PLUG Movie Review


Kanal geosi va tili: Myanma, Birmancha


မြန်မာစာတန်းထိုး ဇာတ်ကားကောင်းများ

Связанные каналы  |  Похожие каналы

Kanal geosi va tili
Myanma, Birmancha
Statistika
Postlar filtri


တီဗီ‌တွေ သတင်းစာ တွေ မှာ နာမည် ကြီးချင်လို့
ပြသနာ လိုက်ရှာ တဲ့ သိုးတစ် ကောင်

Gorre Puranam (2024)
IMDB: 5.8/10

သိုးတစ်ကောင် ထောင်ကျတာ ခင်ဗျားတို့ကြားဖူးလား။ဟုတ်ပါတယ် ဒီထဲမှာ သိုးတစ်ကောင်ထောင်ချခံလိုက်ရပါတယ်။ဇာတ်ကြောင်းပြန်ရရင် အဲဒီသိုးရဲ့နာမည်က ရမ်တဲ့။ ရွာထဲမှာ ခွေးတစ်ကောင်သေသွားပြီးခွေးသေတာက သတင်းစာတွေထဲထိပါလို့ ရွာနာမည်ကြီးသွားတယ်ဆိုတာ ကြားပြီးသိုးကလေး ရမ့်စိတ်ထဲမှာ သတင်းစာတင်မဟုတ်ဘူး တီဗီတွေထဲထိနာမည်ကြီးအောင်လုပ်ပြမယ်ဆိုတဲ့စိတ် ဝင်သွားပါတယ်။တခြားသိုးတွေ စားကျက်မှာ အစာငုံ့စားနေတဲ့အချိန်ရမ်ကတော့ တောင်ကုန်းပေါ်ကနေ ခေါင်းထောင်ကြည့်ပြီးလှပတဲ့ နေရာသစ်ဆီကို ငေးမျှော်တမ်းတနေခဲ့တာပေါ့။တစ်နေ့မှာ ပွဲတော်အတွက် ယဇ်ပူဇော်ဖို့ သိုးလာဝယ်တဲ့အချိန်ရမ်တစ်ကောင်ပါသွားပြီးလွတ်မြောက်ဖို့ ကြိုးစားတဲ့အခါမှာတော့။သိုးတစ်ကောင်က ဘာလို့ထောင်ကျတာလဲ။ နာမည်ကြီးတစ်ကောင်ဖြစ်လာဖို့ရမ့်ရဲ့ရည်မှန်းချက်ပြည့်မှာလားဆိုတာ။

================
◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆

Channel အရင် join ပါ - https://t.me/+DudF13DYmTZkYTc1

ဇာတ်ကားကြည့်ရန် - https://t.me/c/2228303451/332

◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆


နှစ်ဖက်စလုံး ချစ်လျှက်နဲ့ လမ်းခွဲရတာ
ဘယ်ဘ၀က ၀တ်‌ေကြွးကြီးလဲကွာ... 🥹🥹


ဘယ်ရဲမှ သူ့ကို ဖမ်းဖို့မပြောနဲ့ အနံ့တောင် ခံလို့ မရတဲ့အကောင်က ရဲစခန်းကို ကိုယ်တိုင်လာပြီး အဖမ်းခံလိုက်တယ်ဘာကြောင့်ပါလဲ့

