အောင်နိုင်သူ


Гео и язык канала: не указан, не указан
Категория: не указана


စာရေးဆရာ

Связанные каналы  |  Похожие каналы

Гео и язык канала
не указан, не указан
Категория
не указана
Статистика
Фильтр публикаций


#ဘယ်လိုမျက်နှာတွေနဲ့ငြိမ်းချမ်းရေးဆွေးနွေးကြမလဲ

၂၀၁၁-၁၂ တုန်းက
ဒုဗိုလ် ၊ဗိုလ်ဘဝနဲ့ ကရင်ပြည်နယ်
စုကလိ ဒေသ မှာ စစ်ဆင်ရေး သွားရောက်
တာဝန်ထမ်းဆောင်ခဲ့ရတယ် ။ထူးထူးဆန်းဆန်း
အဲဒီချိန်က KNU တို့ ငြိမ်းချမ်းရေး ယူချင်သပ
ဆိုလို့ ငြိမ်းချမ်းရေးအတွက် အပစ်ခတ်ရပ်စဲရေး
ပြုလုပ်ထားတဲ့ကာလ ။ ဦးသိန်းစိန်ခေတ်
၊NCA တော့ မပေါ်သေးဘူး ။NCA စာချုပ်
ပေါ်ပေါက်ဖို့ အတွက် အကြိမ်ကြိမ်ဆွေးနွေး
နေကြချိန်ပေါ့ ။ဒါ့ကြောင့် အဲဒီဒေသ လည်း
ငြိမ်းချမ်းနေတယ် ဆိုပါတော့ ။

ဒါပေမယ့် ငြိမ်းချမ်းရေး ခေါင်းစ ဥ်အောက်
ကနေ စုကလိ ရွာကို မြို့နယ်ခွဲတည်ပါတယ် ။
ဘယ်သူက ဘယ်လို အကြံပေးလို့ ဒီလောက်
ငွေကုန်ခံကာ ဒီရွာကို မြို့နယ်ခွဲ တည်ရသလဲ
ဆိုပြီး အဲဒီချိန်ထဲကနေ စ ဥ်းစားမရ ဖြစ်မိ
ခဲ့တယ်။

ရွာက အိမ်ခြေ ၂၇ လုံးပဲ ရှိတဲ့ ကရင်ရွာ
ကလေး တစ်ရွာ ။ ဒါပေမယ့် မြို့နယ်ခွဲဖြစ်
တော့ ကျောင်းက အထက်တန်းကျောင်း
ဆောက်ပေးရလို့ ဆရာ/ဆရာမ က ၂၇
ယောက်ရှိပြီး ကျောင်းသား ၂၃ ယောက်ပဲ
ရှိတယ် ။မြို့နယ်ခွဲ အင်္ဂါရပ်နဲ့ အညီ ဆေးရုံ
EPC ရဲစခန်း ထွေအုပ် ဌာနဆိုင်ရာ အစုံ
ပေါ့လေ ။အဆောက်အ ဦးတွေများက
လည်း လန်ပျံနေအောင်ဆောက်ပေးထား
တာမို့ ဒေသခံတွေ ဆိုရင် သူတို့ကို ကျွန်တော်
တို့ လုပ်ပေးတာဝန် ရှိလို့ ကျွန်တော်တို့က
လာလုပ်ပေးရတဲ့ ပုံစံမျိုးဆက်ဆံတာ ။

ကရင်ပြည်နယ်မှာ အဲဒီလောက်ဆက်ဆံ
ရေးဆိုးရွားတဲ့ ရွာလည်း မတွေ့ဖူးဘူး ။
လည် ချက်ကလည်း မွှတ် နေရောပဲ ။ရဲဘော်က
ဆားမရှိလို့ ဆားသွားတောင်းဝယ်ရင်တောင်
မရောင်းပေးဘူး ။ ဆားတစ်ဗူးနဲ့ နို့ဆီတစ်ဗူး
လဲမှ ဆားပေးတဲ့ရွာ ။ကျွန်တော် အဲဒီချိန်က
တွေးကြည့်သေးတယ် ။ ဒီလို ရွာသေးသေး
လေးမှာ ဒါမျိုးလုပ်ပေးတာထက်စာရင်
ဒို့ဗမာလူမျိုးအများစု နေထိုင် ရာ မြေလတ်
တို့ အညာတို့မှာ ဒီလို မြို့နယ်ခွဲမျိုး အခုလို
ငွေကုန်ခံပြီး တည်ဆောက်ပေးခဲ့မယ်ဆိုရင်
ဗမာတွေ ဘယ်လောက်များကျေးဇူးတင်လိုက်
မလဲလို့ ။

ဒါပေမယ့် အဲဒီခေတ် တာဝန်ရှိသူများက
တော့ ဒါဟာ ငြိမ်းချမ်းရေ ပြယုဒ်မြို့နယ်ခွဲ ၊
ဘာညာ ဆိုပြီး ကရင်ပြည်နယ်ထဲမှာ ဝေါလေ ၊
ပိုင်ကျုံ ၊ ရှမ်းရွာသစ် ၊ လေးကေကော်
၊ကျိူက်ဒုံ ဆိုပြီးတော့ ထပ်ဆောက်ပေး
လိုက်ပါသေးတယ် ။

အခုတော့ KNU က ငြိမ်းချမ်းရေးစာချုပ်
NCA ကို ဖျက်ဆီးပစ်လိုက်တာမို့ အဲဒီမြို့
တွေ အကုန်လုံးလည်း နဂို ဇနပုဒ် ဘဝ ကို
ပြန်ရောက်သွားရပြီ ။နိုင်ငံတော် ဘဏ္ဏာ
တွေ လည်း အလဟသ ဆုံးရှူံးခဲ့ရလေပြီ။
တိုင်းပြည်ချမ်းသာလို့ လုပ်ပေးတာမဟုတ်
ဘဲ တစ်ချိန်လုံးတောထဲမှာ နေခဲ့ရတဲ့ KNU
ကို မြို့သားဖြစ်စေချင်လို့ အစိုးရ က
ငြိမ်းချမ်းရေး ခေါင်းစ ဥ်အောက်ကနေ
ကြိုပမ်းပေးခဲ့ပေမယ့် ရလဒ် ကတော့ တက်
မလာခဲ့ပါဘူး ။ တောသားဟာ တောမှာပဲ
ပျော်သလို ဖြစ်နေပြီ ။ အစိုးရ ရဲ့ စေတနာ
က သဲထဲရေသွန်သလို ဖြစ်ခဲ့ရတယ်။

သေချာတာကတော့ အစိုးရ တစ်ရပ်အနေနဲ့
တာဝန်ကျေခဲ့သလို အဲဒီအချိန်က စုကလိ
မြို့နယ်ခွဲတည်ဆောက်
ရေးမှာ ကျွန်တော်တို့စစ်သည်တွေရဲ့ ချွေးတွေ
လည်း ပါခဲ့တာမို့ ကျွန်တော်တို့ တပ်မတော်
အနေနဲ့လည်း တာဝန်ကျေခဲ့ပါတယ် ။

ကိုယ့်ဒေသ ကို ကိုယ်ပြန်ဖျက်ဆီးပြီး
စစ်ဘုရင်ဝါဒနဲ့ ဆက်သွားချင်နေတဲ့ KNU
လို EAOS အဖွဲ့တွေနဲ့တော့ ဘာငြိမ်းချမ်းရေး
ပဲလုပ်လုပ် အောင်မြင်ဖို့ က မလွယ်ကူလှ
ပါဘူး ။ ဒီကာလ ပေးတဲ့ သင်ခန်းစာတွေ
အရ ဆိုရင် EAOs တွေကိုလည်း ကျန်စစ်သား
က သူ့စေတနာ မတန်တဲ့ စောလူမင်းကို
ရန်သူ ငရန်မကန်း ထံ ထားခဲ့ရမလို
ဖြစ်နေပါပြီ။

ဒါ့ကြောင့် ဒီတစ်ခါ ငြိမ်းချမ်းရေး ဆွေးနွေး
ကြမယ်ဆိုရင် ဘယ်လိုမျက်နှာတွေနဲ့ ဆွေးနွေး
ကြမလဲ ဆိုတာကို တော့ မြင်ချင်ပါသေးတယ် ။

အောင်နိုင်သူ


#သူပုန်နဲ့ဘာကြောင့်မဆက်ဆံချင်ရသလဲ

သူပုန် အဖွဲ့ AA ကို အစိုးရ မဟုတ်လို့
မဆက်ဆံဘူးဆိုတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရဲ့
ငြင်းပယ်လိုက်တဲ့ သတင်းကတော့
လက်တလော Hot News ဖြစ်တဲ့
သတင်းဖြစ်နေတယ်။
ဒီသတင်း​တဲ့ ပတ်သက်ပြီး လူတွေ
အမျိုးမျိုးရှုမြင်ဝေဖန် သုံးသပ်နေကြ
တာ လည်း တွေ့နေရတယ် ။

သူ့ အယူအဆနဲ့ သူ က သူ့ရှု
ထောင့်နဲ့ သူမို့ ဘာမှ မပြောလိုပါဘူး ။
ကိုယ့်အယူအဆ ကိုတော့ ပြောပါမယ် ။

တည်ဆဲအစိုးရ ကို တော်လှန်ပုန်ကန်
နေတဲ့ သူပုန်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ
အစိုးရ တွေ လက်မခံနိုင်တဲ့ အကြောင်း
၃ ချက်ရှိတယ်လို့ မြင်မိတယ် ။

ပထမ အချက် အစိုးရ တစ်ရပ် ရဲ့
နိုင်ငံရေး ဂုဏ်သိက္ခာပါ ။တနည်းပြော
ရရင် သံတမန်ကျင့်ဝတ်အရ တစ်ဖက်
အစိုးရ ရဲ့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ်
ကြေငြာထားတဲ့ သူပုန်ကို ဆက်ဆံလိုက်
ချင်းဟာ သူပုန်နဲ့ တန်းတူ ဖြစ်သွား
နိုင်ပါတယ် ။ဂုဏ်သိက္ခာ ရှိတဲ့ တည်ဆဲအစိုးရ
တိုင်း ဟာ ဒီအချက်ကြောင့် သူပုန်နဲ့ ဆက်ဆံ
ဖို့ လက်တွန့်ကြပါလိမ့်မယ်။

