AAသောင်းကျန်းသူများ ဘင်္ဂါလီရွာများမှ အခွန်(ဆက်ကြေး)ကောက်ခံ
===========================
၂၇–၁၀–၂၀၂၁ရက်နေ့မနက်ပိုင်းတွင်ဘူးသီးတောင်မြို့နယ်၊သေကံခွဆုံကျေးရွာအုပ်စု၊မော်စတော်ဖီ(ဘင်္ဂါလီ) ကျေးရွာ စာသင်ကျောင်းတွင် AAအဖွဲ့မှခရိုင်မှူးအေးလှိုင်ဆိုသူမှ ပါတ်ဝန်းကျင်ဘင်္ဂါလီ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးနဲ့၊ရပ်မိရပ်ဖများအပါအဝင် ရွာသူရွာသား ၃၀ ဦးခန့်အားခေါ်ယူ၍ အစည်းအဝေးပြုလုပ်ပြီး လူနေအိမ်အကြီးတစ်လုံးလျှင် ၁၀၀၀၀၊ အလတ်တစ်လျှင်လုံး၅၀၀၀၊အသေးတစ်လုံးလျှင် ၃၀၀၀လစဉ်ရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
``အရင်ကဆန်နဲ့ရိက္ခာလောက်ပေးရတာအခုပိုက်ဆံပါတောင်းလာပြီလေ၊ကျွန်တော်တို့မှာပိုက်ဆံလည်းပေးရတယ်။ထမင်းလည်းကျွေးရတယ်။မပေးဘဲလည်းမနေရဲဘူး။သူတို့ကယူနီဖောင်းဝတ်စုံတွေနဲ့လက်နက်တွေလည်းပါတယ်။လူအင်အားလည်းအများကြီးဘဲ။ရွာအပြင်မှာလည်းစောင့်နေတာတွေရှိသေးတယ်။သူတို့အခုလိုလက်နက်တွေနဲ့လာတာကြောင့် ရွာကလူတွေက တိုက်ပွဲတွေပြန်ဖြစ်မှာကို ကြောက်လန့်ပြီးစိုးရိမ်နေကြတယ် ”လို့ အစည်းအဝေးတက်ရောက်သူ ရပ်မိရပ်ဖတစ်ဦးမှ ပြောကြားခဲ့သည်။
AA အဖွဲ့အနေဖြင့် ပြီးခဲ့သည့် လများက ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီကျေးရွာများမှ အုပ်ချုပ်ရေးမှူးအချို့နှင့်လိုက်လံတွေ့ဆုံပြီး AA အဖွဲ့ရံပုံငွေ အတွက် တစ်ရွာလျှင် တစ်လ ၃ဝဝဝဝ ကျပ်နှုန်းဖြင့် ဆက်ကြေးပေးသွင်းရန်ပြောကြားထားသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးများမှာ ပေးရန်ငွေကြေး အခက်အခဲများဖြစ်ပေါ်လျက်ရှိနေကြောင်း ဒေသခံများထံမှ သိရှိရသည်။