ပြည်တွင်းစစ် (၂)
ဆီးရီးယားမှာ ရတဲ့သင်ခန်းစာ တခုက ငွေကြေးတွေ လက်နက်တွေ ထောက်ပံ့ရုံနဲ့ စစ်ပွဲအောင်မြင်ရေးကို မဆောင်ကျဥ်းနိုင်ဘူး ဆိုတာပဲ။ အမေရိကန် Century Foundation မှထုတ်တဲ့ ၂၀၁၇ ခုနှစ် သုံးသပ်ချက်တခုမှာ အာဆတ် ဆန့်ကျင်ရေး ဆန္ဒပြပွဲများမှတဆင့် စစ်ပွဲတွေ ဖြစ်လာတဲ့အခါ ၂၀၁၁-၂၀၁၃ ပထမ သုံးနှစ်အတွင်း ဆီးရီးယားတော်လှန်ရေးသမားတွေကို ကာတာနိုင်ငံမှ အမေရိကန် ဒေါ်လာ သုံးဘီလျံ လှုဒါန်းခဲ့တယ်လို့ဆိုတယ်။ နောက်ပိုင်း အမေရိကန် ဝင်လာတဲ့အခါ စီအိုင်အေမှ တဆင့် ၂၀၁၃-၂၀၁၅ အတွင်း နှစ်စဥ် ဒေါ်လာ တဘီလျံခန့် တန်ဖိုးနဲ့ ညီမျှမယ့် လက်နက်တွေ ထောက်ပံခဲ့တယ်တဲ့။ တူရကီ၊ ဆော်ဒီနဲ့ ပင်လယ်ကွေ့နိုင်ငံတွေနဲ့ ဥရောပပါ ပေါင်းလိုက်ရင် ဒေါ်လာ ဘီလျံဆယ်ဂဏန်း ကပ်နေမယ်။ ပြီးတော့ Friends of Syria ဆိုပြီး UN အပါအဝင် နိုင်ငံတကာအဖွဲ့တွေ/နိုင်ငံတွေ စုဖွဲ့အားပေးကြတဲ့ အဖွဲ့မှာ နိုင်ငံပေါင်း ၁၀၀ ကျော် ပါဝင်ခဲ့တယ်။ အခြားတဖက်မှာ ရုရှားနဲ့ အီရန်က အာဆတ်ကို ကျားကန်ပေးထားတာရှိ။ သို့သော် အာဆတ် ပြုတ်မကျခြင်းဟာ ရုရှားနဲ့ အီရန်ကြောင့် မဟုတ်ဘဲ ရက်ရောတဲ့ အကူအညီတွေ အကြားမှာ တော်လှန်ရေး သမားများ အချင်းချင်း ညီညွတ်မှု မရှိတာကြောင့်လို့ ဆိုတယ်။ “ကျနော်တို့ရဲ့ ပါတနာတွေ ကလည်း ရနိုင်သမျှ အကုန်လုံး ပစ်ထည့်ကူညီကြတာ အများစုဟာ မလိုလားအပ်သူတွေ လက်ထဲ ရောက်ကုန်တယ်” လို့ အိုဘားမား လက်ထက်မှာ လက်ထောက် ကာကွယ်ရေးဝန်ကြီး လုပ်ခဲ့တဲ့ Derrek Chollet (ခုမြန်မာကိစ္စအတွက် နိုင်ငံခြားရေးဌာန အတိုင်ပင်ခံအဖြစ် အာဆီယံနဲ့ ဂျပန်ကို ခရီးလှည့်နေတဲ့ ကိုချိုလေးပေါ့) က ငြီးတွားခဲ့တယ်တဲ့။ ချိုလေးပြောတဲ့ မလိုလားအပ်သူတွေဆိုတာ နောက်ပိုင်းမှာ အိုင်ဆစ်ဖြစ်လာပြီး အားလုံးမျက်လုံးပြူးကုန်တဲ့ အထိ ခြိမ်းခြောက်နိုင်ခဲ့တယ် မဟုတ်လား။
မြန်မာဖက်ကို ပြန်ကောက်ရင် စစ်ပွဲတွေ မြန်မြန်ဆန်ဆန် အရှိန်ရလာဖို့ မဟာမိတ် နိုင်ငံတွေဆီက ငွေကြေး/လက်နက်အကူအညီရအောင် ဆက်လက်ဖိအားပေးရမှာ ဖြစ်ပေမဲ့ ဒါဟာ အစိတ်အပိုင်း တခုမျှသာ။ ဒါဆို အောင်ပွဲအတွက် အဆုံးအဖြတ်က ဘယ်မှာလဲ။ ဒီနေရာမှာ ကိုးကားစရာ တခုက ယူဗယ် ဟာရာရီရဲ့ “တော်လှန်ရေးတခု အောင်မြင်ဖို့ တော်လှန်ရေး ဘက်တော်သား အချင်းချင်း မည်မျှ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်သလဲ မေးရန်လိုတယ်” ဆိုတဲ့ စကားပဲ။ အဓိပ္ပါယ်က CRPH/NUG/PDF တွေ/EAO တွေ/CSOတွေအကြား ထိရောက်တဲ့ ချိတ်ဆက်တိုက်ပွဲဝင်နိုင်မှုဟာ အောင်ပွဲအတွက် အဖြေဖြစ်တယ်။ ဧပြီလဆန်းမှာ ထုတ်ပြန်ခဲ့တဲ့ ဖက်ဒရယ်ချာတာဟာ အဲ့သလို ချိတ်ဆက်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဖောက်ခဲ့တဲ့ အဝေးပြေးလမ်းပဲ။ ပဋိညာဥ်ကို အခြေခံ ပေါ်ပေါက်လာတဲ့ နျူဂျီဟာ ထိုအဝေးပြေးလမ်း စည်ကားအောင် စီမံခန့်ခွဲရမယ့် အဖွဲ့အစည်းဖြစ်တယ်။ ဖက်ဒရယ်ချာတာ ထုတ်ပြန်ပြီး ခြောက်လကြာသည်အထိ အရေးပေါ် အကူအညီပေးခြင်းမှလွဲလို့ နျူဂျီအပါအဝင် EAO များ CSO များ ပါဝင်ထုတ်ပြန်တဲ့ ကြေညာချက် တစောင်မျှ ထွက်မလာနိုင်ခြင်းဟာ အဝေးပြေးလမ်းရဲ့ လက်ရှိအခြေအနေပဲ။ ဒါဆို ဘာဆက်လုပ်ရမလဲ။
OCTOPUS Facebook Page:
https://www.facebook.com/octopusyangon/
OCTOPUS Telegram Channel:
https://t.me/OCTOPUSMYANMAR
#OCTOPUS #ရေဘဝဲ #SKHN #articles