Фильтр публикаций


Репост из: မှိုင်းဝေ
(အငယ်ဆုံး၊အဗျင်းဆုံး)

တောင်ခမ်းမှာရှိတဲ့ ညီတွေအများကြီးထဲကနေ ညီအငယ်ဆုံးတစ်ယောက်အကြောင်းပြောပြမယ်။

ဒီညီလေးက DSA ၅၁ က မှူး/ဗကလေးပါဗျာ…။

အမလေး… ၅၁ က မှူး/ဗကလေးဆိုပြီး သွားအထင်မသေးလိုက်နဲ့ တပ်ရင်းမှူးရော 2IC ရော အကြောင်းကြောင်းတွေကြောင့် မရှိတော့တဲ့ သူ့တပ်ရင်းကို သူက ဦးဆောင်ပြီး တောင်ခမ်းမှာ တိုက်ပွဲဝင်နေတဲ့ ဖိုက်တာလေးမှ တကယ့်ဖိုက်တာလေးဗျ။

ဘယ်လောက်အထိ လက်သံပြောင်လည်းဆိုတော့ တောင်ခမ်းမှာရှိတဲ့ အခြားတပ်ရင်းတွေက စစ်သည်တွေကပါ ဒီဗိုလ်မှူးနဲ့ အတူတူတွဲပြီး စစ်တိုက်ချင်လိုက်တာဆိုပြီး အပြောခံရတဲ့အထိ သူ့ဂုဏ်သတင်းက ကြီးမားလှပါတယ်။

ကျနော်နဲ့သူနဲ့ စတွေ့တုန်းက မနှစ်က ၃၅၄ ကိုကျနော်ရောက်တဲ့အချိန် သူ့တပ်နဲ့ ဒုတိယဗိုလ်မှူးကြီးသူရမျိုးကိုကိုထွန်းတပ်နဲ့ နှစ်တပ်ပေါင်းပြီး ဝင်လာတဲ့အချိန်မှာပါ။

စစ်ကြောင်းတစ်ခုလုံးနားနေတဲ့အချိန်မှာ သူကမနားနိုင်ဘဲ အုပ်ချုပ်မှု/ဘာညာကိစ္စတွေနဲ့ အလုပ်များနေကထဲက ဒီညီလေး အလုပ်တော်တော်လုပ်တာဘဲဆိုပြီး သတိထားမိတာ။

နောက်ပိုင်း သူ့ထက်စီနီယာအရမ်းကျတဲ့ သော်ကြီးတို့ သူရမျိုးကိုကိုထွန်းတို့လို စီနီယာကြီးတွေကပါ ပါးစပ်ထဲကနေထုတ်ဖေါ်ချီးကျူးတဲ့အထိ တောင်ခမ်းမှာ သူ့လက်သံတွေ ပြောင်ခဲ့ပါတယ်။

ကျနော်သိထားသလောက်တော့သူဟာ….

အရေးပါတဲ့ ပွဲပေါင်းမြောက်များစွာသောပွဲတွေမှာ ပါဝင်တိုက်ခဲ့ရတယ်။

အမတ-၂၀၆နဲ့ မစခ-၉၀၂ အခက်ခဲဆုံးဖြစ်နေချိန်မှာ ဒုတိယဗိုလ်မှူးကြီးသူရမျိုးကိုကိုထွန်းနဲ့ တွဲဘက်ညီညီသွားရောက်ကူညီနိုင်ခဲ့တယ်။

သူရခဲ့တဲ့ DB တွေ လက်နက်တွေဆိုတာ သူ့အတွက် စာဖွဲ့ဂုဏ်ပြုရင်တောင် သူ့လုပ်ဆောင်ချက်နဲ့ သူ့ရဲစွမ်းသတ္တိကို မမှီနိုင်ပါဘူး။

သူ့စစ်ကြောင်းဟာ ရန်သူကို အရှင်တစ်ဦးအမိဖမ်းနိုင်ခဲ့ပြီး အလင်းဝင်(၅)ဦးအထိ လက်ခံနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့…

