Posts filter


အစ္စရေးတိုက်ခိုက်မှုများအတွင်း ဂါဇာရှိ အိမ်ခြေအဆောက်အဉီး ၉၀% ( ၄သိန်း၆သောင်းကျော် ) ပျက်စီးခဲ့ပြီးဖြစ်သည်ဟု ကုလသမဂ္ဂက ထုတ်ပြန်ထား


နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသော တရားမဝင် အွန်လိုင်းလောင်းကစားမှု များအား နှိမ်နှင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်


ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၉)သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ကျင်းပပြုလုပ်

ယာယီနေရပ်စွန့်ခွာနေကြရသည့် ပြည်သူများအတွက် လိုအပ်သည့် ထောက်ပံ့မှုများ စီစဉ်ဆောင်ရွက်ပေးမည်

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြိုနယ်၊ ကျွန်းစုမြိုနှင့်အနီးဝန်းကျင်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေး


Video is unavailable for watching
Show in Telegram
(၅၃)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ ဖွင့်ပွဲအခမ်းအနားသို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ပေးပိုသည့် ဂုဏ်ပြုမိန့်ခွန်း
#နစက


Video is unavailable for watching
Show in Telegram
နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသော တရားမဝင်အွန်လိုင်းလောင်းကစားမှုများအား နှိမ်နှင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်


Video is unavailable for watching
Show in Telegram
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၅၃)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ ဖွင့်ပွဲ အခမ်းအနားသို Video Message ပေးပို၍ အဖွင့်အမှာစကားပြောကြား
#နစက


“တိမ်ပန်းချီ” ရုပ်ရှင်ဇာတ်ကားကြီးကို ကြည့်ရှုအားပေးခဲ့ကြတဲ့ချစ်ပရိသတ်များရဲ့ လျှပ်စစ်မီးအလှူအဖြစ် ကျပ်သိန်း ၁၁၁၀ ကို သစ်တံခါးကျောင်းမှာ လှူဒါန်းခဲ့

“တိမ်ပန်းချီ” ရုပ်ရှင်ဇာတ်ကားကြီးကို ကြည့်ရှုအားပေးခဲ့ကြတဲ့ ချစ်ပရိသတ်တွေရဲ့ အလှူအဖြစ် ယနေ့ ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းက အောင်မြေဇေယျာမဏိဇောတာရာမကျောင်းတိုက် (သစ်တံခါးကျောင်း)မှာ လျှပ်စစ်မီး အလှူငွေကျပ်သိန်း (၁၁၁၀)ကို လှူဒါန်းခဲ့ပါတယ်။

“တိမ်ပန်းချီ ရုပ်ရှင်ဇာတ်ကားကို ကြည့်ရှုအားပေးခဲ့တဲ့ ချစ်ပရိသတ်တွေကို Brave Empire Entertainment & Production မိသားစုမှ ကျေးဇူးတုံပြန်တဲ့အနေနဲ့ ပဲခူးမြို သစ်တံခါးကျောင်းတိုက်အသစ်ဆောက်လုပ်ရာတွင် တစ်ကျောင်းလုံးလိုအပ်တဲ့ လျှပ်စစ်မီးအတွက် အလှူငွေ ငွေကျပ်သိန်း (၁၁၁၀)တိတိကိုလှူဒါန်းတာ ဖြစ်ပါတယ်။
#News


ရခိုင်ပြည်နယ်တွင် ကျောင်းစာကြည့်တိုက်များ ဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု ကျင်းပ

ရခိုင်ပြည်နယ်အစိုးရအဖွဲ၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်တွေတက္ကသိုလ်တို ပူးပေါင်းကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် စာဖတ်ဝိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေတက္ကသိုလ် ဘွဲနှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ပါတယ် ။

ရခိုင်ပြည်နယ်တွင် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ကျောင်းစာကြည့်တိုက်များဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၄ ခုနှစ်အတွင်းတွင် (၁၇) ကြိမ် ဆောင်ရွက်နိုင်ခဲ့သည် သိရှိ ရပါတယ်။
#News


အမေရိကန် ရွေးကောက်ခံသမ္မတ ထရန့်က ၎င်း တာဝန်ထမ်းဆောင်ပြီးနောက် လက်ရှိသမ္မတ ဘိုင်ဒန်မှ ထုတ်ပြန်ကြေညာခဲ့သော အုပ်ချုပ်ရေးအမိန့် အားလုံးကို ဖျက်သိမ်းမည်ဟု ဆို

