News Headlines Today


Kanal geosi va tili: ko‘rsatilmagan, ko‘rsatilmagan
Toifa: ko‘rsatilmagan


What's Happening In Myanmar

Связанные каналы  |  Похожие каналы

Kanal geosi va tili
ko‘rsatilmagan, ko‘rsatilmagan
Toifa
ko‘rsatilmagan
Statistika
Postlar filtri


ဥဇဘက်ကစ္စတန်စစ်ဘက်တပ်ဖွဲ့ဝင်များသည် ၂၀၂၄ ခုနှစ်၊ အဇာဘိုင်ဂျန်နှင့် ဥဇဘက်ကစ္စတန် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ အစီအစဉ်အရ မောင်းသူမဲ့လေယာဉ်များ (UAV) နည်းပညာမြောက် အသုံးပြုရေး ဆိုင်ရာသင်တန်းတွင် ပါဝင်တက်ရောက်ရန်အတွက် အဇာဘိုင်ဂျန်နိုင်ငံသို့ ရောက်ရှိလျက်ရှိကြောင်း အဇာဘိုင်ဂျန်ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ်လ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်ဟု Caliber.az သတင်းဌာနက ဖော်ပြခဲ့ပါသည်။
-
အဆိုပါသင်တန်း၏ ပထမနေ့တွင် အဇာဘိုင်ဂန်လေတပ်၏သမိုင်းနှင့် စစ်ဆင်ရေးများအပြင် တိုက်ခိုက်ရေး UAV များ၊ အသေးစား UAV များအသုံးပြုမှုတို့နှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းတင်ပြမှုများ ပြုလုပ် ခဲ့ကြောင်း အဇာဘိုင်ဂျန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ ထို့ပြင် နှစ်နိုင်ငံကာကွယ်ရေး စက်မှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားရေးကိုလည်း ၎င်းသင်တန်းတွင် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

NHT


သီရိလင်္ကာနိုင်ငံ၌ စက်တင်ဘာလ ၂၁ ရက်တွင် ကျင်းပပြုလုပ်မည့် သမ္မတရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ၃၉ ဦး၏ အမည်စာရင်းတင်သွင်းခဲ့ကြောင်း Thef Straits Times သတင်းဌာနက ဩဂုတ်လ ၁၅ ရက်တွင်ဖော်ပါခဲ့ပါသည်။
-
ရွေးကောက်ပွဲအား တည်ငြိမ်အေးချမ်းရေးနှင့် ပွင့်လင်းမြင်သာစွာကျင်းပနိုင်ရေးအတွက် နိုင်ငံရေးပါတီများ၊ မီဒီယာများ၊ အရပ်ဘက်နှင့် အစိုးရအဖွဲ့အစည်းများ၏ ထောက်ပံ့ပေးမှုများရရှိမည်ဟု ယုံကြည်ကြောင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ အာအမ်ရတ်နာယာကီ (R . M . Ratnayake) က ပြောကြားခဲ့ပါသည်။
-
မဲပေးရန်သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူ ၁၇ သန်းရှိပြီး ကိုယ်စားလှယ်လောင်းများက မဲဆွယ် စည်းရုံးမှုများအား စတင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ရွေးကောက်ပွဲအနိုင်ရရှိမည့် သီရိလင်္ကာ သမ္မတသစ်အနေဖြင့် စီးပွားရေးအကြပ်အတည်းများ ပြန်လည်ဦးမော့နိုင်ရေးနှင့် ၄ နှစ်တာကာလအတွင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံမှ အမေရိကန်ဒေါ်လာ ၁၂.၅ ဘီလီယံ ထောက်ပံ့ရေးအစီအစဉ် အကောင်အထည်ဖော်နိုင်ရေး တို့အား အလေးထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရှိရပါသည်။

