ဆိုပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ DVB သတင်းဌာနနဲ့ TNLA အထွေထွေအတွင်းရေးမှူး တာဘုန်းကျော်အင်တာဗျူးမှာလည်း ၁၀၂၇ စစ်ဆင်ရေးအတွက် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ MNDAA+PDF၊ TNLA+PDF၊ AA+PDF၊ NUG နဲ့ MOD အောက်မှာရှိတဲ့ PDF၊ မရှိတဲ့ PDF၊ ဗမာလက်နက်ကိုင်အသစ်ဖြစ်တဲ့ BPLA၊ PLA၊ ကယားဘက်က KNDF တို့နဲ့ ၂ နှစ်အချိန်ယူပြင်ဆင်ခဲ့တယ်လို့ဆိုပါတယ်။

ထွန်းမြတ်နိုင်ပြောဆိုချက်အရ ၂၀၁၉ ခုနှစ်ဟာ NLD အစိုးရကာလဖြစ်လို့ လက်နက်ကိုင်အဖွဲ့တွေဟာ အာဏာမသိမ်းလဲ ၁၀၂၇ တိုက်ဖို့ပြင်ထားတယ်လို့နိုင်ငံရေးသုံးသပ်သူအချို့ကယူဆကြပါတယ်။

တကယ်တော့စေ့စပ်တဲ့စီမံချက်တစ်ခုအောက်မှာ ၂၀၁၅-၂၀၂၀ NLD အစိုးရလက်ထက်တပ်နဲ့အရပ်ဘက်သိသိသာသာကွဲထွက်သွားအောင်သွေးခွဲတာ၊ နိုင်ငံရေးပွတ်တိုက်မှုအကြီးကြီးဖြစ်အောင်နယ်ပယ်အသီးသီးက (အနုပညာရှင်၊ စာရေးဆရာ၊ ဟောပြောပွဲ၊ မီဒီယာ၊ ဆိုရှယ်နက်ဝပ်တွေ) တမင်ပြုလုပ်ခဲ့ကြတာ၊ အာဏာမထိန်းမဖြစ်ထိန်းအောင်ကြိုတင်ဆောင်ရွက်ထားတာ၊ အာဏာထိန်းမှုကြောင့် ဗမာလူငယ်တွေကို လက်နက်ကိုင်အဖွဲ့တွေဆီအင်အားတိုးအောင်ကြိုတင်စီမံထားတာ၊ လက်နက်/ရိက္ခာ/ခဲယမ်း(တရုတ်နိုင်ငံထုတ်မှတမင်ရွေးထားတာတွေ) နှစ်ချီ ကြိုတင်စုပုံထားတာတွေဟာ တိုက်ဆိုင်မှုမဟုတ်တဲ့ လက်မဲအဖွဲ့တွေရဲ့ conspiracy တွေဆိုတာဆက်စပ်ကြည့်ရင်သိနိုင်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက် ယူနန်ပြည်နယ်
ကူမင်းမြို့မှာပြုလုပ်ခဲ့တဲ့ နစကနဲ့ MNDAA အဖွဲ့ဆွေးနွေးမှုမှာလည်း တရုတ်ဖိအားကိုကြောက်ရပါတယ်ဆိုတဲ့ MNDAA ဘက်ကမဖြစ်နိုင်တဲ့တောင်းဆိုချက်တွေတမင်တောင်းဆိုခဲ့လို့သဘောတူညီမှုမရဘဲပွဲပျက်ခဲ့ပါတယ်။ နစကနဲ့ MNDAA ဆွေးနွေးပွဲမတိုင်မီကပွဲဖြစ်ဖို့ တရုတ်ဘက်က MNDAA အဖွဲ့ကိုကြိုတင်တွေ့ဆုံခဲ့ပါတယ်။ တရုတ်နဲ့တွေ့ဆုံမှုမှာ MNDAA အဖွဲ့က ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းသိမ်းထားတဲ့မြို့တွေကိုပြန်ဆုတ်ပေးဖို့သဘောတူထားတယ်လို့အတည်မပြုနိုင်တဲ့အတွင်းသတင်းတွေထွက်ခဲ့ပါတယ်။ တကယ်တမ်း နစကနဲ့ တွေ့ဆုံချိန်မှာတော့ နောင်ချိုကနေမူဆယ်၊ ချင်းရွှေဟော်အထိသိမ်းထားသမျှမြို့တွေလဲဆုတ်မပေးဘဲ အထူးဒေသ(၁) အုပ်ချုပ်မှု (MNDAA ရဲ့အုပ်ချုပ်မှုအောက်)


