MT News _ Myanmar Transparency dan repost
လူတစ်စုအတွက် ဘဝမရင်းခဲ့ကြတဲ့ လူငယ်တွေရဲ့ ရန်ကုန်တက္ကသိုလ်က ဘွဲ့နှင်းသဘင်မှာ အောင်ပွဲခံမှုမြင်ကွင်း
၂၉. ၁၂. ၂၀၂၄
Photo Tha Doe
မြန်မာနိုင်ငံရဲ့ ပညာရေးအဆင့်အတန်းဟာ အလွန်နိမ့်ကျပြီး လူဦးရေ ၅၅ သန်းခန့်မှာ ၃ သန်းခန့်ပဲဘွဲ့ရကြသလို လူဦးရေရဲ့ ၁ဝ ရာခိုင်နှုန်းအောက်ကသာ အဆင့်မြင့်ပညာကို သင်ကြားနိုင်တဲ့ အထိ အခြေအနေဆိုးပါတယ်။
ဒီလိုဆိုးရွားလှတဲ့ အခြေအနေကို ၂၀၂၁ နွေဦးတော်လှန်ရေးဖြစ်စဥ်က ထပ်ဆင့်လောင်းပြီး ကလေးငယ်တိုင်းရဲ့ ပညာသင်ခွင့်ကို CDM ဆိုတဲ့စကားလုံးနဲ့ အောက်တန်းတကျနင်းခြေလိုက်တဲ့အခါမှာ မြန်မာနိုင်ငံက လူငယ်အများအပြားဟာ ပညာရေးတစ်ဝက်တစ်ပျက်နဲ့ ဘဝပျက်ကုန်ကြသလို့ လူငယ်တချို့ကလည်း ဘယ်နေရာမှ တရားမဝင်တဲ့ NUG ရဲ့ ကြားကာလပညာရေးမှာ ဘဝပျက်ခံအချိန်ဖြုန်းနေကြပါတယ်။
ဒါပေမဲ့ ဒီနေ့မှာလည်း ရန်ကုန်တက္ကသိုလ်မှာဘွဲ့နှင်းသဘင်ကျင်းပနေပြီး အသိဉာဏ်ရှိတဲ့လူငယ်တွေရဲ့ ဘဝအောင်မြင်မှုပြယုဂ်အဖြစ် သူတစ်ပါးအသုံးချမှုအောက် အနာဂတ်အပျောက်မခံတဲ့လူငယ်တွေက သူတို့ဘဝ နောက်တစ်ဆင့်တက်လှမ်းမယ့် ပညာရေးပန်းတိုင်ကို အောင်မြင်စွာဆွတ်ယူစားသုံးဖို့ အောင်ပန်းဆင်နေတာ တွေ့ရပါတယ်။
နိုင်ငံသားတိုင်းနဲ့ဆိုင်တဲ့ နိုင်ငံရေးဟာ နိုင်ငံတိုးတက်ကောင်းမွန်ဖို့နဲ့ နိုင်ငံသားတွေ ကြွယ်ဝချမ်းသာရေးမှာသာ အဓိကဖြစ်သင့်တာဖြစ်ပြီး အာဏာရဖို့ မဲမသမာမှုလုပ်၊ စွပ်စွဲခံရတာ ပြန်မဖြေရှင်းနိုင်၊ ပြန်မဖြေရှင်းနိုင်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ထပ်ဖောက်ဖျက်၊ ဒီလိုထပ်ဖောက်ဖျက်လို့ အစိုးရတစ်ရပ်လုံးဖြုတ်ချခံရမှ ကျောင်းသား၊ လူငယ်နဲ့ပြည်သူကိုအသုံးချ လမ်းပေါ်ဆွဲတင် ဆန္ဒပြရုံတင်မက၊ အကြမ်းဖက် လက်နက်ကိုင်ပြီး လူငယ်တွေ ဘဝပျက်အောင် မလုပ်ဆောင်သင့်ဘူးဆိုတာကို တောထဲတောင်ထဲမှာ ဘဝပျက် လက်နက်ကိုင်သွားတဲ့ လူငယ်တွေနဲ့ အခု ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်မှာ အောင်ပွဲခံနေတဲ့ လူငယ်တွေ ကွာခြားသွားတဲ့ဘဝတွေက အခုတင်မက သူတို့အနာဂတ်ရော နိုင်ငံ့အနာဂတ်မှာပါ သက်သေပြသွားပါတော့မယ်။
◾ Website တွင် ဆက်လက်ဖတ်ရှုရန်
https://www.mtnewstoday.com/?p=86371
#နိုင်ငံရေး #ပညာရေး #ကျောင်းသား #ပညာတတ် #ဘွဲ့ရ #လက်နက်ကိုင် #CDM #MT #mtnews