NHT


အိန္ဒိယနှင့် သီရိလင်္ကာနိုင်ငံတို့အကြား Mitra Shakti အမည်ရှိ (၁၀) ကြိမ်မြောက် စစ်ရေးလေ့ကျင့်ခန်းကို သီရိလင်္ကာနိုင်ငံရှိ စစ်ဘက်လေ့ကျင့်ရေးသင်တန်းကျောင်း၌ ဩဂုတ်လ ၁၂ ရက်မှ ၂၅ ရက်အထိ ပြုလုပ်လျက်ရှိကြောင်း Webindia123 သတင်းဌာနက ဖော်ပြခဲ့ပါသည်။
-
စစ်ရေးလေ့ကျင့်ခန်းအတွင်း အကြမ်းဖက်မှုနှိမ်နင်းရေးကို အဓိကထား၍ အိန္ဒိယစစ်ဘက်၏ Rafputana ရိုင်ဖယ်တပ်ရင်းကိုယ်စားပြု တပ်ဖွဲ့ဝင် ၁၀၆ ဦး၊ အခြားလက်နက်နှင့် တပ်ဖွဲ့အသီးသီးမှ တပ်ဖွဲ့ဝင်များနှင့် သီရိလင်္ကာစစ်ဘက်၏ Gajaba ခြေလျင်တပ်ရင်းမှ တပ်ဖွဲ့ဝင်များပါဝင်လေ့ကျင့်လျက်ရှိပါသည်။
-
Mitra Shakti စစ်ရေးလေ့ကျင့်ခန်းအား အိန္ဒိယနှင့် သီရိလင်္ကာနိုင်ငံတို့၌ တစ်လှည့်စီ နှစ်စဉ်ကျင်းပ လျက်ရှိပြီး (၉) ကြိမ်မြောက် စစ်ရေးလေ့ကျင့်ခန်းအား အိန္ဒိယနိုင်ငံ၌ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

NHT


တာလီဘန်တို့သည် အာဖဂန်နစ္စတန်တွင် အာဏာရယူမှု ၃ နှစ်ပြည် စစ်ရေးပြအခမ်းအနားပြုလုပ်ခဲ့ပြီး ပြည်တွင်းထုတ်ဗုံးများ၊ တိုက်လေယာဉ်များနှင့် တပ်ဖွဲ့ဝင်များဖြင့် ချီတက်သရုပ်ပြဂုဏ်ပြုခဲ့ကြောင်း Alijazeera သတင်းဌာနမှ ဖော်ပြခဲ့ပါသည်။
-
တာလီဘန်တပ်ဖွဲ့ဝင်များသည် တင့်ကားများ၊ အမြောက်များနှင့်အတူ ဘတ်ရမ် (Bagram) မြို့ရှိ အမေရိကန်လေတပ်အခြေစိုက်စခန်းဟောင်းဆီသို့ ချီတက်စစ်ရေးပြခဲ့ပြပြီး ၎င်းအခမ်းအနားသို့ တရုတ်နှင့် အီရန်သံတမန်များ တက်ရောက်ခဲ့သည်။
-
၎င်းလေတပ်အခြေစိုက်စခန်းသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကာလအတွင်း တာလီဘန်တို့အပေါ် အမေရိကန်ဦးဆောင်သည့် မဟာမိတ်အဖွဲ့၏စစ်ဆင်ရေးများတွင် အဓိကကျသည့် နေရာတစ်ခုဖြစ်ခဲ့သည်။ တာလီဘန်အစိုးရအနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံရှိ ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်နှင့် အစ္စလာမ္မစ်စည်းမျဉ်းများအပေါ် ထိန်းသိမ်းရန်တာဝန်ရှိသည်ဟု ဝန်ကြီးချုပ် မိုဟာမတ်ဟာဆန်အက်ခွန် (Mohammad Hassan Akhund) က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

NHT


Video oldindan ko‘rish uchun mavjud emas
Telegram'da ko‘rish
သေမှာမကြောက်လို့ပေတစ်ရာပေါ် လျှောက်နေသူဖြစ်ကြောင်း
အသေခံ ဒရုန်းအား ခေါင်းနဲ့ တိုက်ချပြခဲ့တဲ့
ရုရှားစစ်သား ကိုပီတာ
Ref: RT news
#NHT