Vikram Vedha (2017)
IMDB: 9/10

ရိုးသားပြီး တာဝန်ကျေပွန်တဲ့ ရဲတစ်ယောက် လူဆိုးမှန်သမျှကို အရှင်ဖမ်းဖို့ အခွှင့်ရေးရရင်တောင် အသေတွယ်တဲ့ရဲငါလူဆိုးမှန်သမျှကို သတ်ပြီးတိုင်း ဘာကြောင့် အိပ်ပျော်လဲသိလား ငါသတ်လိုက်တဲ့ကောင်တွေဟာ အပြစ်ရှိတဲ့ကောင်တွေ ဖြစ်တဲ့အတွက်ရဲဆိုတာ လူတစ်ယောက်ရဲ့ မျက်လုံးခြေအနေကိုကြည့်ရုံနဲ့ လူဆိုးလား လူကောင်းလား ခွဲခြားတတ်သင့်တယ်လူဆိုးမှန်သမျှကိုခြေရာခံလိုက်ပြီး သေပစ်တဲ့ Vikram ရဲ့ အဓိက ပစ်မှတ်ကVedha – လက်ဆလက်နပြင်းတယ် မိုက်တယ် မလိမ်ဘူး မညာဘူး မလှိမ့်တပတ် မလုပ်ဘူး ဗြောင်ရှင်း ဗြောင်ဗြင်းတဲ့လူစားကိုယ်တိုင် ရာဇဝတ်ကောင်ဖြစ်ပေမဲ့ ညီဖြစ်သူကို သူ့ပတ်ဝန်းကျင်ကိုတောင် မလာခိုင်းပဲ ပညာသင်ပေးထားတဲ့ လူစားတခြား မှောင်ခိုကောင်တွေက ကလေးတွေ
================
◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆

Channel အရင် join ပါ - https://t.me/+DudF13DYmTZkYTc1

ဇာတ်ကားကြည့်ရန် - https://t.me/c/2228303451/330

◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆


ကမ္ဘာမြေပေါ်ကို အမည်မသိ ယာဉ်ပျံကြီး (၁၂)စင်း ရောက်ရှိနေပြီး မတူညီတဲ့ နိုင်ငံ (၁၂)ခုမှာ ဆင်းသက်ရပ်နားထားတဲ့ အခါ

Arrival (2016)
IMDB: 7.9/10

ကမ္ဘာမြေပေါ်ကို အမည်မသိ ယာဉ်ပျံကြီး (၁၂)စင်း ရောက်ရှိနေပြီး မတူညီတဲ့ နိုင်ငံ (၁၂)ခုမှာ ဆင်းသက်ရပ်နားထားတယ်ဆိုတဲ့ .. သတင်းပါ။သက်ဆိုင်ရာ နိုင်ငံအသီးသီးက အစိုးရတွေကလည်း ဒီယာဉ်ပျံတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေဆဲဖြစ်သလို .. အံ့သြစရာကောင်းလောက်အောင် ကြီးမားနေတာကြောင့် ပြည်သူလူထုကလည်း အထိပ်တလန့်နဲ့ လှုပ်လှုပ်ရှားရှားဖြစ်ကုန်ပါတယ်။
ဒါဟာ နိုင်ငံတစ်နိုင်ငံထဲရဲ့ အရေးမဟုတ်တော့ပဲ.. တစ်ကမ္ဘာလုံးရဲ့ အရေးဖြစ်တာကြောင်း United Nation (UN) ကဝင်ရောက်ကိုင်တွယ်နေသလို ကမ္ဘာ့နိုင်ငံအသီးသီးကလည်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဆက်သွယ်ပြီး သတင်းအချက်အလက်များ ဖလှယ်ကာ စုံစမ်းဖော်ထုတ်လျက်ရှိပါတယ်။
Dr. Louise Banks တို့ တက္ကသိုလ်ကလည်း အခြေအနေမတည်ငြိမ်မှုတွေကြောင့် ကျောင်းရှိလူကုန်ကို အိမ်ပြန်စေပါတယ်။

================
◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆

Channel အရင် join ပါ - https://t.me/+DudF13DYmTZkYTc1

ဇာတ်ကားကြည့်ရန် - https://t.me/c/2228303451/330

◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆


ကြီးမားတဲ့ အိပ်မက်ရှိတဲ့ လူငယ် လေး တစ်ယောက်နဲ့ ယောင်္ကျားဆိုရင် အရမ်းမုန်း နေတဲ့ ကောင်မ လေး တစ်ယောက် မထင်မှတ်ပဲ တွေဆုံတဲ့ အခါ

