မောင်မောင်ခေါ်တုန်း ဗျာထူးတာ ကောင်းတယ်
======
တပ်ဟာ တပ်စခန်းတွေ ဘယ်လို ဆုတ်ရတယ်၊ ပေးရတယ်ပြောပြော တပ်ဆိုတဲ့ အင်စတီကျူးရှင်းဟာ မြန်မာ့လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာခဲ့တဲ့ အဖွဲ့အစည်း ဖြစ်သလို တခြားအဖွဲ့အစည်းတွေထက်လည်း အမိန့်နာခံမှုနဲ့ တသွေးတသံ၊တမိန့်က ပိုပြီးအားကောင်းတယ်။
ဘာလို့ ဒီလို ပြောရသလဲဆိုတော့ ကျန်တဲ့ EAO မှာက နယ်ဒါးမြတို့လို လူသတ်တာမိတာတောင် တရားဝင်အရေးမယူနိုင်တဲ့ EAO တွေရှိသလို၊ အဝယ်ခံရင် ခံရသလို ငယ်သား တစ်စုခေါ်ပြီး ခွဲထွက်တစင်ထောင်တဲ့ ဓလေ့က EAO ထဲမှာပဲရှိတယ်။ ပိုဆိုးတာက စစ်အာဏာရှင်ပပျောက်ချင်လို့ ၊ ဒီမိုကရေစီလိုချင်လို့ လက်နက်ကိုင်ရပါတယ်ဆိုတဲ့ အညာပဒက်တွေမှာလည်း NUG ရဲ့ CoC ထဲ တောင် တချို့ မဝင်ကြဘူး။ ဆိုတော့ ...မြန်မာနိုင်ငံမှာ ရည်ရွယ်ချက်မတူတဲ့ အဖွဲ့စုံတွေများလွန်းတယ်။
ဒီအခြေအနေကို သိရက်နဲ့ တချို့က ပြောကြတယ်။ မနေ့တနေ့ကမှ ပေါ်လာတဲ့ PDF ကို မနှိမ်နင်းနိုင်ဘူးဆိုတဲ့ သဘောမျိုး ပြောကြတယ်ရှိတယ်။ တပ်မတော်မှာ အင်အား ၅ သိန်းပဲရှိတယ်ထား။ အကုန်လုံးက တိုက်ခိုက်ရေးအင်အားမဟုတ်ဘူး။ ဒါပေမယ့် EAO တွေကတော့ ၅ သောင်းရှိရင် ၅ သောင်းစလုံးကို တိုက်ခိုက်ရေး အင်အား ထုတ်နိုင်တယ်။ ကလေး၊ လူကြီး မကျန်ပေါ့။
ဒီလို အခြေအနေမှာ တပ်မတော်က နယ်ဘက်အုပ်ချုပ်ရေး၊ ဘဏ်၊ ကျောင်းနဲ့ ဆေးရုံတွေကအစ ဖြန့်ခွဲပြီး လုံခြုံရေး ယူရတယ်။ ကယား၊ ကရင်၊ ရှမ်းမြောက်နဲ့ ကချင် ဒေသတွေကို စစ်ဧရိယာ ဖြန့်ချလိုက်တဲ့အခါ တပ်မတော်ရဲ့ တိုက်ခိုက်ရေး အင်အားက ပြန့်ကုန်တော့တယ်။ ဒါ့ကြောင့်လည်း စစ်ကူ တွေကို လွယ်လွယ်နဲ့ မြန်မြန် မပေးနိုင်တဲ့ အခြေအနေတွေ ရှိလာခဲ့တာကို မြင်ခဲ့ရတာ ဖြစ်တယ်။
ဘယ်လိုပဲ ဖြစ်ဖြစ်....ဖက်ဒရယ် အော်ပြီး စစ်တိုက်ခဲ့တဲ့ ကိုးကန့်တွေ၊ တအာင်းတွေ၊ AA တွေအနေနဲ့ မြေသိမ်းနိုင်တယ်ဆိုပေမယ့် အုပ်ချုပ်ရေး ယန္တရား ဖော်ဆောင်နိုင်ဖို့လည်း တပ်မတော်ရဲ့ ဗုံးကြဲ တိုက်ခိုက်မှုအောက်မှာ မလွယ်တာ တွေ့ရတယ်။ အဓိက ကတော့ နိုင်ငံရေး စကားမပြောပဲ စစ်နိုင်ရင် နယ်မြေအပိုင်ရတယ်ဆိုတဲ့ မျှော်လင့်ချက်က ထင်သလောက်တော့ အလုပ် မဖြစ်နိုင်ဘူး။
