Min Chit Oo


Channel's geo and language: not specified, not specified
Category: not specified


သတင်းမှန်တွေဆို Fbကဖြုတ်ချနေလို့ သတင်းမှန်တွေသိရအောင် လုပ်ဆောင်ပေးခြင်းပါ သူငယ်ချင်းတွေသုံးရင် ဆက်လက်မျှဝေပေးပါ

Related channels  |  Similar channels

Channel's geo and language
not specified, not specified
Category
not specified
Statistics
Posts filter


Video is unavailable for watching
Show in Telegram


AA အဖွဲ့၏ ဘင်္ဂါလီစည်းရုံးရေး နည်းဗျူဟာအသစ်
============================
၁-၁၁-၂၀၂၁ ရက်နေ့က ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ သေကံခွဆုံ(ဘင်္ဂါလီ)ကျေးရွာသို့ AA အဖွဲ့ဝင် ဘင်္ဂါလီလူမျိုး လာလူးချေဆိုသူနှင့် မာနူး ဆိုသူတို့နှစ်ဦးသည် စက်လှေဖြင့် ရောက်ရှိလာပြီး ကျေးရွာရှိအာရ်ဗီစာသင်ကျောင်း၌ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ အပါအဝင် ရွာသား၃၀ ဦးခန့်ဖြင့် အစည်းအဝေးပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
အစည်းအဝေးတွင် ဘင်္ဂါလီနှစ်ဦးမှ “၎င်းတို့သည် AA အဖွဲ့မှ တာဝန်ပေးအပ်ထားသော ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်များရှိ ဘင်္ဂါလီ ကျေးရွာများ၏ တရားစီရင်ရေးတာဝန်ခံများဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် လွတ်လပ်ရေး ရရှိရန်အတွက် ဘင်္ဂါလီများတွင်လည်း တာဝန်ရှိကြောင်း၊ ဘင်္ဂါလီများအနေဖြင့် AA အဖွဲ့တွင် တာဝန်ထမ်းဆောင်ကြရန်နှင့် ရန်ပုံငွေများလည်း လစဉ်ထည့်ဝင်ကြရမည်”ဟု လာရောက်စည်းရုံးခဲ့ပြီး ဆင်ခုန်တိုင်(ဘင်္ဂါလီ)ကျေးရွာသို့ စက်လှေဖြင့် ပြန်လည် ထွက်ခွာသွားကြောင်း အစည်းအဝေးတက်ရောက်ခဲ့သည့် ရွာသားများထံမှ သိရှိရပါတယ်။
ဒေသခံများအနေဖြင့် ၎င်းတို့သည် သေနတ်ကိုကြောက်၍ လိုက်ပါ လုပ်ဆောင်နေရသော်လည်း AA အဖွဲ့အပေါ် ယုံကြည်မှုနည်းပါးပြီး၂၀၁၆/၂၀၁၇ ခုနှစ်များကကဲ့သို့ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်အဖွဲ့ဝင်များမှ ဘင်္ဂါလီများအား စည်းရုံး၍ အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သောကြောင့် ဘင်္ဂါလီအချို့သေဆုံးရပြီး အများအပြား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးရသည့် ဖြစ်စဉ်များအတိုင်း AA သောင်းကျန်းသူအဖွဲ့မှ ရခိုင်ပြည်လွတ်လပ်ရေးရရှိရန်အတွက် ဘင်္ဂါလီများအား အသုံးချမည်ကို စိုးရိမ်နေကြရသည်ဟု သိရှိရသည်။
Video - AA အဖွဲ့ဝင် ဘင်္ဂါလီလူမျိုးတစ်ဦးမှ ဘင်္ဂါလီရွာများရှိ ရွာသားများအား AA အဖွဲ့သို့ဝင်ရောက်ရန် စည်းရုံးရေးဆင်းနေစဉ်




ယနေ့နံနက် အေးချမ်းတည်ငြိမ်နေသည့် ချင်းပြည်နယ် ပလက်ဝမြို့တွင် ဒေသခံ ချင်းတိုင်းရင်းသား အင်အား ၁၀၀၀ ကျော်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် တပ်မတော်အား ထောက်ခံပွဲကျင်းပပြုလုပ်
==========================

