Hlaing Info


Kanal geosi va tili: Myanma, Birmancha
Toifa: Siyosat


We are committed to bringing unbiased and accurate news to the people of Myanmar. We believe in freedom of speech, freedom of expression and freedom of thought. We will always strive to ensure the people’s right to information.
www.hlaing.net

Связанные каналы  |  Похожие каналы

Kanal geosi va tili
Myanma, Birmancha
Toifa
Siyosat
Statistika
Postlar filtri


Hlaing Info မှ ထိုင်းထီကံထူးသူ 🍀

အရင်အပတ်က ဘတ်လေးသောင်းတဦး၊ ယခုအပတ် ဘတ်နှစ်သောင်းကံထူးရှင်တဦးထပ်ပါပြန်ပြီ 💃💃💃

နောက်ထပ် ကံထူးသူများလည်း ရှိနေပါသေးတယ်။

#HlaingInfo


မြင်းခြံရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး အမျိုးသမီး ၁ ဦးကို ပစ်သတ်၍ နေအိမ် ၃၀ ခန့်ကိုမီးရှို့ဖျက်ဆီး၊ စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု အရာရှိ ၁ ဦး အပါအဝင် စစ်ကောင်စီ တပ်သား ၁၃ ဦးသေဆုံး

ဒီဇင်ဘာလ ၁ ရက်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး အမျိုးသမီး ၁ ဦးကို သေနတ်ဖြင့် ပစ်သတ်၍ နေအိမ် ၃၀ ခန့်ကိုမီးရှို့ဖျက်ဆီးကာ စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခြင်းကြောင့် အရာရှိ ၁ ဦး အပါအဝင် စစ်ကောင်စီ တပ်သား ၁၃ ဦးသေဆုံးခဲ့ကြောင်း ရွှေခြံသားပြောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် အစောပိုင်းတွင် မြင်းခြံမြို့နယ်၊ သစ်ရုံရွာကို တိတ်တဆိတ် ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူပိုင် နေအိမ်များကို ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာအတွင်းမှ ထွက်ပြေးတိမ်းရှောင်နိုင်ခြင်းမရှိသော အသက် ၆၀ အရွယ် အမျိုးသမီး သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည်ကျေးရွာအတွင်းရှိ နေအိမ် ၂၅ လုံးခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ်အတွင်းရှိ ပစ္စည်းများကိုလည်း ခိုးယူလုယက်သွားကြောင်း သိရှိရသည်။
အဆိုပါ စစ်ကြောင်းသည် ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာသွားပြီးနောက် မြင်းခြံ-နဘူးအိုင် လမ်းပိုင်းရှိ ကုက္ကဲရဲစခန်း အနီး ရောက်ရှိနေစဉ်‌ တော်လှန်ရေး တပ်ဖွဲ့များက အသင့်စောင့်ဆိုင်းပြင်ဆင်ပြီး ပဒေသာမိုင်းအတွဲဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် စစ်ကောင်စီတပ်သား ၁၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
"မနေ့က မနက်ခင်းက ခွေးစစ်ကြောင်းက အင်အား ၆၀ ကျော်လောက်နဲ့ ရွာထဲကို တိတ်တဆိတ်ကို ခိုးဝင်လာတာ သူတို့ဝင်လာတဲ့ အချိန် ရွာထဲက နေအိမ်တွေက ပစ္စည်းတွေကို မွှေနှောက်ယူဆောင်တယ်။ သူတို့ဝင်လာတာသိတော့ ပြေးတဲ့သူက ပြေးကျတာပေါ့။ အဲမှာ မပြေးနိုင်တဲ့ အသက် ၆၀ အရွယ် အမျိုးသမီးပေါ့။ အဲမျိုးသမီးက လေဖြတ်ထားဖူးတော့ သိပ်မသန်ဘူး။ သူ့ကို ပစ်သတ်သွားတာ ဖမ်းဆီးခံရတဲ့ သူတော့မရှိပါဘူး။ ရွာကို မီးရှို့သွားတယ်။ ဘာအကြောင်းမှလည်းမရှိဘဲနဲ့ ရွာကို ဝင်ရောက် ဖျက်ဆီးတာ ၂၅ အိမ်လောက်ပါသွားတယ်။ သူတို့ ခိုးကြောင်ခိုးဝှက်နဲ့ ပြန်ထွက်သွားပြီးတော့ ကျွန်တော်တို့ လိုက်စုံစမ်းတဲ့ အခါမှာ ခွေးစစ်ကြောင်းက ကုက္ကဲစခန်းထဲ ပြန်ဝင်တော့မယ်ဆိုတော့ သူဆို့ ရောက်တဲ့နေရာသိနေတော့ ကြိုပြီးစောင့်နေပြီးတော့ သူတို့က မိုင်းကွင်းထဲ ရောက်နေတဲ့ အခါမှာ အသေအပျောက်များသွားတယ်။ နေရာမှာပင် ၁၃ ဦး ကောင်သေတယ်။ ဒဏ်ရာရတဲ့ သူတွေတော်တော်များတယ်။ ခွေးစစ်ကြောင်းက အထိနာတော့ စက်လက်တွေပါ သုံးပြီး တိုက်ပွဲဖြစ်နေသလိုကို ပစ်ခတ်သွားတာ ပြည်သူတွေနဲ့ တော်လှန်ရေး ရဲဘော်တွေတော့ ထိခိုက်မှုမရှိပါဘူး" ဟု ရွှေခြံသားပြောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ထို့သို့ မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကုက္ကဲရဲစခန်း အနီးရှိ ဒရောကြီးရွာကိုလည်း ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ်များကို ထပ်မံ ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဒရောကြီးရွာမှ ပြည်သူပိုင် နေအိမ် ပျက်စီးမှုကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက လက်ရှိချိန်ထိ ကုက္ကဲရဲစခန်းထဲတွင် တပ်စွဲထားကြောင်း သိရသည်။