တပ်ရင်းမှူးနဲ့ 2IC မပါဘဲ တော်တော်လုပ်နိုင်သွားခဲ့တဲ့ညီလေးပါဘဲဆိုပြီး တောင်ခမ်းက စီနီယာသူရဲကောင်းကြီးတွေကမှတ်ချက်ပေးထားခြင်းခံရသူလေးပါ။

တနေ့ကကျနော် ဒီကိုရောက်လာတော့ အတင်းလာဖတ်နုတ်ဆက်ရင်းနဲ့ ငိုပါလေရော …

ဟာ ဘာဖြစ်လို့လဲညီလေးဆိုပြီးမေးတော့

ကျနော်နောက်တန်းခဏပြန်ရမယ်ဗျာ ကျသွားတဲ့ကျနော့်တပည့်တွေထားရစ်ခဲ့ရတယ်။ စိတ်ထဲမှာ တင်းနေတယ်အဘရယ်ဆိုပြီး ဖြေတယ်ဗျ။

ကျနော်လည်း တော်တော်စိတ်မကောင်းဖြစ်သွားတယ်။ ပြီးတော့ ကျနော့်မှာသူ့ကို တူညီတဲ့ ပြောစရာစကားလည်းရှာမတွေ့ဘူးဖြစ်နေတယ်။

ဒါနဲ့ သူ့ပုခုံးကို တစ်ချက်ညှစ်လိုက်ပြီး စိုက်ကြည့်လိုက်တယ်။ လောလောဆယ် အိမ်ရောက်အောင်သတိဝီရိယနဲ့ပြန်ညီလေး ပြီးမှ မင်းဆရာအဘကိုပြောပြီး အပြီအပြင်ထပ်လာဗျင်း။ မင်းကိုငါတို့တောင်ခမ်းက အမြဲအလိုရှိနေပါတယ်ညီလေး။ ကိုယ်တပ်မဘက် ပါလာတဲ့ပစ္စည်းတွေ သွားပို့ဦးမယ်ဆိုပြီး ဆက်ထွက်လာခဲ့တယ်။

အပြန်ကြတော့ သူ့ယာဉ်တန်းထွက်သွားတာ နာရီဝက်လောက်ရှိပြီတဲ့ … ရင်ထဲဟာသွားတာဘဲ။ ခင်ဗျားတို့အခုကြိုနေတဲ့ပုံတွေ လိုင်းပေါ်မှာတွေ့တယ်မဟုတ်လား။ အဲ့ဒါသူတို့တွေဘဲ။

အော်သူ့နာမည်လား

မှူးရန်နိုင်စိုး(စတသ-၅၁)
ခမရ-၂၁၂

တစ်ချို့ပုံလေးတွေက သူပြန်မဲ့ယာဉ်တန်းမထွက်ခင် ကျဆုံးသွားခဲ့ရှာတဲ့ သူ့တပည့်တွေရဲ့ မြေပုံလေးတွေကို အလေးပြုနုတ်ဆက်နေတဲ့ပုံလေးတွေပါ။

ခိုင်ဇော်
မတ်(၁၁) ၂၀၂၅


Репост из: တိုက်ပွဲသတင်းစုံ
Видео недоступно для предпросмотра
Смотреть в Telegram
ပျော်ရွှင်ခြင်း။ ဝမ်းနည်းခြင်း။ ဂုဏ်ယူခြင်း တွေနဲ့ ပြည့်နေတဲ့ ပွဲလေးပါ။ အားလုံး အေးချမ်းကြပါစေ။
-
တိုက်ပွဲသတင်းစုံ


Видео недоступно для предпросмотра
Смотреть в Telegram
ပျော်ရွှင်ခြင်း။ ဝမ်းနည်းခြင်း။ ဂုဏ်ယူခြင်း တွေနဲ့ ပြည့်နေတဲ့ ပွဲလေးပါ။ အားလုံး အေးချမ်းကြပါစေ။
-


Видео недоступно для предпросмотра
Смотреть в Telegram
၁၁-၃-၂၀၂၅ လူငယ်ကဏ္ဍ၊ မီဒီယာကဏ္ဍတို့နှင့် ပတ်သက်၍မီဒီယာများ၏ မေးမြန်းမှုများအပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြန်လည်ဖြေကြားချက်
-