ဒုတိယ က အကျိုးစီးပွားပဲ ။သူပုန်နဲ့
ဆက်ဆံလို့ ရရှိလာမယ့် အကျိုးစီးပွားနဲ့
အစိုးရချင်း ဆက်ဆံလို့ ရလာမယ့် အကျိုး
စီးပွားကို ချင့်တွက်ပြီး သာတဲ့ ဘက်ကနေ
ဆက်ဆံတာမျိုးလည်း ရှိတတ်ပါတယ်။
ဥပမာ ဘင်္ဂလားဒေ့ရှ်
က AA နဲ့ ဆက်ဆံဖို့ ငြင်းဆန်နေချိန် ၊
MNDAA ၊ UWSA တို့ ထိန်းချုပ်ထားတဲ့
တရုတ်-မြန်မာ နယ်စပ် က ဂိတ်တွေ ကို
ဖွင့်ပေးဖို့ တရုတ်က အကန့်အသက်နဲ့
လုပ်ဆောင်နေချိန်မှာ KIA ထိန်းချုပ်ထား
တဲ့ တရုတ်-မြန်မာ နယ်စပ် ဂိတ်တွေကို
တော့ တရုတ်ဘက် က ပြန်ဖွင့် ပေးလိုက်တာ
ဟာ ​ဒီဒေသမှာ ရှိတဲ့ မြေရှားသတ္တုတွေ
ကြောင့်ပဲ ။ဆိုရရင် တရုတ်ဟာ မြေရှား
သတ္တု အကျိုးစီးပွားကြောင့် KIA မဆက်ဆံ
လို့ မရလို့ ဆက်ပြီး ဆက်ဆံနေရတဲ့
သဘောပါပဲ။

နောက်ဆုံးအချက်ကတော့ Legitimacy
တရားဝင်မှု ဆိုတဲ့ အချက်ပဲ ။အစိုးရပ်
တစ်ရပ်အနေနဲ့ ခွဲထွက်ရေးသူပုန်ကို
တရားဝင် အသိမှတ်ပြုဖို့ မစ ဥ်းစားနဲ့အုံး ။
ဒီမိုကရက်( Democrat )အစိုးရ တစ်ရပ်ဟာ
တက်နိုကရက်( Techcnorat ) အစိုးရ
တစ်ရပ်ကို တရားဝင် အသိမှတ်ပြုဖို့
တွန့်ဆုတ်ချင်တတ်ကြပါတယ် ။အကြောင်း
ကတော့ သူတို့မှာ ရှိတဲ့ တက်နိုကရက် အင်စတီး
ကျူးရှင်း ကို ထည့်တွက်ထားမှု နဲ့
Global Culture အရ ဆက်ဆံဖို့ ခက်ခဲ
နေလို့ပဲ ။
ဒီမိုကရက်စစ်စစ် အစိုးရ တွေ မဟုတ်တဲ့
Civil Government တွေတောင် တက်နိုကရက်
အစိုးရ တွေကို ရင်းရင်းနှီးနှီး ဟက်ဟက်
ပက်ပက် ဆက်ဆံဖို့ စိုးရိမ်နေတက်ကြ
တာကလည်း သူတို့ဆီမှာ ရှိတဲ့ တက်နိုကရက်
တွေအရေး ထည့်သွင်းစဥ်းစားထားတာ
ကြောင့် ဖြစ်မယ်လို့ ယူဆမိပါတယ်။

ဒီလိုပါပဲ ၊ အစိုးရ တစ်ရပ်အနေနဲ့ ခွဲထွက်ရေး
သူပုန်ကို အသိမှတ်ပြုဖို့ကြိုးပမ်းတာပဲ
ဖြစ်ဖြစ် ၊ အသိမှတ်ပြုတာမျိုး လုပ်မယ်
ဆိုရင်ပဲ ဖြစ်ဖြစ် သူတို့ နိုင်ငံတွေမှာ ရှိတဲ့
ခွဲထွက်ရေး သူပုန်တွေ အားပေး
အားမြှောက်ပြုရာကြလို့ သူပုန်ကို
အသိမှတ်ပြုရေး ဟာတော်တော်လေး
စွန့်စားရာ ကျပါတယ် ။

ဒါ့ကြောင့် ခွဲထွက်ရေး သူပုန်တွေ ကို
နိုင်ငံတကာ က အသိမှတ်ပြုရေး ဟာ
သူတို့ အကျိုးစီးပွားနဲ့ ယှ ဥ်ပြီး စွန့်စား
ကြရတာ ဖြစ်လို့ တော်တော့် ကို မလွယ်
ကူတဲ့ ကိစ္စပါ။

ဘယ်လိုပဲဖြစ်ပါစေ ၊
နိုင်ငံ တစ်နိုင်ငံ ရဲ့ အင်္ဂါရပ် ၅ ပါးထဲမှာ
နိုင်ငံတကာ အသိမှတ်ပြုချင်းဆိုတဲ့ အချက်
တစ်ချက် က ပါဝင်နေတာ ဖြစ်လို့ သူပုန်တွေကို
နိုင်ငံတကာ က အသိမှတ်မပြုရေးနဲ့ သူပုန်ထိန်းချုပ်
ထားတဲ့ နယ်မြေတွေ က ကိုယ့်အချုပ်အခြာ
အာဏာပိုင်ဆိုင်ကြောင်း ပြနိုင်ဖို့ နည်းလမ်း
မျိုးစုံသုံးပြီး ဆောင်ရွက်သင့်ကြောင်းအကြံပြု
ချင်တယ် ။

စစ်ရေး ရလဒ်ကို နိုင်ငံရေး ရလဒ် က အသိမှတ်
မပြုသရွေ့တော့ ဒီနယ်မြေတွေအားလုံး
ကျွန်တော် တို့ အချုပ်အခြာအာဏာ နယ်မြေ
အဖြစ် အမြဲတမ်းတည်ရှိနေအုံးမှာ ဖြစ်သလို
ဒီလို အချုပ်အခြာ အာဏာပိုင် နယ်မြေအဖြစ်
ပြည့်ပြည့်ဝဝ ပြန်လည်ထိန်းချုပ်နိုင်ဖို့ကလည်း
တပ်မတော်နဲ့ နိုင်ငံသားတိုင်းရဲ့ တာဝန်ပဲ
ဖြစ်ပါတယ် ။

အောင်နိုင်သူ

5k 1 7 2 229

#ရှင်းလင်းပြတ်သားတဲ့နိုင်ငံရေးမူဝါဒ

ဘင်္ဂလားဒေ့ရှ် အစိုးရကတော့
အစိုးရ မဟုတ်တဲ့ AA သူပုန်နဲ့
မဆက်ဆံနိုင်ဘူးလို့ ယတိပြတ်
ငြင်းဆိုလိုက်တယ် ။ဒါဟာ
ဘင်္ဂလားဒေ့ရှ် ရဲ့ အိမ်နီးချင်း
ကောင်း ပီသမှုကို ပြတာ ဖြစ်သလို ကိုယ့်
ဘက်ကနေ သံတမန် နည်းအရ
ဆောင်ရွက်ခဲ့တဲ့ရလဒ် တစ်ခုလည်း
ဖြစ်နိုင်ပါတယ် ။

ဘယ်လိုပဲဖြစ်ပါစေ ၊
ဂျာမန်စစ်ပညာရှင် ဗွန်ကလော့ဝှစ်
ပြောသလိုပဲ၊ စစ်ရေး ဟာ နိုင်ငံရေးရဲ့
အဆက်ဖြစ်တယ် ။စစ်ရေးနဲ့ နိုင်ငံရေး
ဟာ အပြန်အလှန်လွှမ်းမိုးမှုရှိတယ် ။
နိုင်ငံရေးအရ ရှင်းလင်းပြတ်သားတဲ့
မူဝါဒ ချမှတ်နိုင်မှသာ စစ်ရေး အရ
အသာစီးရဖို့ ပြည်သူလူထု ကို စစ်စည်းရုံး
နိုင်မယ်ဆိုတာတွေက ဒီကာလမှာ
အလွန်အသုံးဝင်တဲ့ ပညာရှင်စကားတွေ
ဖြစ်လိမ့်မယ်လို့ ယူဆမိတယ် ။

ဒါ့ကြောင့် AA နဲ့ မြန်မာပြည်က သူပုန်
အဖွဲ့တွေကို နိုင်ငံတကာက အခုလို
လက်မခံတဲ့အချိန်မှာ ကိုယ့်ဘက်ကလည်း
ယာယီလက်လွှတ်ထားရတဲ့ နယ်မြေတွေနဲ့
ပတ်သက်ပြီး ရှင်းလင်းပြတ်သားတဲ့ မူဝါ
ကို ချမှတ်ထုတ်ပြန်သင့်တယ် ။ ဥပမာ မိမိတို့ရဲ့
နိုင်ငံရေး ရည်မှန်းချက် ဟာ စစ်မှန်စည်း
ကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်
ထောင်စုတည်ဆောက်ရေး ဖြစ်တယ် ။

ဒီရည်မှန်းချက်ထက်ကျော်လွန်းပြီးတောင်း
ဆိုဖို့ စစ်ရေးအရ မည်သည့်တိုက်ခိုက်ရယူ
မှုမျိုးကို မှ လက်မခံဘူး ဆိုတဲ့အကြောင်း
ရန်သူ ရော ပြည်သူရော နိုင်ငံတကာ ပါ
သိအောင် ချပြထားသင့်တယ် ။ မိမိတို့
တိုင်းပြည် က လက်ခံထားတဲ့ ဖက်ဒရယ်
ဆိုတာက ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရ
အကြား အပြန်အလှန်လက်ခံနိုင်မယ့်
အာဏာကြီး(၃)ရပ်နဲ့ သံယံဇာတ အကျိုး
ရလဒ် ခွဲဝေ ပေးနိုင်မယ့် ပြည်နယ်များကို
ပေါင်းစုထားတဲ့ ပြည်နယ်ပေါင်းစု
ဖက်ဒရယ်ပြည်ထောင်စု စနစ်ကို သာ
ဖြစ်တယ် ဆိုတဲ့အကြောင်း ကြေငြာသင့်
တယ် ။

