Theingi Nyunt (S'pore) dan repost
ရဲတပ်ဖွဲ့စခန်းငယ်တွေ၊ တပ်ရဲ့စစ်အတွေ့အကြုံနည်းတဲ့လက်ရုံးဝန်ထမ်းတပ်တွေ၊ နယ်မြေခံခြေလျင်/ခြေမြန်တပ်တွေ၊ မာကျောတဲ့ဂဏန်းတပ်မတွေကို အင်အားထောင်ချီစုပြီး တစ်ဆင့်ချင်းစီတိုက်ခိုက်ရင်း စစ်မြေပြင်အတွေ့အကြုံယူတာ၊ အောင်စိတ်သွင်းပေးတာတွေဟာဘယ်သူ့နည်းဗျူဟာလဲဆိုတာစဥ်းစားကြည့်ရင်နောက်ကွယ်ကလက်မဲကိုသိနိုင်ပါတယ်။
______
မီဒီယာနည်းဗျူဟာ
လက်ရှိမှာနစကအစိုးရနဲ့တပ်အပေါ် နိုင်ငံအနှံ့အပြားက လက်နက်ကိုင်အဖွဲ့အသီးသီး၊ နိုင်ငံရေးသဘောထားကွဲလွဲသူအသီးသီးက ဘုံရန်သူသဖွယ်ဝိုင်းဖိအားပေးကြတဲ့အထဲမီဒီယာအားနဲ့ဖိတာလည်းကဏ္ဍတစ်ခုပါဝင်ပါတယ်။အစိုးရဆန့်ကျင်တဲ့လက်နက်ကိုင်အကြမ်းဖက်သူအားလုံးဟာ စစ်အာဏာရှင်တော်လှန်သူတွေဖြစ်ကြောင်းအလုံးအရင်းနဲ့ပုံဖော်ထားကြပါတယ်။
တစ်ဘက်မှာတော့ အစိုးရပြန်ကြားရေးနဲ့တပ်ဘက်ကသတင်းထုတ်ပြန်ရေးဟာ ဗျူရိုကရေစီပုံစံတကျလေးဖင့်စွာနဲ့ သာမန်လောက်သာမီဒီယာတန်ပြန်ရေးဆောင်ရွက်နေခဲ့တာကြောင့် မြန်မာ့ပြည်တွင်းမီဒီယာစစ်ပွဲဟာတစ်ဖက်စောင်းနင်းဖြစ်နေတာထင်ရှားပါတယ်။
ဝါရင့်၊ အတွေ့အကြုံရင့်၊ ဘတ်ဂျက်များတဲ့မီဒီယာဘိုးအေကြီးတွေဖြစ်တဲ့ VOA၊ BBC တို့က အမှန်သတင်း ၈၀၊ နဝေတိမ်တောင်သတင်း ၂၀ နဲ့ပညာသားပါပါပါးပါးပုတ်လိုက်၊ ခေတ်သစ် ဧရာဝတီတို့လို Black media တွေက အမှန် ၅၀ အမှား ၅၀ အလုံးအရင်းနဲ့ထူထူပုတ်လိုက်ကစားရင်း နစကအစိုးရနဲ့ တပ်ကိုဖိနင်းထားနိုင်ခဲ့ပါတယ်။ အထက်ပါမီဒီယာတွေအားလုံးဟာလဲ အနောက်အထောက်အပံ့ခံ၊ အနောက်အခြေစိုက် ဒီမိုကရေစီလစ်ဘရယ်အစွန်းရောက်ဝါဒတွေ ဖြန့်ဖြူးရေးဌာနတွေဖြစ်နေတာကတိုက်ဆိုင်တာတော့မဟုတ်ပါဘူး။
ရခိုင်ပြည်နယ်မှာ နစကအစိုးရကိုဆန့်ကျင်တိုက်ခိုက်နေတဲ့ AA အဖွဲ့ဟာလည်းအထက်ပါမီဒီယာတွေနဲ့လမ်းစဥ်တူညီနေတဲ့အတွက်မီဒီယာစစ်ကူကိုအလုံးအရင်းနဲ့ရခဲ့ပါတယ်။ ယခင်က လူစိတ်ဝင်စားမှုနည်းပါးပြီးအတွေ့အကြုံနည်းတဲ့ ရခိုင်မီဒီယာတွေဟာလည်းမီဒီယာစစ်ပွဲမှာတဖြည်းဖြည်းအတွေ့အကြုံရလာပါတယ်။ ၂၀၁၉ ခုနှစ်နောက်ပိုင်းကာလတွေမှာတော့ AA အဖွဲ့ဟာ စစ်ရေးသတင်းတွေ၊ အောင်မြင်မှုသတင်းတွေနဲ့မီဒီယာတိုက်ပွဲအရှိန်ရလာခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးရဲ့အဆက်ဖြစ်တဲ့ ရခိုင်ပြည်နယ်ဘက်က AA ရဲ့တိုက်ပွဲဖော်ဆောင်မှုမှာလည်း စစ်မြေပြင်ကလှုပ်ရှားမှုတွေ၊ ရန်သူဘက်ကအထိနာ/မိမိဘက်ကအောင်မြင်တဲ့စိတ်ဓာတ်စစ်ဆင်ရေးပုံရိပ်တွေပါမှတ်တမ်းတင်ဝါဒဖြန့်ချိနိုင်ခဲ့တာတွေ့ရတဲ့အတွက် စစ်နဲ့မီဒီယာကို ပူးတွဲလက်နက်အဖြစ်တွဲသုံးလာနိုင်တဲ့အဆင့်ထိဖြစ်လာတာတွေ့ခဲ့ရပါတယ်။
