❝နစကဥက္ကဋ္ဌနှင့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ ကူမင်းမြို့မှာတွေ့ဆုံပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုတ်နှံမှုတွေလာလုပ်ဖို့ဖိတ်ခေါ်❞𝙈𝙃𝙏 𝙉𝙀𝙒𝙎 《𝙉𝙤𝙫~𝟓》
စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံခရီးစဥ်ကို ဒီကနေ့ နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းမှာ စတင်ခဲ့ပြီး ဒီကနေ့ မနက်ပိုင်းမှာပဲ တရုတ်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
အဲဒီတွေ့ဆုံမှုကို ကူမင်းမြို့မှာရှိတဲ့ Hualuxe Hotel မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံမှာ အခြေခံအဆောက်အဦးတွေ တည်ဆောက်ဖို့နဲ့ လိုအပ်ချက်ရှိနေတဲ့ ဘိလပ်မြေထုတ်လုပ်ဖို့အတွက် ဘိလပ်မြေစက်ရုံတွေ တည်ထောင်ဖို့ တရုတ်လုပ်ငန်းရှင်တွေကို ဗိုလ်ချုပ်မှူးကြီးက ဖိတ်ခေါ်ခဲ့တယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်မှူးကြီး ဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး (8th Greater Mekong Subregion...
Read More...
https://telegra.ph/Myanmar-Hard-Talk-11-05-6