ဗဟိုအစိုးရ မှာ အာဏာမရှိဘဲ ကိုယ့်ရယူ
ထားတဲ့ နယ်မြေတွေမှာ ကိုယ်လုပ်ချင်လုပ်
မယ်ဆိုတဲ့ စစ်ဘုရင်ဝါဒကို လက်မခံတဲ့
အကြောင်း ၊ ပြည်ထောင်စုကနေ ခွဲထွက်
ဖို့ လုပ်ဆောင်မှုတွေကို လည်း လုံးဝ(လုံးဝ)
လက်မခံတဲ့ အကြောင်း ၊
ဖက်ဒရယ်စနစ်နဲ့ ဆန့်ကျင်ပြီး
နိုင်ငံငယ်များကို ပေါင်းစုထားတဲ့
နိုင်ငံပေါင်းစု ကွန်ဖက်ဒရေး
ရှင်း ပြည်ထောင်စု စနစ် ကိုလည်း လုံးဝ(လုံးဝ)
လက်မခံတဲ့ အကြောင်း ပြည်တွင်းရော
ပြည်ပ ကပါ သိရှိအောင် ရှင်းရှင်းလင်းလင်း
ပြတ်ပြတ်သားသား ထုတ်ပြန်ကြေငြာ
သင့်ကြောင်း အကြံပြုချင်တယ် ။

နောက်ထပ်အကြံပေးချင်သေးတာက
ရန်သူ ထိန်းချုပ်ထားတဲ့ မြို့နယ်မှန်သမျှ
ဟာ ကိုယ့်ရဲ့ အချုပ်အခြာအာဏာပိုင်
နယ်မြေတွေ ဖြစ်လို့ ဒီနယ်​မြေတွေကို
ကြိုက်သလို စီမံမှာ ဖြစ်သလို ကြိုက်သလို
လက်တုံ့ပြန်မှာ ဖြစ်လို့ စစ်အုပ်ချုပ်ရေး
ကြေငြာထားသင့်တယ် ။ဒီလို စစ်အုပ်ချုပ်
ရေး ကြေငြာရခြင်းနဲ့ ပတ်သက်ပြီးတော့
လည်း ရှင်းလင်းပြတ်သားတဲ့ အကြောင်း
ပြချက်နဲ့အတူ နိုင်ငံရေးမူဝါဒ ကို ပါ
ထုတ်ပြန်ကြေငြာ ခြင်း ဖြင့် ရန်သူကို
စိတ်ဓာတ်ရေးရာ အရ ချိုးနှိမ်ပစ်စေ
ချင်တယ် ။

အောင်နိုင်သူ

6.2k 1 18 9 286

ဒီအပတ် ဂျာနယ်မျက်နှာဖုံးပါ ဆောင်းပါး တစ်ပုဒ်


အကြမ်းဖက်အုပ်စုဖြစ်တဲ့(AA) အခွန်ပြေစာဖြင့် မောင်းတောမှ ဘင်္ဂလားဒေ့ရှ်ကို
ပို့လာတဲ့ ဆန်အိတ်များကို လက်မခံဘဲ ပြန်ပို့၊

MHTNEWS (DEC~19)

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာခံထားရတဲ့(AA )ထိန်းချုပ်ထားတဲ့ ဆိပ်ကမ်းကနေ တင်ပို့လာတဲ့ ဆန်အိတ်တင်စက်လှေတစ်စီးဘင်္ဂလားဒေ့ရှ်ဘက်မှာရှိတဲ့တက္ကနက်ဆိပ်ကမ်းကို ဒီဇင်ဘာ(၁၉)ဒီကနေ့မှာရောက်ရှိလာတယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းစာတွေတွေမှာဖော်ပြထားပြီးအဆိုပါလှေပေါ်မှာ ဆန်အိတ်တန်ချိန် ၁၉ တန်ခန့် (အိတ် ၄၀၀ ကျော်) တင်ဆောင်လာတယ်လို့ သိရပါတယ်။
စက်လှေပေါ်ကဆန်အိတ်တွေဟာ(AA)လက်နက်ကိုင်သူပုန်အဖွဲ့ကို အခွန်ဆောင်ပြီးကြောင်း ပြေစာဖြင့် တင်ဆောင်လာတဲ့
ဆန်အိတ်တွေ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဆိပ်ကမ်းအာဏာပိုင်များက
AA ဟာ တရားဝင် နိုင်ငံတကာလက်ခံထားတဲ့ အစိုးရမဟုတ်တဲ့အတွက် အဆိုပါဆန်အိတ်တွေကို လက်မခံဘဲ ပြန်ပို့ခဲ့ကြောင်း
သိရပါတယ်။
ယခုကဲ့သို့ စာရွက်တွေက တရားဝင်မဟုတ်ဘဲ
ဆက်ကြေးသဘောမျိုးပေးဆောင်ပြီး သယ်ဆောင်လာတဲ့အတွက်
ဆီလျော်မှုမရှိဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ပစ္စည်းပို့တဲ့သူတွေအနေနဲ့ နောက်ထပ်ဆီလျော်တဲ့
စာရွက်စာတမ်းတွေ မရှိဘဲ ကုန်တွေ တင်ပို့လာမယ်ဆိုရင်
ကုန်ပစ္စည်းတွေကို သိမ်းဆည်းမယ်လို့ ပြောဆိုထားကြောင်း
သိရပါတယ်။
#mhtnews


#သုံညကိုဖြိုမှရမယ်#

ရမခ ကို မတိုက်ခင်
1027 ဒုတိယလှိုင်းစတင်ဖို့
ပလောင် ကိုးကန်းတွေ
ခုလိုပဲ တပ်တည် တပ်ရွှေ့ တွေ
လုပ်လာတာကို မြေပြင်သတင်းတွေအရရော
သူတို့တင်ထားတဲ့ video တွေအရပါ
တပါတ်လောက် ကြိုတင်သိရှိခဲ့ရတယ်။

ကိုယ့်ဖက်က ဟိုက်ဂင် စာချုပ်ကြီးအရ
လက်ဦးမှု မယူနိူင်ခဲ့ပါ။
လာတိုက်မဲ့အထိ ထိုင်စောင့်နေရတယ်။

ယခုလည်း
ဟိုပန်မှာ UWSA က ဦးဆောင်ပြီး
1027 တတိယလှိုင်း ဆင်နွဲဖို့ eaos တွေနဲ့
အစည်းဝေး လုပ်သွားပြီ ။

သူတို့အဓိက စည်းဝေးသွားတာက
2025 Jan , လထဲမှာ
1027 တတိယလှိုင်းတွက်
တိုက်ကွက်စ ဖော်ဆောင်မယ်
မန်း တောင်ငူ နပတ တပြိုင်နက်
စစ်ရေးလှုပ်ရှားမယ်။
ပလောင်နဲ့ ကိုးကန့်က pdf ဝတ်စုံတွေ
ပြောင်းဝတ်ပြီးတိုက်ပွဲဝင် မယ်။

UWSA ကတော့ ထုံးစံအတိုင်း ဝင်မတိုက်ဘူး။

လိုအပ်ရင် သူ့လူတွေ ဝတ်စုံလဲ ဖြည့်တင်းပေးမယ်။

အဓိက တာဝန်ယူထားတာက

ဒီစစ်ဆင်ရေးအတွက်
အရင်အကြိမ်တွေတုန်းကလိုပဲ
လက်နက်ခဲယမ်း ထောက်ပို့လုပ်ပေးမယ်
အားဖြည့်ပေးမှာက ထိုင်ဝမ် ။

လက်ရှိလည်း လားရှိုးမှာ
လိုအပ်တဲ့ လနခဲယမ်း အမြောက်အများ
ပို့ဆောင်ထားပြီ။

နောက်တချက်က
အထူး ၂ ပန်ဆန်းနဲ့ ဆက်နေတဲ့
ရှမ်းရှေ့ မိုင်းခတ် မိုင်းညှင်းကနေ
နောင်ချို မိုင်းပျဉ်းလမ်းကို ဝ တွေက
ပြင်ဆင်ထားပြီ။

အရင် တပ်ချုပ်ကြီး တသခ တိုင်းမှူးဘဝ
ပန်ဆန်း အစည်းဝေးကနေ အပြန်
မူးယစ်ဆေး လက်နက်ခဲယမ်းတွေ
သယ်လာမယ်ဆိုတဲ့သတင်းအရ
တပ်ချုပ်ကြီးကိုယ်တိုင် နောင်ချို နဲ့ မိုင်းပျဉ်းကြား
ကျောက်မိုင်းခွဲ လမ်းလုပ်သား လမ်းပြင်နေတဲ့ပုံစံ
ဖျက်ပြီး စောင့်ဖမ်းခဲ့ရတဲ့ လမ်းကြောင်းပေါ့

အဲ့ဒီလမ်းကြောင်းသာ ပေါက်သွားရင်
အထူးဒေသ ၂ ရဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းကို
အလွယ်တကူ ကူးသန်းလို့ ရသွားပြီ။

ဝ ဖက်ကလာမယ်ဆိုရင် မိုင်းညှင်းရွာကို
မဝင်ပဲ အနောက်ဖက်က ကွင်းပြီး
လွယ်တောက်ရွာ လွယ်တောက် တောင်ကျောပေါ်
နေရာယူလိုက်မယ်ဆိုရင် မိုင်းညှင်းကျပြီ။

ဒီလမ်းကြောင်းကနေ ဝ တွေ
မူးယစ်ဆေးဝါးသယ်နေမှန်းသိလို့
ပိတ်ထားတာကြာပြီ။

သို့သော် ယခုတော့ ‌ရွာချင်းဆက်လမ်းအဖြစ်
အသုံးပြုခွင့် တိုင်းမှူးဆီ တင်ပြထားတယ်လို့
သတင်းကြားနေရတယ်။

