Фильтр публикаций




တပ်မတော်ဆေးရုံများ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား သွားရောက်ကြည့် ရှုအားပေး
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
နေပြည်တော်၊ မတ်လ ၇ ရက်
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး မန်းတောင်ရိပ် အထွေထွေရောဂါကုသဆောင်တွင် ကျန်းမာရေးစောင့်ရှောက်မှုခံယူ လျက်ရှိသော နိုင်ငံတော်ဩဝါဒါစရိယ မန္တလေးမြို့တောင်ဘက်၊ အမရပူရမြို့နယ်ရှိမဟာဂန္ဓာရုံ ကျောင်းတိုက်ကြီး၏ မဟာနာယကချုပ် ဆရာတော်ကြီး အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဣန္ဒေါဘာသာဘိဝံသ သက်တော် ၉၃ နှစ်၊ ဝါတော် ၇၃ ဝါရှိသက်တော်ရှည် ဆရာတော်ကြီးထံသို့ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်နှင့် တာဝန်ရှိသူများက သွားရောက်ဖူးမြော်ပြီး ကျန်းမာရေးတိုးတက် ကောင်းမွန်မှု အခြေအနေများအား မေးမြန်းလျှောက်ထားကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ယခုအခါ ဆရာတော်ကြီးအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများကို အထူးကုဆရာဝန်ကြီးများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေး လျက်ရှိရာ ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်လျက် ရှိကြောင်း သိရှိရသည်။
အလားတူ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံ၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိတပ်မတော်ဆေးရုံနှင့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုး ရောဂါ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)နှင့် တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ နယ်ရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက်ကုသမှု ခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူစစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများအား ယနေ့တွင် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့်တာဝန်ရှိသူများက သွားရောက် ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက်ကောင်းမွန်မှု အခြေအနေများကို မေးမြန်းအားပေးစကားပြောကြားပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်သည်။
ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများသည် ဆေးရုံများအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။




နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘယ်လာ ရုစ်သမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Igor Petrovich Sergeenko နှင့် တွေ့ဆုံဆွေးနွေး ++++++++++++++++++++++++++++++++++++++++++++++++++++++
နေပြည်တော်၊ မတ်လ- ၇ ရက်
ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့သို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးရောက် ရှိနေသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ဘယ်လာရုစ် နိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Igor Petrovich Sergeenko နှင့် မင့်စ်မြိုရှိအမျိုးလွှတ်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အား ဘယ်လာရုစ်နိုင်ငံ အမျိုသားလွှတ် တော်ဥက္ကဋ္ဌက ကြိုဆိုနှုတ်ဆက်သည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က လွှတ်တော် ဧည့်သည်တော်မှတ်တမ်းစာအုပ်၌ မှတ်တမ်းတင်လက်မှတ်ရေးထိုးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အမျိုးသားလွှတ်တော်အတွင်း လှည့်လည်ကြည့်ရှုလေ့လာရာ ဘယ်လာရုစ်နိုင်ငံ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ က လိုက်လံရှင်းလင်းပြသည်။
ယင်းနောက် အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ နှစ်နိုင်ငံလွှတ်တော် များအကြား ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် လွတ်လပ်ပြီးတရားမျှ တသည့်ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်မှုအခြေ အနေ များ၊ ဘယ်လာရုစ်နိုင်ငံ၏ အထွေထွေရွေးကောက်ပွဲတွင် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့များလာ ရောက်လေ့ လာခဲ့မှုနှင့် မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲကျင်းပချိန်တွင် ဘယ်လာရုစ်နိုင်ငံမှ လေ့လာစောင့်ကြည့်ရေးအဖွဲ့ များ စေလွှတ်သွားမည့် အခြေအနေ များ၊ နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်း ဆောင် ရွက်မှု များ တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။


မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၂၅ဝ ဦးကို ထပ်မံထိန်းသိမ်းနိုင်ခဲ့
++++++++++++++++++++++++++++++++++++++++++++++++++++++++
မတ်လ ၇ ရက်
ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မယ်ထော်သလေးနှင့် KK Park နယ်မြေများတွင် အွန်လိုင်းလောင်းက စား မှုများ၊ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ခဲ့ကြ သည့် ပြည်ပနိုင်ငံသား ၂၅၀ ဦးကို ယနေ့ မတ်လ ၇ ရက် တွင် ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းခဲ့သောကြောင့် သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်း ပေးအပ်နိုင်ရေးလိုအပ်သည့် ကိုယ် ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်း ကောက်ယူခြင်း လုပ်ငန်း များကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇန်နဝါရီလ ၃၀ ရက်မှ မတ်လ ၇ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပ နိုင်ငံသား စုစုပေါင်း ၄၅၉၂ ဦးကို စစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၁၆၇၁ ဦးကို ထိုင်း နိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာ နိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်း ပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၉၂၁ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်း ပေးရန် အသင့်ဖြစ် နေပြီဖြစ် ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက် ထားရှိကြောင်း နစက သတင်း ထုတ်ပြန်ရေးအဖွဲ့က သိရသည်။