ထောက်ခံပွဲသို့တက်ရောက်လာသည့် ချင်းတိုင်းရင်းသား များမှ နစက အိမ်စောင့်အစိုးရကို
အပြည့်အဝထောက်ခံကြောင်း၊ တပ်မတော်အားထောက်ခံကြောင်း၊ CRPH ၊NUG အလိုမရှိကြောင်း၊
အကြမ်းဖက်လူသတ် PDFအလိုမရှိကြောင်း စသည့်ဆိုင်းဘုတ်များကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရှိရပါတယ်။

#MinChitOo




နှာခေါင်းဖြည့်စပါးကွင်းထဲထည်ထိုးနေသော PDF များ




အာဝုလေးတို့ စျေးကွက်လုခံရပြီ😏😏😒




#ထန်တလန်မြို့ဖြစ်စဉ်အမှန်(အများသိအောင်ရှဲပေးကြပါ copy ယူတင်ပေးကြပါ)
==========================
ထန်တလန်မြို့ မီးလောင်တဲ့ပုံတွေ
တက်လာပြီ၊ထန်တလန်မြို့ဟာ
ဟားခါးကနေ မိုင် ၂၀ ပဲ ဝေးပါတယ်
အရမ်းသာယာတဲ့မြို့ပါ...

ထန်တလန်မြို့ကို ယခင်လက
ချင်းPDF တွေသိမ်းပိုက်ထားခဲ့ပြီး
မြို့သူမြို့သားတွေနဲ့ဝန်ထမ်းတွေကို
မောင်းထုတ်ခဲ့ကြပါတယ်...

ထန်တလန်မှာ လုံခြုံရေးအနေနဲ့
မြို့မရဲစခန်းနဲ့ဘုန်းကြီးကျောင်းနား
က တပ်စခန်းရယ်ပဲကျန်ခဲ့ပြီး မြို့သူ
မြို့သားတွေအားလုံးထွက်ခွာသွားခဲ့
ကြတယ်...

ထန်တလန်မြို့နယ် လုံလဲစခန်းကို
အင်အားအလုံးအရင်းနဲ့ ဝင်ရောက်
တိုက်ခိုက်ခဲ့ပြီးမိမိဘက်မှ စခန်းရှိ
အရာရှိစစ်သည်များအားလုံး ကျဆုံး
သွားပြီး လက်နက်များရန်သူ့နောက်
ပါသွားခဲ့ပါတယ်...

လုံလဲ တောင်တန်းသာသနာပြု
ဘုန်းတော်ကြီးကျောင်းကိုလည်း
မီးရှို့ ဖျက်ဆီးခဲ့ကြပါတယ်၊တောင်
တန်းသာသနာပြုဆရာတော်သည်
လည်း ကံကောင်းလို့ အ-တ်မခံရတာပါ၊ယခု ဆရာတော် ဟားခါးရှိ
ဗဟိုကျောင်းသို့တိန်းရှောင်ရောက်ရှိ
သတင်းသုံးနေရပါတယ်...

၄င်းနောက် ထန်တလန်မြို့နယ် ဝေါင်သူးစခန်းဆုတ်ခွာပေးခဲ့ရပြီးချင်းPDF
များမှ စခန်းအားမီးရှို့ခြင်း ဘက်ဟိုး
ကားဖြင့် ဖြိုချဖျက်ဆီးခဲ့ကြပါတယ်...

ပြီးခဲ့တဲ့အပတ်က ဟားခါး-ထန်တလန်
လမ်းမပေါ်က သီးမစ်တံတားကိုချင်း
PDFနဲ့CNA CNFအဖွဲ့တွေကဖောက်ခွဲ
ပြီး ဟားခါးနဲ့ထန်တလန်မြို့ကိုဆက်
သွယ်ရေးလမ်းကြောင်းဖြတ်တောက်
ခဲ့ကြတယ်...

ယနေ့မှာတော့ ထန်တလန်မြို့
လုံခြုံရေးဆောင်ရွက်နေတဲ့ စစ်ကြောင်း
ကို မြို့တွင်းလုံခြုံရေးဆောင်ရွက်နေ
တဲ့အချိန်မှာလမ်းမကြီး ဝဲယာရှိတိုက်
အိမ်များနှင့်ဘဏ်အဆောက်အဦများ
မှနေ၍ မြို့တွင်းပျောက်ကျားစစ်အ
သွင် တိုက်ခိုက်ခဲ့ကြတယ်...

မြို့တွင်းမှာလည်း PDF တွေဟာ
ခံစစ်တွေပြင်ဆင်ထားအား အခိုင်
အမာ ဆောင်ရွက်ထားကြတယ်...