Репост из: မှိုင်းဝေ
https://t.me/hminewai/65036

" AA အဖွဲ့ရဲ့ စစ်နည်းဗျူဟာ
မီဒီယာနည်းဗျူဟာလမ်းကြောင်း
အာဏာထိန်းမှုဖြစ်စဥ်နဲ့မြန်မာနိုင်ငံ
အစိတ်စိတ်အမွှာမွှာဖြိုခွဲရေး "
*******

၂၀၀၉ ခုနှစ်မှာ KIA က TNLA နဲ့ AA ကိုမွေးထုတ်ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံအနောက်တံခါးမှာအသစ်ပေါ်လာတဲ့ဇာတ်ကောင် AA အဖွဲ့ရဲ့ ဆရာစုံသင်ပေးလိုက်တဲ့ စစ်နည်းဗျူဟာတွေဟာ သမားရိုးကျ old school မြန်မာတပ်မတော်သာမက၊ တရုတ်နိုင်ငံစစ်နည်းဗျူဟာသမားတွေထက်ပါပိုမိုရှုပ်ထွေးကောက်ကျစ်ခဲ့ပါတယ်။

စစ်နည်းဗျူဟာခြေလှမ်း

အောက်ဖော်ပြပါ AA အဖွဲ့ရဲ့ စစ်နည်းဗျူဟာ၊ စစ်အတွေ့အကြုံ လေ့ကျင့်ခဲ့တဲ့လှေကားထစ်တွေကိုကြည့်နိုင်ပါတယ်-

(၁) AA စပေါ်ကာစက ရခိုင်ပြည်နယ်မှာ ပြည်မအစိုးရနဲ့ AA အပေါ်ထောက်ခံသူသိပ်မကွာလှသေးပါဘူး။ ဖွံ့ဖြိုးမှုအားနည်းတဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းဟာ AA ထောက်ခံသူများပြီး တောင်ပိုင်းကပညာတတ်ချမ်းသာသူတွေဟာအစိုးရထောက်ခံသူများပါတယ်။ ရန်/ငါခွဲထုတ်ချင်တဲ့ AA ဟာ အကြောက်တရားစသွင်းပါတယ်။ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ အစိုးရထောက်ခံသူတွေကို ခြိမ်းခြောက်စာပစ်တာ၊ သတ်ဖြတ်လုပ်ကြံတာတွေလုပ်ပါတယ်။ ဒါကြောင့် အစိုးရအုပ်ချုပ်ရေးမှူးတွေအစုလိုက်အပြုံလိုက်နှုတ်ထွက်ကြတာ၊ အုပ်ချုပ်မဲ့သူမရှိတာတွေဖြစ်ခဲ့ပါတယ်။ ​ကာလကြာတဲ့အခါ AA ထောက်ခံသူတွေအင်အားကြီးလာပြီး အစိုးရထောက်ခံသူတွေငြိမ်ဝပ်သွားတာမျိုးဖြစ်လာပါတယ်။ AA ဟာ အရပ်ဘက်အုပ်ချုပ်ရေးနဲ့ပြည်သူလူထုကို အကြောက်တရား၊ လူမျိုးရေးအစွန်းရောက်ဝါဒတွေနဲ့ဝါးမျိုနိုင်ခဲ့ပါတယ်။