#KTM
#HlaingInfo


စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို လမ်းမှားရောက်သွားတဲ့ ခဲယမ်းပစ္စည်းတွေသယ်လာတဲ့ကား ဖမ်းဆီးခံလိုက်ရ

ဒီဇင်ဘာလ ၁ ရက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အရှေ့ဘက်၊ စံပယ်နံသာကျေးရွာအနီး ရွှေဘို-မြစ်ကြီးနားလမ်းပေါ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ တော်လှန်ရေးအဖွဲ့တွေရဲ့ ခဲယမ်းနဲ့ဆက်စပ်ပစ္စည်းအများအပြား ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသတော်လှန်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။

နိုဝင်ဘာ ၃၀ ရက် မနေ့ နေ့လယ် ၁၂ နာရီခန့်မှာ တော်လှန်ရေးအဖွဲ့တွေရဲ့ခဲယမ်းပစ္စည်းတွေ တင်ဆောင်လာတဲ့ကား ၂ စီး ဟာ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို လမ်းမှားပြီးရောက်သွားရာက ၁ စီး ဖမ်းဆီးခံလိုက်ရတာလို့ ဆိုပါတယ်။

" ကားက ၂ စီး။ ၁ စီးပဲ အဖမ်းခံလိုက်ရတာ။ စကစတွေ တွေ့ချိန် ကားတွေကနောက်ပြန်လှည့်တာ ၁ စီးက ညှပ်ပြီးတော့ ကျန်ခဲ့တာ။ ကျန်ခဲ့တဲ့ ကားပေါ်မှာ ပစ္စည်းတွေကျန်ခဲ့တာ"လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

လွတ်မြောက်သွားတဲ့ ကားမှာလိုက်ပါလာတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦးမှာ ကန့်ဘလူနယ်အတွင်းက ဒေသကာကွယ်ရေးအဖွဲ့တခုထံမှာ ရောက်ရှိနေပြီးဖမ်းဆီးခံလိုက်ရတဲ့ကားကိုမောင်းနှင်လာတဲ့ တပ်ဖွဲ့ဝင် ၁ ဦးကတော့ ထွက်ပြေးနေရင်း အဆက်အသွယ်မရသေးဘဲ ပျောက်ဆုံးနေသေးတယ်လို့ ဆိုပါတယ်။

အဆက်-⤵️⤵️


ဟားခါး-ထန်တလန်အကြား စစ်ကောင်စီစခန်း ၃ ခုကို ချင်းပြည်အစိုးရတပ်ဖွဲ့က တစ်ရက်တည်းမှာ သိမ်းပိုက်

ဒီဇင်ဘာလ ၁ ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့နဲ့ ထန်တလန်မြို့ကြားက စခန်း ၃ ခုကို နိုဝင်ဘာ ၃၀ ရက်နေ့မှာ ချင်းပြည်နယ်အစိုးပူးပေါင်းတပ်က သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

ချင်းပြည်အစိုးရပူးပေါင်းတပ်တွေက နိုဝင်ဘာ ၃၀ ရက် ဟားခါးမြို့အနီးက လွှာဗာဇုန်းစခန်း၊ သီမစ်ချောင်းတံတားအနီးက အွန်ပူပွက်နာခ်တောင်စခန်း နဲ့ နောန်ကျဲခ်ကုန်းစခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

