ဘင်္ဂလားပင်လယ်တွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေပြန်
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာအရှေ့ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း(Low Pressure Area) တစ်ခု ဖြစ်ပေါ်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီဌာနက ယနေ့ ဒီဇင်ဘာ (၇)ရက် နေ့လယ်ပိုင်းတွင် အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက် - အနောက် မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် (၂၄)နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ကြောင်း အသိပေးချက်တွင် ဖော်ပြထားသည်။
ထို လေဖိအားနည်းရပ်ဝန်းသည် ဒီဇင်ဘာ (၁၁)ရက်တွင် ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း၊ သီရိလင်္ကာနိုင်ငံကမ်းလွန် - အိန္ဒိယနိုင်ငံ တမီးလ်နာဒူးကမ်းခြေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။