(၂) ဒုတိယအဆင့်မှာစစ်အောင်မြင်ရေးအတွေ့အကြုံနဲ့အောင်စိတ်မွေးမြူပါတယ်။ AA စစ်သား​တွေ မနိုင်နိုင်တဲ့ အမျိုးမျိုးသောတပ်စခန်းတွေ၊ လုံခြုံရေးဂိတ်တွေဘက်အနားမကပ်ဘဲ ရဲတပ်ဖွဲ့ဂိတ်ကင်းငယ်လေးတွေ၊ စခန်းတွေကိုစတင်တိုက်ခိုက်ပါတယ်။ အစိုးရထောက်ခံသူအမျိုးသားရေးသမားတွေတောင် AA အဖွဲ့ကို 'ရဲတိုက်' လို့လှောင်ပြောင်ခဲ့ကြပြီး၊ တပ်ကအရာရှိကြီးတွေတောင်မှ AA အဖွဲ့ဟာ ဘာမှမဟုတ်တဲ့အဖွဲ့လေးပါဆိုတဲ့ရန်သူအပေါ်အထင်သေးစိတ်သွင်းနိုင်ခဲ့ပါတယ်။

(၃) တတိယအဆင့်မှာတော့တပ်မတော်ကိုစတင်အတွေ့အကြုံယူလာပါတယ်။ စစ်တိုက်တဲ့အတွေ့အကြုံမရှိတဲ့ ထောက်ပံ့ပို့ဆောင်ရေးတပ်လိုဝန်ထမ်းတပ်ကစစ်သည်တွေလုံခြုံရေးတာဝန်ယူတဲ့ဂိတ်ကင်းတွေကိုစတင်သွေးတိုးစမ်းတိုက်ခိုက်ပါတယ်။ တစ်ဘက်မှာလည်း ရခိုင်လူထုကြားလူမျိုးရေးအစွန်းရောက်အမြင်တွေမျှဝေပြီး ဗမာလူမျိုးတွေကိုဒလန်ခေါင်းစဥ်တပ်ရှင်းလင်းခဲ့ကာ စစ်သတင်းလုံခြုံရေးအတွက် ရခိုင်ပြည်နယ်တစ်ခုလုံးဗမာကင်းစင်ရေးဆောင်ရွက်ပါတယ်။ ဒါကြောင့် ၂၀၁၈ ခုနှစ်နောက်ပိုင်းရခိုင်ပြည်နယ်တစ်ခုလုံးမှာ တပ်နဲ့နယ်ဘက်ဝန်ထမ်းကလွဲရင် ဗမာပြည်သူလုံးဝကင်းစင်သွားတာတွေ့ခဲ့ရပါတယ်။ ဒီကာလမှာ တပ်အရာရှိမင်္ဂလာဆောင်ကို ပါဆယ်ထုတ်ထဲကိုဗုံးထည့်ခွဲတာလိုမျိုး အစ္စလာမ်မစ်အစွန်းရောက်အကြမ်းဖက်တွေရဲ့လုပ်ပုံကိုင်ပုံတွေကူးချခဲ့တဲ့အတွက်ညားကာစ လင်မယားသေဆုံးခဲ့တာတွေလည်းရှိခဲ့ပါတယ်။