ခွင့်ပြု မပြုတော့ မသိရသေးပါ။

နောက်တချက်က မိုင်းလား မိုင်းဖျန်
မိုင်းပေါက်
နယ်ချင်းဆက်ကနေ မြန်မာပိုင်နက်ဖက်ကို
ဝ တွေက မြေခိုးကျူးကျော်နေရုံမျှမက
ဝ-တရုတ် ပူးပေါင်းပြီး မိုင်းညှင်းနယ်မြေထဲမှာ
သတ္တုတွေ ခိုးတူးနေကြသလို
လူ ၃၀၀ စာ စာသင်ကျောင်းလိုလို
ဆေးရုံလိုလို ဘာမှန်းမသိရတဲ့ အဆောက်အဦး
ခိုးဆောက်ဖို့ ပြင်ဆင်နေကြတာကို
နယ်မြေခံ တပ်မှူးတွေ ဗျုဟာမှူးတွေလည်း
သိလိမ့်မယ် ထင်ပါရဲ့။

ဆိုလိုချင်တာက
UWSA သည် တိုင်းပြည်ကနေ
ဘယ်တော့မှ ခွဲမထွက်ပါဘူးဆိုတဲ့
စကားလေးတလုံးနဲ့
ချွေးသိပ်ထားပြီး
တိုင်းပြည် နောက်ကျော ဓားတဆုံးထိုးနေသော
အင်မတန်အန္တရာယ်ကြီးသော အဖွဲ့အစည်းသာ
ဖြစ်နေပါသဖြင့် အဓိက ဖြိုရမဲ့ ရန်သူသည်
UWSA သာ ဖြစ်ပါသည်။

crd

7.5k 0 44 11 279

#တရုတ်ကမဟာဗျူဟာကျကျပူးပေါင်းဖို့လိုတယ်

တည်ဆဲအစိုးရ က အကြမ်းဖက်အဖွဲ့အဖြစ်
ကြေငြာထားတဲ့ သူပုန်အဖွဲ့တစ်ဖွဲ့ကို အိမ်နီးချင်း
နိုင်ငံ တစ်နိုင်ငံက ကမကထ လုပ်ပေးလို့
ငြိမ်းချမ်းရေးအတွက် သွားရောက်ဆွေးနွေး
ပေးရတယ်ဆိုတဲ့လုပ်ရပ်ဟာ တကယ့်ကို
ကသိကအောက်
ဖြစ်စရာကောင်းတဲ့ လုပ်ရပ်ပါ ။
ဂုဏ်သိက္ခာရှိတဲ့ အိမ်နီးချင်း
တိုင်းဟာ လည်း ဒါမျိုးမလုပ်သင့်ဘူးလို့ ယူဆမိပါ
တယ် ။

တကယ်ဆိုရင် အိမ်နီချင်းတရုတ်အနေနဲ့
အိမ်နီးချင်းကောင်းပီသတယ်။ဂုဏ်သိက္ခာရှိ
တယ် ဆိုရင် လုပ်ပေးရမှာက တစ်ခုပဲ ရှိပါတယ် ။
အဲဒါကတော့ မြန်မာ အစိုးရ က အကြမ်းဖက်
အဖွဲ့အဖြစ် ကြေငြာထားတဲ့ သူပုန်ထိပ်တန်း
ခေါင်းဆောင်မှန်သမျှ ကို ဖမ်းဆီးပေးပြီး မြန်မာ
အစိုးရ ထံ သိက္ခာရှိရှိလွှဲပေးဖို့ပါပဲ ။

အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် လောက်တော့
မဆိုပါနဲ့ ။

တရုတ်နိုင်ငံ ရဲ့ အကျိုးစီးပွားကို ထိခိုက်စေ
ခဲ့တဲ့ ကျားဖြန့်လောင်းကစား ဂိုဏ်ခေါင်းဆောင်
လို့ ယူဆရသူတွေကိုတောင် မြန်မာအစိုးရ
အနေနဲ့ သိက္ခာရှိရှိလွှဲပေးခဲ့မဟုတ်လား ။ဒါဟာ
မြန်မာ ရဲ့ အိမ်နီးချင်းကောင်းပီသမှုကို ပြသ
ခဲ့တာမို့ တရုတ်အနေနဲ့လည်း မြန်မာလို
အိမ်နီးချင်းကောင်း ပီပီသသ ဖြစ်စေချင်ပါ
တယ် ။

တစ်ဖက်မှာလည်း စ ဥ်းစားစရာ တော့ရှိပါ
တယ် ။ကျားဖြန့် ခေါင်းဆောင်တွေ ကို
တရုတ် က တောင်းဆိုလာလို့ လွှဲပေးရတာ
ဖြစ်တယ်လို့ ဆိုနိုင်သလို မြန်မာဘက်ကနေ
တောင်းဆိုထားတာ မရှိလို့ မလွှဲပေးဘူးဆို
တာမျိုးလည်း တရုတ်ဘက် က အကြောင်း
ပြချက်ပေး နိုင်ပါတယ် ။

အကြမ်းဖက်ခေါင်းဆောင်တွေ ကို လွှဲပေး
ဖို့ တရုတ်ထံ တောင်းဆိုထားတာ ရှိ ၊မရှိ
မသိရသေးပေမယ့် နှစ်နိုင်ငံ အကျိုးစီးပွား
အတွက် အတူတကွ အကောင်အထည်ဖော်သွား
ကြမယ်ဆိုရင် တရုတ်-မြန်မာ နယ်စပ်တွေမှာ
ဒီသူပုန်တွေ မရှိမှ ဖြစ်လိမ့်မယ် ။ ရှိခဲ့တယ်
ဆိုရင်တော့ မြန်မာအစိုးရ ရဲ့ ဩ ဇာအာဏာ
အောက်ကနေ ရပ်တည်ရတဲ့ လက်နက်ကိုင်
အဖွဲ့မျိုး ဖြစ်မှသာ တရုတ် ရော မြန်မာအတွက်
ပါ စိတ်အေးရမယ့် အခြေအနေမို့ နယ်စပ်
ဒေသရှိ သောင်းကျန်းသူအရေး ကို တရုတ်
အနေနဲ့ ခြံစည်းရိုးခွ မထိုင်သင့်တော့ပါဘူး ။

အခုသိရသလောက်ဆိုရင် ဝ ကိုးကန့် မိုင်းလား
KIA တို့ ထိန်းချုပ်ထားတဲ့ လွတ်မြောက်နယ်မြေ
တွေထဲမှာ ထိုင်ဝမ်သူလျှိုတွေ အမေရိကန်
CIA သူလျှို တွေ အမြောက်အများ
ရောက်နေပြီလို့ ဆိုပါတယ် ။ဒီနေရာ ကိုရောက်
နေတဲ့ ဒီ သူလျှိုတွေဟာ တစ်ချိန်မှာ တရုတ်ရဲ့
နောက်ကျောကို ဓားနဲ့ ထိုးကြပါလိမ့်မယ်။

မြန်မာ-တရုတ် နယ်စပ်ဒေသတွေမှာ စစ်ဘုရင်
ဝါဒ ကို ထူထောင်ထားတဲ့ လွတ်မြောက်နယ်
မြေတွေ များပြီး ကျယ်လာလေ လေ တရုတ်
နိုင်ငံ အတွက် ပိုပြီး အန္တရာယ်ကြီးထွားလာလေ
လေ ဆိုတာကို တော့ တရုတ်နိုင်ငံအနေနဲ့ သတိပြု
ဖို့ လိုကြောင်း အကြံပေးချင်တယ် ။

အကောင်းဆုံးကတော့ တရုတ်-မြန်မာ နယ်စပ်
က လွတ်မြောက်နယ်မြေတွေကျ ဥ်းမြောင်း
သထက် ကျ ဥ်းမြောင်းသွားအောင် ၊ စစ်ဘုရင်
ဝါဒ ကျဆုံးသွားအောင် တရုတ်-မြန်မာနှစ်နိုင်ငံ
ပူးပေါင်းကာ မဟာဗျူဟာကျကျ ကိုင်တွယ်
ဖြေရှင်းသွားမှသာ မြန်မာနဲ့ တရုတ်ရဲ့ အနာဂတ်
အကျိုးစီးပွားကို ကောင်းမွန်စွာ အကောင်
အထည်ဖော်နိုင်မှာ ဖြစ်ပါတယ် ။

အောင်နိုင်သူ

7.5k 1 24 15 334

#မရေရာတဲ့ရလဒ်နဲ့ကိုးကန့်အနာဂတ်

တရုတ်ပြည် ကူမင်းဆွေးနွေးပွဲမှာ
ကိုးကန့်MNDAA က သူတို့ထိန်းချုပ်
ထားတဲ့ လားရှိူးအထိ ကိုးကန့်ကိုယ်ပိုင်
အုပ်ချုပ်ခွင့်ရ အထူးဒေသ အဖြစ်
သတ်မှတ်ပေးဖို့ တောင်းဆိုသတဲ့ ။
နစက ဘက်ကတော့ ကိုးကန့်တွေအနေ
နဲ့ လားရှိူးကနေ ချင်းရွှေဟော် လောက်ကိုင်
အထိ တဆင့်ချင်း ပြန်ဆုတ်သွားဖို့ နဲ့ ဖမ်းဆီး
ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းတွေ ပြန်လွှတ်
ပေးဖို့ ကို သာ အဓိကထားတောင်းဆိုပြီး
ကျန်တာတွေ နောက်မှ ဆက်ဆွေးနွေး
ဆိုလို့ ဆွေးနွေးပွဲ က ဘာရလဒ်မှ
မရဘဲ ပြီး ဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

နောက်ထပ် တွေ့ဆုံမှု ကိုတော့ ၂၀၂၅ခုနှစ်
ဇန်နဝါရီလ မှာ လုပ်ဖို့ သဘောတူညီထား
တယ်လို့ လည်း သိရတယ်။ ဘာရလဒ်မှ
မထွက်ခဲ့တဲ့အပေါ် တရုတ်က စိတ်မကောင်း
ဖြစ်ရတဲ့အကြောင်း တိန်းရှီးကျွမ်း က
တဆင့် ထုတ်ပြောလာပါတယ်။