လုပ်မှာနော် .. တကယ်လုပ်မှာ
-


Репост из: တိုက်မောင်း
တော်လှန်ရေးအကြောင်းပြုပြီး ကြီးပွားချမ်းသာသွားတဲ့ အပျံမက မေဒီးကားကနေ ဘာတွေကဗျာဆန်နေပြန်ပြီလဲ မသိဘူး ... 😂😂
သူကဗျာဆန်ရင် နင်းပြားကျောမွဲထောက်ပို့တွေအတွက်က မျက်ခုံးလှုပ်စရာတွေချည်းဖြစ်နေတာကိုး..
သူ့ဖာသာ ပိတောက်ပန်း ငိုချင်ငို/ ငုံချင်ငုံ သူ့လိုပြည်ပြေးခွက်ခေါက်တွေနဲ့ ဘာပတ်သက်တာမှတ်လို့ 🤨🤨


အပြောနဲ့ အလုပ် .. ညီဖို့တော့ လိုတာပေါ့
-


Видео недоступно для предпросмотра
Смотреть в Telegram
တပ်မတော်ကို ဖြိုချမယ့် ပဒက်တွေရဲ့ အလန်းစား စစ်ရေးစွမ်းရည်တွေကို စုစည်းတင်ဆက်ပေးလိုက်ပါတယ် ..
-
တိုက်မောင်း


သွား ...
မခေါ်ဘူး 🙄


Disloyalty Civil Servant (CDM) တွေ ဘဝပျက်ပြီ

လားရှိုးမှာ MNDAA က ဝင်သိမ်းတော့ အားပေးထောက်ခံခဲ့တဲ့ အချို့သစ္စာဖောက်ဝန်ထမ်းတွေက CDM လုပ်ပြီး အားပေးခဲ့သေးတာ။
-
လားရှိုးမှာနေပြီး အဆင်ပြေ ကြီးပွားနေတဲ့ ဝန်ထမ်းတွေလည်း ပါတာပေါ့။ သူတို့အထင် MNDAA ကိုးကန့်တပ်က ပြန်ပြီး အုပ်ချုပ်ရင် သူတို့ကို ရာထူးကြီးကြီး ပြန်ပေးမယ်ဆိုပြီး မျှော်လင့်ခဲ့တဲ့ သစ္စဖောက်တွေပေါ့...
-
ကိုးကန့်ကလည်း... သစ္စာဖောက်ခဲ့တဲ့သူတွေကို ဘယ်ယုံမှာလဲ။
"သူတို့နှစ်ပေါင်းများစွာ လုပ်ခဲ့တဲ့အလုပ်နဲ့ အစိုးရအပေါ်တောင် သစ္စာဖောက်ရဲ သေးရင်... ငါတို့ ကိုးကန့်အပေါ်မှာလည်း သစ္စာဖောက်ဖို့ ဝန်လေးမှာ မဟုတ်ဘူးဆိုတာ..." MNDAA တွေလည်း စဉ်းစားမိမှာပဲ။
-
ခုတော့... ကိုးကန့်တွေက တရုတ်စာတတ်တဲ့သူတွေပဲခန့်ထားတယ်လဲဆိုရော သစ္စာဖောက် CDM တွေ နေမထိ ထိုင်မသာတွေ ဖြစ်ကုန်ပြီ။
-
ဝန်ထမ်းတွေဆိုတာက ဒေသခံတွေနဲ့ ဗမာလူမျိုးတွေက အများဆုံးပါပဲ။ ဘယ်အဖွဲ့ကမှ ကိုယ့်မူရင်းအဖွဲ့အစည်းအပေါ်ကို သစ္စာဖောက်တဲ့သူတွေကို မယုံကြည်ဘူးဆိုတာ သိသင့်တယ်။


Htinmyataung

https://www.tiktok.com/@kothet8888888/photo/7480418371880635656?is_from_webapp=1&sender_device=pc&web_id=7402886078983980545