၄။ ဒီအဆင့်မှာ တပ်မတော်ထဲမြှုပ်ထားတဲ့ AA cell ရခိုင်အရာရှိ၊ စစ်သည်တွေတော်တော်များများဘက်ပြောင်းကုန်ကြပါတယ်။ AA ကိုဗုံးကြဲဖို့အမိန့်​ပေးရင်ကြဲမှာလားလို့မေးတာ မကြဲဘူးလို့ပြောတဲ့ လေသူရဲတွေကြားဖူးပါတယ်။ ၂၀၁၉ ခုနှစ်မှာပဲ ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်ကြား စစ်ဆင်ရေးဝင်နေတဲ့ ရှေ့တန်း အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ်မှာတွဲဖက်ထားတဲ့ AA cell ရခိုင်အရာရှိက တပ်အရွေ့အပြောင်းသတင်းတွေကို AA အဖွဲ့ဆီပေးခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ AA ဟာ မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်သုံးနိုင်ငံကြားအချက်အခြာကျတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ မီးဝဗျူဟာကုန်းကိုအင်အား ၃၀၀၀ ခန့်နဲ့ပိတ်ဆို့တိုက်ခိုက်ခဲ့ပါတယ်။ မီးဝကိုစစ်ကူလာတဲ့ ခမရ(၇) ရဲ့ ရဟတ်ယာဥ်ဆင်းမဲ့နေရာမြေပုံညွှန်း၊ အချိန်၊ အင်အားအတိအကျရခဲ့တဲ့အတွက် AA အဖွဲ့အင်အားထောင်ချီအပိုင်ကြိုစောင့်ပြီးဝိုင်းပိတ်လိုက်လို့တပ်ပျက်သွားတဲ့ဖြစ်စဥ်ဖြစ်ခဲ့သလို ရိက္ခာသယ်တဲ့ ခမရ(၃၁၃) ကိုသတင်းအတိအကျအရ​စောင့်ပြီးခြုံခိုတိုက်လို့တပ်ပျက်သွားတဲ့ဖြစ်စဥ်တွေစတင်လာခဲ့ပါတယ်။ အဲ့တပ်ရင်းတွေဟာ နာမည်ကျော်တပ်မကြီးက မာကျောတဲ့တပ်ရင်းတွေပါ။ AA ဟာအဲ့တိုက်ပွဲတွေမှာအဆမတန်အင်အားအသုံးပြုပြီး တပ်မတပ်တွေကိုအနိုင်ယူနိုင်တဲ့အရသာ၊ စိတ်ဓာတ်၊ စစ်နည်းဗျူဟာ၊ ထောက်လှမ်းရေးခိုင်မာအောင်တည်ဆောက်နိုင်ခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းကိုတိုက်ခိုက်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာတော့မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အနေနဲ့အဓိကဇာတ်ကောင်အဖြစ်ပါဝင်အားဖြည့်တိုက်ခိုက်ပေးခဲ့ပြီး ရှမ်းမြောက်စစ်ယာယီရပ်စဲတဲ့ကာလမှာ ရှမ်းပြည်နယ်မြောက်ပိုင်းကလက်နက်ကိုင်အဖွဲ့စုံအင်အားတွေကိုရခိုင်ပြည်နယ်ဘက်ရွေ့ပြီးအလုံးအရင်းနဲ့ထပ်မံထိုးစစ်ဆင်ခဲ့လို့ နစကဘက်ကအကျအဆုံးများခဲ့တာဖြစ်ပါတယ်။

AA ရဲ့အထက်ပါခြေလှမ်းတွေအနက် ကြားနေ/ဆန့်ကျင်သူပြည်သူတွေနဲ့ အရပ်ဘက်အုပ်ချုပ်ရေးယန္တရားကိုလုပ်ကြံပြီး ရန်သူ(အစိုးရ)ကိုမ​ထောက်ခံရဲအောင်အကြောက်တရားမှိုင်းသွင်းတာ၊ ရန်သူ့ဘက်တော်သားတွေကိုလူမဆန်စွာနည်းမျိုးစုံနဲ့အကြမ်းဖက်တာတွေဟာ ISIS


Репост из: မှိုင်းဝေ
သံတမန်ရေးမှာ နစက ထက်နှာတစ်ဖျားသာနေသည့် ကွီးယား NUG အဖွဲ့🥴🥴🥴🥴

ငပိန်းထွန်းကြိုင်တွေလည်း အုပ်လိုက်ကြီး အဖမ်းခံထားရတယ်လို့ ကြားသေးတယ်

ငလူးလိုဖဲ😂😂😂😂

မှိုင်းဝေ


Репост из: မှိုင်းဝေ
ကိုယ်၀န်ဆောင်သည်ကို ကိုယ်၀န်ပျက်ကျသည့်ထိအောင်ကို မုဒိမ်းကျင့်တဲ့ အကြမ်းဖက် NUG လက်အောက်ခံအဖွဲ့များ

မှိုင်းဝေ


Репост из: အမတ်ဒိန်
အရင်က ဘင်္ဂလားဒေရှ်နဲ့ ကုန်သွယ်နေတဲ့ စက်လှေကြီးငယ် မှန်သမျှ AA သိမ်းထားတယ်

