၈ - ၃ - ၂၀၂၃ ရက်နေ့ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများ
===========================================
၁.
ခင်ဦးမြို့၊ မြကန်သာရပ်ကွက်၊ ခင်ဦး - ရေဦးသွား ကားလမ်းဘေးရှိ ခင်ဦးမြို့ပြည်သူ့ဆေးရုံရှိ နေအိမ်လိုင်းခန်းမှာ ဆေးရုံညစောင့်ဖြစ်တဲ့
ဦးဇော်ဦး(၄၅)နှစ်နှင့် ၎င်း၏ဇနီးတို့ ရှိနေစဉ် အကြမ်းဖက်PDF ၁၀ ဦးမှ လက်နက်ငယ်များ ကိုင်ဆောင်၍ နွားလှည်း ၂ စီးဖြင့် ရောက်ရှိလာပြီး
ဦးဇော်ဦးအား ဆေးရုံ၏တောင်ဘက် ဝင်ပေါက်တံခါးအား ဖွင့်ခိုင်းကာ ဆောက်လုပ်ဆဲ(၂၅)ခုတင်ဆံ့ တိုးချဲ့ ၂ ထပ် လူနာဆောင်မှာ
တပ်ဆင်မယ့် အလျား ၇ ပေ၊ အနံ ၃ ပေခန့်ရှိ သစ်သားတံခါးရွက်၁၅ ချပ်အား နွားလှည်း ၂ စီးဖြင့် အဓမ္မယူဆောင်ပြီး ကံသစ်ကျေးရွာဘက်သို့ ထွက်ခွာသွားခဲ့ကြောင်း သိရှိရ
၂.
မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်ရှိ လခရ တပ်ဖွဲ့ဝင်များရှိရာ ခရိုင်လဝကရုံးဟောင်းကို PDF အကြမ်းဖက်အဖွဲ့ မှ လဝကရုံးဟောင်း၏ အရှေ့တောင်ဘက် ရှိ နတ်လူထိပ်ပန်ရပ်ကွက်၊ မုံရွာ - အမြင့်သွားကားလမ်းနေရာမှ လက်လုပ်စိန်ပြောင်း၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးအဖွဲ့မှ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်PDF များ လဝကရုံးဟောင်း၏ တောင်ဘက် ၁ မိုင်ခန့်အကွာ ချင်းတွင်းမြစ် တစ်ဖက် ကမ်းသို့ စက်လှေများဖြင့် ထွက်ပြေးသွားကြောင်းနှင့် အကြမ်းဖက်PDFများ ပစ်ခတ်ခဲ့သည့် လက်လုပ်စိန်ပြောင်း ဗုံးသီး ၇ လုံးမှာ လဝကရုံးဟောင်းဝင်းအတွင်း မြေကွက်လပ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲ မှုကြောင့် လူ/အဆောက်အဦ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရ
၃.
ခင်ဦးမြို့၊ အောင်ချမ်းသာရပ်ကွက်နေ ဦးဟိန်းသီဟ(ခ)ဘရက်ကီ (၃၅)နှစ်သည် အောင်ချမ်းသာ ရပ်ကွက်ရှိ “လဲ့ဝါရိပ်”လဖက်ရည်ဆိုင်၌ လဖက်ရည်သောက်နေစဉ် အကြမ်းဖက်PDF ၄ ကောင်မှ လက်နက်ငယ်များကိုင်ဆောင်၍ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး ဦးဟိန်းသီဟ(ခ)ဘရက်ကီအား ကံသာယာ ကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ
၄.