မြို့တွင်းမှာ မည်သည့်ယာဉ်မှ
သွားလာလို့မရအောင် အဆင့်ဆင့်
ပိတ်ဆို့ထားလို့ မြို့ပျက်ကြီးသဖွယ်
ဖြစ်နေခဲ့တယ်....

PDF CNA CNF ပူးပေါင်းအဖွဲ့တွေ
ဟာ မြို့တွင်းမှာ လူမရှိတော့သည့်
နေအိမ်များတွင်ခိုအောင်းလှုပ်ရှားနေ
ကြပြီး မိမိတပ်ဖွဲ့များအားလူနေတိုက်
အိမ်များကို အကာအကွယ်၍ တိုက်
ခိုက်လျှက်ရှိ....

ယနေ့ မြို့အတွင်း တိုက်ပွဲဖြစ်ပွားခဲ့
ပြီးလူနေအိမ်အချို့ မီးလောင်မှုရှိခဲ့
ပါတယ်...

အေးချမ်းပါစေ....ထန်တလန်

#SaiPanHpa




လူသေအောင်ယာဉ်တိုက်မှုပြုလုပ်သည့် တရားခံများအားဖမ်းဆီးပြီး ငွေယူပြန်လွှတ် နေသည့် AA တရားရေးအဖွဲ့မှ နောက်ထပ်ယာဉ်တိုက်မှုပြုလုပ်သူများအား ထပ်မံဖမ်းဆီးသွား
====================================
၂၉ - ၁၀- ၂၀၂၁ ရက်နေ့ နေ့လည် ၂ နာရီခန့်တွင် မြောက်ဦးမြို့ဘက်မှ ကျောက်တော်မြို့ဘက်သို့ မောင်းနှင်လာသော Probox ယာဉ်သည် ကျောက်တော် မြို့နယ်ဘက်မှ လှဝင်းနိုင်၊ ၂၅ နှစ်၊ကျောက်ဆည်ပြင်ကျေးရွာ၊ မြောက်ဦးမြို့နယ်နေသူ မောင်းနှင်ပြီး မျိုးဇော်ထွန်း ၂၆ နှစ် လိုက်ပါ လာသောဆိုင်ကယ်အား မျက်နှာချင်းဆိုင် တိုက်မိခဲ့ရာ ဆိုင်ကယ်စီးနင်းလာသူ ၂ ဦးမှာ ဖြစ်စဉ်နေရာ၌ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း၊ ယာဉ်တိုက်မှုဖြစ်ပြီး ၁၅ မိနစ်အကြာတွင် AA အဖွဲ့ဝင် ၅ ဦး ဆိုင်ကယ်နှင့် ရောက်ရှိလာပြီး လူသေအောင်ယာဉ်တိုက်မှုပြုလုပ်ခဲ့သည့် တရားခံ ကျား ၃ ဉီးနှင့် ကားအား ၎င်းတို့နေထိုင်သည့် အိုးထိန်းကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
သေဆုံးသူများ၏အလောင်းများအား ကျောက်ဆည်ပြင်ကျေးရွာရှိ ၎င်းတို့၏ မိသားစုများမှ သယ်ဆောင်သွားခဲ့ကြောင်းသိရှိရပြီး တရားခံများအား ငွေယူပြန်လွှတ် နေသည့် AA တရားရေးအဖွဲ့မှ ယနေ့အချိန်ထိလာရောက်မေးမြန်းမှုများ မရှိသေးကြောင်း ကျောက်ဆည်ပြင်ကျေးရွာရှိ ရွာသားတစ်ဉီးထံမှ သိရသည်။