Видео недоступно для предпросмотра
Смотреть в Telegram
ထုတ်လွှင့်ပြန်ကြားသတင်းမှန်များ(၇-၃-၂၀၂၅)
+++++++++++++++++++++++++++++++++++++++




ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဘီလာရုစ်သမ္မတ လူကာရှန်းကော့အား အဂ္ဂမဟာသရေစည်သူ ဘွဲ့ ချီးမြှင့် အပ်နှင်းခဲ့
+++++++++++++++++++++++++++++++++++++++++++++++++++++++++
မတ်လ ၇ ရက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘီလာရုစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာလူကာရှန်းကော့ အား အဂ္ဂမဟာသရေစည်သူဘွဲ့ ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရ သည်။
ရုရှားဖက် ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ မတ်လ ၃ ရက်မှ ၆ ရက်ထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့သည့် ခရီးစဉ်တွင် ဘီလာရုစ်နိုင်ငံ သမ္မတ မစ္စတာ လူကာရှန်းကော့၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့်(Offical State Visit) အဖြစ် ဘီလာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြိုသို့မတ်လ ၆ ရက် က သွားရောက်ခဲ့ကြောင်း သိရသည်။
ယင်းခရီးစဉ်တွင်ဘီလာရုစ်သမ္မတနိုင်ငံက နစက ဥက္ကဋ္ဌ အား နိုင်ငံတော်အဆင့် ကော်ဇောနီခင်း၍ ဂုဏ်ပြုကြို ဆိုခဲ့ပြီးနောက် ယနေ့ မတ်လ ၇ ရက် ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ဘီလာရုစ်သမ္မတနန်းတော်၌ ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာလူကာရှန်းကော့တို့ သီးသန့်တွေ့ဆုံဆွေး နွေးခဲ့ပြီးနောက် အဆိုပါ ဘွဲ့ကို ချီးမြှင့်အပ်နှင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှား သမ္မတအပါအဝင် ရုရှားအစိုးရ ထိပ်ပိုင်းတာဝန်ရှိသူများနှင့် တွေ့ဆုံကာ နားလည် မှုစာချွန်လွှာ ၁၀ ခု လက် မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ယင်းနောက် ဘီလာရုစ်နိုင်ငံခရီးစဉ်တွင် သမ္မတ မစ္စတာ လူကာရှန်းကော့တို့ နှစ်နိုင်ငံ ကဏ္ဍစုံပူးပေါင်း ဆောင် ရွက်မှု များအတွက် ဆွေးနွေးခဲ့ကာ ဘီလာရုစ် - မြန်မာစီးပွားရေး ဖိုရမ်ပြုလုပ်၍ သဘော တူညီမှုစာ ချွန်လွှာ ၁၄ ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်းလည်း သိရသည်။




နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘီလာရုစ် သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. Yuri Shuleiko အားလက်ခံတွေ့ဆုံ
++++++++++++++++++++++++++++++++++++++++++++++++++++++++++
နေပြည်တော်၊ မတ်လ- ၇ ရက်
ဘီလာရုစ်သမ္မတနိုင်ငံ၊မင့်စ်မြို့သို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ် ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဘီလာရုစ်သမ္မတနိုင်ငံ ဒုတိ ယဝန်ကြီးချုပ် Mr. Yuri Shuleiko အား မတ်လ ၆ ရက်နေ့ ဒေသစံတော်ချိန်ညနေပိုင်းတွင် မင့်စ်မြို့၊ President ဟိုတယ်ရှိအစည်း အဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့်အတူ ကောင်စီတွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် ချစ်ကြည်ရေးကိုယ်စားလှယ် ဖွဲ့ဝင်များ တက်ရောက်ကြပြီး ဘီလာရုစ် သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်အတူ ဘယ်လာရုစ် အစိုးရအဖွဲ့မှ တာဝန်ရှိ သူများ တက်ရောက်ကြ သည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့် ဆောင် ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ စက်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ နို့ထွက် ပစ္စည်း ထုတ်လုပ်ရေးဆိုင်ရာကိစ္စရပ်များတွင် နှစ်နိုင်ငံအ ပြန် အလှန်ကုန်သွယ်ရေးနှင့် နည်းပညာများ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ခရီးသွား ကဏ္ဍတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြ သည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့် ဘီလာရုစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်တို့သည် အမှတ်တရလက်ဆောင် ပစ္စည်းများအပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း သတင်းရ ရှိသည်။




အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ် ပါဝင်ခဲ့ကြသည့် တရုတ်နိုင်ငံ သား (၄၅၆) ဦးနှင့် ထိုင်းနိုင်ငံသား (၂ ) ဦး ထပ်မံလွှဲပြောင်းပေးအပ်
++++++++++++++++++++++++++++++++++++++++++++++++++++++++
နေပြည်တော် မတ်လ ၇ ရက်
မြန်မာ - တရုတ် - ထိုင်း သုံးနိုင်ငံအကြား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုပုံစံ (Trilateral Cooperation) ဖြင့် အွန်လိုင်းအသုံးပြု လိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) လုပ် ဆောင်နေကြသူများ၊ ပါဝင်ပတ် သက်သူများနှင့် နောက်ကွယ်မှကြိုးကိုင်သော ပြည်ပနိုင်ငံသားများကို ပြတ် ပြတ် သား သားစုံစမ်းဖော်ထုတ်တိုက်ဖျက်လျက်ရှိရာ ယနေ့တွင် အဆိုပါလုပ်ငန်းများ၌ ဆက်စပ် ပါဝင်ခဲ့ကြ သည့် တရုတ်နိုင်ငံသား (၄၅၆) ဦးကို မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည် ရေးတံတားနှင့်ထိုင်းနိုင်ငံ သား(၂)ဦး ကို မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတား တို့မှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်း စာနာ ထောက်ထားမှုနှင့် နိုင်ငံ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ် မံ ၍ ပြည်နှင်လွှဲပြောင်းပေးသည်။
ယနေ့ ပြည်နှင်လွှဲပြောင်းပေးခဲ့သည့် ပြည်ပနိုင်ငံသားများ၏ ဖွင့်ဟဝန်ခံချက် များအရ ၎င်းတို့အများစုသည် ထိုင်းနိုင်ငံသို့ တရားဝင် ဝင်ရောက်ခဲ့ပြီး မဲဆောက်မြို့မှ တစ်ဆင့် မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီမြို့သို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်နေထိုင်ပြီး မြဝတီမြို့- ရွှေကုက္ကိုလ်၊ မယ်ထော်သလေးနှင့် KK Parkနယ်မြေများရှိနိုင်ငံခြားသားများ ငှားရမ်းထားသည့် နေရာ၊အဆောက်အဦများတွင် အွန်လိုင်း လောင်းက စားမှုများ၊ အွန်လိုင်း လိမ်လည်မှုများ အပါအဝင် ဒုစရိုက်မှု လုပ်ငန်းများ၌ ပါဝင်လုပ်ဆောင်ရန် စည်းရုံးစေခိုင်း ခြင်း ခံခဲ့ကြရသူများဖြစ်ကြသည်။
အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေ ချောမွေ့စေရေးအတွက် ကရင် ပြည် နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်နှင့် တာဝန်ရှိသူများကလိုက် လံကြည့်ရှုစစ်ဆေး ကြသည်။
ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ကျင်းပခဲ့ရာ ကရင်ပြည်နယ် အစိုးရ အဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန ဒုတိယ ညွှန်ကြားရေး မှူးချုပ် Mr. Liu Ning Ning နှင့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူများက သက်ဆိုင်ရာ နိုင်ငံမှကိုယ်စားလှယ် များထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာအထောက်အထား စာရွက်စာတမ်း များကို လွှဲပြောင်းပေးအပ်သည်။
နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက် နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ် ဖမ်းဆီးပြီး ထိထိရောက်ရောက်ပြင်းပြင်းထန်ထန် အရေးယူ နိုင်ရေး ဆောင်ရွက်လျက် ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသား များနှင့် လူကုန်ကူးခံရသည့်နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင် လွှဲပြောင်းပေး နိုင်ရေး တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။



Показано 13 последних публикаций.