Репост из: Min Chit Oo
ရခိုင်ပြည်နယ်တိုက်ပွဲသတင်း(၄/၁၁/၂၀၂၄ ရက်နေ့ ညပိုင်း ၉ နာရီအချိန်ထိ)
======================
(အမ်း)
အမ်းမြို့သို့ရောက်ရှိနေသည့် တပ်မတော်စစ်ကူစစ်ကြောင်းများအနေဖြင့် နယ်မြေရှင်းလင်းခြင်း၊ စစ်ကူသွားရောက်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် (၂/၃၀၀)ဆေးရုံအအနီးရှိ AA အကြမ်းဖက် သောင်းကျန်းသူများရှိရာ နေရာများအား ယနေ့နံနက်ပိုင်း ၁၀ နာရီခန့်က စတင်ရှင်းလင်းတိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ နယ်မြေခံအမြောက်တပ် ကင်းနေရာအား အဝေးမှလက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ရှိရာနေရာများအား Drone များ၊ လက်နက်ကြီးများဖြင့် ပြန်လည်တိုက်ခိုက်ချေမှုန်းခဲ့သဖြင့် တိုက်ပွဲခဏတာဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ သေဆုံး/ဒဏ်ရာရများစွာဖြင့် ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားကြောင်းနှင့် အမ်းမြို့တောင်ဘက် မီတာ (၃၈၀၀)အကွာ အောက်ရွာတံတား လုံခြုံရေးနေရာအား AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ အဝေးမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ၎င်းတို့ပစ်ခတ်ရာနေရာအား လက်နက်ကြီးများဖြင့် ပြန်လည်တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း သိရှိရသည်။
(တောင်ကုတ်)
ယနေ့န့နက်ပိုင်း ၆ နာရီအချိန်ခန့်က တောင်ကုတ်မြို့မြောက်ဘက် မီတာ(၂၅၀၀)ခန်အကွာ တောင်ကုတ်တက္ကသိုလ်အနီး ကာကင်းစခန်းအား AA သောင်းကျန်းသူအဖွဲ့မှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲ မိနစ်(၂၀)ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူအား ရင်ဆိုင်ထိန်းချုပ်ထားနိုင်ခဲ့ကြောင်း၊ တောင်ကုတ်မြို့ အရှေ့ဘက် မီတာ(၃၈၀၀) အကွာ ပန်းမြောက်တောင် လမ်းခွဲနေရာအနီး နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် တပ်စစ်ကြောင်းအား AA သောင်းကျန်းသူအဖွဲ့မှ ယနေ့နေ့လည်ပိုင်း ၁ နာရီခန့်က လာရောက်တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်တိုက်ပွဲ မိနစ်(၂၀)ခန့်ဖြစ်ပွားခဲ့ကာ ရန်သူအား ရင်ဆိုင်ထိန်းချုပ်ထားနိုင်ခဲ့ကြောင်း သိရှိရသည်။
လက်ရှိအချိန်၌ AA အဖွဲ့အနေဖြင့် မောင်တောနှင့် အမ်းဒေသတို့တွင် စစ်ရေးရှုံးနိမ့်များ ဖြစ်ပေါ်နေသောကြောင့် ၎င်းတို့အောက်ခြေတပ်ဖွဲ့ဝင်များ စိတ်ဓာတ်ကျဆင်းမှုများ မရှိစေရန် သောင်းကျန်းသူအားပေးမီဒီယာများမှ သတင်းတုများဖြင့် အာရုံလွှဲရေးသားဖြန့်ဝေနေကြသည်။ ထိုသို့ရေးသားဖြန့်ဝေလျက်ရှိရာ ယနေ့တွင်လည်း “တောင်ကုတ် ပန်းမြောက်တောင်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖရိုဖရဲတပ်ဆုတ်သွားပြီးနောက် တောင်ပေါ်ရှိ အမြောက်တပ်ကို AA သိမ်းပိုက်လိုက်ပြီ”ဆိုသည့် သတင်းအမှားအား ဖြန့်ဝေလျက်ရှိသည်။ အဆိုပါသတင်းနှင့် ပက်သက်၍ သက်ဆိုင်ရာများအား မေးမြန်းကြည့်ရာ သတင်းမှာမှန်ကန်မှုမရှိကြောင်း သိရှိရသည်။
စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် တို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။
https://t.me/minchitoo989989/41411