မင်းသား မက်သရူးပယ်ရီ သေဆုံးမှုနှင့် ပတ်သက်သူများ တရားရုံးက ထုတ်ဖော်

ကမ္ဘာကျော် တီဗွီဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ FRIENDS မှ သရုပ်ဆောင်မင်းသား
မက်သရူး ပယ်ရီ(Matthew Perry) သေဆုံးမှုအတွက် မသင်္ကာဖွယ်
အချက်အလက်များကြောင့် တရားရုံးမှ စစ်ဆေးစီရင်ဖို့အတွက်
မင်းသားရဲ့ လက်ထောက်တစ်ဦးဖြစ်သူ
(မူးယစ်ဆေးလောကမှာ ‘Katamine Queen’ လို့သိကြတဲ့)
ဂျက်စဗင်းဆန်ဂါးဆိုတဲ့ အမျိုးသမီး နဲ့ ဆရာဝန်နှစ်ဦးအပါအဝင်
လူငါးဦးရဲ့အမည်စာရင်းကို အမေရိကန်တရားရုံးက
ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ထိုထဲမှ ၃ ဦးကတော့ အယူခံဝင်ဖို့ စီစဉ်နေကြောင်းလည်း
ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။
Ref: RT news
#NHT


တောင်ကိုရီးယားဂြိုဟ်တု စစ်ရေးတာဝန် ထမ်းဆောင်နိုင်ပြီ
***
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှာ လွှတ်တင်ခဲ့တဲ့ တောင်ကိုရီးယား ပြည်တွင်းထုတ် ဂြိုဟ်တုဟာ တိုက်ခိုက်ရေး mission တွေကို ထမ်းဆောင်နိုင်ပြီဖြစ်တယ်လို့ ဩဂုတ်လ ၁၄ ရက်နေ့က ကြေညာခဲ့ပါတယ်။
-
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများကို စောင့်ကြည့်နိုင်စွမ်းရှိပြီး နိုင်ငံ၏အာကာသထောက်လှမ်းရေးစွမ်း ရည်ကို မြှင့်တင်နိုင်မှာဖြစ်သလို အမှီအခိုကင်းတဲ့ စစ်ဘက်ထောက်လှမ်းရေးဂြိုဟ်တုကွန်ရက် တည်ဆောက် ရန် ၂၀၂၅ ခုနှစ်အတွင်း ဂြိုဟ်တု ၅ စီး ထပ်မံလွှတ်တင်သွားမယ်လို့ သိရပါတယ်။

NHT


တရုတ်နဲ့ ထိုင်းနိုင်ငံတို့ဟာ Falcon Strike-2024 ပူးတွဲလေတပ်စစ်ရေးလေ့ကျင့်မှုကို ဩဂုတ်လအတွင်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။
-
ထိုစစ်ရေးလေ့ကျင့်မှုဟာ နှစ်စဉ်ပြုလုပ်နေကြဖြစ်ပြီး ထိုင်းလေတပ်အခြေစိုက်စခန်းမှာ လေ့ကျင့်မှုပြုလုပ်မှာ ဖြစ်ပါတယ်။
-
မကြာမီမှာ စစ်ရေးလေ့ကျင့်ဖို့အတွက် တရုတ်နိုင်ငံမှ လေယာဉ်အမျိုးအစားမျိုးစုံနဲ့ အထူးတပ်ဖွဲ့များ စေလွှတ်တော့မယ်လို့ သိရပါတယ်။

