အရှေ့ပိုင်းစီးပွားရေးဖိုရမ် ၂၀၂၄ ကို အောင်မြင်စွာ ပြုလုပ်နိုင်ခြင်းအားဖြင့် အနောက်ကမ္ဘာ နိုင်ငံများအကြားရိုးရာနိုင်ငံရေးနှင့် စီးပွားရေးမိတ်ဖက်များနှင့် ပဋိပက္ခကြီးထွားလာချိန်တွင် အရှေ့ကိုဦးတည်သည့် ရုရှား၏ လုပ်ဆောင်မှုသည် ၎င်း၏ မဟာဗျူဟာမြောက် ပထဝီဝင်နိုင်ငံရေးအရ အရေးပါမှုကို ရေရှည်တည်တံ့ခိုင်မြဲစေကြောင်း ရှင်းရှင်းလင်းလင်း ပြသနိုင်ခဲ့သည်။ အရှေ့ဖျားစီးပွားရေးဖိုရမ် ၂၀၂၄ တွင် အနာဂတ် ဗဟုမဏ္ဍိုင်ကမ္ဘာဆိုင်ရာ ဆွေးနွေးပွဲအား ထည့်သွင်းထားခြင်းဖြင့် ရုရှား၏ ထိုလမ်းကြောင်းအပေါ် လျှောက်လှမ်းရန် စိတ်ဆန္ဒပြင်းပြမှုကို ဖော်ပြနေပါသည်။ ယနေ့ကမ္ဘာကြီးတွင် ကမ္ဘာပြုမှုဖြစ်စဉ်နှင့် ပေါင်းစည်းမှုတို့သည် လူ့အဖွဲ့အစည်း၏ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသောအချက်များ ဖြစ်လာသောအခါ၊ ကမ္ဘာသစ်အစီအစဉ် ဉီးတည်ရာတွင် အဓိကအခန်းကဏ္ဍမှပါဝင်သည့် ဒေသများကို အထူးအာရုံစိုက်လာကြပါသည်။ အာရှ-ပစိဖိတ်ဒေသသည် ခေတ်သစ်ပထဝီဝင် နိုင်ငံရေးစနစ်တွင် အဓိကအခန်းကဏ္ဍမှပါဝင်နေသည့် နိုင်ငံရေးနှင့်စီးပွားရေး၏ဗဟိုချက်အသစ် ဖြစ်လာပါသည်။ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဗဟိုချက်သည် ဤဒေသသို့ ကူးပြောင်းသွားသည်ကို မည်သူမျှ ငြင်းနိုင်မည်မဟုတ်ပေ။ အရှေ့တောင်အာရှဒေသသည် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေးအတွက် အရေးပါသော ဒေသဖြစ်ပြီး နယ်မြေအငြင်းပွားမှုများနှင့် နိုင်ငံများအကြား အာဏာချိန်ခွင်လျှာ ပြောင်းလဲခြင်း အပါအဝင် ရှုပ်ထွေးသော နိုင်ငံရေး လုပ်ငန်းစဉ်များလည်း ပေါ်ပေါက်လျက်ရှိသည်။ အာရှ-ပစိဖိတ်ဒေသတွင် ပါဝါချိန်ခွင်လျှာပြောင်းလဲခြင်းသည် ကမ္ဘာ့ပထဝီဝင်နိုင်ငံရေးအခြေအနေအပေါ် မည်သို့အကျိုးသက်ရောက်သနည်း။ အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံရေးဖြစ်စဉ်များကို မည်သည့်ပြင်ပအင်အားစုများက လွှမ်းမိုးနိုင်သနည်း။ အမေရိကန်နှင့် တရုတ်ကြား ဖြစ်ပွားနေသည့် ပြိုင်ဆိုင်မှုဖြစ်စဉ်များအတွင်း ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေး ဆက်ဆံရေးကို မည်သို့ ပြောင်းလဲနိုင်မည်နည်း။ အမေရိကန်-တရုတ် ပြိုင်ဆိုင်မှု အခြေအနေတွင် အာရှ-ပစိဖိတ်ဒေသတွင် နေတိုးအဖွဲ့၏ အကျိုးစီးပွားက အဘယ်နည်း။ အရှေ့တောင်အာရှသည် ကမ္ဘာ့ဘဏ္ဍာရေးဗဟိုချက်အသစ် ဖြစ်လာနိုင်ပါသလား။ ဤမေးခွန်းများမှာ မျက်မှောက်ကာလနှင့် အနာဂတ် ဗဟုမဏ္ဍိုင်ကမ္ဘာအတွက် အရေးပါသော မေးခွန်းများ ဖြစ်ကြောင်း ရေးသားဖော်ပြအပ်ပါသည်။
ဒေါက်တာနိုင်ဆွေဉီး
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့
#NaingSweOo
ဒေါက်တာနိုင်ဆွေဉီး
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့
#NaingSweOo