ပြီးခဲ့သည့် ၃ - ၁၀- ၂၀၂၁ ရက်နေ့ကလည်း ရန်ကုန်-စစ်တွေကားလမ်းအတိုင်း ကျောက်တော်ဘက်မှ မြောက်ဦးဘက်သို့ ယာဉ်မောင်း ဦးလဖြူချေ(ခ)ဦးညီပု အောင်တပ်ရပ်ကွက်၊ မြောက်ဦးမြို့နေသူ မောင်းနှင်ပြီး ဇနီးဖြစ်သူ ဒေါ်ဖြူမချေ အသက် ၃၉ နှစ်၊ စီးနင်းလာသည့် သုံးဘီးမော်တော်ယာဉ်အား မြောက်ဦးမြို့နယ်၊ ရှာရှည်ပြင် ကျေးရွာအနီး ကျောက်တော်ဘက်မှ မြောက်ဦးဘက်သို့ မောင်းနှင်လာသည့် HIJET (အဖြူရောင်)ယာဉ်မှ နောက်မှတိုက်ဝင်တိုက်ခဲ့သဖြင့် သုံးဘီးယာဉ်ပေါ်တွင် လိုက်ပါလာသည့် ဒေါ်ဖြူမချေသည်လမ်းမပေါ်သို့ လွင့်စင်ကာ အခင်း ဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ရာ ယာဉ်တိုက်မှုဖြစ်ပွားရာနေရာသို့ AA အဖွဲ့ဝင်များ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာခဲ့ပြီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် မော်တော်ယာဉ်များနှင့် ယာဉ်မောင်းများအား အိုးထိန်းကျေးရွာဘက်သို့ ခေါ်ဆောင်သွားကာ တရားခံများထံမှ သိန်း (၁၅၀)ကျပ်တောင်းကာ ညနေပိုင်းတွင် ရွာမှပြန်လွှတ်ပေးခဲ့သေးသည်။
မြောက်ဦးမြို့နယ်အတွင်း တရားမဝင် တရားစီရင်ရေးရုံး ဖွင့်လှစ်ထားသည့် AA သောင်းကျန်းသူအဖွဲ့ဝင်များသည် မြို့နယ်အတွင်း ဖြစ်ပွားလျက် ရှိသော မှုခင်းကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် တရားဥပဒေနှင့်ညီညွတ်ခြင်း မရှိဘဲ ၎င်းတို့အဖွဲ့ခေါင်းဆောင်၏ နှုတ်ထွက်အတိုင်း စီရင်ဆုံးဖြတ်လျက်ရှိပြီး တရားစီရင်ရေး ဌာနများတွင် တာဝန်ထမ်းဆောင်မည့် တရားသူကြီးများအား လစာငွေ အဖြစ် တစ်လလျှင် ငွေ ၃၀၀၀၀၀ ကျပ်နှုန်းဖြင့် ပေးဆောင်ရန် ULA/AA အဖွဲ့မှ ညွှန်ကြားထား တာကြောင့်နှင့် AA အဖွဲ့ရံပုံငွေအတွက် အမှုတစ်ခုလျှင် ငွေ ၅ သိန်းကျပ်နှုန်းဖြင့် တောင်းခံလျက်ရှိကြောင်း ယခင်အမှုရင်ဆိုင်ခဲ့ရသည့်သူများထံမှ သိရသည်။ ဒေသခံများမှာ ငွေကြေးအမြတ်ရရန်အတွက် အစိုးရထံမှအမှုလိုက်လုကာ အတင်းတရားစီရင်နေမှုအပေါ် ကျေနပ်မှုမရှိသော်လည်း အသတ်ခံရမည်ကို စိုးရိမ်နေသည့်အတွက် သည်းခံနေကြရသည်။