NHT


ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး (Constitutional Court)က ထောင်ကျဖူးသူကို ဝန်ကြီးအဖြစ်ခန့်အပ်မှုနဲ့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin ကို မနေ့က ရာထူးမှ ဖယ်ရှားလိုက်ပါတယ်။
-
ဝန်ကြီးချုပ်တာဝန်ကို ဂုဏ်သိက္ခာရှိစွာ ထမ်းဆောင်ရန် ပျက်ကွက်မှုနဲ့ ခုံရုံး တရားသူကြီး ၉ ဦး အနက် ၅ ဦးက အတည်ပြုပြီး ဝန်ကြီးချုပ်ကို ဖြုတ်ချလိုက်တာဖြစ်ပါတယ်။
-
အဆိုပါခုံရုံးဟာ လွန်ခဲ့တဲ့ရက်အနည်းငယ်ကလည်း အတိုက်အခံပါတီ Move Forward ပါတီကို နိုင်ငံရေးပါတီ အဖြစ်မှ ဖျက်သိမ်းခဲ့ကြောင်း သိရပါတယ်။

NHT


မြောက်ကိုရီးယားနဲ့ ရုရှားနိုင်ငံအကြား စစ်ရေးပူးပေါင်းမှု ပိုမိုခိုင်မြဲလာချိန် မြောက်ကိုရီးယားပဲ့ထိန်းဒုံးပျံ ကျွမ်းကျင်သူ Kim Jong-Sik ဟာ မော်စကိုမြို့မှာ ကျင်းပတဲ့ လက်နက်ပြပွဲသို့ တက်ရောက်ခဲ့ပါတယ်။
-
Kim Jong-Sik ဟာ မြောက်ကိုရီးယားနိုင်ငံ၏ တာဝေးပစ်ဒုံးကျည်တည်ဆောက်ရာတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သောကြောင့် ၂၀၁၂ ခုနှစ်တွင် သူရဲကောင်းဘွဲ့ ချီးမြှင့်ခံထားရသူ ဖြစ်ပါတယ်။
-
၂၀၁၇ ခုနှစ်၊ UNSC ၏ဆုံးဖြတ်ချက်အမှတ် ၂၃၉၇ ဖြင့် Kim Jong-Sik ကို အရေးယူပိတ်ဆို့မှု ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။
-
ဒုံးပျံတို့ရဲ့ ဆရာ ၂ ဆူ တွေ့ဆုံမှုတွေက ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်စရာပါပဲ။

NHT


Video oldindan ko‘rish uchun mavjud emas
Telegram'da ko‘rish
သြစတြေးလျ နိုင်ငံ တွင် ရဟတ်ယာဉ်ပျက်ကျမှုဖြစ်ပွား

သြစတြေးလျ နိုင်ငံ ကွင်းစလန်းဒေသ(Queensland)ရှိ ဟေလ်တန်ကုမ္ပဏီ
အုပ်စုပိုင်
(Hilton's DoubleTree Hotel)
ပေါ်သို့တနင်္လာနေ့ နံနက် ၁နာရီ ၅၀ မိနစ်အချိန်ခန့်
မှာR-44 Robinson အမျိုးအစားရဟတ်တစ်စီး
ယာဉ်ပျက်ကျမှု ဖြစ်ပွားခဲ့ရာ Pilot ဖြစ်သူသေဆုံး
ခဲ့ပြီးဟိုတယ်တွင်တည်းခို နေထိုင်သူ ၂ဦး
ဆေးရုံတွင်ကုသနေရကာ
ဟိုတယ်ရှိ လူပေါင်း ၄၀၀ ကျော်ဘေးလွတ်ရာသို့
ရွှေ့ပြောင်းပေးနိုင်ခဲ့ရကြောင်းသိရှိရပါတယ်။
Ref: RT news
#NHT


ဟားမတ်စ်တို့ အနေနဲ့ ဂါဇာ ကမ်းမြှောင်ဒေသ
အပစ်ရပ်ရေး ညှိနှိုင်းမှုအစီအစဉ်တွင်
ပါဝင်မည်မဟုတ်


လက်ဘနွန် အခြေစိုက် ဟားမတ်စ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ “ အာမက် အက်ဗဒဲလ် ဟေဒီ’ က သြဂုတ်လ ၁၅ ရက်နေ့ ဂါဇာ ကမ်းမြှောင်ဒေသ အပစ်ရပ်ရေး ညှိနှိုင်းမှုအစီအစဉ် သို့ ပါဝင်တက်ရောက်မည်မဟုတ်ကြောင်း
ပြောဆိုခဲ့ပါတယ်။