Репост из: တိုက်ပွဲသတင်းစုံ
လက်နက်/ခဲယမ်း အများအပြားဖမ်းဆီးရမိ

မတ် ၇ ရက် နေ့လည်ပိုင်းအချိန်က တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးချက်အရ လုံခြုံရေးအဖွဲ့ဝင်များသည် ကျိုင်းတောင်းမြို့၏ အနောက်ဘက် မီတာ ၄၀၀၀ အကွာ ဟိုတတံတားတွင် ပိတ်ဆို့ရှာဖွေရာ မိုးနဲမြို့သို့ ထွက်ခွာမည့် ကားတစ်စီးပေါ်မှ တရားခံ ၂ ဦးနဲ့အတူ အောက်ပါလက်နက်များ ဖမ်းဆီးရမိခဲ့ -
(၁) ပွိုင့်-22 သေနတ် ၁ လက်
(၂) ဝင်ချက်စတာ သေနတ် ၁ လက်
(၃) တရုတ်သေနတ် ၁၃ လက်
(၄) ပစ္စတို ၁၁ လက်
(၅) လေယာဉ်ပစ်စက်သေနတ် ၁ လက်
(၆) ခဲယမ်းပုံး ၁၉ ပုံး

တို့အား သိမ်းဆည်းရမိခဲ့ပါသည်။ သတင်းအသေးစိတ်အားထပ်မံဖော်ပြပါမည်။
-
ယခုလို ဖမ်းဆီးရမိရေး လျှို့ဝှက်သတင်းပေးခဲ့သည့် ပြည်သူအား ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ခဲ့ကြောင်းလည်း သိရှိရပါသည်။
-
တိုက်ပွဲသတင်းစုံ


ကောင်းမွန်လာမယ့်အနာဂတ်

ရှေ့လျှောက်တိုင်းပြည်က ကောင်းသွားဖို့ပဲ ရှိပါတော့တယ် ။
-
ဒီလို ဘာကြောင့် ပြောနိုင်သလဲမေးရင်တော့ အချက် (၃) ချက်လောက်တော့ ထောက်ပြချင်တယ်။ ဒါတွေကတော့
(၁) နှစ်ပေါင်းများစွာ မြန်မာပြည်ကိုနည်းလမ်းမျိုးစုံနဲ့ ဒုက္ခပေးခဲ့တဲ့ USAID ရဲ့ လုပ်ငန်း ၈၃% ဖျက်သိမ်းလိုက်ပြီလို့ အမေရိကန်ရဲ့ ကြေငြာခဲ့မှု ။
(၂) နစက ဥက္ကဌ ရဲ့ ရုရှား၊ ဘီလာရုခရီးစဉ်ကြောင့် နိုင်ငံတကာဆက်ဆံရေးမှာ မျက်နှာပန်းပြန်ပွင့်လာမှု။
(၃) ပြုလုပ်တော့မယ့် ရွေးကောက်ပွဲကြောင့် နိုင်ငံတကာထိတွေ့ဆက်ဆံလာနိုင်ပြီး နိုင်ငံတကာမှာ နေရာပြန်လည် ရရှိလာနိုင်မှု။

( ဒါက နိုင်ငံရေး အပိုင်းပါ )
-
စစ်ရေးက နိုင်ငံရေးနဲ့ ဆက်စပ်နေတာမို့ နိုင်ငံရေးကောင်းရင် စစ်ရေးက အလိုလိုကောင်းလာမှာ ဖြစ်တယ် ။
-
စစ်ရေးကို သက်သက်ပြန်ရေးပါ့မယ်။

မင်းသုန္ဒရ
https://www.tiktok.com/@kothet8888888/photo/7480402435047951634?is_from_webapp=1&sender_device=pc&web_id=7402886078983980545




Репост из: Kyaw Swar
Bullet Voice

မတ် ၁၁ ရက် အင်္ဂါနေ့ မနက်ခင်း
Bullet bulletin morning news

ပြည်ပ ထူးခြားသတင်းမှာ -

ဆော်ဒီနိုင်ငံ ဂျက်ဒါ မြို့တွင် ယူကရိမ်းစစ်ရပ်ဆဲရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး နှင့် ယူကရိမ်း ကာကွယ်ရေးဝန်ကြီးတို့ ဆွေးနွေးလျှက်ရှိသည် ။

