Forward from: Myanmar Hard Talk
Video is unavailable for watching
Show in Telegram
ကရင်နီပြည်နယ်မှာ တပ်မတော်ယာဉ်တန်းကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တဲ့ရုပ်သံတစ်ခု လွိုင်ကော် PDF က ထုတ်ပြလာခဲ့ပါတယ်။
အဆိုပါ တပ်မတော်ယာဥ်တန်းဟာ စက်တင်ဘာလ ၁ ရက်နေ့က ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှတစ်ဆင့် ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်အတွင်း ဝင်ရောက်လာစဥ် PDF တွေက ယခုလို ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်တာတွေအပြင် မိုင်းဆွဲတိုက်ခိုက်တာတွေလည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုအတွင်းမှာ ဗုံးသီးဟာ တပ်မတော်ကားတစ်စီးပေါ်ကို တည့်တည့်မတ်မတ် ထိမှန်ခဲ့တာတွေ့ရပြီး ယင်းသို့ထိမှန်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် အများအပြား ထိခိုက်မှု ရှိနိုင်တယ်လို့သာ PDF တွေက ထုတ်ပြန်ထားပြီး အရေအတွက်အတိအကျကိုတော့ ထုတ်ပြန်တာမရှိသလို လုံခြုံရေးအသိုင်းအဝိုင်းဘက်ကလည်း ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ပြောဆိုထားတာ မရှိသေးပါဘူး။
#mhtnews