2011ခုနှစ် တပ်မတော် က
ရွှေလင်းယုန်စစ်ဆင်ရေးနဲ့ kia ကို နှိမ်နင်း
ခဲ့တယ်။
အဲ့တာ လက်ရှိ တပ်မတော်အကြီးအကဲ ကာလ ပါပဲ။
အဲ့တုံးက ချေမှုန်းရေးတပ်တွေ လိုက်ဇာ မုဒ်ဦး ရောက်နေပြီ။
ဂွမ်မော် ကိုယ်တိုင် ကကကြည်းကို ဖုန်းဆက် ရတယ်။
ကကကြည်းက သမ္မတရုံးကိုလွှဲပေတယ်။
သမ္မတကြီး ဦးသိန်းစိန်က မလုပ်ပါနဲ့တော့
ဆိုလို့ လက်ရှိတပ်မတော်အကြီးအကဲ က ချေမှုန်းရေးတပ်တွေကို နောက်ဆုတ်ပေးခဲ့တယ်။
ဒီ အဖြစ်အပျက်က တစ်နိုင်ငံလုံး တစ်တိုင်းပြည်လုံး သိတဲ့ ကိစ္စပါ။
ယနေ့ ယခု kia, က nug, ပဒက် အားကိုနဲ့ ကချင်ပြည်နယ်ထဲက တပ်မတော်စခန်းတွေ မြို့ရွာတွေကို တိုက်ခိုက်ဖျက်စီးနေတယ်။
ဘာကို ဆိုလိုတာလည်း ကျွန်တော် အဆုံးထိ မပြောပါဘူး။
ကျေးဇူးရှိမှ ကျေးစွတ်တာပါ။ kia ယခု ရန် ငါ ပြတ်သလား။ သေချာပြီလား မေးလိုက်ပါ။
အမေရိကန်က မီမီဝင်းဘက် အနောက်ရူး က
တပ်မတော် ကိုစစ်မတိုက်တတ်ဘူး ဝါဒဖြန့်
ကတာကို မိမိ ဘက်က အမျိုးသားရေးစိမ်းပိန်း
အချို့က နားယောင် ကြပြန်တယ်။
လက်ရှိ တပ်မတော်အကြီးအကဲက စစ်မတိုက်တတ်လား စစ်တိုက်တတ်လား ရွှေလင်းယုန်စစ်ဆင်ရေး၊ လောက်ကိုင် ပဒု ၊
မုံးကိုး တိုက်ပွဲတွေ မှာ kia, အပါအဝင် မြောက်ပိုင်းက အဖွဲ့တွေကို အပြုတ်ဖြုတ်လို့ ရခဲ့တယ်။
သို့သော် တပ်မတော် ရဲ့မူဝါဒက တိုင်းရင်းသား အရေးအဖြစ်သာ ကိုင်တွယ်ပြီး တိုင်းရင်းသားချင်းဆိုတဲ့
အသိနဲ့ သက်ညှာထားပေးခဲ့တယ်။
ယခုလည်း အခြေအနေတစ်ခုအထိ သက်ညှာ နေတယ်ဆိုတာ စစ်သားဟောင်းတွေ သိကြတယ်။ အတွေ့အကြုံရှိသူတွေ
သိကြပါတယ်။
တကယ်လုပ်ရင် မြိူ့တစ်မြို့ကို တစ်ရက်တည်းနဲ့ ပြာပုံဖြစ်သွားအောင် အထိ တပ်မတော်က လုပ်လို့ရတယ်။
ဒီအခြေအနေကို မကိုင်တွယ်နိုင်စရာ အကြောင်းကို မရှိနိုင်ပါဘူး။
လေယာဉ်တစ်စီးနဲ့ ဗုံး ၁၀လုံးလောက်ချတာ
တောင် ဒီလောက်ထိရောက်နေတာ ။ ဖြန့်ထားတဲ့
လေယာဉ်တွေ ဒုံးတွေ တစ်နေရာတည်းစုပြုံကြဲရင် ဘယ်လိုလုပ်ကြမလည်း ခင်ဗျားတို့ စဉ်းစား
ဖူးပါသလား။
မစဉ်းစားဖူးရင် စဉ်းစားပြီး မြင်ယောင်ကြည့်ပါ။
ဒါ့ကြောင့် တပ်မတော်အကြီးအကဲ က
လက်နက်စွန့်ကြပါဆိုပြီး အကြိမ်ကြိမ်သတိပေးနေတယ်။
သတိပေးပြီး နောက်ပိုင်း ဖြစ်ပျက်သမျှဟာ လက်နက်မစွန့်သော သောင်းကျန်းသူအဖွဲ့တွေမှာသာ
တာဝန်ရှိမှာ ဖြစ်ပါတယ်။
လက်နက်စွန့်ကြပါဆိုတဲ့ စကားကို နိုင်ငံတော်
အဆင့် ပုဂ္ဂိုလ်တစ်ယောက်က စကားကိုအဖက်
တင်ခံပြီး တိုင်းသိ၊ ကမ္ဘာသိ အလကားပြော
နေတာ မဟုတ်ပါဘူး။
ချင့်ချိန်လုပ်ကြ အတိုင်းအတာ တစ်ခုအထိ
တော့ ရှိလိမ့်မယ်လို့ ကျွန်တော် အနေနဲ့သုံးသပ်
ပါတယ်။
ယခု ဗန်မော်ကို kiaတိုက်နေတယ်။ အင်း
Kyaw Swar
https://t.me/kyawswar49111