ရခိုင်တောင်ဖက်မှာ မအီဆိပ်ကမ်း ရွာမဆိပ်ကမ်း လမူးဆိပ်ကမ်း အကုန်လုံးက AA စက်လှေတွေပဲလို့သိရပါတယ်
အဲ့ဒီကထွက်လာသမျှ AA ပါပဲ

နေ့ဖက်ကိုရွာထဲမှာပဲနေပြီး ည၈နာရီကျော်မှ လှုပ်ရှားတယ်လို့သိရပါတယ်။

ရေတပ်မွေးနေ့မို့ လုပ်ရမယ့်မွေးနေ့လက်ဆောင်တွေပေးတာပါ


Репост из: Banyunt6
Видео недоступно для предпросмотра
Смотреть в Telegram
ဗန်းမော် ကိုစစ်ကူဖို့
မိုးမောက်ဘက်က တက်လာတဲ့ သူပုန်အဖွဲ့တွေကို
Night vision 120 drop bomb တွေနဲ့ သမနေတဲ့ 21 fighter ဗိုလ်အောင်ဒင်

#BN


Репост из: မှိုင်းဝေ
Видео недоступно для предпросмотра
Смотреть в Telegram
နွားသူခိုးတွေ အမြန်လမ်းပေါ်တက်လာကြပြီ

ဒီစာက နယ်မြေဒေသကို စော်ကားခြင်းမဟုတ်ပါ… နွားသူခိုးတွေ အတွက်ရေးတဲ့စာပါ…

မနေ့ကဖြစ်သွားတဲ့ အမြန်လမ်းကိစ္စနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် နွားထိုးကြီး PDF နဲ့ မြင်းခြံ PDF တွေ ပေါင်းပြီး လုပ်သွားတာ…

မြင်းခြံတို့ နွားထိုးကြီးတို့ ဆိုတာ သူခိုးကျပိုး တော်တော်ပေါတဲ့နယ်မြေ…
အကုန်လုံးကိုဆိုလိုတာ မဟုတ်ဘူးနော် ပေါတယ်ဆိုတာပြောပြတာ..
ဘယ်လောက်ထိပေါ်သလဲဆိုရင် သွားနေတဲ့ နွားလှည်းက နွားတွေကိုတောင် ဖြုတ်ခိုးတဲ့အထိပေါတာ…

ဒီလို သူများပစ္စည်းအချောင်လိုချင်တဲ့ကောင်တွေက နိုင်ငံရေးဖြစ်စဉ်နဲ့ ရောကြိတ်ပြီး ပြည်သူအတွက်တို့ အမေစု အတွက်တို့ဆိုပြီး အသံကောင်းဟစ် လုပ်စားခွင့်လက်မှတ်ရသွားကြတာ…

သူခိုးကျပိုးဆိုတဲ့ကောင်တွေ သာမန် လုပ်ကိုင်စားသောက်ကြတဲ့ လူတန်းစားတွေထက် ပိုလည်ကြတယ် ကောက်ကျစ်ကြတယ် ပြောတတ်ဆိုတတ်ကြတယ်… အရှက်မှ မရှိတာကို

ခုတော့ ဒီလို နွားသူခိုးကောင်တွေ လက်နက်လေးတွေရလာတော့ နွားခိုးတဲ့အဆင့်မဟုတ်တော့ဘူး အမြန်လမ်းပေါ်တက်ပြီး ပြည်သူကို ခြိမ်းခြောက်တဲ့ အထိဖြစ်လာပြီ…

ပြည်သူတွေမှာလည်း ဘာမဟုတ်တဲ့ နွားသူခိုးတွေကို ကြောက်နေရတဲ့အဖြစ်ကိုရောက်နေကြပြီ

မှိုင်းဝေ


Репост из: News Headlines Today
Видео недоступно для предпросмотра
Смотреть в Telegram
ဓားနဲ့လာရင်ဓားနဲ့ တိုက် ၊ ဒရုန်း နဲ့လာရင် ဒရုန်း နဲ့ တိုက်