"အဓိက ကတော့ ဟားခါးမြို့ ကာကင်းစခန်းတွေကို သိမ်းတာပေါ့" လို့ တော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

လွှာဗာဇုန်းစစ်ကောင်စီစခန်းကို သိမ်းပိုက်ရာမှာ စစ်ကောင်စီဘက်က အရာရှိနှစ်ဦးအပါအဝင် ၁၀ ယောက်ကျော်သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။စခန်းသိမ်းတိုက်ပွဲကနေ စစ်သုံ့ပန်း ၁၉ ဦးနဲ့ လက်နက် ၃၀ ကျော်ကိုသိမ်းဆည်း ရရှိခဲ့တယ်လို့ သိရပါတယ်။

အဆက် - ⤵️⤵️


ညောင်လေးပင်ခရိုင်တွင် စစ်တပ် ထောင်ထားသော မိုင်းနင်းမိပြီး အသက် ၅ နှစ်အရွယ် ကလေးငယ်နှင့် ဖခင်ဖြစ်သူတို့ သေဆုံး၊

▪️စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ဘုန်းကြီးကျောင်းများ ပျက်စီး


ဒီဇင်ဘာလ ၁ ရက်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်တွင် အကြမ်းဖက် စစ်တပ် ထောင်ထားသော မိုင်းနင်းမိပြီး အသက် ၅ နှစ်အရွယ် ကလေးငယ်နှင့် ဖခင်ဖြစ်သူတို့ သေဆုံးပြီး စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ဘုန်းကြီးကျောင်းများ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

နိုဝင်ဘာလ  ၂၃ ရက်နေ့တွင် မူးမြို့နယ်၊ သေဂေးလူ (ရင်းတိုက်ကုန်း) ကျေးရွာ၌ ရောက်ရှိနေသော အကြမ်းဖက် စစ်တပ်က ရေလဲဗမာကျေးရွာ အတွင်းကို ဒရုန်းဖြင့် ၂ ကြိမ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ကုန်းချောင်းဝ၌ နေရာယူထားသော အကြမ်းဖက် စစ်တပ်က ဟော်ခိုဝေါ (ငထွေစုတ်) ကျေးရွာကို ဟောင်ဝှစ်ဇာ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆက် - ⤵️⤵️


၂၀၂၄ မှ အလင်းဝင်လာတဲ့ ပညာရေးဝန်ထမ်းတွေကို  ခြောက်လ စာသင်ခွင့် ဆိုင်းငံ့

ဒီဇင်ဘာလ ၁ ရက်

၂၀၂၄ ခုနှစ်မှသာ အလင်းဝင်လာတဲ့ ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က ပညာရေးဝန်ထမ်းတွေကို CDM ဝန်ထမ်းတွေနဲ့ တန်းတူအခွင့်အရေးမပေးဘဲ ခြောက်လ စာပြန်သင်ခွင့် ဆိုင်းငံ့ထားပြီး ခြောက်လကျော်လွန်လို့ စာသင်ချင်ပါက လိုအပ်တဲ့ ကျောင်းမှာ သင်ခွင့်ပေးထားတယ်လို့ ဖယ်ခုံမြို့နယ် ပညာရေးဘုတ်အဖွဲ့ထံကနေ သိရပါတယ်။

စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်လိုစိတ် မရှိတော့တာကြောင့် ၂၀၂၄ ခုနှစ်အတွင်း ဖယ်ခုံပညာရေးဘုတ်အဖွဲထံ အလင်းဝင်ရောက်လာတဲ့ဝန်ထမ်း ၁၈ ဦး ရှိနေပြီး အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး ၁၆ ဦးဖြစ်တယ်လို့ ဖယ်ခုံမြို့နယ်ပညာရေးဘုတ်မှ နိုဝင်ဘာလ ၃၀ ရက်က ထုတ်ပြန်ပါတယ်။

“အစကတည်းက CDM ဝင်လာတဲ့ ဝန်ထမ်းတွေလိုတော့ အခွင့်ရေးမတူဘူးဆိုတာ ပြောထားပြီးသားပါ၊ သူတို့ကို လက်ရှိမှာတော့ ဒေသစိုးမိုးမှုရှိတဲ့နေရာမှာ နေထိုင်ခွင့်ပြုထားပါတယ်။ တခြား လုံခြုံမှုမရှိတဲ့ဒေသကို သွားနေရင်တော့ တာဝန်မယူကြောင်းကိုလည်း ပြောထားပါတယ်” လို့ ဖယ်ခုံမြို့နယ်ပညာရေးဘုတ်အဖွဲ့ရဲ့  ပြန်ကြားရေးတာဝန်ခံက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