AA အဖွဲ့ အိမ်အရောင်းအဝယ်လုပ်သူများထံမှ ဆက်ကြေး ၂ ဆ တိုးကောက်
===============================

ရခိုင်ပြည်နယ်အတွင်းရှိ အိမ်ခြံမြေရောင်းဝယ်သူများထံမှ သိန်း ၁၀၀ လျှင် ၁ သိန်းကျပ် အခွန် (ဆက်ကြေး)ကောက်ခံခဲ့ရာ ယခုအခါ ၂ဆ တိုးပြီး ကောက်ခံလျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ကောက်ခံလျက်ရှိရာ ကျောက်ဖြူမြို့နယ်အတွင်းရှိ အိမ်ခြံမြေရောင်းဝယ်ရေး လုပ်ငန်းရှင်များစုပေါင်းပြီး ULA/AA သောင်းကျန်းသူ အဖွဲ့၏ မြို့နယ်တာဝန်ခံထံသို့ ပြီးခဲ့တဲ့ရက်ပိုင်းက သွားရောက် ပေးသွင်းခဲ့ရကြောင်း ဆက်ကြေးသွားရောက်ပေးသွင်းခဲ့ရသူများနှင့် နီးစပ်သူများထံမှ သိိရှိရသည်။




မိုးဗြဲ PDF နစ်ယောက် ဘာညာလုပ်နေစဥ် လက်နက်ကြီးမှန်၍ ခြုံထဲ၌သေဆုံး👇👇




AA မှ တောဆင်ရိုင်းတစ်ကောင်ကို ပစ်ခတ်ဖမ်းဆီးပြီး အသားများလိုက်လံရောင်းချ
==================================
ဘူးသီးတောင်မြို့နယ် မေယုတောင်တန်းအရှေ့ဘက်ရှိ ငွေတောင်ရွာနှင့် သိမ်တောင်ပြင်ရွာကြားတွင် ၂၈-၁၀-၂၀၂၁ ရက်နေ့ နံနက် ၈နာရီခန့်က AA အဖွဲ့မှ တောဆင်ရိုင်းအထီး တစ်ကောင်အား ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံကျေးရွာသားများထံမှ သိရှိရသည်။
ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် တောဆင်ရိုင်းအား AA သောင်းကျန်းသူအဖွဲ့နှင့် သိမ်တောင်ပြင်(ဒိုင်းနက်)ကျေးရွာမှ ကျေးရွာသားအချို့ ပူးပေါင်းကာ ခုတ်ထစ်ခဲ့ကြပြီး နေ့လည် ၁၁ နာရီခွဲ့ခန့်တွင် ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာသို့ ထော်လာဂျီဖြင့် တင်ဆောင်သွားကာ AA လက်အောက်ငယ်သားများမှ ရွာသားများအား AA ရံပုံငွေအတွက် လိုက်လံရောင်းချပြီး ငွေကြေးများကိုတယ်လို့ ဒေသခံများထံမှ သိရှိရသည်။
AA အနေဖြင့် ၎င်းတို့ ရံပုံငွေရရှိရန်အတွက် မူးယစ်ဆေးဝါး၊ လူမှောင်ခို၊ သစ်မှောင်ခို စသည့် ကိစ္စများလုပ်ဆောင်နေယုံးသာမက ယခုအခါ ဆင်သားရေ၊ ဆင်ဆွယ်ရရှိရေးအတွက် မျိုးသုဉ်းမယ့်အန္တရာယ်မှ လုံးဝကာကွယ်ထားရတဲ့တောဆင်ရိုင်းများကိုပါ သတ်ဖြတ်လျက်ရှိနေပြီဖြစ်သည်။

မြန်မာ နိုင်ငံအစိုးရရဲ့၂ဝ၁၈ ခုနှစ် မေလ ၂၁ ရက်နေ့က အသစ်ပြဋ္ဌာန်းခဲ့ တဲ့ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာဥပဒေအရ မျိုးသုဉ်းမယ့် အန္တရာယ်မှ လုံးဝကာကွယ်ထားတဲ့တောရိုင်း ဆင်မျိုးစိတ်တွေနဲ့စပ်လျဉ်းပြီး ကျူးလွန်သူတွေအတွက် အမြင့်ဆုံးထောင်ဒဏ် ၁၀ နှစ်ကနေ ငွေဒဏ်တပ်နိုင်တဲ့ ဥပဒေတွေနဲ့ တားမြစ်ထားတယ်လို့ သစ်တောဦးစီးဌာန သဘာ၀ ဝန်းကျင်နဲ့ သားငှက်တိရိစ္ဆာန်ထိန်းသိမ်းရေးဌာန တာဝန်ရှိသူများထံမှ သိရှိရသည်။




