Репост из: မှိုင်းဝေ
https://t.me/hminewai/65036
" AA အဖွဲ့ရဲ့ စစ်နည်းဗျူဟာ
မီဒီယာနည်းဗျူဟာလမ်းကြောင်း
အာဏာထိန်းမှုဖြစ်စဥ်နဲ့မြန်မာနိုင်ငံ
အစိတ်စိတ်အမွှာမွှာဖြိုခွဲရေး "
*******
၂၀၀၉ ခုနှစ်မှာ KIA က TNLA နဲ့ AA ကိုမွေးထုတ်ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံအနောက်တံခါးမှာအသစ်ပေါ်လာတဲ့ဇာတ်ကောင် AA အဖွဲ့ရဲ့ ဆရာစုံသင်ပေးလိုက်တဲ့ စစ်နည်းဗျူဟာတွေဟာ သမားရိုးကျ old school မြန်မာတပ်မတော်သာမက၊ တရုတ်နိုင်ငံစစ်နည်းဗျူဟာသမားတွေထက်ပါပိုမိုရှုပ်ထွေးကောက်ကျစ်ခဲ့ပါတယ်။
စစ်နည်းဗျူဟာခြေလှမ်း
အောက်ဖော်ပြပါ AA အဖွဲ့ရဲ့ စစ်နည်းဗျူဟာ၊ စစ်အတွေ့အကြုံ လေ့ကျင့်ခဲ့တဲ့လှေကားထစ်တွေကိုကြည့်နိုင်ပါတယ်-
(၁) AA စပေါ်ကာစက ရခိုင်ပြည်နယ်မှာ ပြည်မအစိုးရနဲ့ AA အပေါ်ထောက်ခံသူသိပ်မကွာလှသေးပါဘူး။ ဖွံ့ဖြိုးမှုအားနည်းတဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းဟာ AA ထောက်ခံသူများပြီး တောင်ပိုင်းကပညာတတ်ချမ်းသာသူတွေဟာအစိုးရထောက်ခံသူများပါတယ်။ ရန်/ငါခွဲထုတ်ချင်တဲ့ AA ဟာ အကြောက်တရားစသွင်းပါတယ်။ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ အစိုးရထောက်ခံသူတွေကို ခြိမ်းခြောက်စာပစ်တာ၊ သတ်ဖြတ်လုပ်ကြံတာတွေလုပ်ပါတယ်။ ဒါကြောင့် အစိုးရအုပ်ချုပ်ရေးမှူးတွေအစုလိုက်အပြုံလိုက်နှုတ်ထွက်ကြတာ၊ အုပ်ချုပ်မဲ့သူမရှိတာတွေဖြစ်ခဲ့ပါတယ်။ ကာလကြာတဲ့အခါ AA ထောက်ခံသူတွေအင်အားကြီးလာပြီး အစိုးရထောက်ခံသူတွေငြိမ်ဝပ်သွားတာမျိုးဖြစ်လာပါတယ်။ AA ဟာ အရပ်ဘက်အုပ်ချုပ်ရေးနဲ့ပြည်သူလူထုကို အကြောက်တရား၊ လူမျိုးရေးအစွန်းရောက်ဝါဒတွေနဲ့ဝါးမျိုနိုင်ခဲ့ပါတယ်။
(၂) ဒုတိယအဆင့်မှာစစ်အောင်မြင်ရေးအတွေ့အကြုံနဲ့အောင်စိတ်မွေးမြူပါတယ်။ AA စစ်သားတွေ မနိုင်နိုင်တဲ့ အမျိုးမျိုးသောတပ်စခန်းတွေ၊ လုံခြုံရေးဂိတ်တွေဘက်အနားမကပ်ဘဲ ရဲတပ်ဖွဲ့ဂိတ်ကင်းငယ်လေးတွေ၊ စခန်းတွေကိုစတင်တိုက်ခိုက်ပါတယ်။ အစိုးရထောက်ခံသူအမျိုးသားရေးသမားတွေတောင် AA အဖွဲ့ကို 'ရဲတိုက်' လို့လှောင်ပြောင်ခဲ့ကြပြီး၊ တပ်ကအရာရှိကြီးတွေတောင်မှ AA အဖွဲ့ဟာ ဘာမှမဟုတ်တဲ့အဖွဲ့လေးပါဆိုတဲ့ရန်သူအပေါ်အထင်သေးစိတ်သွင်းနိုင်ခဲ့ပါတယ်။
(၃) တတိယအဆင့်မှာတော့တပ်မတော်ကိုစတင်အတွေ့အကြုံယူလာပါတယ်။ စစ်တိုက်တဲ့အတွေ့အကြုံမရှိတဲ့ ထောက်ပံ့ပို့ဆောင်ရေးတပ်လိုဝန်ထမ်းတပ်ကစစ်သည်တွေလုံခြုံရေးတာဝန်ယူတဲ့ဂိတ်ကင်းတွေကိုစတင်သွေးတိုးစမ်းတိုက်ခိုက်ပါတယ်။ တစ်ဘက်မှာလည်း ရခိုင်လူထုကြားလူမျိုးရေးအစွန်းရောက်အမြင်တွေမျှဝေပြီး ဗမာလူမျိုးတွေကိုဒလန်ခေါင်းစဥ်တပ်ရှင်းလင်းခဲ့ကာ စစ်သတင်းလုံခြုံရေးအတွက် ရခိုင်ပြည်နယ်တစ်ခုလုံးဗမာကင်းစင်ရေးဆောင်ရွက်ပါတယ်။ ဒါကြောင့် ၂၀၁၈ ခုနှစ်နောက်ပိုင်းရခိုင်ပြည်နယ်တစ်ခုလုံးမှာ တပ်နဲ့နယ်ဘက်ဝန်ထမ်းကလွဲရင် ဗမာပြည်သူလုံးဝကင်းစင်သွားတာတွေ့ခဲ့ရပါတယ်။ ဒီကာလမှာ တပ်အရာရှိမင်္ဂလာဆောင်ကို ပါဆယ်ထုတ်ထဲကိုဗုံးထည့်ခွဲတာလိုမျိုး အစ္စလာမ်မစ်အစွန်းရောက်အကြမ်းဖက်တွေရဲ့လုပ်ပုံကိုင်ပုံတွေကူးချခဲ့တဲ့အတွက်ညားကာစ လင်မယားသေဆုံးခဲ့တာတွေလည်းရှိခဲ့ပါတယ်။