ပခုက္ကူမြို့နယ်၊ ကျွန်းအိုကျေးရွာ၌ ဒေသခံ ၁ ဦး သတ်ဖြတ်ခံရကြောင်း သတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ ဦးဇော်နိုင်ဦး(၄၅)နှစ်၊ ကျေးရွာခွဲတာဝန်ခံ၊ ကျွန်းအိုကျေးရွာ နေသူအား နေအိမ်အနီးရှိ လမ်းမပေါ်၌ ယာပါး၊ ဝမ်းဗိုက် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ပြီး ၎င်း၏ နေအိမ်အနောက်ဘက်၌ မပေါက်ကွဲသေးသည့် လက်လုပ်မိုင်း ၁ လုံးတို့အား တွေ့ရှိခဲ့သဖြင့် သက်မဲ့ပြုလုပ်ခဲ့ကြောင်းနှင့် စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခဲ့ရာ ဖြစ်စဉ်မှာ မတ်လ ၇ ရက်နေ့ ည ၈ နာရီမှာ အကြမ်းဖက်PDF ၅ ကောင်မှ ဦးဇော်နိုင်ဦးနေအိမ်သို့ ရောက်ရှိလာပြီးနောက် နေအိမ်အရှေ့ဘက် ပေ ၁၀၀ ခန့်အကွာရှိ လမ်းမပေါ်သို့ ဖမ်းဆီး ခေါ်ဆောင်၍ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရ
၅.
မြင်းခြံမြို့နယ်၊ ဓူဝံကျေးရွာနေ ဦးမြဝင်း(၇၁)နှစ်သည် ၎င်း၏နေအိမ်၌ တစ်ရွာတည်းနေ ဦးဘိုမြ(၈၅)နှစ်၊ ဦးတင်မျိုးထွန်း(၄၅)နှစ်တို့နှင့်အတူ စကားပြောနေစဉ် အကြမ်းဖက် PDF ၈ ဦးမှ ဆိုင်ကယ် ၄ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ထွက်ပြေးခဲ့ရာ ဦးမြဝင်းတွင် ဦးခေါင်း၊ လည်ပင်း၊ ဆီးခုံ၊ ယာပေါင်ကျည်ဖောက်ဝင်ဒဏ်ရာ၊ ဦးဘိုမြတွင် ဝဲလက်ဖျံ၊ ဝဲလက်မောင်း၊ ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာ၊ ဦးတင်မျိုးထွန်းတွင် ယာနားထင် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရ
၆.
မတ္တရာမြို့နယ်၊ ဆည်တော်လေးကျေးရွာနေ ဦးထွန်းထွန်းလင်း(၄၂)နှစ်နှင့် ဖခင်ဖြစ်သူ ဦးထွန်းရွှေ(၇၀)နှစ်တို့သည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက် PDF ၅ ဦးမှ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးထွန်းထွန်းလင်းတွင် ရင်ဘတ်၊ ယာပေါင်၊ ယားပါးကျည်ဖောက်ဝင်ဒဏ်၊ ဦးထွန်းရွှေတွင် ဦးခေါင်းနောက်စေ့၊ ရင်ဘက် ကျည်ဖောက်ဝင်ဒဏ်ရာ များဖြင့် သေဆုံးခဲ့ကြောင်း သိရှိရ
၇.
မဟာအောင်မြေမြို့နယ်၊ စင်္ကြာနွယ်စဉ်ရပ်ကွက်၊ အကွက်(၆၈၄)၊ ၃၆ x ၃၇ လမ်း၊ ၇၃ x ၇၄ လမ်းကြားနေ ဇင်မင်းထိုက်(၂၇)နှစ်သည် အလုပ်မှ နေအိမ်သို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ၎င်း၏ နေအိမ်လမ်းကြားသို့ အရောက်၌ (စိစစ်ဆဲ) ကျား ၂ ဦးမှ ဆိုင်ကယ်ဖြင့် လိုက်ပါလာပြီး ပစ္စတိုဖြင့် ၃ ချက် ပစ်ခတ်ထွက်ပြေးခဲ့ရာ ဇင်မင်းထိုက်တွင် ရင်အုံ၊ ယာမျက်ခုံး ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ဖြစ်စဉ်နေရာအနီးရှိ နေအိမ်ရှေ့၌ ထိုင်နေသည့် ဒေါ်စန္ဒာမောင်မောင်(၄၆)နှစ်တွင် ဝဲပေါင် ကျည်ရှပ်မှန်(မစိုးရိမ်ရ) ဒဏ်ရာ ရရှိခဲ့သဖြင့် သေဆုံး/ဒဏ်ရာရရှိသူတို့အား မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရ
#ကိုငြိမ်းမောင်
https://t.me/konyeinmg969