အဆက် - ⤵️⤵️


ညောင်ဦးတွင် စစ်ကောင်စီတပ်လက်အောက်ခံ စသုံးလုံးအရာရှိများနှင့်ပူးပေါင်းကာ ဓားပြမှု ကျူးလွန်ထားသူ ၁ ဦးကို တော်လှန်ရေးတပ်များက  ဖမ်းမိ

ဒီဇင်ဘာလ ၁ ရက်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ် လက်အောက်ခံ စသုံးလုံးအရာရှိ များနှင့်ပူးပေါင်းပြီး ဓားပြမှုကျူးလွန်သူတစ်ဦးကို ဖမ်းဆီးထားကြောင်း ညောင်ဦးမြို့နယ် ပကဖ တာ ဝန်ခံ ကိုဇီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့က ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ စသုံးလုံးအရာရှိများ ပူးပေါင်းပါဝင်သည့် အဖွဲ့ဝင် ၇ ဦးပါအဖွဲ့တစ်ဖွဲ့က  ဓားပြ တိုက်မှုကျူးလွန်ခဲ့ရာ ငွေသား သိန်းတစ်ထောင်ကျော်နှင့် လက်ဝတ်ရတနာပစ္စည်းများပါသွား ကြောင်း ဓားပြတိုက်ခံရသူ၏ တိုင်ကြားချက်အရ ညောင်ဦးမြို့နယ်ပကဖက  စုံစမ်းဖော်ထုတ်ခဲ့ရာ ကကြဲကျေးရွာနေ လှယမင်းဆိုသူကို ဖမ်းမိခဲ့ကြောင်း သိရသည်။

အဆက် -⤵️⤵️


ကမာရွတ်မီးလောင်မှု ‌လူတဦးသေဆုံး

ဒီဇင်ဘာလ ၁ ရက်

ရန်ကုန်၊ကမာရွတ်မြို့နယ်တွင် ယမန်နေ့ (နိုဝင်ဘာ ၃၀ ) ညက  မီးလောင်ခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။

ကမာရွတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ရတနာမြိုင်လမ်းနှင့် ဗဟိုလမ်းထောင့်မှ နေအိမ်တွင် နိုဝင်ဘာလ ၃၀ရက်ည ၉နာရီ၄၀ မိနစ်တွင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

"သွပ်တွေအောက်မှာ ပိပြီး သေဆုံးနေတာ။ အမျိုး
သားတစ်ဦးပါ။ မီးငြှိမ်းရာမှာ ရေမလုံလောက်တာတွေ ရှိခဲ့တယ်" ဟု ဗဟိုလမ်းနေသူတစ်ဦးကပြော
သည်။

ဆယ်နာရီခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း  မီးသတ်ဌာနကသတင်းထုတ်ပြန်ထားသည်။ လူသေဆုံးမှုကို ထုတ်ပြန်ထားခြင်းမရှိသေးပေ။

သိုသော် မီးလောင်မှု၌ အသက်၃၀ကျော်အရွယ်အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း လူမှုကူညီအသင်းတာဝန်ရှိသူတစ်ဦးကပြောသည်။

လျှပ်စစ်ဝါယာလျှောကြောင့်မီးလောင်ရခြင်းဟု ဒေသခံအချို့ကပြောသည်။

(မီး​လောင်ကျွမ်း​နေစဥ် ။ဓါတ်ပုံ-မီးသတ်တပ်ဖွဲ့)
#LNO
#HlaingInfo


ကမ္ဘောဒီးယားနိုင်ငံရှိ လယ်ယာစိုက်ပျိုးရေးနှင့် စက်ရုံ၊ အလုပ်ရုံများက  အခြေခံ အလုပ်များအတွက်  မြန်မာအလုပ်သမား ခေါ်ယူလာပြီး လုပ်ခလစာ သက်သာ၍ မြန်မာများကို စတင်ခေါ်ယူရန် ကမ်းလှမ်း

