မှိုင်းဝေ dan repost
တရားဝင်အသိအမှတ်ပြုပေးဖို့ဆိုတဲ့မဖြစ်နိုင်တဲ့တောင်းဆိုချက်ကိုတောင်းဆိုခဲ့တာကြောင့်ပွဲပျက်သွားခြင်းဖြစ်ကြောင်းမီဒီယာတွေမှာဖော်ပြခဲ့ကြပါတယ်။
AA အဖွဲ့ဟာလည်းတရုတ်ဘက်ကခေါ်ယူဖိအားပေးထားချိန်မှာပဲ လက်ရှိ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ၈ ရက်နေ့မှာ မောင်တောမြို့နယ် အမှတ်(၅)နယ်ခြားစောင့်စခန်း(နခခ-၅)၊ ၁၄ ရက်မှာ တောင်ကုတ်အခြေစိုက် အမှတ်(၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၅)၊ ၂၀ ရက်မှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) အမ်းတို့ကိုဆက်လက်တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။ ဂွမြို့ကိုလည်းပြင်းပြင်းထန်ထန် ဆက်လက်တိုက်ခိုက်လျက်ရှိပြီး ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းရဲ့နယ်ခြားအထိ နယ်မြေသိမ်းပိုက်ထိန်းသိမ်းဖို့ဆောင်ရွက်နေပါတယ်။
AA ဟာ ခရိုင် ၆ ခု (မောင်တော၊ မြောက်ဦး၊ အမ်း၊ တောင်ကုတ်၊ သံတွဲ၊ ပလက်ဝ)၊ မြို့နယ် ၁၄ မြို့နယ် (ပလက်ဝ၊ ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဍားကျွန်း၊ ပေါက်တော၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်း၊ ရမ်းဗြဲ၊ တောင်ကုတ်၊ သံတွဲ) သိမ်းပိုက်ထားပြီးပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်ကျွန်း ၃ မြို့နယ်ပဲကျန်ပါတယ်။ စစ်တွေဟာ အိန္ဒိယရဲ့ ကုလားတန်မြစ်ကြောင်းဘက်စုံသုံးစီမံကိန်းရှိရာမြို့ဖြစ်သလိုပြည်နယ်မြို့တော်လည်းဖြစ်ပါတယ်။ ကျောက်ဖြူဟာ တရုတ်နိုင်ငံရဲ့ CMEC အထူးစီးပွားရေးဇုန်အကျိုးစီးပွားနေရာဖြစ်ပါတယ်။ ပထဝီအနေအထားအရတရုတ်နိုင်ငံနဲ့နယ်နိမိတ်ကပ်လျက်လည်းမဟုတ်၊ မှီခိုအားထားမှုများများစားစားလည်းမရှိတဲ့အတွက် AA အပေါ် တရုတ်နိုင်ငံရဲ့ဖိအားဟာ MNDAA၊ TNLA တို့လောက်မသက်ရောက်ဘူးဆိုပေမဲ့အတိုင်းအတာတစ်ခုထိတော့သက်ရောက်မှုရှိပါတယ်။ ဒီဇင်ဘာလ ၁ ရက် တရုတ်နိုင်ငံ ထိန်ချုန်းမြို့က တရုတ်နဲ့ AA တွေ့ဆုံမှုမှာလည်း " ငြိမ်းချမ်းရေးတည်ဆောက်ရေး၊ တိုက်ပွဲရပ်စဲရေး၊ တရုတ်စီမံကိန်းများလုံခြုံရေး " ဆိုတဲ့ အချက်တွေ ဆွေးနွေးခဲ့ကြပါတယ်။ မာန်အောင််ကတော့ရေတပ်စခန်းဌာနချုပ်အခြေပြုထားတဲ့ကျွန်းဖြစ်လို့အလွယ်တကူတိုက်လို့မရနိုင်ပါဘူး။ ဒါကြောင့်အထက်ပါသုံးမြို့ကိုပိတ်ဆို့ခြိမ်းခြောက်ထားပြီး လိုချင်တဲ့ နိုင်ငံရေးအရတရားဝင်မှုတောင်းဆိုဖို့ဖြစ်နိုင်ချေရှိပါတယ်။
ဘယ်လိုပဲပြောပြော နစကကိုဆန့်ကျင်တဲ့အုပ်စုအသီးသီးက သက်ဆိုင်ရာနယ်မြေအလိုက် စစ်ရေးအောင်မြင်မှုရပြီး အနိုင်ရမဲ့ဖဲချပ်တွေကိုယ်စီကိုင်ထားပြီးဖြစ်ပါတယ်။ နစကဘက်ကတော့ ပြည်မကအဓိကမြို့ကြီးတွေကိုချုပ်ကိုင်ထားတာ၊ နိုင်ငံရဲ့တရားဝင်အုပ်ချုပ်သူအဖြစ်မဟာမိတ်နိုင်ငံတွေကြားတရားဝင်မှုရှိနေတာ၊ လေကြောင်းအင်အားသာနေတာတွေသာရှိပါတယ်။ နားထောင်ရတာခါးသီးပေမဲ့လက်တွေ့အမှန်တရားဖြစ်နေတဲ့ Real politics သဘောအရတော့ အင်အားကြီးသူသာစတမ်း၊ စစ်နိုင်သူသမိုင်းရေးထိုးကြစတမ်းဖြစ်တာမို့ မိမိသမိုင်းကောင်းချင်ရင် မိမိမှာရှိတဲ့အားနည်းချက်တွေကိုပြင်ဆင်၊ သာချက်တွေကိုမြှင့်တင်ပြီးအင်အားကြီးမားကြောင်းပြသဖို့သာအရေးကြီးဆုံးဖြစ်ပါလိမ့်မယ်။
၂၁.၁၂.၂၀၂၄
Geopolitics Admin