ယူကရိန်း ကင်းထောက် ဒရုန်း များအား ရုရှားတို က ဒရုန်းဖြင့် တန်ပြန် တိုက်ချ စဉ်

🌍နိုင်ငံတကာ ထူးခြားသတင်းများကြည့်ရှုရန်

Click and Join Here⬇️
News Headlines Today


Репост из: မှိုင်းဝေ
စစ်ကိုင်းမြို့နယ် အုန်းတောကျေးရွာ ဝါဝါဝင်းဆီဆိုင်အနီးရှိ ကားလမ်းပေါ်တွင်မိုင်းထောင်နေသည့်အကြမ်းဖက် PDF ကို လခရအဖွဲ့များမှ အသေပစ်ခတ်ဖမ်းဆီး

မှိုင်းဝေ


Репост из: မှိုင်းဝေ
▪️ သက္ကမိုးညို ရေးတဲ့ ကျမ်းစာ

ဒီနှစ် အကျော်မခံဘူး ပြောတာ မန်းဝင်းခိုင်သန်း၊၂၀၂၂မှာပြော

မကြာခင်တော်လှန်ရေးပြီးမှာ ဖြစ်လို့ ကြိုပြင်ထားဖို့ပြောတာ ဒူဝါလရှိးလ၊၂၀၂၁

CDM တွေ လစာပေးမယ်ပြောတာ ဇော်ဝေစိုး၊ တင်ထွန်းနိုင်၊ ၂၀၂၁

ကိုယ်စီပေးမှ ရတဲ့ နိုင်ငံ ဖြစ်မယ်ပြောတာ လွင်ကိုလတ် ၂၀၂၁

၂၀၂၂ မှာတော်လှန်ရေး ပြီးမယ်ဆိုတာ ဇင်မာအောင်၊ ရည်မွန်၊ ၂၀၂၂

တော်လှန်ရေး ကာလ ၂ နှစ်လို့ ပြောတာ တင်ထွန်းနိုင် ၂၀၂၁

သန်း၈၀၀ ရတော့မယ်ပြောတာ တူးခေါင် ၂၀၂၁

ငှက်ကင်ရှိပြီပြောတာ ထင်လင်းအောင်

ငှက်ကင်ရှိရင် ခြောက်လအတွင်း နိုင်ပြီပြောတာ လရှီးလ

အလှူငွေ မရရင် တော်လှန်ရေး ရပ်ပစ်မယ်ပြောတာ တူးခေါင်

မန္တလေး သိမ်းမှာ မို့ ပအဖ ဖွဲ့ ထားဖို့ ပြောတာ မန်းဝင်းခိုင်သန်း

၂ပတ်စာ ရိက္ခာစုဖို့ သုံးခါပြောတာ ဇော်ဝေစိုး

ငါးကြော်ရောင်းနေရတာ ဇော်ဝေစိုး

ပစ္စည်းတွေထဲ (အဆ)ခပ်မယ်ပြောတာ ဇော်ဝေစိုး

အိမ်ပြန်ရောက်ပီပြောတာ ဇော်ဝေစိုး

၂၀၂၂ အိမ်ပြန်မယ်ပြောတာ ဇော်ဝေစိုး

၂၀၂၃ အိမ်ပြန်မယ်ပြောတာ ဇော်ဝေစိုး

၂၀၂၄ အိမ်ပြန်မယ်ပြောတာ ဇော်ဝေစိုး

ဂိမ်းသီအိုရီ ထမင်းစားရေသောက် သိထားရင် ကောင်းမယ်ပြောတာ ဇင်မာအောင်

ပသုံးလုံးတွေ အရေးယူမယ်ပြောတာ လွင်ကိုလတ်

၂၀၂၄ နှစ်ဆန်းမှာ တော်လှန်ရေး ပြီးမယ် ပြောတာ ရည်မွန်

(ငါလည်း ကြာရင် PhD (NUG) ရတော့မယ်)