ဒီဇင်ဘာလ ၁ ရက်

အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သော ကမ္ဘောဒီးယားနိုင်ငံရှိ လယ်ယာစိုက်ပျိုးရေးနှင့် စက်ရုံ၊ အလုပ်ရုံများက အခြေခံ အလုပ်များအတွက်  မြန်မာအလုပ်သမား ခေါ်ယူလာပြီး လုပ်ခလစာ သက်သာ၍ မြန်မာများကို စတင်ခေါ်ယူရန် ကမ်းလှမ်းလာကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ကမ္ဘောဒီးယားရှိ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများတွင် အခြေခံအလုပ်သမား ရှားပါးမှု ရှိနေပြီး ယင်းအတွက် မြန်မာအလုပ်သမားများကို စတင်ခေါ်ယူလာခြင်းဖြစ်ကြောင်း၊ လတ်တလော ကမ္ဘောဒီးယားရှိ အေဂျင်စီတချို့က မြန်မာနိုင်ငံမှ အလုပ်အကိုင်အေဂျင်စီတချို့နှင့် ချိတ်ဆက်ကာ အလုပ်သမား ခေါ်ယူလာကြောင်း၊ ပြည်ပအလုပ်အကိုင်အေဂျင်စီ ဝန်ဆောင်ခမှာမူ Zero Cost ဖြစ်ကြောင်း သိရှိရသည်။

အဆက် - ⤵️⤵️


နှစ်ဖက်တပ်တွေ ပြန်ဆုတ်ဖို့ မွန်ပြည်သစ်ပါတီနဲ့ DKBA တို့ သဘောတူ

ဒီဇင်ဘာလ ၁ ရက်

ဂိတ်စခန်းတည်ဆောက်မှုကြောင့် စစ်ရေးတင်းမာခဲ့တဲ့ မွန်ပြည်သစ်ပါတီ NMSP နဲ့ ဒီမိုကရေစီအ ကျိုးပြု ကရင့်တပ်မတော် DKBA တို့ဟာ နှစ်ဖက်တပ်တွေ ပြန်ဆုတ်ဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။

DKBA တပ်ဖွဲ့ဘက်က ထိုင်း-မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူနဲ့ ဂျပန်ရေတွင်းကျေးရွာအကြားမှာ ဂိတ်စခန်းအသစ်တစ်ခု တည်ဆောက်လာတဲ့အတွက် မွန်ပြည်သစ်ပါတီ NMSP နဲ့ နှစ်ဖက်စစ်ရေးတင်း မာခဲ့တာပါ။

DKBA တပ်ဖွဲ့ဘက်က တည်ဆောက်နေတဲ့ ဂိတ်စခန်းဟာ မွန်ပြည်သစ်ပါတီ NMSP ဂိတ်စခန်းနဲ့ ၂၅၀ မီတာလောက်သာ ကွာဝေးတာကြောင့် မွန်ပြည်သစ်ပါတီက တားမြစ်ပေမယ့် ဆက်လက်လုပ်ဆောင်တဲ့အတွက် စစ်ရေးတင်းမာခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် နိုဝင်ဘာ ၂၇ ရက်နေ့မှာ DKBA တပ်ဖွဲ့ဘက်က မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ဓမ္မဝိဟာရဘုန်းကြီးကျောင်းအနီးတဝိုက်အပါအဝင် နေရာလေးခုမှာ ဝင်ရောက်နေရာယူခဲ့တဲ့အတွက် စစ်ရေးပိုမိုတင်းမာခဲ့တာပါ။

အဆက် - ⤵️⤵️

5k 0 2 4 101

" ခေါင်းဆောင်တွေမှားရင် မှားတာကို ဝန်ခံခိုင်းပြီး တာဝန်ယူဖြေရှင်းခိုင်းတဲ့ အလေ့အကျင့်မျိုး မပျိုးထောင်ပဲ၊ ခေါင်းဆောင်သိက္ခာအတွတ် ဆင်ခြေတွေပေးပြီး အမှားကိုကွယ်ဝှက်တဲ့ အလေ့အကျင့်မျိုးမွေးနေရင် လူလိမ်ခေါင်းဆောင်မျိုးဆက်တွေ ဆက်လက် ပေါက်ဖွားလာလိမ့်မယ်။ "

      ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်

နေ့စဉ် 11:11 AM အချိန်တိုင်း
အမေစု၏ ဆိုဆုံးမစကားများကို
https://t.me/infohlaing အဖွဲသားများမှ တင်ပေးနေပါသည်။


#Hlaing Info

5.3k 0 11 3 290

မြိတ်မြို့ ငါးအမှုန့်ကြိတ်စက်ရုံတွေက အနံဆိုးထွက်တာ ပိုမိုဆိုးရွားလာတယ်လို့မြို့ခံတွေပြော

ဒီဇင်ဘာလ ၁  ရက်

အခုလထဲမှာ မြိတ်မြို့၊ အင်းလေးမြိုင်စက်မှုဇုံက ငါးအမှုန့်ကြိတ်စက်ရုံတွေကနေ အနံ့ဆိုးထွက်ရှိတာတွေ ယခင်ကထက်ပိုဆိုးလာတယ်လို့ မြိတ်မြို့ခံတွေက ပြောပါတယ်။