Sarfira (2024)
IMDB: 7.9/10

အိပ်မက်တွေသိပ်ကြီးလွန်းရင် လူတွေက အရူးလို့ သတ်မှတ်ကြတယ်တဲ့။ဒါဟာ စွန့်ဦးတီထွင်သူတိုင်းအတွက် ကြားနေကြစကားတစ်ခွန်းပေါ့။အခုဒီကားလေးထဲမှာလည်း ကြီးမားတဲ့အိပ်မက်တစ်ခုနဲ့ လူငယ်လေးတစ်ယောက်ကသူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ ဘယ်လိုရုန်းကန်ခဲ့ရလဲဆိုတာ ရှုစားရမှာပါ။ဗီရ်ဟာ ခေါင်ပါးတဲ့ရွာငယ်လေးက လေတပ်လေယာဉ်မှူးဟောင်းတစ်ယောက်၊လျှပ်စစ်မီးရဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့ရွာငယ်လေးကပေမဲ့ ဗီရ်ရဲ့အိပ်မက်ကသာမန်လူတွေပါစီးနိုင်မယ့် တန်ဖိုးနည်းလေကြောင်းလိုင်းတစ်ခု တည်ထောင်ချင်တာပါ။သူ့ရဲ့မြေဆီဩဇာမရှိတဲ့ မြေကွက်နဲ့ လည်ပင်းနစ်နေတဲ့အကြွေးတွေနဲ့အလုပ်လက်မဲ့အခြေအနေနဲ့ သူ့ရဲ့အိပ်မက်က အများသူငှာအမြင်မှာတော့ ရယ်စရာကြီးပါ။ဒါပေမဲ့သူ့ရဲ့အိပ်မက်ကို အသိအမှတ်ပြုတဲ့သူကတော့ ကြင်ဖက်လာတွေ့တဲ့ရာနီပါပဲ။



================
◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆

Channel အရင် join ပါ - https://t.me/+DudF13DYmTZkYTc1

ဇာတ်ကားကြည့်ရန် - https://t.me/c/2228303451/329

◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆


ဒီလောကကြီးထဲမှာ အန္တရာယ်အများဆုံးက သူစိမ်းတွေမဟုတ်ပဲ အရင်းနှီးဆုံး သူငယ်ချင်းဖြစ် နေတဲ့ အခါ

Enemy (2021)
IMDB: 7.7/10

ဒီလောကကြီးထဲမှာ အန္တရာယ်အများဆုံးက သူစိမ်းတွေမဟုတ်ပဲကိုယ့်အကြောင်းကို အစအဆုံးသိနေတဲ့ အရင်းနှီးဆုံးသူကအန္တရာယ်အပေးနိုင်ဆုံးသူဖြစ်ပါလိမ့်မယ်။ ဒီကားမှာလည်းငယ်ငယ်ထဲက တစ်ကျောင်းထဲဆင်း ဆရာ တစ်ယောက်ထဲထွက်တဲ့သူငယ်ချင်းနှစ်ယောက်ကို ENEMY ဆိုတဲ့ ရန်သူတော်တွေဖြစ်လာအောင်ဘယ်အရာတွေက ပံ့ပိုးပေးမလဲဆိုတာ စီးမျောလိုက်ရအောင်။ဇာတ်အိမ်ကကောင်းလွန်းတော့ ဒီထက်ပြောရင် Spoil သလိုဖြစ်နေမှာမို့Tamil ကားကြိုက်သူတွေအတွက် လက်မလွတ်တမ်း လိုက်ပါစီးမျောခံစားလိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်
================
◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆

Channel အရင် join ပါ - https://t.me/+DudF13DYmTZkYTc1

ဇာတ်ကားကြည့်ရန် - https://t.me/c/2228303451/328

◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆


ရာထူးဂုဏ်ကို မမက်တဲ့ ကျောင်းဆရာ တစ်ယောက်
နယ်ဘက်ကို ပြောင်းရွေ့ခံရတဲ့ အခါ


Memoir Seorang Guru (2024)
IMDB: 8.4/10

မလေးရှားနိုင်ငံက ရွာဘက်က ကျောင်းတစ်ကျောင်းမှာ ပညာရေးပြုပြင်ပြောင်းလဲမှုတွေလုပ်သွားတဲ့ဆရာတစ်ယောက်ရဲ့အကြောင်းကို ဇာတ်လမ်းအဖြစ် ရိုက်ကူးထားပါတယ်။ကျောင်းဆရာက အရည်အသွေးကို အဓိကမထားဘဲ ဘွဲ့တွေဂုဏ်တွေ၊ လုပ်ထုံးလုပ်နည်းသက်သက်ကို ဦးစားပေးလာတဲ့ ပညာရေးကို မကြိုက်တော့ပါဘူး။ဒီလိုနဲ့ ပညာရေးဝန်ကြီးဌာနရဲ့သတ်မှတ်ချက်ကို လိုက်မနာဖို့ဆုံးဖြတ်မိတယ်ဆိုရင်ပဲ အဲဒီကျောင်းဆရာဟာ နယ်ဘက်ကို ပြောင်းရွှေ့ခံရတော့တာပဲ။ဒါပေမယ့် ဆူနန်အတွက်တော့ နယ်ဘက်မှာ ကျောင်းဆရာဖြစ်ရတာကိုပဲ ဂုဏ်ယူခဲ့ပါတယ်။ကလေးတွေကို ပြုစုပျိုးထောင်ပေးရတာကိုက ကျောင်းဆရာရဲ့ ဂုဏ်ပဲလို့ သူက မှတ်ယူတယ်။ဒါပေမယ့် သူ့ရည်ရွယ်ချက်တွေ အောင်မြင်သွားသလားဆိုတာတော့.. ။
================
◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆

Channel အရင် join ပါ - https://t.me/+DudF13DYmTZkYTc1

ဇာတ်ကားကြည့်ရန် - https://t.me/c/2228303451/327

◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆


ပင်လယ်ပြင် ရေနက်ထဲက ရေနံနဲ့သဘာဝဓာတ်ငွေ့ ထုတ်တဲ့ အလုပ်လုပ်ကြတဲ့ ပလက်ဖောင်းတစ်ခုလုံး မီးလောင်ပေါက်ကွဲပြီး အန္တရာယ်နဲ့ကြုံရတဲ့အခါ


Deepwater Horizon (2016)
IMDB: 7.1/10

အဖြစ်အပျက်က ဗြိတိန်နိုင်ငံရဲ့ British Petrol #BP ကော်ပိုရေးရှင်းရဲ့ ရေနက်ပိုင်း ကမ်းလွန်လုပ်ကွက်မှာဖြစ်ခဲ့တာပါ။Drilling အတွက် ကန်ထရိုက်ရတဲ့ Transocean ကော်ပိုရေးရှင်းရဲ့ Drilling rig ဖြစ်တဲ့ Deepwater Horizon မှာ ဖြစ်ခဲ့တဲ့ မတော်တဆမှုပါ။Crew ၁၂၆ ယောက်ရှိတဲ့အနက် ၁၁ ဦး ဆုံးပါးခဲ့ရပါတယ်။ပင်လယ်ထဲက ကမ်းလွန်ရေနံတူးစင် တွေမှာ ကြမ်းကြမ်းတမ်းတမ်း အလုပ်လုပ်ရတဲ့ အင်ဂျင်နီယာတွေ တက်ကနစ်ရှင်တွေ အော်ပရေတာတွေ ဝန်ထမ်းတွေရဲ့ ခက်ခဲတဲ့ ဘဝတွေကို ထင်ဟပ်ထားပါတယ်။မတော်တဆဖြစ်မှုကြောင့် ပလက်ဖောင်းတစ်ခုလုံး မီးလောင်ပေါက်ကွဲပြီး အန္တရာယ်နဲ့ကြုံရတဲ့အခါ အသက်ဘေးကလွတ်မြောက်အောင် စွမ်းစွမ်းတမံ ရုန်းကန်ကြိုးစားကြပုံတွေကို ကြည့်ရမှာပါ။
================
◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆

Channel အရင် join ပါ - https://t.me/+DudF13DYmTZkYTc1

ဇာတ်ကားကြည့်ရန် - https://t.me/c/2228303451/326

◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆


ဓားပြမှုကို စတင် ဖော်ထုတ်ရာကနေ...ဂန်းစတားတွေရဲ့ ပြဿနာထဲ တစ်စိတ်တစ်ပိုင်း ဝင်ပါသွားခဲ့ရာမှာတော့...