KBZ ဘဏ်ဓားပြတိုက်မှုဟာ ဦးအောင်ကိုဝင်းနဲ့ မြောင်းမြဒေါ်ချိုတို့ လက်ဝါးချင်း ရိုက်ခဲ့တဲ့ ဖြစ်ရပ်များလား
==========================
ဗိုလ်တထောင်မြို့နယ်၊ (၉)ရပ်ကွက်၊ (၄၈)လမ်း၊ အလယ်ဘလောက်ရှိ ကမ္ဘောဇဘဏ် ကို အောက်တိုဘာလ ၂၂ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲလောက်က ဓားပြတိုက် ခံခဲ့ရပြီး ငွေကျပ်သိန်း ၃၀၀၀ ကျော် ပါသွားပါတယ်။ အဲဒီ ဘဏ်ဓားပြတိုက်မှု ဖြစ်စဉ်ကို တာဝန်ရှိ သူများနဲ့လုံခြုံရေးအဖွဲ့ဝင်တွေရဲ့ ကြိုးစားစုံစမ်း ဖော်ထုတ်ဖမ်းဆီးခဲ့မှုကြောင့် အောက်တိုဘာ လ၂၂ ရက်နေ့ ၃ နာရီ၄၀ မိနစ်ခန့်မှာပင် ပါဝင်သူတွေကို စတင်ဖမ်းဆီး နိုင်ခဲ့ပြီး ဓားပြတိုက်ခံခဲ့ရသည့် ငွေကျပ်သိန်း ၃၀၀၀ နီးပါးပြန်လည် ရရှိခဲ့ပါတယ်။ ထူးခြားတာက ကမ္ဘောဇဘဏ် ဓားပြတိုက်တဲ့ တရားခံတွေထဲမှာ မြောင်းမြဒေါ်ချို မုန့်ဟင်းခါးဆိုင် ပိုင်ရှင် ဒေါ်တင်တင်မူ(ခ)ဒေါ်အေးအေးမူ အဓိကပါဝင်နေတာကိုတွေ့ရပါတယ်။
ဒီနေရာမှာ ဘဏ်ဓားပြတိုက်တာနဲ့ ပတ်သက်ပြီး အချိန်ပိုင်းအတွင်း စုံစမ်းဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တဲ့ လုံခြုံရေးအဖွဲ့တွေရဲ့ လုပ်ဆောင်ချက်ကို ချီးကျူးရမှာပါ။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့မှာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့မှာ ဧရာဝတီဘဏ် ဓားပြ တိုက်ခံရမှုမှာလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေရဲ့ စုံစမ်းဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တာကြောင့် ဧရာဝတီဘဏ် ဓားပြတိုက်ခံရတဲ့ ငွေကြေးတွေ ပြန်လည်ရရှိခဲ့ ပါတယ်။ အဲဒီအချိန်က ပြစ်မှုကျူးလွန်သူတရားခံတွေကို လုံခြုံရေးအဖွဲ့တွေက ၉ နာရီ အတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တာကြောင့် စက်တင်ဘာလ ၁၅ ရက်နေ့မှာ ဧရာဝတီ ဘဏ်အနေနဲ့ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားနဲ့ ဂုဏ်ပြုညစာ စားပွဲ ပြုလုပ်ပြီး ကျေးဇူးတင်ကြောင်း အသိအမှတ်ပြုပြောခဲ့ကြပါတယ်။
အခု ကမ္ဘောဇဘဏ် ဓားပြတိုက်မှုမှာတော့ ကြားရတဲ့သတင်းတွေအရ ဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်း ကိုယ်တိုင်က ဓားပြတိုက်မှုဖြစ်စဉ်ကို ဖော်ထုတ်ပေးတဲ့ လုံခြုံရေးအဖွဲ့ တွေကို ကျေးဇူးတင်ကြောင်း၊ အသိအမှတ်ပြုကြောင်း အရိပ်အယောင်တောင် ပြသခဲ့ခြင်းမျိုး မတွေ့ရပါဘူး။ ဦးအောင်ကိုဝင်း အနေနဲ့ သူ့ရဲ့ကမ္ဘောဇဘဏ်က ငွေကျပ်သိန်း ၃၀၀၀ နီးပါးပြန်ရအောင် ကြိုးပမ်းဖော်ထုတ်ဖမ်းဆီးပေးခဲ့တဲ့ လုံခြုံရေးအဖွဲ့ဝင်တွေကို ဂုဏ်ပြု ချီးမြှင့်ပြီး အသိအမှတ်မပြုနိုင်တာ ဘာကြောင့်လဲ။ PDF တွေကိုပိုကြောက်နေလို့လား။ အောက်တိုဘာလ ၂၇ ရက်နေ့က မန္တလေးမြို့မှာရှိတဲ့ ကမ္ဘောဇ (KBZ) ဘဏ်ခွဲတွေနဲ့ KBZ ဘဏ်နဲ့ ဆက်စပ်တဲ့နေရာ အနည်းဆုံး ခုနှစ်နေရာနဲ့ ATM စက်တွေမှာ ဗုံးဖောက် ခွဲခံခဲ့ရတာတွေ့ရပါတယ်။ ဒီလိုလုပ်ရပ်တွေကြောင့် ဦးအောင်ကိုဝင်းအနေနဲ့ အကြမ်း ဖက်အုပ်စုတွေနဲ့ အကြမ်းဖက်သမား PDF တွေကို ပိုကြောက်နေတာလား။ လုံခြုံရေးအဖွဲ့ တွေကိုကျေးဇူးတင်တာတွေနဲ့ ဂုဏ်ပြုချီးမြှင့်တာတွေလုပ်ရင် PDFတွေက အကြမ်းဖက် တိုက်ခိုက်တာတွေ၊ ရန်ရှာတာတွေလုပ်မှာ ကြောက်ရွံ့နေတာကြောင့် ကျေးဇူးမတင်ရဲ တာလား။ အဲလိုမှမဟုတ်ဘဲ လုံခြုံရေးအဖွဲ့တွေကို ကျေးဇူးတင်ကြောင်း အသိအမှတ်ပြု ပြီး ဂုဏ်ပြုချီးမြှင့်တာတွေ မပြုလုပ်ပုံထောက်ရှုရင် အခုဘဏ်ဓားပြတိုက်တဲ့ ဖြစ်စဉ်ဟာ ဦးအောင်ကိုဝင်းနဲ့ မြောင်းမြဒေါ်ချို မုန့်ဟင်းခါး ဆိုင်ပိုင်ရှင် ဒေါ်တင်တင်မူ(ခ)ဒေါ်မူမူအေး တို့ရဲ့ လက်ဝါးချင်းရိုက်ပြီး ဖန်တီးခဲ့တဲ့ ဖြစ်စဉ်များလား လို့တောင်ထင်မိပါတယ်။
#မျိုးတင့်