ဟားမက်စ်တို့ လက်မခံသ၍ အပစ်ရပ်
ညှိနှိုင်းဖို့မဖြစ်နိုင် Ref: RT news
#NHT


(Global News)
အစ္စရေး


အီရန်နိုင်ငံက အစ္စရေးနိုင်ငံအပေါ် တိုက်ခိုက်မှုတွေ လုပ်ဆောင်လာနိုင်တာကြောင့် အဇာဘိုင်ဂျန်နဲ့ ဂျော်ဂျီယာနိုင်ငံအတွင်း တပ်စွဲထားတဲ့ အစ္စရေးတပ်ဖွဲ့ဝင်တွေကို နိုင်ငံသို့ ချက်ချင်းပြန်လာရန် အမိန့်ထုတ် ပြန်လိုက်ပါတယ်။
-
ကမ္ဘာစစ်ကြီးဖြစ်ဖို့အတွက် တာစူနေကြလေပြီ။

NHT


(Global News)
ဘင်္ဂလားဒေ့ရှ်


ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရဟာ အိန္ဒိယ၊ တရုတ်အပါအဝင် နိုင်ငံအားလုံးနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးများ တည်ဆောက်ရန် လိုလားကြောင်း နိုင်ငံခြားရေးရာအကြံပေး Md Touhis Hossain က ပြောကြားလိုက်ပါ တဘ်။
-
ကြားဖြတ်အစိုးရ၏မူဝါဒမှာ အမျိုးသားအကျိုးစီးပွားကို ကာကွယ်မှုနဲ့အတူ နိုင်ငံအားလုံးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်သွားမှာဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးမှုပြန်လည်တည်ဆောက်ရေးနဲ့ တရားမျှတပြီး ဘက်မလိုက်တဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေး အဓိကကြိုးပမ်းသွားမှာ ဖြစ်ကြောင်းကိုလည်း အကြံပေးပုဂ္ဂိုလ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

NHT


(Global News)
အိန္ဒိယ


အိန္ဒိယရေတပ်ဟာ နိုင်ငံပိုင် MDL သင်္ဘောတည်ဆောက်ရေးလုပ်ငန်းအား ရူပီး ၆၀,၀၀၀ ကုဋေ တန်ဖိုးရှိတဲ့ အဆင့်မြင့်ရေငုပ်သင်္ဘော ၆ စီး တည်ဆောက်ဖို့ ခွင့်ပြုလိုက်ကြောင်း သိရှိရပါတယ်။
-
ထိုရေငုပ်သင်္ဘောများတွင် ရေအောက်၌ ပိုမိုအချိန်ကြာမြင့်စွာ မောင်းနှင်နိုင်တဲ့စနစ် (Air-Independent propulsion- AIP) ပါဝင်မှာဖြစ်ပြီး ၎င်းသင်္ဘောတည်ဆောက်မှုဟာ တရုတ်နဲ့ ပါကစ္စတန်တို့ရဲ့ လွှမ်းမိုးမှုကြီးထားလာခြင်းကို တန်ပြန်ရန် အရေးပါလှကြောင်း သိရှိရပါတယ်။

NHT


Ko Thet dan repost
Video oldindan ko‘rish uchun mavjud emas
Telegram'da ko‘rish
ပြည်ဖျက်မီဒီညာတွေဖြစ်တဲ့ Khit Thit တို့ ဧရာဝတီတို့က မောင်တောမှာ မွတ်ဆလင်တွေကို စစ်တပ်က Drop Bomb ကြဲတယ်လို့ စွပ်စွဲပေမယ့်လည်း Aljazeera သတင်းဌာနကတော့ AA လုပ်တာဆိုပြီး သတင်း ထုတ်ထားပါတယ်။
-
Evidence အနေနဲ့ Save ထားလို့ရပါတယ်။