Saaho (2019)
IMDB: 5.2/10

မင်းသားကြီးကို ဒီကားမှာတော့ အလွတ်တမ်း စုံထောက် တစ်ယောက်အနေနဲ့ မြင်ရမှာပါ။ ဓားပြမှု တစ်ခုကို လိုက်ဖို့ ရဲတွေဖက်က ကမ်းလှမ်းတော့ ရဲအရာရှိမလေးရဲ့ ရွှန်းစိုတဲ့ မျက်ဝန်းတစ်စုံကြောင့် လက်ခံခဲ့ပါတယ်...ဒီကြားထဲ မွန်ဘိုင်းမြို့ထဲ ခြေရှုပ်နေကြတဲ့ ဂန်းစတားတွေလည်း ရှိနေသေးတယ်... အင်အားကြီး Roy Group ဂိုဏ်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေကြတယ်...အချင်းချင်းတွေ ကွဲနေကြတယ်... ပြီးတော့ Black Box လို့ ခေါ်တဲ့ Keyတစ်ခုကို လိုက်ရှာနေကြတယ်...မင်းသားကြီးဟာ ဓားပြမှုကို စတင် ဖော်ထုတ်ရာကနေ...ဂန်းစတားတွေရဲ့ ပြဿနာထဲ တစ်စိတ်တစ်ပိုင်း ဝင်ပါသွားခဲ့ရာမှာတော့... မြှုပ်ကွက်တွေနဲ့အတူ ကြည့်ရှုခံစားပေးကြပါဦး ခင်ဗျာ...

================
◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆

Channel အရင် join ပါ - https://t.me/+DudF13DYmTZkYTc1

ဇာတ်ကားကြည့်ရန် - https://t.me/c/2228303451/325

◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆


လူမှန် လူဖြောင့်တစ်ယာက် အခွန်ဦးစီးဌာနမှာ တာ၀န်ယူရတဲ့ အခါ

Raid (2018)
IMDB: 7.6/10

ရိုးသားပြီးကိုယ့်ခံယူချက်အတိုင်းလုံးဝတရားမပျက်တဲ့ အစိုးရအရာရှိတစ်ယောက်သူတို့ဆီမှာရှိဖူးတယ်ဆိုတာကို ရိုက်ကူးပြထားတာဖြစ်ပါတယ်။ဘယ်သူတရားပျက်ပျက်ကိုယ်မပျက်ဘူးဆိုတဲ့သတ္တိနဲ့ အဆိုပါအခွန်ဦးစီးဌာနကအရာရှိတစ်ယောက် လက်နောင်းမြို့ကို၄၉ကြိမ်မြောက် ရာထူးပြောင်းရွေ့ခြင်းခံရပြီးရောက်လာတာကစတာပါပဲ။အရင်အရာရှိတွေနဲ့မတူပဲ အလုပ်ကိုအမှန်အကန်လုပ်တဲ့သူနဲ့တွေ့တဲ့အခါမှာတော့ ဂုတ်သွေးစုပ်နေတဲ့ သွေးစုပ်ဖုတ်ကောင်ကြီးတွေ မျက်ဖြူလန်တော့တာပါပဲ။ဇာတ်လမ်းလေးကိုဆက်မပြောတော့ဘဲကိုယ်တိုင်ပဲကြည့်လိုက်စေချင်ပါတယ်။နိုင်ငံရေးသဘောသဘာဝတွေ၊ ရိုးသားတဲ့အစိုးရဝန်ထမ်းတွေနှိပ်ကွက်ခံရမှုတွေ၊ လူထုကိုနိုင်ငံရေးသမားတွေဘယ်လို ဦးနှောက်အဆိပ်ခတ်ထားသလဲဆိုတာတွေကို ကွက်ကွက်ကွင်းကွင်းရိုက်ကူးပြသပုံဖော်ထားတာကိုတွေ့ရမှာပါ။

