လူသေအောင်ယာဉ်တိုက်မှုပြုလုပ်သည့် တရားခံများအားဖမ်းဆီးပြီး ငွေယူပြန်လွှတ် နေသည့် AA တရားရေးအဖွဲ့မှ နောက်ထပ်ယာဉ်တိုက်မှုပြုလုပ်သူများအား ထပ်မံဖမ်းဆီးသွား
====================================
၂၉ - ၁၀- ၂၀၂၁ ရက်နေ့ နေ့လည် ၂ နာရီခန့်တွင် မြောက်ဦးမြို့ဘက်မှ ကျောက်တော်မြို့ဘက်သို့ မောင်းနှင်လာသော Probox ယာဉ်သည် ကျောက်တော် မြို့နယ်ဘက်မှ လှဝင်းနိုင်၊ ၂၅ နှစ်၊ကျောက်ဆည်ပြင်ကျေးရွာ၊ မြောက်ဦးမြို့နယ်နေသူ မောင်းနှင်ပြီး မျိုးဇော်ထွန်း ၂၆ နှစ် လိုက်ပါ လာသောဆိုင်ကယ်အား မျက်နှာချင်းဆိုင် တိုက်မိခဲ့ရာ ဆိုင်ကယ်စီးနင်းလာသူ ၂ ဦးမှာ ဖြစ်စဉ်နေရာ၌ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း၊ ယာဉ်တိုက်မှုဖြစ်ပြီး ၁၅ မိနစ်အကြာတွင် AA အဖွဲ့ဝင် ၅ ဦး ဆိုင်ကယ်နှင့် ရောက်ရှိလာပြီး လူသေအောင်ယာဉ်တိုက်မှုပြုလုပ်ခဲ့သည့် တရားခံ ကျား ၃ ဉီးနှင့် ကားအား ၎င်းတို့နေထိုင်သည့် အိုးထိန်းကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
သေဆုံးသူများ၏အလောင်းများအား ကျောက်ဆည်ပြင်ကျေးရွာရှိ ၎င်းတို့၏ မိသားစုများမှ သယ်ဆောင်သွားခဲ့ကြောင်းသိရှိရပြီး တရားခံများအား ငွေယူပြန်လွှတ် နေသည့် AA တရားရေးအဖွဲ့မှ ယနေ့အချိန်ထိလာရောက်မေးမြန်းမှုများ မရှိသေးကြောင်း ကျောက်ဆည်ပြင်ကျေးရွာရှိ ရွာသားတစ်ဉီးထံမှ သိရသည်။
ပြီးခဲ့သည့် ၃ - ၁၀- ၂၀၂၁ ရက်နေ့ကလည်း ရန်ကုန်-စစ်တွေကားလမ်းအတိုင်း ကျောက်တော်ဘက်မှ မြောက်ဦးဘက်သို့ ယာဉ်မောင်း ဦးလဖြူချေ(ခ)ဦးညီပု အောင်တပ်ရပ်ကွက်၊ မြောက်ဦးမြို့နေသူ မောင်းနှင်ပြီး ဇနီးဖြစ်သူ ဒေါ်ဖြူမချေ အသက် ၃၉ နှစ်၊ စီးနင်းလာသည့် သုံးဘီးမော်တော်ယာဉ်အား မြောက်ဦးမြို့နယ်၊ ရှာရှည်ပြင် ကျေးရွာအနီး ကျောက်တော်ဘက်မှ မြောက်ဦးဘက်သို့ မောင်းနှင်လာသည့် HIJET (အဖြူရောင်)ယာဉ်မှ နောက်မှတိုက်ဝင်တိုက်ခဲ့သဖြင့် သုံးဘီးယာဉ်ပေါ်တွင် လိုက်ပါလာသည့် ဒေါ်ဖြူမချေသည်လမ်းမပေါ်သို့ လွင့်စင်ကာ အခင်း ဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ရာ ယာဉ်တိုက်မှုဖြစ်ပွားရာနေရာသို့ AA အဖွဲ့ဝင်များ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာခဲ့ပြီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် မော်တော်ယာဉ်များနှင့် ယာဉ်မောင်းများအား အိုးထိန်းကျေးရွာဘက်သို့ ခေါ်ဆောင်သွားကာ တရားခံများထံမှ သိန်း (၁၅၀)ကျပ်တောင်းကာ ညနေပိုင်းတွင် ရွာမှပြန်လွှတ်ပေးခဲ့သေးသည်။
မြောက်ဦးမြို့နယ်အတွင်း တရားမဝင် တရားစီရင်ရေးရုံး ဖွင့်လှစ်ထားသည့် AA သောင်းကျန်းသူအဖွဲ့ဝင်များသည် မြို့နယ်အတွင်း ဖြစ်ပွားလျက် ရှိသော မှုခင်းကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် တရားဥပဒေနှင့်ညီညွတ်ခြင်း မရှိဘဲ ၎င်းတို့အဖွဲ့ခေါင်းဆောင်၏ နှုတ်ထွက်အတိုင်း စီရင်ဆုံးဖြတ်လျက်ရှိပြီး တရားစီရင်ရေး ဌာနများတွင် တာဝန်ထမ်းဆောင်မည့် တရားသူကြီးများအား လစာငွေ အဖြစ် တစ်လလျှင် ငွေ ၃၀၀၀၀၀ ကျပ်နှုန်းဖြင့် ပေးဆောင်ရန် ULA/AA အဖွဲ့မှ ညွှန်ကြားထား တာကြောင့်နှင့် AA အဖွဲ့ရံပုံငွေအတွက် အမှုတစ်ခုလျှင် ငွေ ၅ သိန်းကျပ်နှုန်းဖြင့် တောင်းခံလျက်ရှိကြောင်း ယခင်အမှုရင်ဆိုင်ခဲ့ရသည့်သူများထံမှ သိရသည်။ ဒေသခံများမှာ ငွေကြေးအမြတ်ရရန်အတွက် အစိုးရထံမှအမှုလိုက်လုကာ အတင်းတရားစီရင်နေမှုအပေါ် ကျေနပ်မှုမရှိသော်လည်း အသတ်ခံရမည်ကို စိုးရိမ်နေသည့်အတွက် သည်းခံနေကြရသည်။