Min Chit Oo dan repost
ရခိုင်ပြည်နယ်တိုက်ပွဲသတင်း ( ၇ / ၁၂ / ၂၀၂၄ ရက်နေ့ ညပိုင်း ၉ နာရီ အချိန်အထိ)
=============================
(အမ်းမြို့)
နေ့လည် ၁၁ နာရီခွဲခန့်က တိုင်းရုံးရှိ ဂိတ် (၁)၊ ဗဟိုကင်း၊ စခန်းရုံးနှင့် ပို့ဆောင်ရေးအဖွဲ့နေရာတို့အား AA သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်သားများမှ လေကြောင်းပစ်ကူ၊ လက်နက်ကြီး/Drone ပစ်ကူများရယူ၍ အပြင်းအထန်ပြန်လည်တိုက်ခိုက်ခဲ့သောကြောင့် ညနေ ၃ နာရီခန့်တွင် သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်း၊ အမ်း-ပဒါန်း လမ်းကြောင်းပေါ်ရှိ ပတ်ကွေလုံခြံရေးစခန်းအနီး လုံခြုံရေးယူနေသည့်အဖွဲ့အား AA သောင်းကျန်းသူများမှ ညနေ ၃ နာရီခွဲခန့်က လာရောက်တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်တိုက်ပွဲ ၂ နာရီခန့်ဖြစ်ပွားခဲ့ရာ အဆိုပါနေရာသို့ ပဒန်းဘက်မှလာသော နောက်ထပ်စစ်ကူလာသည့် စစ်ကြောင်းများ ရောက်ရှိပူးပေါင်းနိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။
(တောင်ကုတ်)
ဘုရားကုန်းလုံခြုံရေးအဖွဲ့နှင့် စကခ ၅ မြောက်ဘက် ကာကင်နေရာများအား AA သောင်းကျန်းသူများမှ ညနေ ၅ နာရီခွဲခန့်က လာရောက်တိုက်ခိုက်ခဲ့သဖြင့် လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲကြိုကြားကြိုကြား ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ထားလျက်ရှိကြောင်းနှင့် ညနေ ၃ နာရီခွဲခန့်က ၅၄၄ တပ်အနီးရှိ ရန်ခေါ်ဘုရားကုန်း လုံခြုံရေးအဖွဲ့အား သောင်းကျန်းသူများမှ လာရောက် တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲ ၂ နာရီခွဲခန့်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
(မောင်တော)
AA အကြမ်းဖက် သောင်းကျန်းသူများမှ ဒီဇင်ဘာလ ၅ ရက်နေ့ည ၉ နာရီခွဲခန့်မှ နခခ ၅ ဘန်ကာ ၁/၅/၆/၁၁/၁၂ တို့မှနေ၍ လက်ကျန်အင်အားအလုံးအရင်းဖြင့် လာရောက် တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သည်။ ၂၄ နာရီခန့် အပြင်းအထန်ခုခံတိုက်ခိုက်ခဲ့သော်လည်း တစ်ဖက်မှ သာလွန်အင်အားဖြင့် ထပ်မံဝင်ရောက်တိုက်ခိုက်လာသောကြောင့် နေရာအချို့ခေတ္တဆုတ်ခွာပေးခဲ့ရပြီး ပြန်လည်ခံစစ်ဆင်တိုက်ခိုက်လျက်ရှိရာ လေကြောင်းမှနေ၍ တောက်လျှောက်ပစ်ကူပေး တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။
စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် တို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။
ရခိုင်အစွန်းရောက် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အနေဖြင့် မောင်တောဒေသရှိ အမှတ်(၅)နယ်ခြားစောင်ရဲတပ်ဖွဲ့အား တိုက်ခိုက်နေသည်မှာ (၁၆-၃-၂ဝ၂၄)ရက်နေ့မှစ၍ ရက်ပေါင်း (၂၃၆) ရက် ၊ အမ်းဒေသရှိ တပ်များအား တိုက်ခိုက်နေသည်မှာ (၂၆-၉-၂၀၂၄) ရက်နေ့မှစ၍ ရက်ပေါင်း (၇၂)ရက်၊ တောင်ကုတ်ဒေသရှိ တပ်များအား တိုက်ခိုက်နေသည်မှာ (၃၁-၁ဝ-၂ဝ၂၄)ရက်နေ့မှစ၍ ရက်ပေါင်း(၃၇)ရက် ရှိလာပြီဖြစ်သည်။
#MinChitOo
ရခိုင်သတင်းများဖတ်ရန်
https://t.me/minchitoo989989 ကို join ပေးထားကြပါဦး
ရခိုင်အတွက် သတင်းပေးပိုလိုပါက
👉🏿👉🏿👉🏿 @mcoinfo2023 ကို နှိပ်ပြီး ပေးပိုလိုရပါပြီ