အမြတ်ထွက်တာကတော့ MNDAA ပဲ။
ဒီလို ဆက်လက် ဆွေးနွေးနေမယ် ဆိုတဲ့
အကြောင်းပြချက်နဲ့ လားရှိူးအပါအဝင်
ဒီဒေသ ကို တပ်က ဗုံးလာကျဲမှာ မဟုတ်
တော့ဘူးလို့ ယူဆကာ အုပ်ချုပ်မှု ယန္တယား
တည်ဆောက် သွားမဲ့ သဘောတွေ့ရတယ်။

ဒီဒေသ တွေမှာ MNDAA ရဲ့ အုပ်ချုပ်မှု
အနည်ထိုင်မသွားအောင် အစိုးရ အနေနဲ့
ဘယ်လိုလုပ်မလဲဆိုတဲ့ အချက်ကလည်း
စိတ်ဝင်စားစရာပါ။

EAOs တွေ အနေနဲ့ နားလည်ထားရမှာက
စစ်တိုက်ပြီး တောင်းလို့ ရတဲ့ အယူအဆ
ဟာ မမှန်ကန်သလို လက်ခံပေးလို့ လည်း
ရမှာ မဟုတ်ပါဘူး ။

ပိုဆိုးတာက နစက ဟာ ခေတ္တ တာဝန်ယူ
ထားရတဲ့ အစိုးရ ဖြစ်လို့ ဒီလို ပေး ဖို့
အခွင့်အာဏာလည်း ရှိမနေပါဘူး။ ရွေးကောက်ခံ
အစိုးရ တက်လာရင်လည်း ဒီလို ပေးလို့
မရပါဘူး။

တစ်ခုပဲ ရှိတယ်။ ၂၀၀၈ ခြေဥ ပုဒ်မ ၅၂ (က)
(ခ) (ဂ) (ဃ) (င) ၊ ပုဒ်မ ၅၃
(က) ( ခ ) (ဂ)(ဃ)(င)(စ) ပုဒ်မ ၅၄ ၊ ၅၅
တို့ရဲ့ နယ်နိမိတ်သတ်မှတ်ပြဌာန်းချက်များ
နဲ့ အညီ သာ ဆောင်ရွက်ခွင့်ရှိတာတွေ့ရတယ်။အရှည်
သိချင်ရင်တော့ အဲဒီ ပုဒ်မ တွေ ရှာဖတ်ကြည့်
ပေးပါ။

သေချာတာကတော့ လွှတ်တော် မရှိဘဲနဲ့
ဘာမှ လုပ်လို့ ရမှာ မဟုတ်သလို လွှတ်တော်
ရှိလာရင်တော့ ဒေသခံပြည်သူလူထုရဲ့ ဆန္ဒမဲ
ကို ရယူဖို့ လိုပါတယ်။ ဒေသခံ ပြည်သူလူထု
လက်ခံမှ ရပါလိမ့်မယ်။

စစ်တိုက်ပြီး သိမ်းပိုက်အုပ်ချုပ်လို့ ရကြေး
ဆိုရင် အမေရိကန် လည်း အီရတ် အာဖဂန်
ကနေ အခုထိ ထွက်အုံးမှာ မဟုတ်သေးပါဘူး။
၁၉ ရာစု ခေတ်က အင်္ဂလိပ်တွေလို အတင်း
အဓမ္မ ကိုလိုနီ ကျွန်ပြုပြီး အုပ်ချုပ်နေကြအုံးမှာ
ပါ။

ဒါ့ကြောင့် ဘယ်လောက်ပဲတိုက်တိုက်
ကိုယ့်နယ်မြေမဟုတ်ဘဲ ယူထားရင်တော့
အချိန်တန်ရင် ပြန်ပေးရမှာပဲ။

ကိုးကန့်တွေ ကိုးကန့်နယ်မြေ ပြန်သွားမှသာ
ဒီရှမ်းမြောက်စစ်ပွဲ က ပြီးဆုံးသွားပါလိမ့်မယ်။

အောင်နိုင်သူ

9k 1 32 18 333



#ဘာလုပ်သင့်သလဲ

ဗန်မော်ကို လာတိုက်တဲ့KIA/PDF တွေ
အတုံးအရုန်းကျရှူံးမှုနဲ့ အတူ
ဖရိုဖရဲဖြစ်ကာ ဆုတ်ခွာသွားပြီလို့ သိရ
တယ်။အင်အား၂၀၀၀ လောက်နဲ့
လာတိုက်တာ သုံးပုံ တစ်ပုံတောင်KIA
ဆီ ပြန်မစုဖွဲ့ နိုင်တော့ဘူးလို့ ဆိုပါတယ်။
ဝမ်းနည်းစရာကောင်းတာက သေဆုံး
ဒဏ်ရာရသူ အများစုက အညာPDF
ဗမာလူငယ်တွေ ဖြစ်နေတာပဲ။KIA
ဂျိမ်းဖောကတော့ အနည်းစု လို့သိရ
ပါတယ်။

ဒီကာလ မှာတော့ EAOS အဖွဲ့တိုင်း
ကတော့ ဗမာPDF အားတွေနဲ့ တိုက်နေ
ကြတာ နေရာတိုင်းမှာ တွေ့ရတယ်။

ထားပါတော့လေ။

ပြောချင်တာ အခုဗန်မော် မှာ အောင်မြင်
သလို ဒီကာလ မှာ တပ်မတော်ရဲ့ အောင်ပွဲရ
တဲ့ တိုက်ပွဲတွေ အများကြီး ရှိပါတယ် ။

ဥပမာ လွိုင်ကော်တိုက်ပွဲ တို့ တောင်ခမ်းတိုက်
ပွဲ တို့ ကော့ကရိတ်မြို့သိမ်းတိုက်ပွဲ သပိတ်ကျင်း
တိုက်ပွဲ တို့ မြဝတီမြို့တိုက်ပွဲ တို့ ဟာ တပ်မတော်ရဲ့ အောင်မြင်ခဲ့တဲ့ တိုက်ပွဲတွေပါပဲ။

ဒါပေမယ့် အွန်လိုင်းမီဒီယာပေါ်မှာ တပ်မတော်ရဲ့
အောင်ပွဲသတင်းတွေက ထင်သလောက်ပေါ်မလာ
ဘဲ ရလဒ်မကောင်းတဲ့ သတင်းတွေသာ လွှမ်းမိုး
နေတာတွေ့ရတယ်။ဒါ့ကြောင့် တပ်မတော်သား
တွေနဲ့ တပ်မတော်ကို ထောက်ခံသူတွေရဲ့ စိတ်ထဲမှာ
သို့လော သို့လော ဖြစ်မသွားဖို့ လိုအပ်ပါတယ်။

သဘောကတော့ မီဒီယာဝါဒဖြန့်ချိရေးစစ်ပွဲမှာ
ရန်သူဟာ FB ကို သိမ်းပိုက်ထားတာမို့ ကိုယ့်ထက်
သာနေတာတွေ့ရတယ်။ဒါ့အပြင် တိုင်းရင်းသား
စည်းလုံးညီညွတ်ရေး ဆိုတာခေါင်းစဥ်နဲ့အတူ
စည်းမျဥ်း စည်းကမ်း ဥပဒေ နည်းဥပဒေ တွေ နဲ့
စည်းနှောင်ခံထားရတဲ့ တပ်အတော် ဟာ ရန်သူ
လို လွတ်လွတ်လပ်လပ် စည်းမဲ့ ကမ်းမဲ့ ဝါဒ
ဖြန့်ချိခွင့်မရှိတာပဲ။

ကျွန်တော်ကိုယ်တိုင်လည်း
ကွတ်ခိုင်မြို့နယ် ကျောင်းပျဥ်တိုက်ပွဲမှာ ရန်သူ့
အလောင်းဓာတ်ပုံတွေကို FB ပေါ် အားရဝမ်းသာနဲ့
တင်မိလို့ အရေးယူခံရမလို ဖြစ်ခဲ့ဖူးတယ်။

ဆိုတော့ အွန်လိုင်းမီဒီယာစစ်ပွဲမှာ အသာစီး
ရအောင်လုပ်ပြီး မိမိတပ်တွေနဲ့ မိမိထောက်ခံသူ
တွေကို စိတ်ဓာတ်တက်ကြွအောင်လုပ်ဖို့ က
တော်တော့ကို အ​ရေးတကြီး လိုအပ်နေတယ်
လို့ ယူဆမိတယ်။

ဥပမာ တပ်မတော် က အောင်မြင်မှုရခဲ့တဲ့ ဒေသ
တွေဆီကို မီဒီယာသမားတွေ ခေါ်သွားပြီး
အင်တာတွေ ဗျူးကာ တပ်မတော်ရဲ့ အောင်မြင်မှု
ကို လူထု က ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင်
ချပြဖို့ လိုတယ်။ကော့ကရိတ်မြို့က ပြည်သူလူထု
တွေ ဆိုရင် KNU/KNLA PDF အသံကို ကြား
ကို မကြားချင်တော့ အောင် ရွံမုန်းသွားကြတယ်။

သူတို့ကို အင်တာ လာဗျူးမယ်ဆိုရင်တောင်
သူပုန် က ဘယ်လောက်အထိ ရက်စက်ယုတ်မာ
ခဲ့တဲ့ အကြောင်း ဖြေပေးဖို့ အထိ ဝန်မလေး
ဖြစ်နေကြတယ်။ဒါကို အသုံးချပြီး ရန်သူကို
စိတ်ဓာတ်စစ်ဆင်ရေး ပြန်လုပ်သင့်တယ်။

တစ်ဖက်မှာ လည်း မိမိတပ်တွေရဲ့ အခြေအနေ
က မီဒီယာတွေ ပုံကြီးချဲ့ သလို မဟုတ်ကြောင်း
ကျယ်ကျယ်ပြန့်ပြန့်ချပြသင့်တယ်။