______
နစကအာဏာထိန်းမှုနဲ့မြန်မာပြည်အစိတ်စိတ်အမွှာမွှာဖြိုခွဲရေးလမ်းစဥ်ဟာတိုက်ဆိုင်မှုမဟုတ်
၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက် ဧရာဝတီသတင်းဌာနမှာဖော်ပြထားတဲ့ AA ခေါင်းဆောင်ထွန်းမြတ်နိုင်အင်တာဗျူးမှာ ၂၀၂၅ ခုနှစ်မတိုင်မီအပြောင်းအလဲကြီးတစ်ခုခန့်မှန်းထားတယ်လို့ဆိုပါတယ်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလ DVB သတင်းဌာနနဲ့ TNLA အထွေထွေအတွင်းရေးမှူး တာဘုန်းကျော်အင်တာဗျူးမှာလည်း ၁၀၂၇ စစ်ဆင်ရေးအတွက် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ MNDAA+PDF၊ TNLA+PDF၊ AA+PDF၊ NUG နဲ့ MOD အောက်မှာရှိတဲ့ PDF၊ မရှိတဲ့ PDF၊ ဗမာလက်နက်ကိုင်အသစ်ဖြစ်တဲ့ BPLA၊ PLA၊ ကယားဘက်က KNDF တို့နဲ့ ၂ နှစ်အချိန်ယူပြင်ဆင်ခဲ့တယ်လို့ဆိုပါတယ်။
ထွန်းမြတ်နိုင်ပြောဆိုချက်အရ ၂၀၁၉ ခုနှစ်ဟာ NLD အစိုးရကာလဖြစ်လို့ လက်နက်ကိုင်အဖွဲ့တွေဟာ အာဏာမသိမ်းလဲ ၁၀၂၇ တိုက်ဖို့ပြင်ထားတယ်လို့နိုင်ငံရေးသုံးသပ်သူအချို့ကယူဆကြပါတယ်။
တကယ်တော့စေ့စပ်တဲ့စီမံချက်တစ်ခုအောက်မှာ ၂၀၁၅-၂၀၂၀ NLD အစိုးရလက်ထက်တပ်နဲ့အရပ်ဘက်သိသိသာသာကွဲထွက်သွားအောင်သွေးခွဲတာ၊ နိုင်ငံရေးပွတ်တိုက်မှုအကြီးကြီးဖြစ်အောင်နယ်ပယ်အသီးသီးက (အနုပညာရှင်၊ စာရေးဆရာ၊ ဟောပြောပွဲ၊ မီဒီယာ၊ ဆိုရှယ်နက်ဝပ်တွေ) တမင်ပြုလုပ်ခဲ့ကြတာ၊ အာဏာမထိန်းမဖြစ်ထိန်းအောင်ကြိုတင်ဆောင်ရွက်ထားတာ၊ အာဏာထိန်းမှုကြောင့် ဗမာလူငယ်တွေကို လက်နက်ကိုင်အဖွဲ့တွေဆီအင်အားတိုးအောင်ကြိုတင်စီမံထားတာ၊ လက်နက်/ရိက္ခာ/ခဲယမ်း(တရုတ်နိုင်ငံထုတ်မှတမင်ရွေးထားတာတွေ) နှစ်ချီ ကြိုတင်စုပုံထားတာတွေဟာ တိုက်ဆိုင်မှုမဟုတ်တဲ့ လက်မဲအဖွဲ့တွေရဲ့ conspiracy တွေဆိုတာဆက်စပ်ကြည့်ရင်သိနိုင်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက် ယူနန်ပြည်နယ်
ကူမင်းမြို့မှာပြုလုပ်ခဲ့တဲ့ နစကနဲ့ MNDAA အဖွဲ့ဆွေးနွေးမှုမှာလည်း တရုတ်ဖိအားကိုကြောက်ရပါတယ်ဆိုတဲ့ MNDAA ဘက်ကမဖြစ်နိုင်တဲ့တောင်းဆိုချက်တွေတမင်တောင်းဆိုခဲ့လို့သဘောတူညီမှုမရဘဲပွဲပျက်ခဲ့ပါတယ်။ နစကနဲ့ MNDAA ဆွေးနွေးပွဲမတိုင်မီကပွဲဖြစ်ဖို့ တရုတ်ဘက်က MNDAA အဖွဲ့ကိုကြိုတင်တွေ့ဆုံခဲ့ပါတယ်။ တရုတ်နဲ့တွေ့ဆုံမှုမှာ MNDAA အဖွဲ့က ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းသိမ်းထားတဲ့မြို့တွေကိုပြန်ဆုတ်ပေးဖို့သဘောတူထားတယ်လို့အတည်မပြုနိုင်တဲ့အတွင်းသတင်းတွေထွက်ခဲ့ပါတယ်။ တကယ်တမ်း နစကနဲ့ တွေ့ဆုံချိန်မှာတော့ နောင်ချိုကနေမူဆယ်၊ ချင်းရွှေဟော်အထိသိမ်းထားသမျှမြို့တွေလဲဆုတ်မပေးဘဲ အထူးဒေသ(၁) အုပ်ချုပ်မှု (MNDAA ရဲ့အုပ်ချုပ်မှုအောက်)