မိတ္ထီလာ-တောင်ကြီး၊ ပြည်ထောင်စုလမ်းမကြီးတွင် ၆ ဘီးယာဉ်တစ်စီး ဘရိတ်ပေါက်ပြီး ချောက်ထဲထိုးကျ
ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ မိတ္ထီလာ-တောင်ကြီး၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ်(၉၇/၅)နှင့် (၉၇/၆)ကြား၊ ဘဝသံသရာတံတားအနီးတွင် မန္တလေးမှ တောင်ကြီးသို့ မောင်းနှင်လာသော CANTAR အမျိုးအစား(အဖြူရောင်) ၆ ဘီးယာဉ်သည် ၈.၁၀.၂၀၂၃ ရက်နေ့၊ ယနေ့ ၁ နာရီခန့်တွင် ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ဘေးရှိ ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဟဲဟိုးနယ်မြေမီးသတ်စခန်း၊ ရွှေညောင်နယ်မြေမီးသတ်စခန်းနှင့် အောင်ပန်းနယ်မြေမီးသတ်စခန်းများမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ပါသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ခေါင်းခန်းအတွင်းညပ်နေသည့် ယာဉ်မောင်း(မစိုးရိမ်ရ)အား အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပြီး ဟဲဟိုးမြို့ မြတ်စေတနာလူမှုကူညီရေးအသင်းပိုင် သူနာတင်ယာဉ်ဖြင့် ဟဲဟိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။
#MFSD
#myanmarfocusonlineplatform