ဥပမာ ဆီးရီးယား တစ်နိုင်ငံလုံး ၁၁ ရက်ထဲနဲ့
ကျသွားတဲ့ အခြေအနေ ၊ ဂျပန်တွေ ဝင်လာ
တော့ အင်္ဂလိပ်တပ်တွေဟာ အမေရိကန်နဲ့
တရုတ်တပ်တွေနဲ့ ပေါင်းပြီး ခုခံ တိုက်ခိုက်တာ
တောင် ၇ လ ပဲ ခံပြီး မြန်မာ တစ်နိုင်ငံလုံးကို
စွန့်လွှတ်ပေး လိုက်ရတဲ့ အခြေအနေ တွေနဲ့
ယှဥ် ပြီး ရှင်းပြ ကာ ကိုယ့်တပ်တွေနဲ့
ကိုယ့်ထောက်ခံသူတွေ
စိတ်ဓာတ်တက်ကြွမြင့်မားအောင် လုပ်ဖို့
လိုအပ်တယ်လို့ ယူဆမိတယ်။

သေချာတာကတော့ ဒီကာလ မှာ အလုပ်သင့်
ဆုံး အလုပ်က ကိုယ့်ကို မချစ်မနှစ်သက်တဲ့ သူတွေဆီက
မေတ္တာကို ရဖို့ ကြိုးပမ်းနေတာထက် ကိုယ့်ချစ်တဲ့
သူတွေ လျော့မသွားအောင် စိတ်ဓာတ်ကျမသွား
အောင် နည်းလမ်းမျိုးစုံနဲ့ လုပ်သင့်ကြောင်း
အကြံပြုချင်တယ်။

အောင်နိုင်သူ




#ဘာကြောင့်နေဝင်ချိန်ရောက်လာရသလဲ

ကိုမင်းသေ့ ရဲ့ ဒီ အသုံးအနှူန်းကို
သဘောကျလို့ ယူလာတာ၊ဒါပေမယ့်
သူ့ဆောင်းပါး ကတော့ သဘောထား
မတိုက်ဆိုင်လို့ ပြန်မတင်ပါဘူး။

သူပြောတဲ့ ဗမာတွေ နေဝင်ချိန် က
ဗမာတွေဟာ တော်လှန်ရေးကို ရော့တိ
ရော့ရဲ ဟုတ်တိ ပတ်တိ မလုပ်လို့
ဗမာတွေ နေဝင်ရတဲ့ ပုံစံ ရေးထားတယ်။

ကျွန်တော် က ဗမာတွေ နေဝင်ရတာဟာ
ဟင်္သာကိုးသောင်းပုံပြင် လို ကိုယ့်အချင်း
ချင်း thet လို့ ဖျက်လို့ နေဝင်ဖို့ ဦးတည်
သွားရတယ်လို့ ယူဆတယ်။

ခေတ်သစ် ဗမာတွေက ဟင်္သာကိုးသောင်း
ပုံပြင်ထက်ပိုဆိုးပါတယ်။

အချင်းချင်းလည်း ချတယ်။ Thet တယ်။
ကျန်တဲ့ လူမျိုးနွယ်စု လက်နက်ကိုင်တွေ
နယ်မြေရဖို့ အတွက်လည်း သွားသေပေး
ကြတယ်။

ကချင် ရှမ်း ကယား ကရင် ရခိုင် ချင်း
ပါမကျန် သေပေးလိုက်ရတဲ့ ဗမာလူငယ်
တွေ မနည်းမနောပဲ။ဒါပေမယ့် တော်လှန်ရေး
လို ပြောပြီး ဗမာတွေ လူလည်ကျခဲ့တဲ့
ဘယ်EAOs အဖွဲ့မှ တော့ တော်လှန်ရေး
ခေါင်းစဥ်အောက်ကနေ လာမသေပေး
ကြဘူး။

အဲဒီလောက် နွားကျပြီး ညံ့ဖျင်းတဲ့ ဗမာ
က လည်း ဘယ်ခေတ်မှာမှ ရှိမှာ မဟုတ်ဘူး။
ဒီခေတ်မှာ ပဲ ရှိလိမ့်မယ်။

ဒါကြောင့် မိကောင်း ဖခင် သားသမီးမှန်တဲ့
ဗမာလူမျိုးတွေ ဆိုရင်တော့ ဗမာလူမျိုးအချင်းချင်း
Thet နေ ဖျက်နေတာတွေ ရပ်ဖို့ လိုတယ်။

နွားကျခံပြီး ကျန်တဲ့ လူမျိုးတွေ အတွက်
သွားသေပေးနေတာတွေ ရပ်တန်ဖို့ အချိန်တန်ပြီ။

မရပ်ရင်တော့ ကိုမင်းသေ့ ပြောသလို
ဗမာတွေ နေဝင်ချိန်ရောက်သွားပါ
လိမ့်မယ်။

အောင်နိုင်သူ

Photo Credit


#ဆက်မိုက်အုံးမလား

ခွဲထွက်ရေးဝါဒီတွေဆိုတာက
လူမျိုးရေး ဘာသာရေး အစွန်း
ရောက်တွေနဲ့ မခြားပါဘူး။လူမျိုးရေး
ဘာသာရေး ကို အကြောင်းအ​မျိုးမျိုး
ပြပြီး အစွန်းရောက်တတ် ကြပါတယ်။
အစွန်းရောက်သူများပီပီ လက်တလော
မှာ စိတ်ဓာတ်နဲ့ ခံယူချက်တွေ က အမြင့်ဆုံး
ရောက်နေတတ်ကြတာ တွေ့ရတယ်။

ဒါပေမယ့် မူမမှန်တဲ့ အစွန်းရောက်မှု
တွေ ဖြစ်လို့ ရေရှည်မခံတတ်ပါဘူး ။
ကောက်ရိုးမီးတွေလိုပါပဲ။ တစ်ချိန်မှာ
တော့ မီးညွတ်ကြိုးသွားရစမြဲပါ။

အခုလည်း AA အားပေးရခိုင်တွေဟာ
ခွဲထွက်ရေးဝါဒီ တွေလို မီးကုန်ယမ်းကုန်
အထွတ်အထိပ်ရောက်ပြီး အစွမ်းကုန်
အစွန်းရောက်နေကြတာတွေ့ရတယ် ။
တနည်းပြောရရင် သွေးနားထင်ရောက်
နေတာမို့ ဒီအချိန်မှာ ဒီအရှိန်ကုန်ဖို့
နည်းနည်းတော့ အချိန်ပေးရအုံးမှာပါ။

အခုဆိုရင် AA ထိန်းချုပ်ထားတဲ့
ရခိုင်မြောက်ပိုင်းက ​မြို့တွေဖြစ်တဲ့
ပုဏ္ဏာကျွန်း ပေါက်တော ကျောက်တော်
မြောက်ဦး တို့မှာ ရခိုင် လူဦးရေက
သောင်းဂဏန်း လောက်ပဲ ရှိတော့
တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရှိတဲ့ ရခိုင်တွေဟာလည်း AA ကို အားလုံး
လက်ခံကြတာ မဟုတ်ဘူးတဲ့။ရွေးချယ်
စရာ မရှိတော့လို့ ရွံ့ကြောက်နဲ့ လက်ခံ
နေကြရတဲ့ သူတွေလည်း ရှိပါသတဲ့။ဒါက
ရခိုင် က ပေးပို့တဲ့ သတင်းပါ။

ဒါ့ကြောင့် သွေးနထင် ရောက်နေတဲ့
AA ကြောင့် ဒီစစ်ပွဲ အတွင်း ရခိုင်လူမျိုး
တွေရဲ့ လူသားအရင်းအမြစ်ရှုံးဆုံးမှု
ဒဏ်ကို အလူးအလိမ့်ခံစားရပါတော့မယ်။

အကျိုးဆက်ကတော့ ရခိုင်ပြည်နယ်မှာ
မဖြစ်မနေ ရင်ဆိုင်ရတော့မယ့် အချက် ၂
ချက် ရှိပါတယ်။

ပထမ အချက်က ဒီစစ်ပွဲကြောင့် ရခိုင့်
လူ့စွမ်းအား အရင်းအမြစ်တွေကို အလွယ်
တကူ ပြန်မဖြည့်နိုင်ဖြစ်ပြီးပြည်မ ရှိ လူ့ စွမ်းအား
အရင်းအမြစ်ကို ရေရှည် ရင်ဆိုင်နိုင်စွမ်း
မရှိဖြစ်လာတော့မှာမို့ တပ်မတော်ရဲ့ တန်ပြန်
ထိုးစစ် ပြန်စတဲ့ အခါ ထိန်းချုပ်ထားတဲ့
မြို့တွေ အလွယ်တကူ ပြန်ပြီး လက်လွှတ်
ပေးရပါလိမ့်မယ်။

ဒုတိယ အချက်က စစ်ပွဲကြောင့် ဆုံးရှူံးသွားတဲ့
ရခိုင့် လူ့အဖွဲ့အစည်းနေရာကို လူဦးရေ
ပေါက်ကွဲနေတဲ့ ဘင်္ဂလီတွေ ဝင်ရောက်
လာပြီး ရခိုင်လူမျိုးတွေကို ဘင်္ဂလီတွေရဲ့
ဝါးမျိုးချင်းကို ခံရနိုင်ပါတယ်။ ဒါက
ခဏ ခဏ သတိပေးနေရတဲ့ စကားပါ။

အဲဒီတော့ ကိုယ့်လူ့အဖွဲ့အစည်းနဲ့ ကိုယ့်
လူဦးရေ ကို မချင့်ချိန် မတွက်ဆ ဘဲ
မီးကုန် ယမ်းကုန် ဆက်တိုးချင်သပ ဆိုလည်း
ဆက်တိုးလို့ရပါတယ်။

ကိုယ့်ဘက်က လုပ်သင့်တဲ့ ၂ ချက် ပဲရှိ
တယ်။ ရေရှည်စစ်ကို မျှော်တွေးပြီး ရန်သူ
ကို များများကြွေပြုန်းအောင် ချေမှူန်းထား
ဖို့ လိုတယ်။

