၂၀၂၄ ခုနှစ်အတွက် Person of the Year
Time မဂ္ဂဇင်းက ၂၀၂၄ ခုနှစ်အတွက် Person of the Year အဖြစ် အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခြင်း ခံရသူ ဒေါ်နယ်လ် ထရမ့်ကို ရွေးချယ်ခဲ့ပါတယ်။
၂၀၁၅ ခုနှစ်က စတင်ပြီး သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်စဉ်ကတည်းက အမေရိကန် နိုင်ငံရေးနဲ့ သမိုင်းလမ်းကြောင်းကို ပြောင်းလဲရာမှာ ထရမ့်ထက် မည်သူကမျှ ပိုမိုကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာ မဟုတ်ဟု Time က ရေးသားခဲ့ပါတယ်။
ယခင် နှစ်ပေါင်းများစွာအတွင်းမှာတော့ ဒီ Person of the Year ရွေးချယ်မှုက ခက်ခဲပါတယ်။ ဒါပေမယ့် ဒီနှစ် ၂၀၂၄ အတွက်တော့ မခက်ခဲ ခဲ့ပါဘူးဟု Time က ဆက်လက်ရေးသားထားပါတယ်။
Time မဂ္ဂဇင်းရဲ့ ဆန်ခါတင်စာရင်းမှာ အမေရိကန် ဒုသမ္မတ ကာမာလာ ဟဲရစ်၊ အစ္စရေး ၀န်ကြီးချုပ် ဘင်ဂျမင် နေတန်ရာဟု၊ အီလွန်မတ်ခ်နှင့် မတ်ခ်ဇူကာဘတ် တို့ ပါဝင်ခဲ့ပါတယ်။
Time မဂ္ဂဇင်းဟာ Person of the Year ရွေးချယ်မှုကို ၁၉၂၇ ခုနှစ်ကတည်းက စတင်ခဲ့ပြီး မူလက Man of the Year ဟု အမည်ပေးခဲ့ပါတယ်။ နှစ်တစ်နှစ်ရဲ့ ဖြစ်ရပ်များအပေါ် သိသိသာသာလွှမ်းမိုးမှုရှိတဲ့ လူတစ်ဦးချင်း သို့မဟုတ် အဖွဲ့အစည်းများကို အသိအမှတ်ပြု ဂုဏ်ပြုခြင်း ဖြစ်ပ်တယ်။ ရွေးချယ်မှုမှာ နိုင်ငံရေးခေါင်းဆောင်များ၊ ဆန်းသစ်တီထွင်သူများနှင့် အခြားသော နယ်ပယ်များမှ ပုဂ္ဂိုလ်များ ပါဝင်ပါတယ်။ ထရမ့်ဟာ ယခုနှစ်အတွင်း Time မဂ္ဂဇင်း မျက်နှာဖုံးမှာ သုံးကြိမ်တိုင်တိုင် ဖော်ပြခံခဲ့ရပါတယ်။
နိုင်ဆွေဦး
#NaingSweOo
[12122024]
Source: RT News