အမေရိကန် နှင့် တောင်ကိုးရီးယား ပူးတွဲစစ်ရေးလေ့ကျင့်နေစဥ် မြောက်ကိုးရီးယားက ပင်လယ်ထဲသို့ ဒုံးကျည်အစင်း ၄၀ ပစ်ခတ်ခဲ့သည် ။

၂၀၁၆ အာဏာရခဲ့စဥ် မူးယစ်နှိမ်နင်းရေး၌ လူထောင်ချီသတ်ဖြတ်မှု့ဖြင့် ICC က ဖမ်းဝရမ်းထုတ်ရန် သတင်းထွက်ပေါ်နေသော ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး က မိမိသည် တိုင်းပြည်အတွက်လုပ်ခဲ့ခြင်းသာဖြစ်သောကြောင့် အဖမ်းခံရဲသည် ဟု ဆိုလိုက်သည် ။

သမ္မတအိမ်ဖြူတော်အနီး အသေခံတိုက်ခိုက်ရန် လာမည်ဟု ကြိုတင်သတင်းရထားသူ စီးလာသောကားပေါ်မှအဆင်း လက်နက်ချရန် ပြောဆိုမှု့ကို ငြင်းဆန်ကာ သေနပ်ထုတ်သောကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း အမေရိကန် စီးကရက်ဆားဗစ် က ပြောသည် ။

အမေရိကန်သည် ယူကရိမ်း ကိုမျှဝေပေးနေသော ထောက်လှမ်းရေးသတင်းအချက်အလက်များကို ဖြတ်တောက်လိုက်ပြီးနောက် ရုရှားတပ်များသည် ယူကရိမ်းနိုင်ငံ ဆူမီ ဒေသသို့ အလုံးအရင်းထိုးစစ်ဆင်လျှက်ရှိသည် ၊ ၎င်းဒေသ ကျသွားခဲ့ပါက ရှေ့ပိုင်းရောက်နေသော ယူကရိမ်း တပ်များ ပိတ်မိတော့မည်ဟုဆိုသည် ။

အိန္ဒိယ မှတဆင့် ချင်းပြည်နယ်ကိုသွားခဲ့သော ဘယ်ဂျီယန် နိုင်ငံသားကို တရားမဝင်သွားရောက်မှု့ဖြင့် အိန္ဒိယ ရဲ က ဖမ်းလိုက်သည် ။

ပြည်တွင်း ထူးခြားသတင်းမှာ -

တောင်ကုတ် တက္ကသိုလ် မြေနေရာကို လှူဒါန်း၍ ရခိုင်လူမျိုးတက္ကသိုလ်ဘွဲ့ရပညာတတ်များ တိုးပွားစေခဲ့သူ ရခိုင်လုပ်ငန်းရှင် ဦးကျောက်တောင် ၏ ပိုင်ဆိုင်မှု့များအား ဗမာအစိုးရ နှင့် ပူးပေါင်းသူဟုဆိုကာ AA က ချိတ်ပိတ်လိုက်သည် ။

ဂွမြို့နယ် အထက်ဘဝင်ရွာ AA ထောက်ပို့စခန်း ဗုံးကြဲခံရ၍ အများအပြားသေသည်ကြေပျက်ဆီးသည် ။

ပုဏ္ဏားကျွန်းတွင် ဝဲ ပေါက်နေသော ရခိုင် ၁၆၀ ဦးကို အခမဲ့ ဆေးကုပေးခဲ့ကြောင်း AA ကဆိုသည် ။

ဗန်မော်တွင်တိုက်ပွဲပြင်းထန်ဆဲဖြစ်ပြီး မနေ့က တရက်တည်း လေကြောင်းတိုက်ခိုက်မှု့အကြိမ် ၄၀ ပြုလုပ်ခဲ့သည် ။

ဖယ်ခုံ တွင် KNA တပ်ရင်းအသစ် ၂ ရင်း ထပ်ဖွင့်ပွဲပြုလုပ်ခဲ့ပြီး တပ်သား ၃၀၀ အား လက်နက် ၅၀ တပ်ဆင်ပေးခဲ့ကြောင်း သိရသည် ။