မြိတ်မြို့ခံပြည်သူတွေဟာ ငါးအမှုန့်ကြိတ်စက်ရုံတွေကထွက်တဲ့ အနံ့ဆိုးကို ၂၀၁၂ ခုနှစ်ကတည်းက နှစ်စဥ်နှစ်တိုင်း ခံစားလာကြရတာ ဆယ်စုနှစ်တစ်ခုကျော်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။

ငါးအမှုန့်ကြိတ်စက်ရုံတွေက အနံ့ဆိုးတွေဟာ အရင်နှစ်တွေက မိုးကာလကျမှ အနံတွေဆိုးရွားလာလေ့ရှိခဲ့ပေမဲ့ ဒီနှစ်မှာတော့ ပွင့်လင်းရာသီရောက်လာတဲ့အထိ အနံ့တွေက ပိုပြီးတော့ ဆိုးရွားလာနေတယ်လို့ မြိတ်မြို့ခံတွေက ပြောကြပါတယ်။

“ အရင်ကဆို အင်းလေးမြိုင်ဘက်ရောက်မှ အနံ့ရတာ။ အခုက ကျမတို့ရပ်ကွက်အထိပါ အနံ့တွေရနေတယ်။ ဒါတောင် ကျမတို့ရပ်ကွက်က အတော်လေးဝေးတယ်။ စက်ရုံတွေရှိတဲ့ အင်းလေးမြိုင်ဘက်မှာဆို အနံ့ကတော်တော်လေးပြင်းပါတယ်”  လို့ ထားဝယ်စုရပ်ကွက်နေ မြိတ်မြို့ခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

အဆက် - ⤵️⤵️


အမေရိကန်နိုင်ငံ Boston မြို့ Massachusetts တွင် ဒေါက်တာဆာဆာ တွေဆုံပွဲ အခမ်းအနားနှင့် 'ဖြတ်' ရုပ်ရှင်ဇာတ်ကား ပြသပွဲပြုလုပ်

ဒီဇင်ဘာလ ၁ ရက်

အမေရိကန်နိုင်ငံ Boston မြို့ Massachusetts တွင် မြန်မာ မိသားစုများနှင့် အပြည်ပြည်ဆိုင်ရာ ပူပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဆာဆာတို့ တွေဆုံပွဲ အခမ်းအနားနှင့် 'ဖြတ်'ရုပ်ရှင်ဇာတ်ကား ပြသပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါပွဲကို နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ဒေါက်တာဆာဆာ ၏ ကိုယ်ရေးရာဇဝင်အကျဉ်းချုပ်, ဝန်ကြီးဌာန ​၏လုပ်ဆောင်ချက်၊ မြေပြင်သို့တိုက်ရိုက်ထောက်ပံ့နေသောလုပ်ငန်းများကို ရှင်းလင်းပြောကြားသွားကာ တက်ရောက်လာသော ပရိသတ်များ၏ သိလိုသောမေးခွန်းများကို ဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။

အဆက် - ⤵️⤵️


ဆီဆိုင်မြို့နယ်၊ အောင်ကလပ်ကျေးရွာတွင် တပ်စွဲထားသော စစ်တပ်က သံဃာတော်များလိုက်ပါသော ကားကို ပစ်ခတ်မှု ထီးစဲခါး ရေတံခွန်ကျောင်းဆရာတော် ပျံလွန်တော်မူပြီး ဆရာတော် ၂ ပါး ဒဏ်ရာရ

ဒီဇင်ဘာလ ၁ ရက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဆီဆိုင်-လွိုင်ကော်လမ်းမကြီးပေါ်၊ အောင်ကလပ်ကျေးရွာ တွင် တပ်စွဲထားသောအကြမ်းဖက်စစ်ကောင်စီတပ်က ထီးစဲခါးရေတံခွန်ကျောင်း ဆရာတော်၏ ကားကို ပစ်ခတ်ခဲ့ရာထီးစဲခါး ရေတံခွန် ကျောင်းဆရာ တော် ပျံလွန်တော်မူပြီး ကျန်သံဃာ ၂ ပါး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း PNLA သတင်းနှင့်ပြန် ကြားရေးဌာန တာဝန်ရှိသူ ခွန်းယိမ်းယံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၃၀ ရက် မွန်းလွဲ ၂ နာရီခန့်က ဆီဆိုင်မြို့နယ်၊ ဆီဆိုင်-လွိင်ကော်လမ်းမကြီး ပေါ် အောင်ကလပ်ကျေးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များက ထီးစဲခါးရေတံခွန် ကျောင်းမှ ဆရာတော်၏ကားကို ဝိုင်းဝန်း ပစ်ခတ်ခဲ့ရာ ထီစဲးခါးကျောင်းဆရာတော်မှာ အပစ်ခံရ သည့် နေရာတွင်ပင် ပျံလွန်တော်မူခဲ့ပြီး ယာဉ်ပေါ်ပါ အခြားဆရာတော် ၂ ပါးသည်လည်း အပြင်း အထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆက် - ⤵️⤵️