လောက်ကိုင်မှာကတည်းက နိုင်ငံရေး စကားပြောနိုင်ရင် အဆင်ပြေမယ့်အခြေအနေမှာ လားရှိုးထိဆင်းခဲ့တဲ့ ကိုးကန့် လုပ်ရပ်ဟာ ခုဆို ကိုးကန့်ဒေသလည်း အကောင်း မကျန်တော့ဘူး။ တအာင်းအဖွဲ့ကလည်း ဓားပြသာသာပုံစံမျိုး ဖြစ်နေခဲ့ပြီ။ AA ကပိုဆိုး။ အဖ ရခိုင်ပြည် လုပ်နေရင်းနဲ့ နောက်ကျောမှာ ARSA တိုက်ခိုက်တာလည်း ခံရတယ်။ စစ်ပွဲအတွင်းမှာ ဘင် တွေကို လူမျိုးတုန်းသတ်ဖြတ်တာလည်း ကျူးလွန်ထားတယ်။ စီးပွားရေးအရ ပလက်ဝ ကိုပါ ကျူးကျော်ထားလို့ ချင်းနဲ့ရခိုင်က လူမျိုးရေးစစ်ပွဲ သေချာပေါက် ဖြစ်ဦးမှာပဲ။
တပ်က ငြိမ်းချမ်းရေး ဖိတ်ခေါ်တာဟာ သူ့မှာ အင်အားချိနဲ့ပြီး အားနည်းလို့ မဟုတ်ဘူး။ သူ့မှာ စစ်မှုထမ်း တပါတ်စဉ်နဲ့ ဒေသန္တရ အုပ်ချုပ်ရေးကိုသာ ပီပီပြင်ပြင် ပုံဖော်နိုင်ရင် စစ်ပွဲက ပြောင်းပြန်ဖြစ်သွားလိမ့်မယ်။ အိမ်နီးချင်းနိုင်ငံတွေကနေ သံတမန်အားကို ယူရမယ်။ လိုအပ်ရင် စစ်ရေးနဲ့ နည်းပညာအထောက်အပံ့ရအောင် တောင်းရမယ်။ ထောက်လှမ်းရေး သတင်းတွေ ယူရမယ်။ တခုတော့ရှိတယ်။ တရုတ်ဟာ ကိုးကန့်နယ်မှာ ဖြစ်တဲ့ကျားဖြန့်မှာ စနက်မကင်းဘူးဆိုပေမယ့် နောက်ပိုင်း မြောက် ၃ ဖွဲ့ကို ထင်သလောက် မထိန်းချုပ်နိုင်တာ ကြည့်ရင် ကြားထဲမှာ ကစားတဲ့ အဖွဲ့တွေလည်း ထပ်ရှိနေသေးတာလို့ တွေးလို့ရတယ်။
ဆိုတော့ ...တရုတ်ဟာ အိမ်နီးချင်းကောင်း ပီသခြင်း၊ မပီသခြင်းထက် ဘယ်လို ပူးပေါင်းပြီး EAO နဲ့ PDF ကို ဖြေရှင်းမလဲ ဆိုတာပဲ တွေးရလိမ့်မယ်။ ရုရှားဟာ တပ်မတော်ရဲ့ မိတ်ဖက်ဖြစ်ပေမယ့် Geopolitics အရ ဝေးလွန်းတယ်။ တရုတ်နဲ့မြန်မာ ဘယ်သူ့ဘက်ပါမလဲ မေးရင် တရုတ်ကိုတော့ မျက်နှာ အပျက်ခံမယ်မထင်ဘူး။ ဆိုလိုတာက နှစ်နိုင်ငံစလုံးက မိတ်ဖက်ပဲ။ ကိုယ်က အနီးစပ်ဆုံးနိုင်ငံကို ပိုပိုသာသာ ကစားနိုင်ဖို့ပဲ လိုလိမ့်မယ်။ ချစ်ခြင်း၊မုန်းခြင်းထက် ဘယ်လို အမြတ်ရအောင် ယူရမလဲ ဆိုတာပဲ တွေးရမယ်။
စစ်မှုထမ်းအင်အားလည်း ဘယ်နည်းနဲ့ရရ တပ်မတော်က ရနေမယ်။ လိုအပ်တဲ့ နည်းပညာနဲ့ စစ်လက်နက်တွေလည်း ဖြည့်တင်းနိုင်နေမယ်။ လက်ရှိနိုင်ငံရေး ပါတီတွေ၊ အနုပညာနဲ့ စာနယ်ဇင်းသမားတွေကိုလည်း လိုအပ်သလို နေရာပေး ညှိနှိုင်း နိုင်မယ်ဆိုရင်...ပြည်ပရောက်နေတဲ့၊ တောထဲ ရောက်နေတဲ့ အင်အားစုတွေလည်း ပြန်ခေါ်နိုင်မယ်ဆိုရင်တော့....ကလေးကအစ လူကြီးအဆုံး အင်အားသုံးပြီး မျိုးနွယ်စု စစ်ပွဲ ဖန်တီးနေတဲ့ ကိုးကန့် ၊ ပလောင်၊ AA ရခိုင်နဲ့ KIA အတွက် အခြေအနေမကောင်းနိုင်ဘူး။
အကြံပေးတာပါ။ EAO တွေ အနေနဲ့ မောင်မောင် ခေါ်တုန်း ဗျာထူးတာကသာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။
(နရီမိုး)