AA တွေ အင်အားချိနဲ့လာလို့ ခုခံစရာ
ရော လူသစ်ပါ ထပ်မဖြည့်နိုင်တော့ဘူး
ဆိုရင် တန်ပြန်ထိုးစစ် ပြန်စပြီးဆိုတာနဲ့
အဲဒီနယ်မြေတွေကို အလွယ်တကူ
ပြန်သိမ်းယူနိုင်ပါလိမ့်မယ်။

ဒါ့ကြောင့် စိတ်ဓာတ်ကြံ့ခိုင်ကောင်းမွန်စွာနဲ့
ခုခံ တုံ့ပြန်သွားဖို့ပဲ လိုပါတယ်။

ဖဒိုမန်းငြိမ်းမောင် က ထွန်းမြတ်နိုင် ကို
ပြောသလိုပဲ။မင်းတို့ ရခိုင်တွေ အိမ်မက်
မက်သလို ငါတို့ ကရင်တွေလည်း တစ်ချိန်က
လွတ်မြောက်ရေး အိမ်မက် မက်ခဲ့ဖူးပါတယ်။
ဒါပေမယ့် ငါတို့ ကရင်လူ့အဖွဲ့အစည်းပဲ
ပျက်စီးသွားရလို့ ငါတို့ဆင်ခြင်နေရတာ
ဖြစ်တယ်လို့ ပြောခဲ့ဖူးပါတယ် ။ဒါကိုလည်း
ကရင်ခေါင်းဆောင်တစ်ယောက် က
တောထဲက မျောက်ပတီးကြီးတွေကို အတွေ့
မကြုံမရှိတဲ့ ခွေးသားလေးတွေ ရန်ရှာတဲ့
အကြောင်း ဥပမာ ပေး ပြီး ပြောခဲ့ဖူးပါတယ်။

ကရင်ခေါင်းဆောင်တွေ ပြောတာမှန်ပါတယ်။
၁၉၄၈-၄၉ တုန်းက ကရင်တွေရဲ့ ကော်သူလေး
နိုင်ငံတော် အိမ်မက် က အင်းစိန်နားအထိ
ရောက်ခဲ့ပြီးမှ အကုန်တောထဲ ပြန်ပြေးခဲ့ရတာ
ပုံပြင်မဟုတ်ပါဘူး။အဲဒါ သမိုင်းပါ။
မြန်မာ့တပ်မတော်ရဲ့သမိုင်းပါ။

AA တွေ ဒီနေ့ ရလဒ် ဆိုတာကတော့
ကရင်တွေ ခြေဖျားတောင် မမှီသေးပါဘူး။

ဒါကြောင့် သွေးနထင်ရောက်ပြီး ထွန်းမြတ်နိုင်
တို့ အုပ်စုတွေ မဆင်မချင်နဲ့ ထက်မိုက်ချင်သပ
ဆိုရင်လည်း ထပ်မိုက် ဆက်မိုက် လို့ ရပါ
သေးတယ်။

တစ်ချိန်မှာ ရှားပါးလူမျိုးနွယ်စု အဖြစ်နဲ့ UN က
စောင့်ရှောက်ပေးရမယ့် အထဲမှာ ရခိုင်လူမျိုးတွေ
ပါသွားခဲ့ရမယ် ဆိုရင် ဒီလို ရခိုင်လူမျိုးတွေ
ရှူံးဆုံးမှု အားလုံးရဲ့ သမိုင်းတရားခံဟာ ထွန်းမြတ်နိုင်
ရဲ့ AA တွေ ဖြစ်သွားလိမ့်မယ်ဆိုတာကတော့
မမေ့ပါနဲ့လို့ သတိပေးချင်တယ်။

အောင်နိုင်သူ

10.3k 1 28 16 301



#အိမ်နီးချင်းနိုင်ငံ

တူရကီသမ္မတ တေရစ်အာဒိုဂန် ဆိုတာကလည်း
အာဏာရှင် တစ် ဦးပါပဲ ၊ ကိုယ်တွေ ၁၀တန်း
အောင်စက တူရကီဝန်ကြီးချုပ်ဆိုပြီး ဗိုလ်သင်တန်း
ဖြေဖို့ အလွတ်ကျက်ခဲ့ရသလို နောက်တော့ တပ်ထဲ
ဝင်ပြီး ဗိုလ်သင်တန်း​ပြန်ဖြေဖို့ စာတွေပြန်လေ့
လာ့တော့လည်း တူရကီသမ္မတ ဟာ
တေရစ်အာဒိုဂန် ပါပဲ ။ကိုယ်တောင် ကပ္ပတိန်
သက် ၉ နှစ်ရှိပြီ ။ အာဒိုဂန် က တူရကီ သမ္မတ
ဟာ သမ္မတ ပါပဲ ။

တူရကီ နိုင်ငံရေး လောကမှာ နှစ်ပေါင်း၂၀
ကျော် အာဏာယူထားခဲ့ပြီးပြီ ။ ခေါင်းစ ဥ်
အမျိုးမျိုးပြပြီး အာဏာတည်မြဲအောင်လုပ်
ပါတယ် ။ ၂၀၁၇ သူ့ သမ္မတ သက်တမ်းကို
ဆက်တိုးလို့ရမယ့် ဥပဒေကို ပြင်ဆင်ခဲ့ပါတယ် ။
မနှစ်က ရွေးကောက်ပွဲမှာ အတိုက်ခံပါတီတွေ
ခြိမ်းခြောက်အကြပ်ကိုင်ရင်း မနိုင် နိုင်အောင်
လုပ်ယူသွားပါတယ် ။တပ်က အာဏာသိမ်းမလို့
ကြုံခဲ့ရပါသေးတယ် ။ရုရှားထောက်လှန်ရေး
( FSB ) ကနေ သတင်းပေလို့ ပူတင်က ပြော
ပြရာကနေ လက်မတင်လေး
သိပြီး ထိန်းသိမ်းနိုင်ခဲ့တယ် ။

ဥရောပ နဲ့ အရှေ့အလယ်ပိုင်းကို ပတ်မွှေလွန်း
တဲ့ အပြင် အော်တိုမင်အင်ပါယာ အိမ်မက်ကို
ပြန်မက်ချင်သူတစ် ဦးမို့ သူ့ကို ဥရောပ ရဲ့
ဗြမ္ဗာ့ ဦးခေါင်း လို့ ခေါ်ကြတယ် ။

ထားပါတော့

ပြောချင်တာ အခုတော့ အာဏာရှင် တေရစ်
အာဒိုဂန် က ဆီးရီးယားအာဏာရှင် အာဆက် တို့
မျိုးဆက် ကို ဖြုတ်ချတဲ့ နေရာမှ အဓိကနေရာကနေ ထဲထဲဝင်ဝင်ကူညီပေးလိုက်တယ် ။သူ့ချည်းသက်သက် တော့ မဟုတ်ဘူး ။ အမေရိကန် ရွေးကောက်ပွဲမှာရှူံးနိမ့်ခဲ့တဲ့ ဘိုင်ဒင် ရဲ့ အစီအမံတွေ ကလည်းအရေးကြီးတဲ့ နေရာက ပါဝင်ခဲ့ပါတယ် ။

ဘိုင်ဒင် ရဲ့ အစီအမံက ရုရှားရဲ့ မဟာမိတ်တွေ
ကို ဖျက်ဆီးရင်း ရုရှားကို ထီးထီးကြီးကျန်အောင်
လုပ်ခြင်းဖြင့် ယူကရိန်းစစ်ပွဲမှာ ရုရှားရဲ့ စစ်ရေး
ရည်မှန်းချက်တွေ ဖိအားမျိုးစုံ ကျရောက်ပြီး
စစ်ပွဲကနေ နောက်ဆုံး နောက်ဆုတ် သွားတဲ့အထိ လုပ်ဆောင်မယ်လို့ မျှော်လင့်ထားပုံရပါတယ် ။
ဒါပေမယ့်
မနက်ဖြန် သဘက်ခါ ဆင်းရတော့ ဘိုင်ဒင်
အတွက်တော့ ဘာမှ အပြောင်းအလဲ ဖြစ်လာဖို့
မလွယ်လှပါဘူး။

ဘာပဲဖြစ်ဖြစ် သင်ခန်းစာယူဖို့ကောင်းတာက
ဆီးရီးယား အရေး ကို ကြည့်ရင်
ကိုယ့် အိမ်နီးချင်းနိုင်ငံတွေထဲ မှာ ကိုယ့်ထက်အင်အားကြီးတဲ့နိုင်ငံတွေရှိနေပြီး ကိုယ့်ဆီမှာ
လည်း သူပုန်တွေ ရှိနေခဲ့မယ်ဆိုရင် သိပ်အန္တရယ်
များလှတယ် ဆိုတာကတော့ သင်ခန်းစာယူစရာပါ။

အောင်နိုင်သူ


Репост из: Kyaw Swar
နိုင်ငံရေး နိမ့်နေရင် စစ်ရေးအင်အားက
ကယ်တင်နိုင်တယ်။

စစ်ရေးနိမ့်သွားရင် နိုင်ငံရေး က မကယ်
နိုင်ပါဘူး။

ဆီးရီးယားအာဆတ်အစိုးရ

https://t.me/kyawswar49111




#5GWလား

ဆီးရီးယား အဖြစ်အပျက်က
မြန်ဆန်လွန်းပါတယ်၊
မျက်စိတစ်မှိတ်လျှပ်တစ်ပြတ်
အတွင်းမှာ ဖြစ်ခဲ့တာ၊
Fourth Generation Warfare
4GW မှာ Non State Actor
တွေဟာ မြေမသိမ်းနိုင်ဘဲ
တိုင်းပြည်ကို Failed State
ဖြစ်အောင်ပဲ လုပ်နိုင်တယ်
ဆိုတဲ့ ဝီလီယံစလင်း တို့ရဲ့
စစ်ရေးအယူအဆ က နိဂုံးချုပ်
သွားပြီလား။

ဒါမှ မဟုတ် ဒါဟာ 5GW
မျိုးဆက်ကို ကူးပြောင်လာပြီး
လား ဆိုတာကတော့ စစ်ပညာ
ရှင် တွေအတွက် တော့ ခေါင်းခဲစရာ
စိန်ခေါ်မှုတွေ ဖြစ်လာနေပြီ
ထင်ပါတယ်။

