BREAKING NEWS - AA က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုကြောင့် အမ်း နပခ လက်နက် သိုလှောင်ရုံ မီးလောင်ပေါက်ကွဲ၊
▪️ စစ်ကောင်စီတပ်သား ၁၁ ဦးသေဆုံး
နိုဝင်ဘာလ ၁၁ ရက်
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့ နပခ ဌာနချုပ် လက်နက်သိုလှောင်ရုံကို AA က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုကြောင့် မီးလောင်ပျက်စီးသွားပြီး စစ်ကောင်စီတပ်သား ၁၁ ဦး သေဆုံးသွားကြောင်း စစ်ကောင်စီ စစ်ရေး သတင်းရင်းမြစ်က ပြောသည်။
နိုဝင်ဘာ ၁၀ ရက် ညနေ ၄ နာရီအချိန်ခွဲခန့်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည် ရှိရာ အမ်းမြို့ နပခရှိ လက်နက်သိုလှောင်ရုံကို AA က အာပီဂျီအပါအဝင် ရှော့တိုက်ဒုံး ၁၀လုံး ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း စစ်ကောင်စီ၏ စစ်ရေး သတင်းရင်းမြစ်တစ်ဦးက Western News ကိုပြောသည်။
"နပခကို ၁၀ လုံးထက်မနည်း ပစ်ပါတယ်။ အဲ့ဒီမှာ တစ်လုံးက လက်နက်သိုလှောင်ရုံကို ကျတယ်။ အဲ့ဒီတစ်ဆင့် ကျနော်တို့ ဗိုလ်မှူးနေတဲ့ နေအိမ် မီးလောင်သွားပါတယ်။ အစောင့်တပ်သားတွေ ၁၁ယောက် သေဆုံးပါတယ်။ တော်တော်များများ ဒဏ်ရာ ရကြပါတယ် "ဟုပြောသည်။
အဆက် - ⤵️⤵️