၁၁။ မြန်မာနိုင်ငံအစိုးရနှင့် တပ်မတော်တို့
အနေဖြင့် ကာလရှည်ကြာစွာ သမိုင်းကြောင်းရှိတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသရှိ ပြဿနာများအပေါ် ဆက်လက်ဖြေရှင်းသွားရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်ပါတယ်။ အဆိုပါပြဿနာများဟာ မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ ကျရောက်ခဲ့တဲ့ ကိုလိုနီ လက်အောက်ခံဘဝရဲ့ အကျိုးဆက်များအပါအဝင် ရှုပ်ထွေးတဲ့ ပြဿနာများ ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါအချက်များဟာ ယခုကြားနာမှုနဲ့ သက်ဆိုင်ခြင်း မရှိပါ ဘူး။
၁၂။ မြန်မာနိုင်ငံအစိုးရအနေဖြင့် ဤရှုပ်ထွေးလှသော ပြဿနာအား ငြိမ်းချမ်းသော နည်းလမ်း
ဖြင့် စေ့စပ်ညှိနှိုင်းအဖြေရှာ၍ ပြေလည်မှုရရှိစေရေးအတွက် ကြိုးစားလျက်ရှိပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရ်ှနှင့် တရုတ် (၃) နိုင်ငံအကြား သုံးပွင့်ဆိုင် သံတမန်ဆွေးနွေးပွဲများ ကျင်းပလျက် ပြန်လည်လက်ခံရေးကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိပါတယ်။ တစ်ချိန်တည်းမှာပဲ မြန်မာနှင့်ဘင်္ဂလားဒေ့ရ်ှတို့၏လုပ်ငန်းအဖွဲ့များမှ နှစ်နိုင်ငံ သဘောတူ ညီချက်အရ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသည့် လူဦးရေစာရင်းကို ပြုစုရာတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ပါတယ်။ ပြန်လည်လက်ခံရေးအတွက် ကနဦး လုပ်ငန်းစီမံကိန်းများကိုလည်း မြန်မာနိုင်ငံအစိုးရမှ ပြင်ဆင်ဆောင်ရွက်ထားပြီးဖြစ်ပါ တယ်။ မြန်မာနိုင်ငံရဲ့ နယ်နိမိတ်အတွင်း၊ ရခိုင်ပြည်နယ်ရှိ IDP စခန်းတွေမှာ နေထိုင် လျက်ရှိသူများကို အခြားနိုင်ငံသားများနည်းတူ Covid-19 ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးလျက်ရှိပါတယ်။ ဒါ့အပြင် နေရပ်စွန့်ခွာသူများအား ၎င်းတို့၏ မူရင်းဒေသများကို ပြန်လည်ပို့ဆောင်နိုင်ရေးနဲ့ IDP စခန်းများ ပိတ်သိမ်းနိုင်ရေးကိစ္စများမှာလည်း ဆောင်ရွက်နေဆဲဖြစ်ပါတယ်။ လတ်တလော ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံ အစိုးရအနေနဲ့ လက်ရှိပြဿနာအပေါ် ထိရောက်ပြီး မှန်ကန်တဲ့ ကုစားမှုရရှိနိုင်ရေး အလေးထားမှု ဆန္ဒမှန်ကို သိရှိမှာ ဖြစ်ပါတယ်။
၁၃။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ နိုင်ငံတော်၏ တာဝန်များကို ရယူပြီးနောက်မှာလည်း အိမ်စောင့်အစိုးရအသစ်အနေဖြင့် ယခုအမှုအပေါ် ယခင်အစိုးရမှ ထားရှိခဲ့တဲ့ တာဝန်များကို ဆက်လက် လက်ခံလိုက်နာ လျက်ရှိပါတယ်။ တာဝန်ရှိအဖွဲ့အစည်းအနေဖြင့် တရားရုံးမှချမှတ်ခဲ့သော ကြားဖြတ် စီမံဆောင်ရွက်ချက် အမိန့်အား အစွမ်းကုန် အကောင်အထည်ဖော်လျက်ရှိပြီး ပုံမှန် တင်သွင်းရမည့် အစီရင်ခံစာများကို ဆက်လက်တင်သွင်းလျက်ရှိပါတယ်။
ဥက္ကဋ္ဌကြီးနဲ့ ဂုဏ်သရေရှိ
တရားသူကြီးမင်းများခင်ဗျား၊
၁၄။ မြန်မာနိုင်ငံအနေနဲ့ ကနဦးကန့်ကွက်လွှာမှာ အချက် (၄) ချက်ကို တင်သွင်းခဲ့ပါတယ်။ အဆိုပါကန့်ကွက်ချက်များနဲ့ သက်ဆိုင်တဲ့ လျှောက်လဲချက်များကို မြန်မာနိုင်ငံက တင်ပြ ခဲ့တဲ့ စာဖြင့်ရေးသားလျှောက်လဲချက်များမှာ အပြည့်အစုံပါဝင်ထားပြီးဖြစ်ကာ အဆိုပါ အချက်များကို ဆက်လက်မှီငြမ်းလျှောက်လဲသွားမှာဖြစ်လို့ တရားရုံးအနေဖြင့်လည်း ဆက်လက်မှီငြမ်းနိုင်ပါရန် လေးစားစွာ တင်ပြပါတယ်။ တရားရုံး၏ နည်းဥပဒေများနဲ့ ကျင့်ထုံးလမ်းညွှန်များနှင့်အညီ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုရှေ့နေများမှ လိုအပ်သည့် အချက်အလက်များအပေါ် အဓိကထား တင်ပြသွားမှာဖြစ်ပါတယ်။
၁၅။ ယနေ့ပြုလုပ်မယ့် မြန်မာနိုင်ငံရဲ့ လျှောက်လဲချက်များကို အောက်ဖော်ပြပါ အစီအစဉ် အတိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပထမဦးစွာ Dr. Staker မှ မြန်မာနိုင်ငံရဲ့ ကနဦးကန့်ကွက်လွှာ ပထမအချက်ကို လျှောက်လဲမှာ ဖြစ်ပါတယ်။ ကနဦးကန့်ကွက်လွှာ ဒုတိယအချက်ကို Professor Talmon က လည်းကောင်း၊ တတိယအချက်ကို Professor Kolb ကလည်းကောင်း အသီးသီး လျှောက်လဲကြမှာဖြစ်ပြီး ကနဦးကန့်ကွက်လွှာ နောက်ဆုံးအချက်ကို Dr. Staker မှ ဆက်လက်လျှောက်လဲသွားမှာ ဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးနဲ့ ဂုဏ်သရေရှိ
တရားသူကြီးမင်းများခင်ဗျား၊
၁၆။ စိတ်ပါဝင်စားစွာ နားထောင်ပေးမှုအတွက် ကျေးဇူးတင်ရှိပါတယ်။ ဆက်လက်၍ မြန်မာနိုင်ငံ၏ ရှေ့နေ Dr. Staker အား
လျှောက်လဲခွင့်ပြုပါရန် မေတ္တာရပ်ခံအပ်ပါတယ်။
ကျေးဇူးတင်ပါတယ်။