================
◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆

Channel အရင် join ပါ - https://t.me/+DudF13DYmTZkYTc1

ဇာတ်ကားကြည့်ရန် - https://t.me/c/2228303451/324

◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆


အသတ်အဖြတ်ခန်းတွေ ကြမ်းတာမို့ ကလေးတွေ မကြည့်သင့်တဲ့ ရုပ်ရှင်

Azrael (2024)
IMDB: 5.8/10

.L. Katz ရိုက်ကူးထားတဲ့ ဟော်ရာ အက်ရှင် ရုပ်ရှင်အသစ်ဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ ချီဆောင်ခြင်းခေါ် ခရစ်ယာန်ဘာသာရေးယုံကြည်မှုအရ ကမ္ဘာကြီးရဲ့ အဆုံးသတ်အပြီးနှစ်အတော်ကြာမှာ ဇာတ်အိမ်တည်ထားပါတယ်။ကမ္ဘာပေါ်မှာ ရှိတဲ့ အသက်ရှင်ကျန်တဲ့လူနည်းစုတွေအကြောင်းပါပဲ။အဲဒီထဲက လူအတော်များများကလည်း စကားမပြောကြတော့ဘူးဖြစ်ပါတယ်။အဓိက သရုပ်ဆောင် မင်းသမီးကတော့ အကျဉ်းစခန်းတစ်ခုထဲကနေထွက်ပြေးလာတဲ့သူဖြစ်ပြီး သူ့ကို ရှေးဟောင်းမကောင်းဆိုးရွားတစ်ကောင်ဆီမှာ ယဇ်ပူဇော်ဖို့ ကြိုးစားတဲ့ အဖွဲ့တစ်ဖွဲ့နဲ့ ရင်ဆိုင်ရပြီးအသက်ရှင်ဖို့ ရုန်းကန်တိုက်ခိုက်ရပုံတွေကို ပြထားတာဖြစ်ပါတယ်။
အသတ်အဖြတ်ခန်းတွေ ကြမ်းတာမို့ ကလေးတွေ မကြည့်သင့်ကြောင်းတော့သတိပေးလိုပါတယ်။

================
◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆

Channel အရင် join ပါ - https://t.me/+DudF13DYmTZkYTc1

ဇာတ်ကားကြည့်ရန် - https://t.me/c/2228303451/323

◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆


🙏မင်္ဂလာပါရှင့်🙏
OMG BET မှ နွေးထွေးစွာကြိုဆိုလိုက်ပါတယ်ရှင့်

💵အလျော်အစား မှန်ကန်မယ်၊မြန်ဆန်မယ်၊တိကျပြီး နိုင်သလောက် အကန့်အသတ်မရှိထုတ်ယူနိုင်ပြီဆိုတောာ့ အခုပဲ အကောင့်ဖွင့်ကစားလိုက်ရအောင်နော် 🙆‍♀️

⚽️ဘောလုံးလောင်းခြင်း
🎰စ‌လော့ဂိမ်းအစုံ
♠️ Sexy Live Casino
♣️ရှမ်းကိုးမီး
🐠ငါးပစ်ဂိမ်း
🐯ကျား၊ နဂါး ခြောက်ကောင်ဂျင်ဂိမ်း

🎮ဂိမ်းအားလုံးကို ပိတ်ခန်းမရှိ စိတ်ကြိုက်ဆော့ကစားနိုင်ပြီး လက်ကြီးလက်သေး ချစ်သော ကာကာ အားလုံးကို Viber&Telegram မှာ နွေးထွေးသော ၂၄ နာရီဝန်ဆောင်မှုနှင့်အတူ ကြိုဆိုလျှက်ပါရှင့် 🙏

➡️ဆက်သွယ်အကောင့်ဖွင့်ကစားမယ်ဆိုရင်တော့ 👇👇
☎️Viber : 09797928789
  Viber Link :
https://msng.link/o?+959797928789=vi
📲Telegram : 09797928789 /
@omgbet789
  telegra
m link ;https://t.me/omgbet789