၄။ ဒီအဆင့်မှာ တပ်မတော်ထဲမြှုပ်ထားတဲ့ AA cell ရခိုင်အရာရှိ၊ စစ်သည်တွေတော်တော်များများဘက်ပြောင်းကုန်ကြပါတယ်။ AA ကိုဗုံးကြဲဖို့အမိန့်ပေးရင်ကြဲမှာလားလို့မေးတာ မကြဲဘူးလို့ပြောတဲ့ လေသူရဲတွေကြားဖူးပါတယ်။ ၂၀၁၉ ခုနှစ်မှာပဲ ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်ကြား စစ်ဆင်ရေးဝင်နေတဲ့ ရှေ့တန်း အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ်မှာတွဲဖက်ထားတဲ့ AA cell ရခိုင်အရာရှိက တပ်အရွေ့အပြောင်းသတင်းတွေကို AA အဖွဲ့ဆီပေးခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ AA ဟာ မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်သုံးနိုင်ငံကြားအချက်အခြာကျတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ မီးဝဗျူဟာကုန်းကိုအင်အား ၃၀၀၀ ခန့်နဲ့ပိတ်ဆို့တိုက်ခိုက်ခဲ့ပါတယ်။ မီးဝကိုစစ်ကူလာတဲ့ ခမရ(၇) ရဲ့ ရဟတ်ယာဥ်ဆင်းမဲ့နေရာမြေပုံညွှန်း၊ အချိန်၊ အင်အားအတိအကျရခဲ့တဲ့အတွက် AA အဖွဲ့အင်အားထောင်ချီအပိုင်ကြိုစောင့်ပြီးဝိုင်းပိတ်လိုက်လို့တပ်ပျက်သွားတဲ့ဖြစ်စဥ်ဖြစ်ခဲ့သလို ရိက္ခာသယ်တဲ့ ခမရ(၃၁၃) ကိုသတင်းအတိအကျအရစောင့်ပြီးခြုံခိုတိုက်လို့တပ်ပျက်သွားတဲ့ဖြစ်စဥ်တွေစတင်လာခဲ့ပါတယ်။ အဲ့တပ်ရင်းတွေဟာ နာမည်ကျော်တပ်မကြီးက မာကျောတဲ့တပ်ရင်းတွေပါ။ AA ဟာအဲ့တိုက်ပွဲတွေမှာအဆမတန်အင်အားအသုံးပြုပြီး တပ်မတပ်တွေကိုအနိုင်ယူနိုင်တဲ့အရသာ၊ စိတ်ဓာတ်၊ စစ်နည်းဗျူဟာ၊ ထောက်လှမ်းရေးခိုင်မာအောင်တည်ဆောက်နိုင်ခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းကိုတိုက်ခိုက်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာတော့မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အနေနဲ့အဓိကဇာတ်ကောင်အဖြစ်ပါဝင်အားဖြည့်တိုက်ခိုက်ပေးခဲ့ပြီး ရှမ်းမြောက်စစ်ယာယီရပ်စဲတဲ့ကာလမှာ ရှမ်းပြည်နယ်မြောက်ပိုင်းကလက်နက်ကိုင်အဖွဲ့စုံအင်အားတွေကိုရခိုင်ပြည်နယ်ဘက်ရွေ့ပြီးအလုံးအရင်းနဲ့ထပ်မံထိုးစစ်ဆင်ခဲ့လို့ နစကဘက်ကအကျအဆုံးများခဲ့တာဖြစ်ပါတယ်။
AA ရဲ့အထက်ပါခြေလှမ်းတွေအနက် ကြားနေ/ဆန့်ကျင်သူပြည်သူတွေနဲ့ အရပ်ဘက်အုပ်ချုပ်ရေးယန္တရားကိုလုပ်ကြံပြီး ရန်သူ(အစိုးရ)ကိုမထောက်ခံရဲအောင်အကြောက်တရားမှိုင်းသွင်းတာ၊ ရန်သူ့ဘက်တော်သားတွေကိုလူမဆန်စွာနည်းမျိုးစုံနဲ့အကြမ်းဖက်တာတွေဟာ ISIS