UAE Dubai Expo 2020 တွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံအလံလွှင့်တင်ကာ National Day ခေါင်းစဉ်ဖြင့် မြန်မာ့ရိုးရာ အနုပညာများပါဝင် ပြသနိုင်ခဲ့
National Day's Event လေးကို
UAE နိုင်ငံမှာ ၂၀-၂-၂၀၂၂ နေ့က Dubai Expo 2020 ပွဲမှာ သီးသန့်ပြုလုပ်ခွင့်ရခဲ့ပါတယ်။
တိုင်းတစ်ပါးမှာပြုလုပ်ရတဲ့ပွဲလေးဟာ မထူးဆန်းဘူးဆိုနိုင်ပေမယ့် UAE နိုင်ငံမှာတော့ ဒါဟာ ပထမဆုံး မြန်မာအလံနဲ့ ကျင်းပခွင့်ရတဲ့ပွဲမို့ အဲဒီကိုရောက်ရှိနေကြတဲ့ မြန်မာတွေဟာ ကိုယ့်နိုင်ငံဆိုတဲ့ မျိုးချစ်စိတ်ပီတိတွေနဲ့ မျက်ရည်ဝဲခဲ့ကြရပါတယ်။
အတိုက်အခိုက် အနှောင့်အယှက်များစွာတွေကြားထဲကနေ Myanmar 🇲🇲 ဆိုတဲ့အလံတော်ကို လွှင့်တင်ပေးရင်း National Theme Songကိုသီဆိုခွင့်ရခဲ့ကြပါတယ်။
⭐အလံတင်အခမ်းအနား
⭐ရိုးရာရေသဘင်ပွဲကို ရိုးရာဝတ်စုံများနဲ့ဖျော်ဖြေခြင်း
⭐ Golden Land Myanmar 🇲🇲 သီချင်းနှင့်ဖျော်ဖြေခြင်း ဆိုပြီး သုံးပိုင်းပြသခဲ့ကြပါတယ်။
ပွဲစီစဉ်သူ အနီရောင်မြန်မာဝတ်စုံနဲ့ ချင်းအမျိုးသမီးဟာ နိုင်ငံတော်သီချင်းနဲ့ အလံတင်နေစဉ်မှာ ဝမ်းသာလွန်းလို့ မျက်ရည်ကို မနည်းထိန်းနေရတာကို ဗီဒီယိုမှာ တွေ့မြင်နိုင်ပါတယ်။
"အဲဒီအမက မလီဗီဆပ်နိုင်ထန်းပါ၊ ဒီပွဲအတွက် သူအများကြီး အတိုက်အခိုက် အပြောအဆိုခံခဲ့ရပါတယ်" ဟုလည်းသိရှိရပါသည်။
မည်သို့ဆိုစေ UAE ကဲ့သို့ အကဲဆတ်သည့်နိုင်ငံမျိုးတွင် မြန်မာနိုင်ငံတော်အလံအား နိုင်ငံတော်သီချင်းဖြင့် လွှင့်တင်ကာ မြန်မာ့အနုပညာကို ပြသရင်း မြန်မာပြခန်းကိုပါ စီစဉ်နိုင်ခဲ့သော မလီဗီဆပ်နိုင်ထန်းနှင့်အဖွဲ့အား မိမိတို့ ဗုဒ္ဓဘာသာအမျိုးသားရေးစာမျက်နှာမှ လေးစားဂုဏ်ပြုမှတ်တမ်းတင်လိုက်ရပါသည်။
ဗီဒီယိုဖိုင်ပေးပို့သူအား
ကျေးဇူးတင်ပါသည်။
🦚ဗုဒ္ဓဘာသာအမျိုးသားရေးစာမျက်နှာ🦚