မြိတ်မြို့ ငါးအမှုန့်ကြိတ်စက်ရုံတွေက အနံဆိုးထွက်တာ ပိုမိုဆိုးရွားလာတယ်လို့မြို့ခံတွေပြော
ဒီဇင်ဘာလ ၁ ရက်
အခုလထဲမှာ မြိတ်မြို့၊ အင်းလေးမြိုင်စက်မှုဇုံက ငါးအမှုန့်ကြိတ်စက်ရုံတွေကနေ အနံ့ဆိုးထွက်ရှိတာတွေ ယခင်ကထက်ပိုဆိုးလာတယ်လို့ မြိတ်မြို့ခံတွေက ပြောပါတယ်။
မြိတ်မြို့ခံပြည်သူတွေဟာ ငါးအမှုန့်ကြိတ်စက်ရုံတွေကထွက်တဲ့ အနံ့ဆိုးကို ၂၀၁၂ ခုနှစ်ကတည်းက နှစ်စဥ်နှစ်တိုင်း ခံစားလာကြရတာ ဆယ်စုနှစ်တစ်ခုကျော်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။
ငါးအမှုန့်ကြိတ်စက်ရုံတွေက အနံ့ဆိုးတွေဟာ အရင်နှစ်တွေက မိုးကာလကျမှ အနံတွေဆိုးရွားလာလေ့ရှိခဲ့ပေမဲ့ ဒီနှစ်မှာတော့ ပွင့်လင်းရာသီရောက်လာတဲ့အထိ အနံ့တွေက ပိုပြီးတော့ ဆိုးရွားလာနေတယ်လို့ မြိတ်မြို့ခံတွေက ပြောကြပါတယ်။
“ အရင်ကဆို အင်းလေးမြိုင်ဘက်ရောက်မှ အနံ့ရတာ။ အခုက ကျမတို့ရပ်ကွက်အထိပါ အနံ့တွေရနေတယ်။ ဒါတောင် ကျမတို့ရပ်ကွက်က အတော်လေးဝေးတယ်။ စက်ရုံတွေရှိတဲ့ အင်းလေးမြိုင်ဘက်မှာဆို အနံ့ကတော်တော်လေးပြင်းပါတယ်” လို့ ထားဝယ်စုရပ်ကွက်နေ မြိတ်မြို့ခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
အဆက် - ⤵️⤵️