၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက် - ၁၅ ရက်အတွင်း ရန်သူထံမှ အကျိုးအမြတ် ရရှိမှုစာရင်း♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️
တိုင်းစစ်ဌာနချုပ်အလိုက်
ဒီဇင်ဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း တိုက်ပွဲသတင်းများနဲ့ အကြမ်းဖက်သမားများသေဆုံး၊ အရှင်မိ၊ အလင်းဝင်နဲ့ သိမ်းဆည်းရမိလက်နက်၊ ခဲယမ်းများ၊ အခြားပစ္စည်းများ ဇယားပေါင်းချုပ်အား ဖော်ပြလိုက်ပါတယ်။
-
ဒီစာရင်းဇယားထဲမှ High Light ထုတ် ပြောရရင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းက တိုက်ပွဲဖြစ်စဉ်များပဲ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၄ ရက်နေ့ကစပြီး အကြမ်းဖက်သူပုန်များက ကချင်ပြည်နယ်
ဗန်းမော်မြို့နယ်အတွင်း တပ်စခန်းများအား လာရောက်တိုက်ခိုက်ရာတွင် အကြမ်းဖက် KIA/PDF
(သေဆုံးမှုအနေဖြင့် ၁၈၇ ဦး ဒဏ်ရာရ ၂၂၈ ဦး)၊
မိုးမောက်မြို့နယ်တွင်း တိုက်ပွဲဖြစ်စဉ်များတွင် အကြမ်းဖက် KIA/PDF များ
(သေဆုံးမှုအနေဖြင့် ၈ ဦး ဒဏ်ရာရ ၂၄ ဦး)၊
မံစီမြို့နယ်အတွင်း တပ်စခန်းများအားလာရောက်တိုက်ခိုက်စဉ် အကြမ်းဖက် KIA/PDF
(သေဆုံး ၁ ဦး)၊ ဝိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲဖြစ်စဉ်တွင် အကြမ်းဖက် KIA/PDF
(သေဆုံးမှုအနေဖြင့် ၅ ဦး၊ ဒဏ်ရာရ ၂ ဦး) အထိရှိခဲ့သည်။ ကချင်ပြည်နယ်တိုက်ပွဲများအတွင်း
KIA/PDF များသေဆုံးမှု ၂၁၀ ဦးအထိရှိခဲ့၍ ဒဏ်ရာရ ၂၆၂ ဦးရှိခဲ့ကြောင်း တွေ့ရှိရပြီး ဗန်းမော်မြို့နယ်တွင် KIA/PDF အဖွဲ့မှ ခေါင်းဆောင်ပိုင်းများ အပါအဝင် အများအပြား သေဆုံး/ဒဏ်ရာရရှိခဲ့ကြောင်းတွေ့ရှိရပါသည်။
-
လက်ရှိအချိန်တွင် တပ်မတော်မှ ဗန်းမော်မြို့အား ဆက်လက်ထိန်းချုပ်ထားပြီး ဗန်းမော်မြို့နယ်အတွင်း ခိုအောင်းနေတဲ့ အကြမ်းဖက်သမားများကို လိုက်လံရှင်းလင်းလျက်ရှိပါသည်။-
မှတ်ချက်။
မြေပြင်သိမ်းဆည်းရမိ အလောင်းလက်နက်၊ ဝေဟင်ကင်းထောက်မှု၊ ဖမ်းဆီးရမိအကြမ်းဖက်များ၏ ထွက်ဆိုချက်များနှင့် ကြားဖြတ်သတင်းများမှ အရေအတွက်များကိုသာဖော်ပြထားသဖြင့် မြေပြင်ထိခိုက် သေဆုံးသည့်အရေအတွက်မှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။တိုက်ပွဲသတင်းစုံ