💂♀ရုရှား အထူးစစ်ဆင်ရေး ဆင်နွှမှုဆက်လက်လုပ်ဆောင်နေကြောင်းနှင့် စစ်ဆင်ရေး ဆောင်ရွက်မှုအခြေအနေများကို စက်တင်ဘာလ ၂၄ ရက်နေ့ မှာ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန ကထုတ်ပြန်ထားပါတယ်။
ထုတ်ပြန်ချက်တွင် ရုရှားမြေပြင်တပ်ဖွဲများရဲ့ ထိရောက်ပြင်းထန်သော၊ အမြောက်/ ဒုံး၊ ပစ်ခတ်မှုများ၊ အာကာသနှင့်လေကြောင်းတပ်ဖွဲ များ ၏တိုက်ခိုက်မှုများကြောင့် ယူကရိန်း လက်နက်ကိုင်တပ်ဖွဲဝင်များ၊ တိုက်လေယာဉ်၊ မောင်းသူမဲ့လေယာဉ်၊ S300 လေကြောင်းရန်ကာကွယ်ရေးရေဒါ၊ အမြောက်ကြီးများ၊ တင့်ကားနှင့် သံချပ်ကာတိုက်ခိုက်ရေး ယာဉ်များ၊ သံချပ်ကာလူသယ်ယာဉ်များ အများအပြား ဆုံးရှုးထိခိုက်ပျက်စီးခဲ့ကြောင်းဆို ပါတယ်။
၎င်းအပြင် ယူကရိန်း ဘက်မှ ဒွန်းနက်စ်ဒေသ (ဒွန်းနက်စ်ပြည်သူ့သမ္မတနိုင်ငံ ဟုမူရင်းတွင်ဖော်ပြ) သိုထိုးစစ် ဆင် တိုက်ခိုက် လာသော အမှတ်(၁၀)တောင်ပေါ်စစ်ဆင် ရေးတပ်မဟာ၏ ထိုးစစ်အား ထိန်းချုပ်လိုက်နိုင်ပြီး၊ အရာရှိ ၇ ဦးအပါအဝင်၊ စစ်သည်အများအပြားနှင့် သံချပ်ကာတိုက်ယာဉ်များကိုဖျက်ဆီး နိုင်ခဲ့ကာ ၊ဒုံးနှင့်အမြောက်ကျည်များ သိုလှောင်ရာဌာန ၃ ခုအပါအဝင် လေကြောင်း ကွပ်ကဲမှုဌာန၊လေကြောင်းရန်ကာကွယ်ရေးလက်နက်စနစ်နှင့် ယာဉ်ယန္တရား များ၊ ဒုံးပစ်စင်များ ကိုလည်းတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ ကြောင်းဖော်ပြပါရှိပါတယ်၊
ဇာပါရော့ဇယ်(Zaporozhye) နျူဓာတ်အားပေးစက်ရုံနှင့် ပတ်သက်ပြီး ယူကရိန်း အာဏာပိုင် များမှ ဆက်တိုက်ဆိုသလို ဝါဒဖြန့်ချိမှုများ ပြုလုပ်နေသော်လည်း၊ ၎င်းစက်ရုံကို ပစ်မှတ်ထား တိုက်ခိုက်လာတဲ့ မောင်းသူမဲ့ယာဉ်(Bayraktar-TB2) တစ်စီး ကို ခါကော့ဖ်ကာ နယ်မြေတွင် ကြားဖြတ် ပစ်ချနိုင်ခဲ့ကြောင်း၊ နျူ စက်ရုံပတ် ဝန်းကျင် ဓာတ်ရောင်ချည် ယိုစိမ့်မှု စသည့် စိုးရိမ်ဖွယ်အခြေအနေ တစ်စုံတစ်ရာ မရှိကြောင်း ထုတ်ပြန်ထားပါတယ်။