စစ်ပြန်ကြီး ရဲ့ မိန်းမဖြစ်သူ မူးယစ် ဆေးစွဲအောင် သွားလုပ်မိတဲ့ အခါ

Go For Broke ( 2024 )
IMDB: 6/10

နည်းပညာတွေတင်မက AI က လူတွေနေရာကို ဝင်ယူလောက်တဲ့အထိတိုးတက်နေတဲ့ခေတ်ကြီးမှာ လူတစ်ယောက်ဘဝကို ဖျက်စီးဖို့ဆိုတာ အလွယ်လေးဖြစ်သွားပြီ…ဒီကားထဲမှာ ကိုယ့်ဆန္ဒမပါဘဲ မူးယစ်သားကောင်ဖြစ်သွားတဲ့ လူတချို့နဲ့သူတို့မိသားစုဝင်တွေရဲ့ ဘဝစာမျက်နှာတချို့ကို ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်…ကျန်းယောက်က တစ်ချိန်က စစ်သားတစ်ဦးပေါ…သူက စစ်တပ်ကထွက်ပြီး သင်္ဘောပေါ်လိုက်ခဲ့ပေမယ့်…ပြန်အလာမှာတော့ သမီးလေးလည်း ဆုံး…မိန်းမလည်း ဆေးစွဲပြီး သူ့ရှေ့တင် ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့တယ်…ဒီလိုနဲ့ သူအဖမ်းခံရတော့ အန်တုဆိုတဲ့ ရဲအရာရှိနဲ့ဆုံပြီး…မူးယစ်ဘုရင် မုခွန်ရဲ့ ပျောက်ဆုံးနေတဲ့ သား ရှားဝမ်အဖြစ်သူဘဝဇာတ်ခုံပေါ်ပြန်ရောက်ခဲ့တယ်…ဒီတော့ ဘာဖြစ်မယ်ဆိုတာ သိသာပါတယ်…ရှားဝမ်အဖြစ် သူကသက်သေတွေစုပြီးအန်းတုနဲ့ပူးပေါင်း ဖမ်းဆီးမယ်ပေါ့…

================
◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆

Channel အရင် join ပါ - https://t.me/+DudF13DYmTZkYTc1

ဇာတ်ကားကြည့်ရန် - https://t.me/c/2228303451/320

◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆


🙏မင်္ဂလာပါရှင့်🙏
OMG BET မှ နွေးထွေးစွာကြိုဆိုလိုက်ပါတယ်ရှင့်

💵အလျော်အစား မှန်ကန်မယ်၊မြန်ဆန်မယ်၊တိကျပြီး နိုင်သလောက် အကန့်အသတ်မရှိထုတ်ယူနိုင်ပြီဆိုတောာ့ အခုပဲ အကောင့်ဖွင့်ကစားလိုက်ရအောင်နော် 🙆‍♀️

⚽️ဘောလုံးလောင်းခြင်း
🎰စ‌လော့ဂိမ်းအစုံ
♠️ Sexy Live Casino
♣️ရှမ်းကိုးမီး
🐠ငါးပစ်ဂိမ်း
🐯ကျား၊ နဂါး ခြောက်ကောင်ဂျင်ဂိမ်း

🎮ဂိမ်းအားလုံးကို ပိတ်ခန်းမရှိ စိတ်ကြိုက်ဆော့ကစားနိုင်ပြီး လက်ကြီးလက်သေး ချစ်သော ကာကာ အားလုံးကို Viber&Telegram မှာ နွေးထွေးသော ၂၄ နာရီဝန်ဆောင်မှုနှင့်အတူ ကြိုဆိုလျှက်ပါရှင့် 🙏

➡️ဆက်သွယ်အကောင့်ဖွင့်ကစားမယ်ဆိုရင်တော့ 👇👇
☎️Viber : 09797928789
  Viber Link :
https://msng.link/o?+959797928789=vi
📲Telegram : 09797928789 /
@omgbet789
  telegra
m link ;https://t.me/omgbet789


လူမသတ်ခင်မှာ လူသတ်မှုတစ်ခု တိုင်ချက်ဖွင့်ချင်လို့ပါ ဆရာဆိုပြီး ရဲစခန်းမှာ သွား ပြောတဲ့အခါ