AAသောင်းကျန်းသူများ ဘင်္ဂါလီရွာများမှ အခွန်(ဆက်ကြေး)ကောက်ခံ
===========================
၂၇–၁၀–၂၀၂၁ရက်နေ့မနက်ပိုင်းတွင်ဘူးသီးတောင်မြို့နယ်၊သေကံခွဆုံကျေးရွာအုပ်စု၊မော်စတော်ဖီ(ဘင်္ဂါလီ) ကျေးရွာ စာသင်ကျောင်းတွင် AAအဖွဲ့မှခရိုင်မှူးအေးလှိုင်ဆိုသူမှ ပါတ်ဝန်းကျင်ဘင်္ဂါလီ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးနဲ့၊ရပ်မိရပ်ဖများအပါအဝင် ရွာသူရွာသား ၃၀ ဦးခန့်အားခေါ်ယူ၍ အစည်းအဝေးပြုလုပ်ပြီး လူနေအိမ်အကြီးတစ်လုံးလျှင် ၁၀၀၀၀၊ အလတ်တစ်လျှင်လုံး၅၀၀၀၊အသေးတစ်လုံးလျှင် ၃၀၀၀လစဉ်ရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

``အရင်ကဆန်နဲ့ရိက္ခာလောက်ပေးရတာအခုပိုက်ဆံပါတောင်းလာပြီလေ၊ကျွန်တော်တို့မှာပိုက်ဆံလည်းပေးရတယ်။ထမင်းလည်းကျွေးရတယ်။မပေးဘဲလည်းမနေရဲဘူး။သူတို့ကယူနီဖောင်းဝတ်စုံတွေနဲ့လက်နက်တွေလည်းပါတယ်။လူအင်အားလည်းအများကြီးဘဲ။ရွာအပြင်မှာလည်းစောင့်နေတာတွေရှိသေးတယ်။သူတို့အခုလိုလက်နက်တွေနဲ့လာတာကြောင့် ရွာကလူတွေက တိုက်ပွဲတွေပြန်ဖြစ်မှာကို ကြောက်လန့်ပြီးစိုးရိမ်နေကြတယ် ”လို့ အစည်းအဝေးတက်ရောက်သူ ရပ်မိရပ်ဖတစ်ဦးမှ ပြောကြားခဲ့သည်။

AA အဖွဲ့အနေဖြင့် ပြီးခဲ့သည့် လများက ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီကျေးရွာများမှ အုပ်ချုပ်ရေးမှူးအချို့နှင့်လိုက်လံတွေ့ဆုံပြီး AA အဖွဲ့ရံပုံငွေ အတွက် တစ်ရွာလျှင် တစ်လ ၃ဝဝဝဝ ကျပ်နှုန်းဖြင့် ဆက်ကြေးပေးသွင်းရန်ပြောကြားထားသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးများမှာ ပေးရန်ငွေကြေး အခက်အခဲများဖြစ်ပေါ်လျက်ရှိနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

20 last posts shown.

1 698

subscribers
Channel statistics