The Last Duel (2021)
--------------------
IMDB (7.7/10)
ဒီကားလေးကတော့ ပြင်သစ်နိုင်ငံမှာ (2004)ခုနှစ်လောက်က ထွက်ခဲ့တဲ့ ဝတ္ထုကိုအခြေခံကာ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်...ထိုခေတ်က အယူအဆ အလွဲအမှားတွေကိုလည်း မျက်ဝါးထင်ထင် တွေ့မြင်ရမှာမို့ ဇာတ်လမ်းက စိတ်ဝင်စားဖို့ ကောင်းလှတယ်ဗျ...ဇာတ်ကားထဲက ထင်သာမြင်သာရှိတဲ့ အယူအဆအလွဲတွေကို ပြောရမယ်ဆိုရင်တော့ဗျာ ဇနီးမယား(1)ယောက်က သူမရဲ့မုဒိမ်းမှုကို တိုင်ကြားဖို့ ခင်ပွန်းဖြစ်သူရဲ့ ထောက်ခံချက် လိုအပ်တာမျိုးပါ...အဆိုးဆုံးအချက်ကတော့ မုဒိမ်းကျင့်ခံရသူက ကိုယ်ဝန်ရရင် မုဒိမ်းမှု မမြောက်ပါဘူးဆိုတဲ့အချက် ဖြစ်ပါတယ်...ဒီလိုနဲ့ နှစ်ဖက်လုံး အမှားမလုပ်မိပါဘူးဆိုပြီး ငြင်းဆိုကြတဲ့အခါ မသေမချင်းစီးချင်းထိုးပြီး နိုင်တဲ့ဘက်က အမှန်တရားဆိုပြီး ယူဆစေတာပဲ ဖြစ်ပါတယ်...အကြောင်းကတော့ ဘုရားသခင်သည် အမှန်တရားကို စောင့်ကြည့်ဆုံးဖြတ်ပေးတယ်ဆိုတဲ့ ခရစ်ယာန်တွေရဲ့ အယူအဆအလွဲတွေကြောင့်လို့ ထင်ပါတယ်...ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ဇာတ်ကားတစ်ကားလုံးကတော့ ရှုထောင့်အမျိုးမျိုးကနေ ကြည့်ရတာ တန်ပါတယ်...