အေး

နင်တို့ပေါက်ကရပြောတာကြောင့် ပြည်သူက မယုံတော့တာ

Trust building ဆိုတာ ပြောတဲ့အတိုင်း လုပ်ရတယ်၊ ပြောတဲ့ အတိုင်း တာဝန်ခံရတယ်

ဒါလား သမ္မတ၊ ဒါလား ဝန်ကြီးချုပ်၊ ဒါလား ဝန်ကြီး

ကိုယ့်စကားကိုယ်ကို ရပ်ကွက်က ဆယ်အိမ်ခေါင်းလောက်တောင် တာဝန်မခံတဲ့ ပေါက်လွှတ်ပဲစား အချောင်သမား တေလေ ကြမ်းပိုး နိုင်ငံရေးသမား အတုအယောင်တွေ

ထဝီ🤮

Crdသက္ကမိုးညို


Репост из: မှိုင်းဝေ
အကြမ်းဖက်သမားမရှိတဲ့ နေရာမှန်သမျှ အကုန်အေးချမ်းတယ်

အကြမ်းဖက်သမားတွေ ရောက်လာပြီဆိုရင် မြို့တွေ ရွာတွေ ပျက်စီးတော့တာပဲ။

ပြည်သူတွေလည်း အသက်တွေဆုံးရှုံးရတယ်
ဒုက္ခတွေလည်း ပင်လယ်ဝေကြတယ်။

မှိုင်းဝေ



သတင်းတွေဖတ်ရန် 👉🏿 နှိပ်ပါ


Репост из: မှိုင်းဝေ
Видео недоступно для предпросмотра
Смотреть в Telegram
ဒီဇင်ဘာလ ၂၄ ရက် ယနေ့မှာ ကျရောက်သည့် ၇၇ နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နိုင်ငံတော်ကာကွယ်ရေးအတွက် ထမ်းဆောင်နေကြသည့် တပ်‌မတော်သားများနဲ့ ပြည်သူ့စစ်မှုထမ်းများကို ဂုဏ်ပြုသောအားဖြင့် ရိုက်ကူးထားသည့် "ဆုံမှတ်ဆီသို့" ရုပ်မြင်သံကြားဇာတ်လမ်း။

crd***YKS


Репост из: မှိုင်းဝေ
🔢🔢❎🔢🔢❎🔢🔢🔢🔢 ရက်နေ့မှာ ကျရောက်တဲ့ တပ်မတော်(ရေ)ရဲ့ (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုပါတယ်။

ဘာတွေတပ်တော််ဝင်ပြီး ဘာတွေရေချဦးမလဲ..? စောင့်ကြည့်ကြတာပေါ့။

အောင်မြင်ပါစေ တပ်မတော်(ရေ)

☺️☺️☺️☺️

သတင်းတွေဖတ်ရန် 👉🏿 နှိပ်ပါ


Репост из: မှိုင်းဝေ
မြေဖြူကိုင်တဲ့လက်ကို မင်းတို့အကြမ်းဖက်သမားတွေဘာကြောင့် ကြောက်နေတာလဲ..?

မြေဖြူကိုင်ပြီးစာသင်တာဟာ မင်းတို့ကို ဘာတွေများထိခိုက်သွားသလဲ..?

အောက်တန်းစား အကြမ်းဖက် PDF တွေ။

ကိုယ်နဲ့အမြင်မတူတာနဲ့ အခြားလူတစ်ဦးတစ်ယောက်ကို သတ်ပြတာက မင်းတို့ပြောတဲ့ ဒီမီကရေစီလား..?

ရွံစရာကောင်းချက်ကွာ။

"ကျည်ဆံတွေက သမီးတို့ အနာဂတ်ကို လာမှန်တယ်"ဆိုတဲ့ အကြမ်းဖက်အားပေးတွေမြင်လား..?

မှိုင်းဝေ



သတင်းတွေဖတ်ရန် 👉🏿 နှိပ်ပါ


Репост из: မှိုင်းဝေ
ပါးစပ်ကတော့ ပြည်သူ့အတွက် ပြည်သူအတွက်နဲ့ ပြီးရင်တော့ သေနတ်ပြပြီး မိုက်ကြေးခွဲတော့တာပဲ

မှိုင်းဝေ


သတင်းတွေဖတ်ရန် 👉🏿 နှိပ်ပါ



Показано 17 последних публикаций.