ပဲခူးတိုင်း အနောက်ခြမ်း အုပ်ဖိုမြို့နယ် သပြေစမ်း ၊ သာလိကာ ၊ ဒေါင်းကြီး ၊ ဒေါင်းလေး ၊ ချောင်းခွ တဝိုက် ရှိ PDF များအား စစ်ကြောင်းထိုး ရှင်းလင်းနေသည် ။

ထောင်မှလွတ်လာပြီး နယ်စပ်ထွက်ပြေး PDF ထောက်ပို့လုပ်နေသူ LGBT ဟန်နွေဦး ထိုင်း တွင် AIDS ဖြင့်ကွယ်လွန်ခဲ့ခြင်းအပေါ် ၊ ၈၈ မွတ် မြအေး က ဝမ်းနည်းကြောင်း ၎င်း၏ ဖေ့ဘုတ်၌ တင်ခဲ့သည် ။

မနေ့က တရုတ်ကျားဖြန့် ၃၀၀ မြဝတီ ထိုင်း မှ တဆင့် တရုတ်သို့ပြန်ပို့ခဲ့ပြီး ယနေ့ ၂၅၇ ယောက် ထပ်ပို့မည် ဖြစ်ကြောင်းသတင်းရရှိပါ
သည်။

https://youtube.com/@kyawswarkyawswar-jw8ru?si=WFf8bY3VmtNQ-kVl

https://t.me/kyawswar49111


🙏🙏🙏


Репост из: Kyaw Swar
Bullet Voice ကဏ္ဍ အတွက်
ဘူးလတ် အဘဦးလှဆွေ နဲ့ သွားရောက်
ဆွေးနွေးခဲ့ပါတယ်။

အဓိက ကတော့ Print တစ်ခုတည်းကနေ Digital ဘက်ကိုပါ ကူးပြောင်းလာနိုင်ဖို့ပါ။

ဘူးလက်ဂျာနယ်ဆိုတာက ယခင်ကတည်းက ပေါက်ပြီးသား ဂျာနယ်
းတစ်ခုပါ။

ဂျာနယ်ကို ဝယ်ဖတ်ဖို့ က လူကြီးတွေ ဌာနဆိုင်ရာတွေ အတွက် okပေမဲ့ လုပ်ငန်းခွင်မှာ သွားလှုပ်ရှားနေသော လူငယ်/လူရွယ်များ အတွက် ရည်ရွယ်ပြီး ဘူလက်ဂျာနယ်ပါ ပြည်သူလူထု အတွက် တန်ဖိုးရှိသော ဆောင်းပါးလေးတွေကို Digital စနစ် online media အနေဖြင့် တင်ပြသွားမှာ ဖြစ်ပါတယ်။

နံနက်ခင်း သတင်း ကနေ ဆောင်းပါး တွေ
အထိ Kyaw Swar , Telegram, YouTube, TikTok တွေမှာ တင်ပြနေခဲ့ပြီဖြစ်ပါတယ်။

သတင်းမှန်များ ၊ သတင်းဆောင်းပါးများကို ဆက်လက်တင်ပြပေးသွားမည်ဖြစ်ပါ
ကြောင်း တင်ပြလိုက်ပါသည်။

https://youtube.com/@kyawswarkyawswar-jw8ru?si=ZGAODcbRRsuEAlkq

https://t.me/kyawswar49111


တိန့်ရှီကျွင်း
-
တုံဆင်းလာပြီ


စိတ်မကောင်းလိုက်တာဗျာ ..
-
TNLA အတွက်နဲ့ သေပေးရတဲ့ ဗမာ PDF အလောင်းထဲက ရတဲ့စာလေးပါ 😔


ဒီစစ်သည်လေးကို မှတ်မိလား? .. တောင်ခမ်းမှာ Sniper Fighter ပေါ့
-
အခုတော့ နောက်တန်းပြန်ရောက်ပြီး မိဘရင်ခွင်ထဲ ရောက်နေပါပြီ .. Congratulations ပါ ညီလေး။ 🏆🏆🏆



Показано 20 последних публикаций.