.
အကြီးအကျယ်လေကြောင်း တိုက်ခိုက်မည်ဟုသတင်းရသဖြင့် ယူကရိန်းမြို့တော်ရှိ အမေရိကန်သံရုံးပိတ်
၂၀ နိုဝင်ဘာ ၂၀၂၄
လေကြောင်းတိုက်ခိုက်မှုကြီးတစ်ခု ပြုလုပ်မယ်လို့ သတင်းရရှိထားတဲ့အတွက် အမေရိကန်က ယူကရိန်းနိုင်ငံ ကိဗ်မြို့တော်မှာရှိတဲ့ ယင်းတို့ရဲ့သံရုံးကို ပိတ်လိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာဌာနက နိုဝင်ဘာ ၂၀ ရက် ဗုဒ္ဒဟူးနေ့က သတင်းထုတ်ပြန်ပါတယ်။
“အမေရိကန်သံရုံးအနေနှင့် အမေရိကန်နိုင်ငံသားတွေအနေနှင့် လေကြောင်းအချက်ပေးကြေညာပြီ ဆိုတာနှင့် အမိုးအကာတွေအောက် ချက်ခြင်းခိုလှုံဖို့ ပြင်ဆင်ထားကြပါ”လို့ သံရုံးက သတင်းထုတ်ပြန်ပါတယ်။
ယူကရိန်းက အမေရိကန်ရဲ့ ATACMS ဒုံးကျည်အသုံးပြုပြီး ရုရှားပိုင်နက်ကို တိုက်ခိုက်ခဲ့ပြီး တစ်ရက်အကြာမှာ အမေရိကန်သံရုံးရဲ့ သတိပေးချက် ထွက်ပေါ်လာတာပါ။ မကြာမီသက်တမ်းကုန်တော့မယ့် ဂျိုးဘိုင်ဒင်အစိုးရက စစ်ပွဲရက် ၁၀၀၀ ပြည့်နေ့မှာ ယင်းကဲ့သို့ အသုံးပြုခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။
အကယ်၍ ဝါရှင်တန်က အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်ဒုံးကျည်တွေနှင့် ရုရှားအတွင်းပိုင်းကို တိုက်ခိုက်ဖို့ ယူကရိန်းကိုခွင့်ပြုခဲ့လျှင် ယူကရိန်းစစ်ပွဲမှာ နေတိုးအဖွဲ့ဝင်တွေ တိုက်ရိုက်ပါဝင်ပတ်သက်ပြီလို့ သဘောထားမှာဖြစ်တဲ့အကြောင်း ရုရှားက သတိပေးထားပါတယ်။
YMG