KT - Boost


(Global News)
ရုရှား


ရုရှားနိုင်ငံဟာ Privet-82XL Drone အမြောက်အမြား ထုတ်လုပ်လျက်ရှိကြောင်း သိရှိရပါတယ်။
-
အဲဒီ Drone များဟာ 10 kg အလေးချိန်ရှိ ထိပ်ဖူးကို သယ်ဆောင်နိုင်ပြီး Fixed-Wing အမျိုးအစား ဖြစ်ပါတယ်။
-
ယခုဆိုရင် ရှေ့တန်းစစ်မျက်နှာရှိ ရန်သူခိုအောင်းနေရာတွေကို ရုတ်ခြည်း တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်းလည်း သိရှိရပါတယ်။

NHT


(Global News)
ဂျပန်


နည်းပညာမြင့် စစ်လက်နက်ထုတ်လုပ်နိုင်ရေး သုတေသနစင်တာအသစ် ၁ ခု ဖွင့်လှစ်မယ်လို့ ဂျပန်ကာကွယ် ရေးဝန်ကြီးဌာနက Aug 11 ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
-
တိုက်ပွဲတွေကို အပြောင်းအလဲဖြစ်စေတဲ့ Drone များ၊ အသံလွန် Missile များကို အမေရိကန်၊ တရုတ်၊ ရုရှားနဲ့ အခြားနိုင်ငံတွေက အပြိုင်အဆိုင် တီထွင်ထုတ်လုပ်နေတာကြောင့် ဂျပန်အနေနဲ့ ဒီအစီအစဉ်ကို အကောင်အထည်ဖော်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
-
ဂျပန်ထုတ်တွေက ပိုပြီး အရည်အသွေးကောင်းမယ်လို့ မြင်ပါတယ်။

NHT


(Global News)
ဘင်္ဂလားဒေ့ရှ်


ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တော်အတွင်း ချီတက်ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် တရားသူကြီးချုပ် Obaidul Hassan ဟာ Aug 10 ရက်နေ့တွင် ရာထူးမှ နုတ်ထွက်ခဲ့ပါတယ်။
-
ဆန္ဒပြကျောင်းသားတွေက Hassan အား ရာထူးမှ ချက်ချင်းနုတ်ထွက်ပေးရန် တောင်းဆိုခဲ့ပြီး တောင်းဆို ချက်အတိုင်း မလုပ်ဆောင်ပါက ဆန္ဒပြမှုတွေ ဆက်တိုက်လုပ်ဆောင်မယ်ဆိုတဲ့ သတိပေးမှုတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

NHT


(Global News)
တောင်တရုတ်ပင်လယ်


ဖိလစ်ပိုင်နဲ့ တရုတ်တို့ တောင်တရုတ်ပင်လယ်အတွင်း တစ်ဖက်နဲ့တစ်ဖက် ရန်စောင်နေတယ်လို့ NHK သတင်းက ဖော်ပြခဲ့ပါတယ်။
-
တရုတ်စစ်လေယာဉ် ၂ စီးက ဖိလစ်ပိုင်လေယာဉ်ပျံသန်းနေတဲ့ လမ်းကြောင်းအတွင်းမှာ အန္တရာယ်ရှိတဲ့ ဖြတ်ဝင်ပျံသန်းမှုပြုလုပ်တဲ့အပြင် မီးကျည်များပါ ပစ်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင်က ပြောကြားထားပါတယ်။
-
တရုတ်ကလည်း ဖိလစ်ပိုင်လေယာဉ်တွေဟာ တရုတ်ဝေဟင်ပိုင်နက်အတွင်း တရားမဝင်ကျူးကျော်ပျံသန်းမှု အကြိမ်ကြိမ်ပြုလုပ်ခဲ့တာကြောင့် အထက်ပါအတိုင်း သတိပေးရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
-
ဘယ်သူလွန်ပြီး မှားလည်းဆိုတာတော့ မိမိအနေနဲ့ မသိရပါ။

NHT

20 ta oxirgi post ko‘rsatilgan.

9

obunachilar
Kanal statistikasi