5.2k 0 10 6 175

လက်ဝှေ့ကျော်စိုးလင်းဦး ကားမှောက်၍ဒဏ်ရာရ

ဒီဇင်ဘာလ ၁ ရက်

မြန်မာ့ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦးသည် ကရင်ပြည်နယ်တွင် ကားတိမ်းမှောက်၍ ဒဏ်ရာရရှိခဲ့ကြောင်း လက်ဝှေ့နှင့်နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။

နိုဝင်ဘာ ၃၀ရက် ညနေပိုင်းက တောင်ကုန်းပေါ်ကအဆင်း ကားဘရိတ်ပေါက်၍  ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း စိုးလင်းဦးက လူမှုကွန်ယက်မှတဆင့် ပရိသတ်များအား အသိပေးခဲ့သည်။ သို့သော် ယာဉ်တိမ်းမှောက်သည့်နေရာကိုမူ ဖော်ပြထားခြင်း မရှိပေ။

"မနေ့ညနေက ကျွန်တော်တစ်ယောက်ထဲ တောင်ကုန်းပေါ်ကအဆင်းကားဘရိတ် မမိတော့လို့ ကားနဲ့အတူ တောင်ကုန်းပေါ်ကနေ အောက်ထိလိမ့်ကျခဲ့ပါတယ်။ ဘုရားပေးတဲ့အသက်ပဲ ကျန်ပါတော့တယ်"ဟု စိုးလင်းက အသိပေးထားသည်။

အဆက် - ⤵️⤵️


တိုက်ပွဲတွေကြောင့် သံဖြူဇရပ်မှာ အိမ်ငှားခနဲ့ အိမ်ခြံမြေဈေးတွေထိုးတက်

ဒီဇင်ဘာလ ၁ ရက်

နှစ်ဖက်တိုက်ပွဲတွေကြောင့် မွန်ပြည်နယ် သံဖြူဇရပ်မြို့ပေါ်ထံ တိမ်းရှောင်လာတဲ့ စစ်ရှောင်ပြည်သူတွေ များလာတာကြောင့် အိမ်ငှားခနဲ့ အိမ်ခြံမြေဈေးနှုန်းတွေ အဆမတန်ထိုးတက်လာတယ်လို့ ဒေ သခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းကစပြီး ကြားအင်ဆိပ်ကြီးမြို့နယ်အစပ်နဲ့ သံဖြူဇရပ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား နှစ်စဉ်နဲ့အမျှ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

အဲဒီတိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေဟာ သံဖြူဇရပ်မြို့ပေါ် ရပ်ကွက်တွေထံ အများဆုံး ပြောင်းရွှေ့လာတဲ့အတွက် အိမ်ခြံမြေဈေးနှုန်း အဆမတန်မြင့်တက်ခဲ့တာပါ။

အိမ်ငှားခဈေးနှုန်းအနေနဲ့ အရင်ကကျပ်ငါးသောင်းတန် အိမ်ငှားခဈေးနှုန်းဟာ ကျပ်တစ်သိန်းခွဲကျော်အထိ ဈေးနှုန်းထိုးတက်လာပြီး ကျန်အိမ်ငှားခဈေးနှုန်းတွေကလည်း အဆောက်အဦးအပေါ် မူတည်ပြီး သုံးဆနီးပါး ဈေးနှုန်းမြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အဆက် - ⤵️⤵️


ရွှေဘိုမြို့တွင် စစ်တပ်က စျေးသည် ၃ ဦးထံမှ ငွေကျပ် သိန်း ၃၀ လုယက်၊

▪️စစ် တပ်က ဆိုင်ကယ်များကို ဖမ်းဆီးပြီး တစ်စီးလျှင် ငွေကျပ် ၃ သိန်းမှ အများဆုံး သိန်း ၂၀ ဖြင့်  ပြန်ရွေးခိုင်း