Malang (2020)
IMDB: 6.7/10

လူသတ်မှုတစ်ခု တိုင်ချက်ဖွင့်ချင်လို့ပါ ဆရာ””မင်းပတ်ဝန်းကျင်ဧရိယာက ရဲစခန်းမှာတိုင်လိုက်လေကွာ”“မဖြစ်သေးပါဘူး ဆရာ အခုမှကျူးလွန်မှာမို့လို့ပါ” ဒီလိုဖုန်းကောလ်တစ်ခု စခန်းမှူး အာဂရှိစ်ထံဝင်လာခဲ့ပါတယ်အာဂရှိစ်ဆိုတာကလည်း ရာဇဝတ်သားမှန်သမျှ ရင်ဆိုင်တိုက်ပွဲတွေ့လို့ဆိုပြီး အသေချည်းဆော်တဲ့ရဲတစ်ယောက်ပါ ဆေးချပြီး အမြဲကောင်းနေသူပေါ့တစ်ဖက်က သူ့ကို နောက်သလိုလို စိန်ခေါ်သလိုလိုနဲ့ ဝင်လာတဲ့ဖုန်းဆက်သမားနဲ့ အာဂရှိစ့်တို့ ထိပ်တိုက်တွေ့ကြလေသောအခါဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဆက်လက်ခံစားကြည့်ကြပါဇာတ်လမ်းအများကြီးမပြောတာ စပွိုင်းမိသွားမှာစိုးလို့ပါ နိုင်ငံတကာ ရုပ်ရှင်အဆင့်သတ်မှတ်ချက်တွေအနေနဲ့
================
◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆

Channel အရင် join ပါ - https://t.me/+DudF13DYmTZkYTc1

ဇာတ်ကားကြည့်ရန် - https://t.me/c/2228303451/318

◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆


‌ရွှေဘုံစံ ဓနရှင် မင်းသမီးလေးနဲ့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အခြေခံလူတန်းစား
တော်လှန်ရေး ရဲဘော်လေးတို ချစ်ကြိုက်မိတဲ့ အခါ

Viraata Parvam (2022)
IMDB: 9.0/10

၁၉၇၃ ခုနှစ်ကိုအခြေခံထားပြီး ဓနရှင်တွေနဲ့အခြေခံလူတန်းစားတိုက်ပွဲကြားမှာ မွေးဖွားလာခဲ့တဲ့မိန်းကလေးတစ်ယောက်။ မိခင်ဖြစ်သူဆီက ခေါင်းမာမှုနဲ့ဖခင်ဖြစ်သူဆီက စာပေကဗျာတွေဖတ်ရှုမှုကိုအမွေရထားပြီးမှန်တယ်ထင်ရင် နောက်မဆုတ်တတ်သူတစ်ယောက်ပေါ့ ၊တစ်နေ့ သူငယ်ချင်း အစ်ကိုဆီက စာအုပ်တစ်အုပ်ကိုဖတ်မိရင်းလူတန်းစားအားလုံး သာတူညီမျှ ရှိဖို့အတွက်ခေါင်းထဲဝင်ရောက်လာသလို စာအုပ်ရေးသူကိုပါစွဲလမ်းသွားရာမှစပြီးထင်မှတ်မထားတဲ့အရှုပ်တော်ပုံတွေထဲဘယ်လိုဝင်ရောက်ပတ်သက်မိမှာလဲဆိုတာကိုတော့ရုပ်ရှင်ထဲမှာ စီးမျောခံစားလိုက်ကြပါဦး။
================
◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆

Channel အရင် join ပါ - https://t.me/+DudF13DYmTZkYTc1

ဇာတ်ကားကြည့်ရန် - https://t.me/c/2228303451/317

◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆


စတွဲကတည်းက အခုထိ မင်းက တလွဲလုပ်တုန်း
အခုလဲ သတို့သား နာမည် လွဲလာပြန်ပြီ

17 ta oxirgi post ko‘rsatilgan.