အောင်နိုင်သူ

5.4k 0 3 10 191

#အထိန်းကွပ်မဲ့နေတဲ့ကမ္ဘာကြီးဖြစ်ပြီလား

ဆီးရီးယား မြန်မာ ယူကရိန်း အစ္စရေး
အရေးအခင်းတွေကြည့်ပြီးတော့
ကမ္ဘာကြီး က အန္တရာယ်အကြီးဆုံးအချိန်
ကို ရောက်နေပြီလို့ မြင်မိတယ်။ ဆရာမိုးတင့်
ပြောသလို ကမ္ဘာကြီး က စစ်ဖြစ်ရမယ့်အချိန်
ကို ရောက်နေပြီ တဲ့ ။

ဘာကြောင့် ဒီလောက်တောင် စစ်မက်ထူပြော
ချိန်ရလာရသလဲလို့ ကျွန်တော် ဆန်းစစ်ကြည့်
တဲ့ အခါ ၂ ချက်ကို သတိပြုမိတယ်။

ပထမ အချက်က လူတွေရဲ့ အတ္တလောဘ
အာဏာလောဘကြီးမှုနဲ့ အတူ နိုင်ငံကြီးတွေ ရဲ့
အင်အားချိန်ခွင်ရှာအားပြိုင်မှု ကြောင့်
ဖြစ်ရတယ်လို့ ယူဆတယ်။

ဒုတိယ အချက်က ခေတ်မီ စစ်လက်နက်
နည်းပညာ ပေါက်ကွဲခေတ်ကို ရောက်လာနေ
တာကြောင့် ယူဆမိပါတယ်။

ဒီမှာ ပျောက်ဆုံးနေတဲ့ အချက်တစ်ချက်က
ကိုယ်ချင်းစာ တရား လို့ ခေါ်ရမယ့် စာနာစိတ်ကို
အခြေခံတဲ့ ဥာဏ်ပညာ အမြော်အမြင်နဲ့ ဖြေရှင်း
ဖို့ မေ့နေကြတာပဲ။ ဖြေရှင်းပေးနိုင်လောက်တဲ့
ကမ္ဘာ့ခေါင်းဆောင်တွေ မရှိသလို တစ်ချိန်က
ဩ ဇာ ရှိခဲ့ဖူးတဲ့ UN လို အဖွဲ့အစည်းကြီးက
လည်း ဘာလုပ်ပိုင်ခွင့် အခွင့်အာဏာ မှ ရှိမနေ
တော့ ဘဲ ဘေးရောက်သွားရတာ လည်း ပါပါ
တယ်။

အသိဥာဏ်ပညာ က လူတွေနဲ့ ခေတ်မီစစ်လက်နက်
နည်းပညာ ပေါက်ကွဲမှု ကို အထိန်းအထေ မလုပ်
နိုင်တော့ဘူး။အာဏာလောဘ မီးနဲ့ စစ်လက်နက်
နည်းပညာပေါက်ကွဲမှု က ကမ္ဘာကြီးကို မင်းမူလာ
တာ ဝမ်းနည်းစရာပါ။

တစ်ချိန်က ကမ္ဘာကြီး ကို ပြောင်းလဲစေခဲ့တဲ့ ခေတ်
တွေ ရှိခဲ့ဖူးတယ်။

အခုလည်း ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့တဲ့ ခေတ်
တစ်ခေတ် ကို ရောက်လာနေပြီ။

ဟိုတုန်းက ခေတ် ပြောင်းလဲမှုမှာ အသိဥာဏ်ပညာ
တနည်းပြောင်ရရင် အိုင်ဒီယိုလော်ဂျီ အားကောင်း
ခဲ့လို့ လူတွေရဲ့ ဒုက္ခကို ကယ်တင်နိုင်ခဲ့တယ်။

အခုခေတ်ပြောင်းလဲမှု က အိုင်ဒီယိုလော်ဂျီ အား
ကောင်းလာတာမဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲ
မှု က သာ အားကောင်းလာတာမို့ ကမ္ဘာကြီးမငြိမ်းချမ်း
ရတာလို့ ယူဆမိပါတယ်။လူ့အဖွဲ့အစည်း ရော
လူ့ယဥ်ကျေးမှုတွေ ပါ ပျက်စီးရတော့ မလို ဖြစ်လာ
ရတာဟာ မှန်ကန်တဲ့ အိုင်ဒီယိုလော်ဂျီ ငုတ်လျှိုး
ပျောက်ကွယ်လာလို့ပဲ။

ခေတ်ပြောင်းလဲမှု ကို လေ့လာကြည့်တော့
( ၁ ) ဘီ ၄ ရာစု ၅ ရာစု ၆ ရာစု ကာလတွေကို
အသိဉာဏ် ပေါက်ကွဲခေတ်လို့ ပညာရှင်တွေက
တင်စားကြတယ်။

အဲဒီခေတ် က ဗုဒ္ဓမြတ်စွာဘုရားပွင့်တယ်။
ဂျိမ်းဘာသာဘုရား မဟာဝီရ ၊ ဆိုကရေးတီး
အပါအဝင် ဂရိအတွေးအခေါ်ပညာရှင် အများ
အပြားထွက်ခဲ့သလို တရုတ်မှာ ကွန်ဖြူရှပ်
လောင်ဇူး ဆွန်ဇူ တို့ ဟာ လည်း အဲဒီခေတ်က
တွေးခေါ်ပညာရှင် အဖြစ် ဒီနေ့တိုင်ထင်ရှား
နေကြတယ်။ ဒီမိုကရေစီ ဆိုတာကလည်း
အဲဒီခေတ် က ဂရိက နေ စခဲ့တာ ဒီနေ့တိုင်
လူတွေရဲ့ သည်းခြေကြိုက်ဖြစ်တုန်းပဲ။

အသိဉာဏ်ပညာ အားကောင်းတဲ့ ခေတ်မို့
အဲဒီတုန်းက ကမ္ဘာကြီး က ငြိမ်းချမ်းခဲ့ပါတယ်။

( ၂ ) အေဒီ ၁၄ ရာစု ၁၅ ရီနေဆန်း(Renaissance)
ခေတ် ၊ ဥာဏ်သစ်အရေးတော်ပုံခေတ် လို့
ဆိုကြတယ်။

စာပေညာရှင်တွေနဲ့ ယဥ်ကျေးမှု
အနုပညာရှင်တွေ အများကြီး ထွက်ခဲ့တဲ့ခေတ်။
စာပုံနှိပ်စက်တွေ ပေါ်လာသလို
စာပေပညာရှင် ပီးထရတ်တို့ အီရပ်ဇမပ် တို့
အီတာလျံ ကဗျာဆရာကြီး ဒန်တီ တို့ ရှိတ်စပီးယား
နဲ့ လီယိုနာဒို ဒါဗင်ချီ တို့ ပေါ်ပေါက်ခဲ့သလို
သိပ္ပံပညာ မှာ လည်း ကော့ပါ့နီးကပ် တို့ ဂယ်
လီလီယို တို့ ဟာ တစ်ခေတ်ထူထောင်ခဲ့ကြတယ်။

အသိဥာဏျပညာနဲ့ သိပ်ပ ပညာ က Chance &
balance ဖြစ်လို့ ကမ္ဘာကြီး ငြိမ်းချမ်းခဲ့ပါသေးတယ်။

( ၃) ၁၈ ရာစု ၁၉ ရာ စု စက်မှုတော်လှန်ရေးခေတ်။
သိပ္ပံပညာအလွန်အမင်း ထွန်းကားလာပြီး အသိပညာ
မှေးမှိန်လာလို့ နယ်ချဲ့ ကျူးကျော်မှု တွေ ကြောင့်
စက်မက်ထူပြောလာတဲ့ ခေတ်ကို ပြန်ရောက်သွား
တယ်။

( ၄ ) ၂၁ ရာစု ဒီနေ့ခေတ် ကတော့ သတင်းနည်း
ပညာပေါက်ကွဲတဲ့ခေတ် ၊ AI နည်းပညာထွန်းကား
လာတဲ့ခေတ် ၊ ခေတ်မီစစ်လက်နက်နည်းပညာ
ပေါက်ကွဲလာတဲ့ ခေတ်လို့ ဆိုရမှာ ဖြစ်တယ်။

ဒီလို နည်းပညာတွေ အလွန်အမင်း
ကန့်သတ်မဲ့ တိုးတက်လာသလောက် တစ်ဖက်
ကနေ လုံးဝ မှေးမှိန်သွားတာက အသိဥာဏ်ပညာ
ရဲ့ အခန်းကဏ္ဍပဲ။ ဒီလို အသိဥာဏ်ပညာ က
သာ စာနာမှု တရားမျှတမှု လူသန်းဆန်မှုတွေနဲ့
ဖြေရှင်းပေးဖို့ လို အပ်ပါတယ်။သူ ဟာ
နည်းပညာပေါက်ကွဲခေတ် မှာ လူတွေ ရဲ့
လောဘ အတ္တ တွေကို ထိန်းထေ ပေးရန်တာဝန်
ရှိပေမယ့် လုံးဝ မလုပ်နိုင်တော့ တာ တွေ့ရတယ်။

ဒါကြောင့် ကမ္ဘာကြီးဟာ စစ်မက်တွေ ထူပြော
နေရတာပဲ။ မထိန်းပေးနိုင်ရင်တော့ ရှေ့လျှောက်
ပိုဆိုးဖို့ ပဲ ရှိတာမို့ ငြိမ်းချမ်းပါစေ ကမ္ဘာကြီးရေ
လို့ ပဲ ဆုတောင်းပေးရပါတော့မယ်။

အောင်နိုင်သူ

8k 2 16 6 268

Репост из: Kyaw Swar
Видео недоступно для предпросмотра
Смотреть в Telegram
ရန်သူကို ပြတ်ပြတ်သားသား ချေမှုန်းပြီး
စစ်ကို နိုင်အောင်တိုက် နိုင်သော ခေါင်းဆောင်ငယ်များ ဖြစ်ကြပါစေ။

https://t.me/kyawswar49111

4.1k 0 6 10 267
Показано 20 последних публикаций.