ဒီဇင်ဘာလ ၁ ရက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် စစ်ကောင်စီတပ်က စျေးသည် အမျိုးသမီး ၃ ဦးထံမှ စျေးဝယ်မည့်ငွေကျပ် သိန်း ၃၀ ကို လုယက်သွားကြောင်း လုယက်ခံရသည့် စျေးသည်များ၏မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့ ရွှေဘိုမြို့နယ်၊ သစ်ကြီးတောကျေးရွာမှ စျေးသည် အမျိုးသမီး ၂ ဦး နှင့် ပလိုင်းကျေးရွာမှ စျေးသည် အမျိုးသမီး ၁ ဦးတို့က ရွှေဘိုမြို့ပေါ်တွင် စျေးဝယ်ရန်အတွက် ဆိုင်ကယ်ဖြင့်လာရောက်ကြောင်း၊ ယင်းနောက် မြို့ပေါ်တွင် ကင်းလှည့်နေသော စစ်ကောင်စီတပ်က စျေးသည် အမျိုးသမီး ၃ ဦး၏ ဆိုင်ကယ်များကို လိုက်လံတားဆီးစစ်ဆေးကြောင်း၊

အဆက် - ⤵️⤵️


အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းမှ အကြမ်းဖက်တပ်သား ၅ဦး အလင်းဝင်

ဒီဇင်ဘာလ ၁ ရက်

အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းမှ အကြမ်းဖက်တပ်သား ၅ဦးက နိုဝင်ဘာလ ၂၆ရက်မှာ အလင်းဝင်ရောက်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တောင်ပိုင်းတိုင်း စစ်ဒေသ၊ ဗျူဟာ(၃၁)မှ မနေ့ညက ထုတ်ပြန်လိုက်ပါတယ်။

တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဗျူဟာ(၃၁)ထံကို အလင်းဝင်ရောက်လာတဲ့ အောင်ဇေယျစစ်ကြောင်းမှ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၅ဦးကို တစ်ဦးလျှင် ကျပ်ငွေ ၅သိန်းစီ ဆုချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်အဆင့် သတ်မှတ်ထားတဲ့ အောင်ဇေယျစစ်ကြောင်းမှ ဗျူဟာ(၃၁)ထံကို အလင်းဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ဦး ဝန်းကျင်ခန့်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


#PVTV
#HlaingInfo


အစိုးရဝန်ထမ်း လစာတိုးမြှင့်ရေး အဆိုကို ထိုင်းဝန်ကြီးများအဖွဲ့ အတည်ပြု

ဒီဇင်ဘာလ ၁ ရက်

ဘွဲ့ ဒီဂရီတစ်ခုခု ကိုင်ထားသူကို ဘတ် ၁၈၀၀၀ ထက်မနည်းစေရေး၊ အလုပ်အကိုင်ဆိုင်ရာ အသိအမှတ်ပြု လက်မှတ်ရရှိထားသူ တစ်ဦးကို အနည်းဆုံး ဘတ် ၁၁၀၀၀ ပေးရေး အစိုးရဝန်ထမ်းအသစ်တွေအဖြစ် ခေါ်ယူထားသူတွေအတွက် စတင်ရရှိမယ့် လစာပမာဏ ညှိနှိုင်းရေး အဆိုကို ထိုင်းဝန်ကြီးများအဖွဲ့က အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

ဒီလို လစာနှုန်းထား ပြန်လည်ပြင်ဆင်မှုကြောင့် ဘက်ဂျက် ဘတ် ၂ ဒသမ ၆၇ ဘီလီယံ အသုံးပြုရမှာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၂၉ ရက်က ချင်းမိုင်ရှိ ရာဂျာဘတ်တက္ကသိုလ်မှာ အစည်းအဝေး ကျင်းပခဲ့ပြီးနောက် ထိုင်းဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူက အစိုးရဝန်ထမ်းတွေရဲ့ ကနဦး လစာနှုန်းထားကို ညှိနှိုင်းရေး၊ စီးပွားရေး အပြောင်းအလဲတွေကြောင့် သက်ရောက်မှု ရှိသူတွေကို နစ်နာကြေး ပေးရေ အဆိုပြုချက်အပေါ် ဝန်ကြီးများအဖွဲ့က ခွင့်ပြုလိုက်ပြီလို့ ပြောကြားခဲ့တာပါ။

အဆက် - ⤵️⤵️

6k 0 6 1 140

ယနေ့ ထိုင်းထီထွက်ရက် ဖြစ်ပါသောကြောင့် ထီကြိုတင်မှာယူထားသူများ ထီများလာရောက်ယူပေးကြပါရန် မေတ္တာရပ်ခံပါသည်။

https://t.me/infohlaing

🧿 ဆက်သွယ်ဝယ်ယူရန် 🧿

- https://t.me/pyithuaungpwel
- https://t.me/infoAthlaing
+66952714213 ( Viber )

#ThaiLottery
#HlaingInfo

20 ta oxirgi post ko‘rsatilgan.