ဝါရှင်တန်မြိုလည်ခေါင်ရှိ စည်းရုံးပွဲတစ်ခုတွင် အမေရိကန် ရွေးကောက်ခံသမ္မတ ထရန့်က ၎င်း တာဝန်ထမ်းဆောင်ပြီးနောက် လက်ရှိသမ္မတ ဘိုင်ဒန်မှ ထုတ်ပြန်ကြေညာခဲ့သော အုပ်ချုပ်ရေးအမိန့် အားလုံးကို ဖျက်သိမ်းမည်ဟု ဇန်နဝါရီလ ၁၉ရက်နေ့က ပြောကြားခဲ့ပါတယ် ။

ထရန့်က ၎င်း လက်မှတ်ရေးထိုး ချုပ်ဆိုတော့မည့် အုပ်ချုပ်ရေးအမိန့်များတွင် နယ်စပ်လုံခြုံရေး၊ စွမ်းအင်၊ ပြည်ထောင်စုအစိုးရအသုံးစရိတ်၊ ဗီဒီယိုအတိုဆိုရှယ်မီဒီယာ ပလက်ဖေါင်း TikTok၊ “ဘက်ပေါင်းစုံ၊ တရားမျှတမှု၊ သက်ညှာထောက်ထားမှု” မူဝါဒများ စသည့်တို ပါဝင်ကြောင်း ပြောကြားခဲ့ပါတယ် ။
#News


Video is unavailable for watching
Show in Telegram
အကြမ်းဖက် MNDAA မှ ဝိန်းဆိုင်ကျေးရွာ အများဘုံပိုင် ဆန်စက်ရုံအား မတရားသိမ်းပိုက်လာ၍ ဒေသခံများ ဆန္ဒပြဖော်ထုတ်
#MinZawLwin


ကျားဖျန့် နှင့်ပတ်သက်ပြီး ဆောင်ရွက်ရန် ကန့်သတ်ချက်ရှိနေတဲ့ မြန်မာ

မြန်မာ-ထိုင်းနယ်စပ်က အွန်လိုင်းလိမ်လည်မှုကိစ္စများနှင့်ပတ်သက်၍ နာမည်ဆိုးထွက်နေသော KK Park ကဲ့သိုနေရာများနှင့်ပတ်သက်၍ မြန်မာဘက်ကဆောင်ရွက်ရန်ကန့်သတ်ချက်များ ရှိနေကြောင်း နစက၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

BGF ခေါင်းဆောင်များနှင့် တရုတ်လောင်းကစားရုံလုပ်ငန်းရှင်များသည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၅ရက်က BGF ဗဟိုကွပ်ကဲရေးရုံးတွင်တွေ့ဆုံကာ လူကုန်ကူးပြီးရောင်းစားခြင်း၊နှိပ်စက်ညှဉ်းပန်းခြင်း၊ပြန်ပေးဆွဲပြီး ငွေအဆမတန်တောင်းခြင်း၊ကလေးလုပ်သားခိုင်းခြင်း၊ အွန်လိုင်းအသုံးပြုပြီး ငွေလိမ်လည်ရန် သွေးဆောင်ခြင်းများ မပြုလုပ်ရန်စည်းကမ်းသတ်မှတ်ထားကြောင်း သိရပါတယ် ။

“မြဝတီဘက်မှာတော့ အွန်လိုင်းလောင်းကစားမှုတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဘက်ကို တရုတ် နိုင်ငံက အကြောင်းကြားထားတဲ့ဟာတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ကလည်း ပူးပေါင်းဆောင်ရွက်တာတွေ၊ လိုက်လံစစ်ဆေးတာတွေ ဆောင်ရွက်လျက်ရှိတယ်။ သိုသော် နယ်မြေအခြေအနေအရတော့ အကန့်အသတ်တော့ ရှိတယ်။ နောက်တစ်ခုက အများစုကတော့ ထိုင်းနိုင်ငံဘက်က ကူးလာတဲ့သူတွေ အများစုဖြစ်နေတာကို တွေ့ရတယ်” ဟု ၎င်းက ပြောပါတယ် ။
#News


Video is unavailable for watching
Show in Telegram
ကိုယ့်ဘက်ကလည်း အထင်မသေးဖို့ လိုတယ်။ တိုက်ပွဲတွေဆိုတာ ပန်းနဲ့ ပေါက်တာ မဟုတ်ဘူးဆိုတာ အညာက အမျိုးသမီးလေးတွေ သိစေချင်တယ် ။
#MinZawLwin



13 last posts shown.